အီရန်နျူကလီးယားအဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်ဖွယ်ရှိနေ
![](/img/icon_eye.svg)
465
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67b06e827313bf4b571ac9f8/banner-67b06e827313bf4b571ac9f8-x800.jpg)
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၅
အစ္စရေးသည် (၂၀၂၅)ခုနှစ်အတွင်း အီရန်နျူကလီးယားအဆောက်အအုံများကို ပစ်မှတ် ထားပြီးတိုက်ခိုက်ဖွယ်ရှိနေကြောင်း အမေရိကန်အခြေစိုက် Wall Street Journal နှင့် the Washington Post သတင်းစာတို့က ဖော်ပြထားသည်။
အဆိုပါ သတင်းစာနှစ်ခုသည် အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Wall Street Journal က ‘‘အစ္စရေးခေါင်းဆောင်တွေဟာ (၂၀၂၅)ခုနှစ်မှာ အီရန်နျူက လီးယားအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ စဉ်းစားနေတယ်” ဟု ဖော်ပြထားသည်။
အစ္စရေးသည် (၂၀၂၅)ခုနှစ် ပထမခြောက်လအတွင်းတွင် အီရန်နိုင်ငံ Fordow အရပ်ဒေသနှင့် Natanz အရပ်ဒေသတို့ရှိ နျူကလီးယားအဆောက်အအုံများကို တိုက်ခိုက်ဖွယ်ရှိ နေသည်ဟု ဆိုသည်။ အစ္စရေးသည် (၂၀၂၄)ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အီရန်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း အီရန်နိုင်ငံ၏လေကြောင်း ရန်ကာကွယ်ရေးစနစ်များအားနည်းချက်ကိုသိရှိပြီးနောက် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ရန် လို လားနေခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများကလည်း အစ္စရေးသည် အီရန်နိုင်ငံရှိ နျူကလီးယားအဆောက်အအုံများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရာတွင် ပဲ့ထိန်းဒုံးကျည်သို့မဟုတ် လေယာဉ်ဖြင့် ပစ်မှတ်ကို ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ဖွယ်ရှိနေကြောင်း သုံးသပ်နေသည်။
အစ္စရေးသည် အီရန်နျူကလီးယားအဆောက်အအုံများကိုတိုက်ခိုက်ရာတွင် အမေရိကန် နိုင်ငံထံမှ ထောက်လှမ်းရေးအချက်လက်များ၊ ကင်းထောက်မှုများရယူနိုင်ရန် ကြိုးပမ်းဖွယ်ရှိနေသည်ဟု အမေရိကန်နိုင်ငံအခြေစိုက်သတင်းစာများက ဖော်ပြထားသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတဟောင်းဂျိုးဘိုင်ဒန်နှင့်နှိုင်းယှဉ်လျှင် အီရန်ကို စစ်ရေးနည်းလမ်းပိုမိုအသုံးပြုရန်လိုလားသူအဖြစ် ရှုမြင်ထားသည်ဟု အမေရိကန်သတင်းစာများက ဖော်ပြထားသည်။
အမေရိကန်သမ္မတကိုယ်တိုင်က ‘‘အစ္စရေးဟာ ကျွန်တော်တို့ အကူအညီနဲ့ ခွင့်ပြုချက်ရမယ်ဆိုရင် အီရန်ကို ငရဲဘုံကို ပို့မှာသေချာတယ်” ဟု ပြောခဲ့ဖူးသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက် အီရန်သည် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နှင့် ထပ်မံဆွေးနွေးရန်လိုလားနေကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သမ္မတအဖြစ် ပထမအကြိမ် တာဝန်ယူချိန်အတွင်း အီရန်နျူကလီးယားကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ အီရန် နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားချုပ်ဆိုထားသည့်စာချုပ်မှ နုတ်ထွက်ခဲ့ပြီး အီရန်ကို စီးပွားရေးပိတ်ဆို့မှုများပြန်လည်ချမှတ်ထားသည်။ အီရန်နျူကလီးယားပြဿနာသည် ဒေါ်နယ်ထရမ့်သမ္မတ အဖြစ် တာဝန်ယူသည့် ဒုတိယမြောက်သက်တမ်းတွင် အဓိကပြဿနာတစ်ခုဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
Zawgyi Version:
အီရန္န်ဴကလီးယားအေဆာက္အအုံမ်ားကို အစၥေရးက တိုက္ခိုက္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၅
အစၥေရးသည္ (၂၀၂၅)ခုႏွစ္အတြင္း အီရန္န်ဴကလီးယားအေဆာက္အအုံမ်ားကို ပစ္မွတ္ ထားၿပီးတိုက္ခိုက္ဖြယ္ရွိေနေၾကာင္း အေမရိကန္အေျခစိုက္ Wall Street Journal ႏွင့္ the Washington Post သတင္းစာတို႔က ေဖာ္ျပထားသည္။
အဆိုပါ သတင္းစာႏွစ္ခုသည္ အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦး၏ ေျပာဆိုခ်က္ကို ကိုးကားၿပီး ေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Wall Street Journal က ‘‘အစၥေရးေခါင္းေဆာင္ေတြဟာ (၂၀၂၅)ခုႏွစ္မွာ အီရန္န်ဴက လီးယားအေဆာက္အအုံေတြကို တိုက္ခိုက္ဖို႔ စဥ္းစားေနတယ္” ဟု ေဖာ္ျပထားသည္။
အစၥေရးသည္ (၂၀၂၅)ခုႏွစ္ ပထမေျခာက္လအတြင္းတြင္ အီရန္ႏိုင္ငံ Fordow အရပ္ေဒသႏွင့္ Natanz အရပ္ေဒသတို႔ရွိ န်ဴကလီးယားအေဆာက္အအုံမ်ားကို တိုက္ခိုက္ဖြယ္ရွိ ေနသည္ဟု ဆိုသည္။ အစၥေရးသည္ (၂၀၂၄)ခုႏွစ္အတြင္း ျဖစ္ပြားခဲ့ေသာ အီရန္ႏွင့္ အျပန္အလွန္ပစ္ခတ္မႈအတြင္း အီရန္ႏိုင္ငံ၏ေလေၾကာင္း ရန္ကာကြယ္ေရးစနစ္မ်ားအားနည္းခ်က္ကိုသိရွိၿပီးေနာက္ တိုက္ခိုက္မႈမ်ား ထပ္မံလုပ္ေဆာင္ရန္ လို လားေနျခင္းျဖစ္ေၾကာင္း သိရသည္။
အေမရိကန္ေထာက္လွမ္းေရးေအဂ်င္စီမ်ားကလည္း အစၥေရးသည္ အီရန္ႏိုင္ငံရွိ န်ဴကလီးယားအေဆာက္အအုံမ်ားကို ပစ္မွတ္ထားၿပီး တိုက္ခိုက္ရာတြင္ ပဲ့ထိန္းဒုံးက်ည္သို႔မဟုတ္ ေလယာဥ္ျဖင့္ ပစ္မွတ္ကို ဗုံးႀကဲတိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ဖြယ္ရွိေနေၾကာင္း သုံးသပ္ေနသည္။
အစၥေရးသည္ အီရန္န်ဴကလီးယားအေဆာက္အအုံမ်ားကိုတိုက္ခိုက္ရာတြင္ အေမရိကန္ ႏိုင္ငံထံမွ ေထာက္လွမ္းေရးအခ်က္လက္မ်ား၊ ကင္းေထာက္မႈမ်ားရယူႏိုင္ရန္ ႀကိဳးပမ္းဖြယ္ရွိေနသည္ဟု အေမရိကန္ႏိုင္ငံအေျခစိုက္သတင္းစာမ်ားက ေဖာ္ျပထားသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက လက္ရွိအေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္ႏွင့္ႏႈိင္းယွဥ္လွ်င္ အီရန္ကို စစ္ေရးနည္းလမ္းပိုမိုအသုံးျပဳရန္လိုလားသူအျဖစ္ ရႈျမင္ထားသည္ဟု အေမရိကန္သတင္းစာမ်ားက ေဖာ္ျပထားသည္။
အေမရိကန္သမၼတကိုယ္တိုင္က ‘‘အစၥေရးဟာ ကြၽန္ေတာ္တို႔ အကူအညီနဲ႔ ခြင့္ျပဳခ်က္ရမယ္ဆိုရင္ အီရန္ကို ငရဲဘုံကို ပို႔မွာေသခ်ာတယ္” ဟု ေျပာခဲ့ဖူးသည္။ အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ အီရန္သည္ န်ဴကလီးယားအစီအစဥ္ႏွင့္ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ႏွင့္ ထပ္မံေဆြးေႏြးရန္လိုလားေနေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္သမၼတအျဖစ္ ပထမအႀကိမ္ တာဝန္ယူခ်ိန္အတြင္း အီရန္န်ဴကလီးယားကိစၥႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ကာ အီရန္ ႏွင့္ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားၾကားခ်ဳပ္ဆိုထားသည့္စာခ်ဳပ္မွ ႏုတ္ထြက္ခဲ့ၿပီး အီရန္ကို စီးပြားေရးပိတ္ဆို႔မႈမ်ားျပန္လည္ခ်မွတ္ထားသည္။ အီရန္န်ဴကလီးယားျပႆနာသည္ ေဒၚနယ္ထရမ့္သမၼတ အျဖစ္ တာဝန္ယူသည့္ ဒုတိယေျမာက္သက္တမ္းတြင္ အဓိကျပႆနာတစ္ခုျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။