ဟားမတ်စ်ကို လက်တုံ့ပြန်ရန်အတွက် အရန်တပ်ဖွဲ့ဝင်များ ပြန်ခေါ်မည်ဟု အစ္စရေးစစ်တပ်ပြော

 967

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၆

အစ္စရေးစစ်တပ်က ဟားမတ်စ်လက်နက်ကိုင်အဖွဲ့အနေဖြင့် သတ်မှတ်ထားသည့် ဖေဖော်ဝါရီ (၁၅)ရက်အထိ ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများကို ပြန်မလွှတ်ပေးပါက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားဖွယ်ရှိနေသည့်အတွက် အရန်တပ်ဖွဲ့ဝင်များ ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား တစ်လနီးပါးကြာ အပစ်အခတ်ရပ်စဲရေးရယူနိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများကို ပြန်လွှတ်ပေးရန် နှောင့်နှေးနေကြောင်း သိရသည်။

အစ္စရေးနှင့်ဟားမတ်စ်တို့သည် ဇန်နဝါရီ (၁၉)ရက်တွင် ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထား သူများပြန်လွှတ်ပေးရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။ ဟားမတ်စ်အဖွဲ့သည် လာမည့် စနေနေ့တွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံအနည်းဆုံး (၃)ဦးကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း ဟားမတ်စ်အဖွဲ့သည် ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်မလွှတ် ဘူးဆိုလျှင် တိုက်ပွဲများပြန်လည် ဖြစ်ပွားဖွယ်ရှိနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် သတိပေးခဲ့သည်။ ဟားမတ်စ်အဖွဲ့က ၎င်းတို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကတိကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်သော်လည်း ဖမ်းဆီးထား သူများကို ပြန်လွှတ်ပေးမည်ဆိုသောအချက်ကို အတိအကျပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြားပြုလုပ်ခဲ့သော ဆွေးနွေးပွဲနှင့်နီးစပ်သည့် ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးက ‘‘အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်မှာ ခေတ္တရပ်ထားခြင်း မရှိစေရေးအတွက် နှစ်ဖက်စလုံးက ပြေလည်အောင် ညှိနှိုင်းပေးသူတွေဘက်က ကြီးမားတဲ့ကြားဝင် စွက်ဖက်မှုတွေ ရှိနေပါတယ်” ဟု ပြောသည်။
အစ္စရေး နှင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်အခတ်ရပ်စဲရေးရရှိခဲ့ပြီးနောက် နေရပ်စွန့်ခွာသူများသည် ဂါဇာဒေသသို့ပြန်လာနေချိန်တွင် တိုက်ပွဲများ တစ်ကျော့ပြန်ထပ်မံဖြစ်ပွားမည်ဆိုလျှင် ပါလက်စတိုင်းလူမျိုးများ ပိုမိုထိခိုက်ရဖွယ်ရှိနေကြောင်း သိရသည်။
ဟားမတ်စ်လက်နက်ကိုင်အဖွဲ့သည် (၂၀၂၃)ခုနှစ်အောက်တိုဘာလအတွင်း အစ္စရေးကို ကြိုတင်ကြေညာခြင်းမရှိဘဲတိုက်ခိုက်ခဲ့ပြီး အစ္စရေးနိုင်ငံသား များကိုဖမ်းဆီးခဲ့ရာ ဂါဇာဒေသတွင်တိုက်ပွဲများဖြစ်လာခဲ့ပြီး ဂါဇာစစ်ပွဲ(၁၅)လကာလအတွင်း အနည်း ဆုံး လူပေါင်း(၅)သောင်းနီးပါးသေဆုံးခဲ့ကာ လူ ပေါင်းသန်းချီ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။

Zawgyi Version:
ဟားမတ္စ္ကို လက္တုံ႔ျပန္ရန္အတြက္ အရန္တပ္ဖြဲ႕ဝင္မ်ား ျပန္ေခၚမည္ဟု အစၥေရးစစ္တပ္ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၆

အစၥေရးစစ္တပ္က ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕အေနျဖင့္ သတ္မွတ္ထားသည့္ ေဖေဖာ္ဝါရီ (၁၅)ရက္အထိ ဖမ္းဆီးထားသည့္ အစၥေရးဓားစာခံမ်ားကို ျပန္မလႊတ္ေပးပါက တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားဖြယ္ရွိေနသည့္အတြက္ အရန္တပ္ဖြဲ႕ဝင္မ်ား ျပန္လည္ေခၚယူသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား တစ္လနီးပါးၾကာ အပစ္အခတ္ရပ္စဲေရးရယူႏိုင္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ဟားမတ္စ္အဖြဲ႕က ဖမ္းဆီးထားသည့္ အစၥေရးဓားစာခံမ်ားကို ျပန္လႊတ္ေပးရန္ ေႏွာင့္ေႏွးေနေၾကာင္း သိရသည္။

အစၥေရးႏွင့္ဟားမတ္စ္တို႔သည္ ဇန္နဝါရီ (၁၉)ရက္တြင္ ယာယီအပစ္ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ၿပီး ဖမ္းဆီးထား သူမ်ားျပန္လႊတ္ေပးရန္ သေဘာတူညီမႈရရွိထားေၾကာင္း သိရသည္။ ဟားမတ္စ္အဖြဲ႕သည္ လာမည့္ စေနေန႔တြင္ ဖမ္းဆီးထားသည့္ အစၥေရးဓားစာခံအနည္းဆုံး (၃)ဦးကို ျပန္လႊတ္ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုကလည္း ဟားမတ္စ္အဖြဲ႕သည္ ဖမ္းဆီးထားသူမ်ားကို အျမန္ဆုံး ျပန္မလႊတ္ ဘူးဆိုလွ်င္ တိုက္ပြဲမ်ားျပန္လည္ ျဖစ္ပြားဖြယ္ရွိေနေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ သတိေပးခဲ့သည္။ ဟားမတ္စ္အဖြဲ႕က ၎တို႔သည္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကတိကို ဆက္လက္ထိန္းသိမ္းမည္ျဖစ္ေသာ္လည္း ဖမ္းဆီးထား သူမ်ားကို ျပန္လႊတ္ေပးမည္ဆိုေသာအခ်က္ကို အတိအက်ေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

အစၥေရးႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကားျပဳလုပ္ခဲ့ေသာ ေဆြးေႏြးပြဲႏွင့္နီးစပ္သည့္ ပါလက္စတိုင္း တာဝန္ရွိသူတစ္ဦးက ‘‘အပစ္အခတ္ ရပ္စဲေရးသေဘာတူညီခ်က္မွာ ေခတၱရပ္ထားျခင္း မရွိေစေရးအတြက္ ႏွစ္ဖက္စလုံးက ေျပလည္ေအာင္ ညႇိႏႈိင္းေပးသူေတြဘက္က ႀကီးမားတဲ့ၾကားဝင္ စြက္ဖက္မႈေတြ ရွိေနပါတယ္” ဟု ေျပာသည္။
အစၥေရး ႏွင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ယာယီအပစ္အခတ္ရပ္စဲေရးရရွိခဲ့ၿပီးေနာက္ ေနရပ္စြန႔္ခြာသူမ်ားသည္ ဂါဇာေဒသသို႔ျပန္လာေနခ်ိန္တြင္ တိုက္ပြဲမ်ား တစ္ေက်ာ့ျပန္ထပ္မံျဖစ္ပြားမည္ဆိုလွ်င္ ပါလက္စတိုင္းလူမ်ိဳးမ်ား ပိုမိုထိခိုက္ရဖြယ္ရွိေနေၾကာင္း သိရသည္။
ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕သည္ (၂၀၂၃)ခုႏွစ္ေအာက္တိုဘာလအတြင္း အစၥေရးကို ႀကိဳတင္ေၾကညာျခင္းမရွိဘဲတိုက္ခိုက္ခဲ့ၿပီး အစၥေရးႏိုင္ငံသား မ်ားကိုဖမ္းဆီးခဲ့ရာ ဂါဇာေဒသတြင္တိုက္ပြဲမ်ားျဖစ္လာခဲ့ၿပီး ဂါဇာစစ္ပြဲ(၁၅)လကာလအတြင္း အနည္း ဆုံး လူေပါင္း(၅)ေသာင္းနီးပါးေသဆုံးခဲ့ကာ လူ ေပါင္းသန္းခ်ီ ေနရပ္စြန႔္ခြာခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.