ဝက်သားရေဖိနပ်ထုတ်လုပ်ခြင်းအတွက် တူရကီက Adidas ကို ဒေါ်လာ ၂၀,၀၀၀ ကျော် ဒဏ်ရိုက်

 901

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၅

ဖိနပ်မှာ ဝက်သားရေ ပါဝင်နေတာကို သုံးစွဲသူတွေအပေါ်အသိပေးဖို့ ပျက်ကွက်တဲ့အတွက် တူရကီနိုင်ငံက ဂျာမနီအားကစားပစ္စည်းကုမ္ပဏီကြီး Adidas ကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ချမှတ်ခဲ့ပါတယ်။
မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်တဲ့ တူရကီနိုင်ငံရဲ့ကြော်ငြာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က Adidas ရဲ့ မကြာသေးခင်ကမှ ကမ်ဒယ်လ်ဂျန်နာ၊ ဘဲလ်လာဟက်ဒစ်တို့လို အကျော်အမော် မော်ဒယ်လ်တွေနဲ့ ကြော်ငြာခဲ့တဲ့ Samba OG ဖိနပ်တွေဟာ ဝက်သရေနဲ့ထုတ်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်တဲ့စီရင်ချက်တစ်ခုမှာ Adidas အနေနဲ့ ကြော်ငြာ၊ ထုတ်ကုန်ဖော်ပြချက်တွေမှာ လူ့အဖွဲ့အစည်း အများစုရဲ့ဘာသာရေးဆိုင်ရာအာရုံခံစားမှုတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ပစ္စည်းအသုံးပြုမှုကို ရှင်းရှင်းလင်းလင်းဖော်ပြရမှာဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပြီး ဒဏ်ငွေ ၅၅၀,၀၅၉ လီရာ (စင်ကာပူဒေါ်လာ ၂၀,၄၁၅) ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။

Adidas ကတော့ ဒဏ်ကြေးနဲ့ပတ်သက်ပြီး မှတ်ချက်မပေးသေးပေမယ့် ဝက်ဘ်ဆိုဒ်မှာတော့ ဖိနပ်တွေရဲ့သတ်မှတ်ချက်တွေကို ပြန်အပ်ဒိတ်လုပ်ခဲ့တယ်လို့ ပြောထားပါတယ်။

Zawgyi Version:
ဝက္သားေရဖိနပ္ထုတ္လုပ္ျခင္းအတြက္ တူရကီက Adidas ကို ေဒၚလာ ၂၀,၀၀၀ ေက်ာ္ ဒဏ္႐ိုက္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၅

ဖိနပ္မွာ ဝက္သားေရ ပါဝင္ေနတာကို သုံးစြဲသူေတြအေပၚအသိေပးဖို႔ ပ်က္ကြက္တဲ့အတြက္ တူရကီႏိုင္ငံက ဂ်ာမနီအားကစားပစၥည္းကုမၸဏီႀကီး Adidas ကို ဒဏ္ေငြ အေမရိကန္ေဒၚလာ ၁၅,၀၀၀ ခ်မွတ္ခဲ့ပါတယ္။
မြတ္ဆလင္ဘာသာဝင္ အမ်ားစုေနထိုင္တဲ့ တူရကီႏိုင္ငံရဲ႕ေၾကာ္ျငာစည္းကမ္းထိန္းသိမ္းေရးအဖြဲ႕က Adidas ရဲ႕ မၾကာေသးခင္ကမွ ကမ္ဒယ္လ္ဂ်န္နာ၊ ဘဲလ္လာဟက္ဒစ္တို႔လို အေက်ာ္အေမာ္ ေမာ္ဒယ္လ္ေတြနဲ႔ ေၾကာ္ျငာခဲ့တဲ့ Samba OG ဖိနပ္ေတြဟာ ဝက္သေရနဲ႔ထုတ္လုပ္ထားတာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ေဖေဖာ္ဝါရီ ၁၃ ရက္က ထုတ္ျပန္တဲ့စီရင္ခ်က္တစ္ခုမွာ Adidas အေနနဲ႔ ေၾကာ္ျငာ၊ ထုတ္ကုန္ေဖာ္ျပခ်က္ေတြမွာ လူ႔အဖြဲ႕အစည္း အမ်ားစုရဲ႕ဘာသာေရးဆိုင္ရာအာ႐ုံခံစားမႈေတြနဲ႔ ဆန႔္က်င္ဘက္ျဖစ္တဲ့ပစၥည္းအသုံးျပဳမႈကို ရွင္းရွင္းလင္းလင္းေဖာ္ျပရမွာျဖစ္တယ္လို႔ ေဝဖန္ျပစ္တင္ခဲ့ၿပီး ဒဏ္ေငြ ၅၅၀,၀၅၉ လီရာ (စင္ကာပူေဒၚလာ ၂၀,၄၁၅) ဒဏ္ေငြ ခ်မွတ္ခဲ့ပါတယ္။

Adidas ကေတာ့ ဒဏ္ေၾကးနဲ႔ပတ္သက္ၿပီး မွတ္ခ်က္မေပးေသးေပမယ့္ ဝက္ဘ္ဆိုဒ္မွာေတာ့ ဖိနပ္ေတြရဲ႕သတ္မွတ္ခ်က္ေတြကို ျပန္အပ္ဒိတ္လုပ္ခဲ့တယ္လို႔ ေျပာထားပါတယ္။

Related news

© 2021. All rights reserved.