အိန္ဒိယသို့ စစ်ဘက်ဆိုင်ရာ ရောင်းချမှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတပြော

134

Pika (NP News) - ဖေဖော်ဝါရီ ၁၅
အမေရိကန်နိုင်ငံသည် (၂၀၂၅)ခုနှစ်မှ စတင်ပြီး အိန္ဒိယသို့ စစ်ဘက်ဆိုင်ရာပစ္စည်းရောင်းချမှု များကို တိုးမြှင့်သွားမည်ဖြစ်ပြီး F-35 တိုက်လေယာဉ်များကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောခဲ့သည်။ ဒေါ်နယ်ထရမ့်က ‘‘အမေရိကန်ဟာ အိန္ဒိယနိုင်ငံသို့ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာ တန်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းရောင်းချမှုတွေကို တိုးမြှင့်သွားမှာပါ။ ပြီးတော့ အိန္ဒိယကို F-35 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးနိုင်ဖို့အတွက်လည်း လမ်းကြောင်းခင်းနေပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါစစ်ဘက်ဆိုင်ရာပစ္စည်း ရောင်းချမှု တိုးမြှင့်မှုနှင့်ပတ်သက်သည့် အချိန်ဇယားအတိအကျကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း F-35 တိုက်လေယာဉ်ကဲ့သို့သော ခေတ်မီနည်းပညာများအတွက် နိုင်ငံခြားစစ်ဘက်ဆိုင်ရာရောင်းချမှုများသည် ပုံမှန်အားဖြင့် လုပ်ဆောင်ရန် နှစ်ပေါင်းများစွာ အချိန်ယူရကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန် နှင့် အိန္ဒိယနိုင်ငံတို့သည် အစွန်းရောက်အစ္စလာမ္မစ်အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုဟုခေါ်ဆိုသော အရာကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက် အတူတကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
သို့သော်လည်း F-35 တိုက်လေယာဉ်ကို ထုတ်လုပ်သည့် Lockheed Martin ကုမ္ပဏီသည် အိန္ဒိယသို့ တိုက်လေယာဉ်များ ရောင်းချမည့် ဒေါ်နယ်ထရမ့်၏ ရည်မှန်းချက်များနှင့်ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယသို႔ စစ္ဘက္ဆိုင္ရာ ေရာင္းခ်မႈမ်ားကို တိုးျမႇင့္သြားမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၅
အေမရိကန္ႏိုင္ငံသည္ (၂၀၂၅)ခုႏွစ္မွ စတင္ၿပီး အိႏၵိယသို႔ စစ္ဘက္ဆိုင္ရာပစၥည္းေရာင္းခ်မႈ မ်ားကို တိုးျမႇင့္သြားမည္ျဖစ္ၿပီး F-35 တိုက္ေလယာဥ္မ်ားကိုလည္း ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာခဲ့သည္။ ေဒၚနယ္ထရမ့္က ‘‘အေမရိကန္ဟာ အိႏၵိယႏိုင္ငံသို႔ အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာ တန္တဲ့ စစ္ဘက္ဆိုင္ရာပစၥည္းေရာင္းခ်မႈေတြကို တိုးျမႇင့္သြားမွာပါ။ ၿပီးေတာ့ အိႏၵိယကို F-35 တိုက္ေလယာဥ္ေတြ ေထာက္ပံ့ေပးႏိုင္ဖို႔အတြက္လည္း လမ္းေၾကာင္းခင္းေနပါတယ္” ဟု ေျပာခဲ့သည္။
အဆိုပါစစ္ဘက္ဆိုင္ရာပစၥည္း ေရာင္းခ်မႈ တိုးျမႇင့္မႈႏွင့္ပတ္သက္သည့္ အခ်ိန္ဇယားအတိအက်ကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း F-35 တိုက္ေလယာဥ္ကဲ့သို႔ေသာ ေခတ္မီနည္းပညာမ်ားအတြက္ ႏိုင္ငံျခားစစ္ဘက္ဆိုင္ရာေရာင္းခ်မႈမ်ားသည္ ပုံမွန္အားျဖင့္ လုပ္ေဆာင္ရန္ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္သည္ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီႏွင့္ ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အေမရိကန္ ႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ အစြန္းေရာက္အစၥလာမၼစ္အၾကမ္းဖက္ဝါဒ၏ ၿခိမ္းေျခာက္မႈဟုေခၚဆိုေသာ အရာကို ထိပ္တိုက္ရင္ဆိုင္ရန္အတြက္ အတူတကြလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း ေဒၚနယ္ထရမ့္က ေျပာခဲ့သည္။
သို႔ေသာ္လည္း F-35 တိုက္ေလယာဥ္ကို ထုတ္လုပ္သည့္ Lockheed Martin ကုမၸဏီသည္ အိႏၵိယသို႔ တိုက္ေလယာဥ္မ်ား ေရာင္းခ်မည့္ ေဒၚနယ္ထရမ့္၏ ရည္မွန္းခ်က္မ်ားႏွင့္ပတ္သက္ၿပီး ခ်က္ခ်င္း မွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။
လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက (မနက္ ၉ နာရီ မွ ညေန ၆ နာရီအတြင္းသာ ဆက္သြယ္ရန္)
ဖုန္း - 09-444681478 (Viber)