တရုတ်တိုက်လေယာဉ်၏လုပ်ရပ်က ဘေးကင်းလုံခြုံမှုကို ထိခိုက်စေကြောင်း ဩစတြေးလျအစိုးရ ပြစ်တင်ရှုတ်ချ

 257

Pika (NP News) - ဖေဖော်ဝါရီ ၁၅

တရုတ်တိုက်လေယာဉ်တစ်စင်းသည် တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်နေသော ဩစတြေးလျလေယာဉ်အနီးတွင် မီးတောက်များ ဖြန့်ကြဲချခဲ့ကြောင်း ဩစတြေးလျအစိုးရက စွပ်စွဲပြောဆိုခဲ့သည်။ တရုတ်တိုက်လေယာဉ်၏ အဆိုပါလုပ်ရပ်မှာ ဘေးကင်းလုံခြုံမှုကိုထိခိုက်စေသော စစ်ရေးပြမှုတစ်ခုဖြစ်ကြောင်း ဩစတြေးလျအစိုးရက ပြစ်တင် ရှုတ်ချပြောဆိုခဲ့သည်။

ဩစတြေးလျလေယာဉ်သည် အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း ပုံမှန်စောင့်ကြည့် ပျံသန်းမှုများကို လုပ်ဆောင်နေစဉ်အချိန်အတွင်း တရုတ်တိုက်လေယာဉ်တစ်စင်းက ချဉ်းကပ်လာကာ ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဩစတြေး လျကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်၏ Shenyang J-16 တိုက်လေယာဉ် သည် ဩစတြေးလျ Poseidon ထောက်လှမ်းရေးလေယာဉ် အနီးသို့ချဉ်းကပ်လာခဲ့ပြီးနောက် မီးတောက်များကို ဖြန့်ကြဲခဲ့ခြင်းဖြစ်ကြောင်း ဩစတြေးလျကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဩစတြေးလျအစိုးရသည် ၎င်း၏စိုးရိမ်ပူပန်မှုများကို တရုတ်အစိုးရထံသို့ ဖော်ပြပြောဆိုခဲ့ကြောင်းလည်းသိရသည်။ ဩစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက ‘‘ဒီလုပ်ရပ်ဟာ ဩစတြေးလျ လေယာဉ်နဲ့အမှုထမ်းတွေကို အန္တရာယ်ဖြစ်စေတဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ စစ်ရေးပြမှုတစ်ခုပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

ထို့ပြင် အဆိုပါဖြစ်ရပ်သည် အာရှ၏ လေပိုင်နက်နှင့် သင်္ဘောလမ်းကြောင်းများတွင် ပြိုင်ဆိုင်မှုများ ပိုများလာနေသည့် တရုတ် နှင့် ဩစတြေးလျတို့ကြားတွင် နောက်ဆုံးထွက်ပေါ်လာသည့်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
တ႐ုတ္တိုက္ေလယာဥ္၏လုပ္ရပ္က ေဘးကင္းလုံၿခဳံမႈကို ထိခိုက္ေစေၾကာင္း ဩစေၾတးလ်အစိုးရ ျပစ္တင္ရႈတ္ခ်
Pika (NP News) - ေဖေဖာ္ဝါရီ ၁၅

တ႐ုတ္တိုက္ေလယာဥ္တစ္စင္းသည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ကင္းလွည့္ေနေသာ ဩစေၾတးလ်ေလယာဥ္အနီးတြင္ မီးေတာက္မ်ား ျဖန႔္ႀကဲခ်ခဲ့ေၾကာင္း ဩစေၾတးလ်အစိုးရက စြပ္စြဲေျပာဆိုခဲ့သည္။ တ႐ုတ္တိုက္ေလယာဥ္၏ အဆိုပါလုပ္ရပ္မွာ ေဘးကင္းလုံၿခဳံမႈကိုထိခိုက္ေစေသာ စစ္ေရးျပမႈတစ္ခုျဖစ္ေၾကာင္း ဩစေၾတးလ်အစိုးရက ျပစ္တင္ ရႈတ္ခ်ေျပာဆိုခဲ့သည္။

ဩစေၾတးလ်ေလယာဥ္သည္ အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္း ပုံမွန္ေစာင့္ၾကည့္ ပ်ံသန္းမႈမ်ားကို လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း တ႐ုတ္တိုက္ေလယာဥ္တစ္စင္းက ခ်ဥ္းကပ္လာကာ ယခုကဲ့သို႔လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ဩစေၾတး လ်ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
တ႐ုတ္၏ Shenyang J-16 တိုက္ေလယာဥ္ သည္ ဩစေၾတးလ် Poseidon ေထာက္လွမ္းေရးေလယာဥ္ အနီးသို႔ခ်ဥ္းကပ္လာခဲ့ၿပီးေနာက္ မီးေတာက္မ်ားကို ျဖန႔္ႀကဲခဲ့ျခင္းျဖစ္ေၾကာင္း ဩစေၾတးလ်ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

အဆိုပါျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္ ဩစေၾတးလ်အစိုးရသည္ ၎၏စိုးရိမ္ပူပန္မႈမ်ားကို တ႐ုတ္အစိုးရထံသို႔ ေဖာ္ျပေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။ ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီးဌာနက ‘‘ဒီလုပ္ရပ္ဟာ ဩစေၾတးလ် ေလယာဥ္နဲ႔အမႈထမ္းေတြကို အႏၲရာယ္ျဖစ္ေစတဲ့ ပေရာ္ဖက္ရွင္နယ္မဆန္တဲ့ စစ္ေရးျပမႈတစ္ခုပဲျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။

ထို႔ျပင္ အဆိုပါျဖစ္ရပ္သည္ အာရွ၏ ေလပိုင္နက္ႏွင့္ သေဘၤာလမ္းေၾကာင္းမ်ားတြင္ ၿပိဳင္ဆိုင္မႈမ်ား ပိုမ်ားလာေနသည့္ တ႐ုတ္ ႏွင့္ ဩစေၾတးလ်တို႔ၾကားတြင္ ေနာက္ဆုံးထြက္ေပၚလာသည့္ျဖစ္ရပ္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.