ဂျပန်နိုင်ငံမှာ မုန့်ဆိုင်ထဲ ပေါင်မုန့်ကို ဖျစ်ကြည့်ပြီး မဝယ်ဘဲပြန်ထွက်သွားတဲ့ အမျိုးသမီး အဖမ်းခံရ

 660

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၅

ဂျပန်နိုင်ငံမှ ဖေဖော်ဝါရီလ ၁၀ ရက်က အမျိုးသမီးတစ်ဦးဟာ ပေါင်မုန့်တစ်လုံးကို မဝယ်ဘဲ ဖျစ်ကြည့်ပြီး ဆိုင်က ထွက်ခွာသွားခြင်းကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာရှိ Lawson ကုန်စုံဆိုင်မှာ အသက် ၄၀ အရွယ် အမျိုးသမီးဟာ ပေါင်မုန့်ကို ဖျစ်ကြည့်ခဲ့တဲ့အတွက် အဖိုးအခ ပေးဆောင်ဖို့ ပိုင်ရှင်က တောင်းဆိုခဲ့ပေမယ့် မပေးဘဲ ဆိုင်မှ ထွက်ခွာ သွားခဲ့ပါတယ်။
ဆိုင်ရှင်က သူမကို ဆိုင်မှထွက်သွားပြီးနောက် ၁ ကီလိုမီတာအကွာအတွင်း ဖမ်းကာ ရဲကိုခေါ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအမျိုးသမီးဟာ ပိုင်ဆိုင်မှု၊ ဖျက်ဆီးမှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ အမျိုးသမီးဟာ အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး မုန့်ကို စစ်ဆေးဖို့ လက်နဲ့ဖိမိတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမုန့်ဟာ ယန်း ၁၈၀ (စင်ကာပူဒေါ်လာ ၁.၆၀) သာ ရှိတဲ့ နှမ်းနက်၊ ခရင်မ်ချိစ်ပေါင်မုန့်ဖြစ်ပါတယ်။
ပိုင်ရှင်ရဲ့ပြောစကားအရ အမျိုးသမီးဟာ မုန့်တွေကို ချေပစ်နေတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ မုန႔္ဆိုင္ထဲ ေပါင္မုန႔္ကို ဖ်စ္ၾကည့္ၿပီး မဝယ္ဘဲျပန္ထြက္သြားတဲ့ အမ်ိဳးသမီး အဖမ္းခံရ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၅

ဂ်ပန္ႏိုင္ငံမွ ေဖေဖာ္ဝါရီလ ၁၀ ရက္က အမ်ိဳးသမီးတစ္ဦးဟာ ေပါင္မုန႔္တစ္လုံးကို မဝယ္ဘဲ ဖ်စ္ၾကည့္ၿပီး ဆိုင္က ထြက္ခြာသြားျခင္းေၾကာင့္ ဖမ္းဆီးခံခဲ့ရပါတယ္။
ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ဖူကူအိုကာရွိ Lawson ကုန္စုံဆိုင္မွာ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးဟာ ေပါင္မုန႔္ကို ဖ်စ္ၾကည့္ခဲ့တဲ့အတြက္ အဖိုးအခ ေပးေဆာင္ဖို႔ ပိုင္ရွင္က ေတာင္းဆိုခဲ့ေပမယ့္ မေပးဘဲ ဆိုင္မွ ထြက္ခြာ သြားခဲ့ပါတယ္။
ဆိုင္ရွင္က သူမကို ဆိုင္မွထြက္သြားၿပီးေနာက္ ၁ ကီလိုမီတာအကြာအတြင္း ဖမ္းကာ ရဲကိုေခၚခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါအမ်ိဳးသမီးဟာ ပိုင္ဆိုင္မႈ၊ ဖ်က္ဆီးမႈသံသယနဲ႔ ဖမ္းဆီးခံခဲ့ရပါတယ္။ အမ်ိဳးသမီးဟာ အလုပ္လက္မဲ့တစ္ဦးျဖစ္ၿပီး မုန႔္ကို စစ္ေဆးဖို႔ လက္နဲ႔ဖိမိတာျဖစ္တယ္လို႔ ဆိုပါတယ္။
အဲဒီမုန႔္ဟာ ယန္း ၁၈၀ (စင္ကာပူေဒၚလာ ၁.၆၀) သာ ရွိတဲ့ ႏွမ္းနက္၊ ခရင္မ္ခ်ိစ္ေပါင္မုန႔္ျဖစ္ပါတယ္။
ပိုင္ရွင္ရဲ႕ေျပာစကားအရ အမ်ိဳးသမီးဟာ မုန႔္ေတြကို ေခ်ပစ္ေနတာ ဒါပထမဆုံးအႀကိမ္ မဟုတ္ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.