“အကယ်ဒမီပွဲပြီးသွားသော်လည်း မပြီးနိုင်သေးတဲ့ ပြောစရာ ဇာတ်လမ်းများ’’

 3438

EP (NP News) – ဖေဖော်ဝါရီ ၁၆

‘‘NP News” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်မှာတော့ ‘‘၂၀၂၄ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲ မြင်ကွင်းနောက်ကွယ်က ဂယက်တွေနဲ့ နောက်ဆက်တွဲ သတင်းများ” ကို ပြောပြပေးပါမယ်။

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါ ရီလ ၉ ရက် ညနေ ၅ နာရီအချိန်မှာ နေပြည်တော်ရှိ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၁)(MICC-1) မှာ ကျင်းပခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုရ လဒ်တွေက ဂယက်အနည်းဆုံးလို့ဆိုနိုင်ပေမယ့် ပွဲအတွင်း က ဂယက်တွေက မျိုးစုံရှိလာတာပါ။ ရုပ်ရှင်တစ်သက်တာဆုကို မင်းသားကြီး ဦးကြည်စိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ၊ ဒါရိုက်တာ ဦးနှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီခင်သန်းနုတို့က ရရှိခဲ့ကြပါတယ်။
အကယ်ဒမီပွဲအပြီး လူအများစု စိတ်ဝင်စားမှု အမြင့်တက်ဆုံးက ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည် အကယ်ဒမီပွဲနေ့မှာ ဝတ်ဆင်ခဲ့တဲ့ ကျောက်စိမ်း တစ်ဆင်စာက ကျပ်သိန်းပေါင်း သုံးသိန်းကျော် တန်ကြေး ရှိတယ် ဆိုတဲ့သတင်းစကားပါပဲ။ ကာယကံရှင်ဝတ်မှုံရွှေရည်က သူရဲ့အဝတ်အစား၊ လက်ဝတ်ရတနာ၊ အသုံးအဆောင် ပစ္စည်းတွေရဲ့တန်ဖိုးကို အရင်ကတည်းကလည်း ထုတ်ဖော်ကြွားဝါလေ့မရှိသလို အသိပေးလေ့ မရှိခဲ့သူပါ။ အဆိုပါ ကျောက်စိမ်း တစ်ဆင်စာကို ခင်ပွန်း ကိုနိုင် ဖြိုးကျော်က အကယ်ဒမီပေးပွဲတက်ရောက်ဖို့ လက်ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့တော့ဆိုနေကြပြီး ခင်ပွန်းသည်က ဇနီးဖြစ်သူအတွက် လက်ဆောင်ပေးတာက မထူးဆန်းလှသလို သူ့အနေနဲ့လည်း အိမ်ထောင်ကျပြီးမှ ပြည့်စုံချမ်းသာလာသူတစ်ဦးမဟုတ်တာကြောင့် ထူးဆန်းလိမ့်မှာမဟုတ်ပါ။ ဒါ့ပြင် ခင်ပွန်းဖြစ်သူဟာ စီးပွားရေးသမားပီသစွာ ဇနီးဖြစ်သူရဲ့ အနုပညာပွဲ အခမ်းအနားတွေမှာ လိုက်လံဝင်ပါ တက်ရောက်တာမျိုးမရှိဘဲ နောက်ကွယ်ကနေ အမြဲတမ်းထောက်ပံ့ပေးနေသူ၊ ချစ်တတ်သူအဖြစ် နာမည်ကြီးပါတယ်။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဝတ်မှုံရွှေရည် ရရှိချိန်မှာလည်း ဇနီးဖြစ်သူအတွက် ဂုဏ်ပြုပါတီကို ကြိုတင်ပြင်ဆင်ထားကာ အသင့်စောင့်ဆိုင်းနေခဲ့ပြီး ဂုဏ်ပြု ပန်းစည်းပေးရင်း အနမ်းပေးခဲ့တဲ့မြင်ကွင်းတွေက လူမှုကွန်ရက်တစ်ခွင်မှာ လူအများ အားကျမှုကို ရရှိစေခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကို ၁၀ နှစ်ကြာမှ တစ်ကျော့ပြန် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ အကယ်ဒမီထပ်မံ ရရှိခဲ့တာဖြစ်လို့ အတိုင်းမသိဝမ်းသာကြောင်းနဲ့ ရိုက်ကူးမှု ၄ နှစ်နားပြီးမှ ပထမဆုံးပြန်ရိုက်ကူးတဲ့ ‘တိမ်ပန်းချီ’ ဇာတ်ကားနဲ့ရရှိတဲ့အတွက် ဝမ်းသာကြောင်း၊ အခုရရှိတဲ့ (၃) ခုမြောက် အကယ်ဒမီထူးချွန်ဆုက ကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်အတွက် ရည်ရွယ်ကြောင်း စင်မြင့်ထက်မှာ ပြောကြားခဲ့ပါတယ်။

မင်းသားနေတိုးဆိုရင်လည်း အကယ်ဒမီ ထူးချွန်ဆု လေးဆုရှင် ဖြစ်လာပြီး၊ အမျိုးသားဇာတ် ဆောင်ဆု (၄)ဆု ရရှိထားတာပါ။ နေတိုးအနေနဲ့ကလည်း နှစ်စဉ် အကယ်ဒမီဆန်ခါတင်စာရင်းထဲပါဝင်ခဲ့ပေမယ့် ၇ နှစ်တိုင် တိုင်လွဲချော်ခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာတော့ အမျိုးသားဇာတ်ဆောင်ဆုကို လေးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါ တယ်။ ထူးခြားလှစွာ ရခိုင်မင်းသားနေတိုးနဲ့အတူ ရခိုင်မင်းသမီး ခြူးလေးကလည်း အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိခဲ့တာကြောင့် ရခိုင်လူမျိုးတွေအတွက် အားရကျေနပ်ရတဲ့ နှစ်တစ်နှစ်ဖြစ်စေခဲ့ပါတယ်။ အဓိက ဆုရရှိသူတွေကိုပြောနေချိန် အေးချမ်းမောင်ကတော့ ပရိသတ်ပေးချင်တဲ့သူနဲ့ထပ်တူကျခဲ့တာကြောင့် ဝေဖန်သံ မထွက်ခဲ့ပါဘူး။ မိဘအပေါ်၊ ဆရာအပေါ် သိတတ်တဲ့လူငယ်တစ်ဦးဖြစ်တာကြောင့် သိပ်မကြာခင် နှစ်ပိုင်းအတွင်း ထိပ်တန်းမင်းသားနေရာအထိ နေရာဝင်ယူတော့မလားဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အားလုံးစိတ်မကောင်းဖြစ်နေကြတာကတော့ အနုပညာသက်တမ်း ၂၅ နှစ်ကျော်ပြီ ဖြစ်တဲ့ သရုပ်ဆောင် မိုးဟေကိုအတွက်ပါပဲ။ မိုးဟေကိုအနေနဲ့ ၂၀၂၄ ခုနှစ်မှာ ရုံတင်ကားနှစ်ကား ရှိတာမို့ အကယ်ဒမီ ရင်ခုန်သံက မြန်ဆန်ခဲ့တာတော့ အမှန်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ‘တိမ်ပန်းချီ’ ရုံတင်ချိန်မှာ ကတည်းက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပုံရပါတယ်။ မိုးဟေကိုက ဒီနှစ်မှအကယ်ဒမီမရရင် နောက်နှစ် တွေအတွက် ရရှိဖို့မလွယ်ကူတော့ကြောင်း ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။ မင်းသမီး နဝရတ်လိုများ အနုပညာ လောက၊ အကယ်ဒမီဆု ဆိုတာကြီးကို စိတ်ကုန်လေမလားဆိုတာက စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကို ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဘယ်လိုဖက်ရှင်ဒီဇိုင်း မျိုးဝတ် ဆင်လာကြမလဲဆို ပရိသတ်တွေက နှစ်တိုင်း ရင်ခုန်စွာစောင့်ကြည့်ခဲ့ကြလို့ ဒီနှစ်မှာတော့ ၂၀၂၃ ခုနှစ်နဲ့မတူတော့ဘဲ အဝတ်အစား၊ လက်ဝတ်ရတနာက အစ သေချာပြင်ဆင်တက်ရောက်လာခဲ့ကြတာကိုတော့ သတိပြုမိပါတယ်။ ဒါပေမဲ့ ၎င်းတို့ဇနီးမောင်နှံ နှစ်ဦးက Red Carpet လျှောက်လမ်းတစ်လျှောက် ဓာတ်ပုံရိုက်ခံခြင်း၊ အင်တာဗျူးဖြေဆိုခြင်း မျိုးအထူးတ လည်မလုပ်ခဲ့ဘဲ ဓာတ်ပုံရိုက်ဖို့ တန်းစီစောင့်ဆိုင်း နေတဲ့လူတန်းကိုလည်း ဖြတ်ကျော်လျှောက်ခဲ့တဲ့ မြင်ကွင်းက ထိပ်တန်းမင်းသား၊ မင်းသမီး ပီသကြောင်း ချီးကျူးလျက်ရှိကြပါတယ်။
လျှောက်လမ်းမှာ ပရိသတ်တစ်ဦးက အိန္ဒြာကျော်ဇင်ကို ‘အစ်မ အရမ်းလှတယ်နော်’ လို့ လှမ်း နှုတ်ဆက် ချိန် အိန္ဒြာကျော်ဇင်က ‘ဒီလိုပဲ လှချင်ယောင်ဆောင်ရတာပဲ’ လို့ တုံ့ပြန်ခဲ့ချိန် သူ့ရဲ့မျက်နှာပေးက ပညာသားပါလွန်း ကြောင်း မှတ်ချက်ပြုပြောဆိုမှုများစွာ ထွက်ပေါ်ခဲ့ပါတယ်။ “အကယ်ဒမီပွဲကို မတက်ချင်ပေမယ့် တည်ဆဲအစိုးရရဲ့ ဖိတ်ကြားမှုကို မလွန်ဆန်နိုင်တာကြောင့်သာ တက်ရခြင်းဖြစ်‌ကြောင်း” ပညာသားပါပါ အသိပေးမှုတစ်ခုအဖြစ် ပေါ်လွင်လှတယ်လို့ သူ့ရဲ့ပရိသတ်တွေကဆိုကြပါတယ်။ ဒါ့ပြင် ၎င်းတို့ဇနီးမောင်နှံ ပွဲအခမ်းအနားကို တက်လာစဉ် ဓာတ်လှေကား ထိပ်မှာစောင့်ဆိုင်းနေတဲ့သတင်းဌာနတစ်ခုက ‘အနုပညာသမားတွေကို အကြမ်းဖက်နေတာ ဘာပြောချင်လဲ’ လို့ အော်မေးလိုက်ချိန် အိန္ဒြာကျော်ဇင်တို့အနေနဲ့ မမျှော်လင့်ထားတဲ့မေးခွန်းဖြစ်တာကြောင့် အနည်းငယ်တုန်လှုပ်သွားပုံရပြီး အိန္ဒြာကျော်ဇင်က မျက်နှာဘေးစောင်း လှည့်ကြည့်ခဲ့ပေမယ့်လည်း ၎င်းတို့ ဇနီးမောင်နှံ CDM လှုံ့ဆော်ချိန်ကလို မီဒီယာနဲ့ထိတွေ့မှုမရှိတော့ဘဲ မကြားသယောင်ဟန်ဆောင်ကာ ရှေ့ဆက် လျှောက်ခဲ့ကြတာကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရပါတယ်။

ထပ်ဆင့်အကယ်ဒမီရန်အောင်ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပွဲတက်ဖက်ရှင် ဆုချီးမြှင့် တဲ့ နှစ်နှစ်အတွင်း အကယ်ဒမီပွဲတက်ဖက်ရှင်ဆုကို နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာကြောင့် သူပေးသူယူများ ဖြစ်နေ သလားလို့ မေးခွန်းထုတ်ခံနေရတာပါ။ စိုးမိုးကြည်ရဲ့ဝတ်စုံကတော့ သာမန်ပွဲတက်ဝတ်စုံအဖြစ် မြင်မိပေမယ့် ဒိုင်တွေကတော့ အကြိုက်တွေ့ခဲ့ပုံပါ။ နန်းဆုရတီစိုးကတော့ ပြည့်ပြည့်ရတီစိုးဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင် ဒီဇိုင်နာမျိုးမင်းစိုးရဲ့အနုစိတ်လက်ရာနဲ့အပြည့် ပြင်ဆင်လာတာကြောင့် ဆုရရှိခဲ့တယ်လို့ မြင်မိပါတယ်။ တစ်ခုထူးခြားတာက လွှမ်းပိုင်နဲ့ ဆင်တူဒီဇိုင်းလေး ဝတ်ဆင်ခဲ့တာပါ။ ထက်အောင်ရှိုင်းဝတ်စုံကလည်း ရထိုက်တယ်လို့ အများနည်းတူ လက်ခံပါတယ်။

LGBT အမျိုးသား အောင်ကိုမိုးက အမျိုး သမီးအသွင်အပြင် ဝတ်စားပြင်ဆင်ကာ မြတ်ဗုဒ္ဓရဲ့ မျက်နှာတော်နဲ့ ဆင်တူယိုးမှားဖြစ်စေနိုင်တဲ့ရုပ်တု ပုံကို ဖက်ရှင်အဖြစ် လက်ကိုင်ပစ္စည်းအသွင် ကိုင်ဆောင်ပွဲတက်ခဲ့ပါတယ်။ သူ ပွဲအခမ်းအနား အတွင်းဝင်ရောက်လာစဉ်ကတည်းက သူ့လက်မှာ ကိုင်ဆောင်လာတဲ့ အဆိုပါရုပ်တုကို မီဒီယာတွေ၊ ပွဲတက်ပရိသတ်တွေအားလုံးက သေချာစွာ စူးစမ်းကြည့်ရှုခဲ့ကြပြီး ချက်ချင်းဆိုသလို လူမှုကွန်ရက် ပလက်ဖောင်း ထက်ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီအချိန်မှ စကာဗုဒ္ဓမျက်နှာတော်ကို ဖက်ရှင်တစ်ခုအဖြစ် အသုံးချနေခြင်းက မပြုလုပ်မပြုလုပ် အပ်တဲ့လုပ် ရပ်သာဖြစ်ကြောင်း ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ ‘‘မြတ်ဗုဒ္ဓ၏ပုံတော်သည် အလှဆင်ရန် မဟုတ်၊ ဖက်ရှင်လည်း မဟုတ်ပေ” ၊ “လွတ်လပ်စွာကိုးကွယ် ခွင့်ရှိသည် စော်ကားခွင့်မရှိပါ” ၊ “မြတ်ဗုဒ္ဓ၏ပုံတော်သည် အလှဆင် ရန်မဟုတ်၊ ဖက်ရှင်ပစ္စည်း မဟုတ်ပါ။ မြတ်ဗုဒ္ဓ၏ပုံတော် ဗုဒ္ဓပုံ (Buddha im­a­ges)သည် ဗုဒ္ဓဘာသာအတွက် လေးစားရ မည့်သင်္ကေတဖြစ်သည်။ ဤကဲ့သို့ အဆင်ခြင်မဲ့၊ မလေးစားရာ သဘောဖြစ်သည့်သုံးစွဲမှုမျိုးကို ဆင်ခြင် သင့်ပါသည်”လို့ ဗုဒ္ဓဘာသာဝင်တိုင်းက ရှုတ်ချခဲ့ကြပါတယ်။
‘‘အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်”ဆိုတဲ့စကားပုံအရ အောင်ကိုမိုးက သူ့ရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်အတွက် မည်သည့်အရာကို အခြေခံဖန်တီးထားကြောင်းကို လူအများ (ဗုဒ္ဓဘာသာဝင်များ) နားလည် လက်ခံနိုင်စေဖို့ သေချာစွာရှင်းပြခြင်းမပြုလုပ်ဘဲ ထောက်ပြဝေဖန် သူတွေကို ဗဟုသုတနည်းပါးသူ၊ ဘာသာရေး အစွန်း ရောက်သူများအဖြစ်‌ ပြောဆိုတုံ့ပြန်ခဲ့တာကြောင့် သူရဲ့လုပ်ရပ်က ထပ်ဆင့်ပြောဆို ရှုတ်ချခံရလျက်ရှိ ပါတယ်။ ‘‘အပျိုတော်တစ်ရာ အခြေခံရေးဆွဲနည်း”လို့ဆိုကာ ရှေးခေတ်ကအမျိုးသမီးတွေရဲ့ပုံပန်းသွင်းပြင် မျက်နှာ ဟန်ပန် ပန်းချီတွေကိုဖော်ပြကာ သူကိုင်ဆောင်လာတဲ့မျက်နှာက အမျိုးသမီးတစ်ဦးရဲ့ပုံတူသာဖြစ်ကြောင်း ဖြေရှင်းခဲ့တာပါ။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အများစု၊ ဘာသာရေးအဖွဲ့အစည်းတွေက မိမိတို့ရဲ့ဘာသာတရားအပေါ် စော်ကား ရေးသားသူ၊ ပုတ်ခတ် ပြောဆိုသူ၊ မထီမဲ့မြင်ပြုမှု တွေကို လျစ်လျူရှုထားကြတာကို အများဆုံးတွေ့ မြင်နေရတာကြောင့် အောင်ကိုမိုးရဲ့လုပ်ရပ်ကိုလည်း သတိပေးဆုံးမသင့်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်းက ထောက်ပြနေကြခြင်းမျိုး ဖြစ်ပါတယ်။

နောက်ထပ် အကယ်ဒမီပွဲအတွင်းက ဂယက်တစ်ခုကတော့ အကယ်ဒမီပွဲအတွင်း ထိုင်ခုံနေရာရှာရင်း သရုပ်ဆောင် နေမျိုးအောင်ရဲ့ဇနီး မသန္တာရဲ့ ဆံထုံးကို ရွှေပိုးအိမ်က သူ့ရင်ဘတ်မှာထိုးထားတဲ့စီး ကွင့်တွေနဲ့ ချိတ်ဆွဲ မိတာကြောင့် မသန္တာ ဆံထုံးက အကုန်ပြေကျသွားခဲ့တာပါ။ ကော်တွေဖျန်းထား တဲ့ဆံပင်က ပြန်ထုံးမရ၊ ဖြည်ချမရ နဲ့ မသန္တာကို အတော်လေးအလှပျက်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ရွှေပိုးအိမ်ရဲ့ထမင်းအုပ်‌ဆောင်း ပုံစံဝတ်စုံ ကြောင့် ပွဲမစခင်မှာတင် အလှပျက်ခဲ့ရကြောင်းဖြစ်စဉ်မြင်ကွင်းကိုဖော်ပြပြောဆိုခဲ့ပါတယ်။ ရွှေပိုးအိမ်ကလည်း တောင်းပန်စကား တရားဝင်ပြောခဲ့ပေမယ့် သူ့ရဲ့ဝတ်စုံက လူအများဝေဖန်စရာတစ်ခုအဖြစ် ကျန်ရှိခဲ့ပါတယ်။ ရွှေပိုးအိမ်ရဲ့ ထမင်းအုပ်ဆောင်းပုံစံ အကယ်ဒမီပွဲတက်ဖက်ရှင်ကြောင့် တစ်ပါးသူအပေါ် ထိခိုက်သွားစေခဲ့ပြီး စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာတော့ အမှန်ပါ။
အနုပညာရှင်တွေအားလုံးကို ပွဲချိန် ၅ နာရီ ၃၀ မိနစ်အရောက်လို့မှာကြားထားကြောင်းသိရပေမယ့် ထုံးစံအတိုင်း တချို့အနုပညာရှင်တွေရဲ့အချိန် မလေးစားမှုကို အကယ်ဒမီပွဲအတွင်း ထပ်မံတွေ့မြင်ခဲ့ရပါတယ်။ ဥပမာ - မော်ဒယ် သရုပ်ဆောင် ထက်ထက်ထွန်းဆိုရင် ပွဲအခမ်းအနားစတင်နေလို့ ခန်းမတံခါးပိတ်ပြီး မိနစ် အတော်လေးကြာမှရောက်လာခဲ့ကာ သူဝတ်စားလာတဲ့ပွဲတက်ဖက်ရှင်မှ အားမနာ၊ လျှောက်လမ်းပေါ်ကို အပြေး အလွှား ပြေးလာတဲ့မြင်ကွင်းက ကြည့်ရဆိုးစေခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုများ ပေးအပ်ချီးမြှင့်ရာမှာ ရုပ်ရှင်တစ်သက်တာ ဆု (၄) ဆု၊ အကယ်ဒမီ ရွှေစင်ရုပ်တု စုစုပေါင်း (၁၂) ဆု၊ ပွဲတက် ဖက်ရှင်ဆု (၄) ဆု၊ စုစုပေါင်း (၂၀) ဆု ချီးမြှင့်ပေး အပ်ခဲ့ခြင်းဖြစ်ပါ တယ်။

ဒီတပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“အကယ္ဒမီပြဲၿပီးသြားေသာ္လည္း မၿပီးႏိုင္ေသးတဲ့ ေျပာစရာ ဇာတ္လမ္းမ်ား’’
EP (NP News) – ေဖေဖာ္ဝါရီ ၁၆

‘‘NP News” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္မွာေတာ့ ‘‘၂၀၂၄ ခုႏွစ္ အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု အကယ္ဒမီေပးပြဲ ျမင္ကြင္းေနာက္ကြယ္က ဂယက္ေတြနဲ႔ ေနာက္ဆက္တြဲ သတင္းမ်ား” ကို ေျပာျပေပးပါမယ္။

၂၀၂၄ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ၂၀၂၅ ခုႏွစ္ ေဖေဖာ္ဝါ ရီလ ၉ ရက္ ညေန ၅ နာရီအခ်ိန္မွာ ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံအျပည္ျပည္ဆိုင္ရာကြန္ဗန္းရွင္းဗဟိုဌာန (၁)(MICC-1) မွာ က်င္းပခဲ့ပါတယ္။
၂၀၂၄ ခုႏွစ္အတြက္ အကယ္ဒမီထူးခြၽန္ဆုရ လဒ္ေတြက ဂယက္အနည္းဆုံးလို႔ဆိုႏိုင္ေပမယ့္ ပြဲအတြင္း က ဂယက္ေတြက မ်ိဳးစုံရွိလာတာပါ။ ႐ုပ္ရွင္တစ္သက္တာဆုကို မင္းသားႀကီး ဦးၾကည္စိုး၊ ထပ္ဆင့္အကယ္ဒမီ ဝါဝါဝင္းေ႐ႊ၊ ဒါ႐ိုက္တာ ဦးႏွင္းမိုး၊ ထပ္ဆင့္အကယ္ဒမီခင္သန္းႏုတို႔က ရရွိခဲ့ၾကပါတယ္။
အကယ္ဒမီပြဲအၿပီး လူအမ်ားစု စိတ္ဝင္စားမႈ အျမင့္တက္ဆုံးက ထပ္ဆင့္အကယ္ဒမီ ဝတ္မႈံေ႐ႊရည္ အကယ္ဒမီပြဲေန႔မွာ ဝတ္ဆင္ခဲ့တဲ့ ေက်ာက္စိမ္း တစ္ဆင္စာက က်ပ္သိန္းေပါင္း သုံးသိန္းေက်ာ္ တန္ေၾကး ရွိတယ္ ဆိုတဲ့သတင္းစကားပါပဲ။ ကာယကံရွင္ဝတ္မႈံေ႐ႊရည္က သူရဲ႕အဝတ္အစား၊ လက္ဝတ္ရတနာ၊ အသုံးအေဆာင္ ပစၥည္းေတြရဲ႕တန္ဖိုးကို အရင္ကတည္းကလည္း ထုတ္ေဖာ္ႂကြားဝါေလ့မရွိသလို အသိေပးေလ့ မရွိခဲ့သူပါ။ အဆိုပါ ေက်ာက္စိမ္း တစ္ဆင္စာကို ခင္ပြန္း ကိုႏိုင္ ၿဖိဳးေက်ာ္က အကယ္ဒမီေပးပြဲတက္ေရာက္ဖို႔ လက္ေဆာင္ေပးခဲ့တာ ျဖစ္တယ္လို႔ေတာ့ဆိုေနၾကၿပီး ခင္ပြန္းသည္က ဇနီးျဖစ္သူအတြက္ လက္ေဆာင္ေပးတာက မထူးဆန္းလွသလို သူ႔အေနနဲ႔လည္း အိမ္ေထာင္က်ၿပီးမွ ျပည့္စုံခ်မ္းသာလာသူတစ္ဦးမဟုတ္တာေၾကာင့္ ထူးဆန္းလိမ့္မွာမဟုတ္ပါ။ ဒါ့ျပင္ ခင္ပြန္းျဖစ္သူဟာ စီးပြားေရးသမားပီသစြာ ဇနီးျဖစ္သူရဲ႕ အႏုပညာပြဲ အခမ္းအနားေတြမွာ လိုက္လံဝင္ပါ တက္ေရာက္တာမ်ိဳးမရွိဘဲ ေနာက္ကြယ္ကေန အၿမဲတမ္းေထာက္ပံ့ေပးေနသူ၊ ခ်စ္တတ္သူအျဖစ္ နာမည္ႀကီးပါတယ္။ ၂၀၂၄ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ဝတ္မႈံေ႐ႊရည္ ရရွိခ်ိန္မွာလည္း ဇနီးျဖစ္သူအတြက္ ဂုဏ္ျပဳပါတီကို ႀကိဳတင္ျပင္ဆင္ထားကာ အသင့္ေစာင့္ဆိုင္းေနခဲ့ၿပီး ဂုဏ္ျပဳ ပန္းစည္းေပးရင္း အနမ္းေပးခဲ့တဲ့ျမင္ကြင္းေတြက လူမႈကြန္ရက္တစ္ခြင္မွာ လူအမ်ား အားက်မႈကို ရရွိေစခဲ့ပါတယ္။ ဝတ္မႈံေ႐ႊရည္က ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုကို ၁၀ ႏွစ္ၾကာမွ တစ္ေက်ာ့ျပန္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုနဲ႔ အကယ္ဒမီထပ္မံ ရရွိခဲ့တာျဖစ္လို႔ အတိုင္းမသိဝမ္းသာေၾကာင္းနဲ႔ ႐ိုက္ကူးမႈ ၄ ႏွစ္နားၿပီးမွ ပထမဆုံးျပန္႐ိုက္ကူးတဲ့ ‘တိမ္ပန္းခ်ီ’ ဇာတ္ကားနဲ႔ရရွိတဲ့အတြက္ ဝမ္းသာေၾကာင္း၊ အခုရရွိတဲ့ (၃) ခုေျမာက္ အကယ္ဒမီထူးခြၽန္ဆုက ကြယ္လြန္သြားၿပီျဖစ္တဲ့ဖခင္အတြက္ ရည္႐ြယ္ေၾကာင္း စင္ျမင့္ထက္မွာ ေျပာၾကားခဲ့ပါတယ္။
မင္းသားေနတိုးဆိုရင္လည္း အကယ္ဒမီ ထူးခြၽန္ဆု ေလးဆုရွင္ ျဖစ္လာၿပီး၊ အမ်ိဳးသားဇာတ္ ေဆာင္ဆု (၄)ဆု ရရွိထားတာပါ။ ေနတိုးအေနနဲ႔ကလည္း ႏွစ္စဥ္ အကယ္ဒမီဆန္ခါတင္စာရင္းထဲပါဝင္ခဲ့ေပမယ့္ ၇ ႏွစ္တိုင္ တိုင္လြဲေခ်ာ္ခဲ့တာပါ။ ၂၀၂၄ ခုႏွစ္မွာေတာ့ အမ်ိဳးသားဇာတ္ေဆာင္ဆုကို ေလးႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ပါ တယ္။ ထူးျခားလွစြာ ရခိုင္မင္းသားေနတိုးနဲ႔အတူ ရခိုင္မင္းသမီး ျခဴးေလးကလည္း အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ပို႔ဆုကို ရရွိခဲ့တာေၾကာင့္ ရခိုင္လူမ်ိဳးေတြအတြက္ အားရေက်နပ္ရတဲ့ ႏွစ္တစ္ႏွစ္ျဖစ္ေစခဲ့ပါတယ္။ အဓိက ဆုရရွိသူေတြကိုေျပာေနခ်ိန္ ေအးခ်မ္းေမာင္ကေတာ့ ပရိသတ္ေပးခ်င္တဲ့သူနဲ႔ထပ္တူက်ခဲ့တာေၾကာင့္ ေဝဖန္သံ မထြက္ခဲ့ပါဘူး။ မိဘအေပၚ၊ ဆရာအေပၚ သိတတ္တဲ့လူငယ္တစ္ဦးျဖစ္တာေၾကာင့္ သိပ္မၾကာခင္ ႏွစ္ပိုင္းအတြင္း ထိပ္တန္းမင္းသားေနရာအထိ ေနရာဝင္ယူေတာ့မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာပဲ ျဖစ္ပါတယ္။
ဒီေနရာမွာ အားလုံးစိတ္မေကာင္းျဖစ္ေနၾကတာကေတာ့ အႏုပညာသက္တမ္း ၂၅ ႏွစ္ေက်ာ္ၿပီ ျဖစ္တဲ့ သ႐ုပ္ေဆာင္ မိုးေဟကိုအတြက္ပါပဲ။ မိုးေဟကိုအေနနဲ႔ ၂၀၂၄ ခုႏွစ္မွာ ႐ုံတင္ကားႏွစ္ကား ရွိတာမို႔ အကယ္ဒမီ ရင္ခုန္သံက ျမန္ဆန္ခဲ့တာေတာ့ အမွန္ျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ ဝတ္မႈန္ေ႐ႊရည္ရဲ႕ ‘တိမ္ပန္းခ်ီ’ ႐ုံတင္ခ်ိန္မွာ ကတည္းက စိတ္ပိုင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္ထားပုံရပါတယ္။ မိုးေဟကိုက ဒီႏွစ္မွအကယ္ဒမီမရရင္ ေနာက္ႏွစ္ ေတြအတြက္ ရရွိဖို႔မလြယ္ကူေတာ့ေၾကာင္း ေျပာဆိုမႈေတြ ရွိေနခဲ့ပါတယ္။ မင္းသမီး နဝရတ္လိုမ်ား အႏုပညာ ေလာက၊ အကယ္ဒမီဆု ဆိုတာႀကီးကို စိတ္ကုန္ေလမလားဆိုတာက ေစာင့္ၾကည့္ရဦးမွာပဲျဖစ္ပါတယ္။
အကယ္ဒမီေပးပြဲကို ထပ္ဆင့္အကယ္ဒမီ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဘယ္လိုဖက္ရွင္ဒီဇိုင္း မ်ိဳးဝတ္ ဆင္လာၾကမလဲဆို ပရိသတ္ေတြက ႏွစ္တိုင္း ရင္ခုန္စြာေစာင့္ၾကည့္ခဲ့ၾကလို႔ ဒီႏွစ္မွာေတာ့ ၂၀၂၃ ခုႏွစ္နဲ႔မတူေတာ့ဘဲ အဝတ္အစား၊ လက္ဝတ္ရတနာက အစ ေသခ်ာျပင္ဆင္တက္ေရာက္လာခဲ့ၾကတာကိုေတာ့ သတိျပဳမိပါတယ္။ ဒါေပမဲ့ ၎တို႔ဇနီးေမာင္ႏွံ ႏွစ္ဦးက Red Carpet ေလွ်ာက္လမ္းတစ္ေလွ်ာက္ ဓာတ္ပုံ႐ိုက္ခံျခင္း၊ အင္တာဗ်ဴးေျဖဆိုျခင္း မ်ိဳးအထူးတ လည္မလုပ္ခဲ့ဘဲ ဓာတ္ပုံ႐ိုက္ဖို႔ တန္းစီေစာင့္ဆိုင္း ေနတဲ့လူတန္းကိုလည္း ျဖတ္ေက်ာ္ေလွ်ာက္ခဲ့တဲ့ ျမင္ကြင္းက ထိပ္တန္းမင္းသား၊ မင္းသမီး ပီသေၾကာင္း ခ်ီးက်ဴးလ်က္ရွိၾကပါတယ္။
ေလွ်ာက္လမ္းမွာ ပရိသတ္တစ္ဦးက အိျႏၵာေက်ာ္ဇင္ကို ‘အစ္မ အရမ္းလွတယ္ေနာ္’ လို႔ လွမ္း ႏႈတ္ဆက္ ခ်ိန္ အိျႏၵာေက်ာ္ဇင္က ‘ဒီလိုပဲ လွခ်င္ေယာင္ေဆာင္ရတာပဲ’ လို႔ တုံ႔ျပန္ခဲ့ခ်ိန္ သူ႔ရဲ႕မ်က္ႏွာေပးက ပညာသားပါလြန္း ေၾကာင္း မွတ္ခ်က္ျပဳေျပာဆိုမႈမ်ားစြာ ထြက္ေပၚခဲ့ပါတယ္။ “အကယ္ဒမီပြဲကို မတက္ခ်င္ေပမယ့္ တည္ဆဲအစိုးရရဲ႕ ဖိတ္ၾကားမႈကို မလြန္ဆန္ႏိုင္တာေၾကာင့္သာ တက္ရျခင္းျဖစ္‌ေၾကာင္း” ပညာသားပါပါ အသိေပးမႈတစ္ခုအျဖစ္ ေပၚလြင္လွတယ္လို႔ သူ႔ရဲ႕ပရိသတ္ေတြကဆိုၾကပါတယ္။ ဒါ့ျပင္ ၎တို႔ဇနီးေမာင္ႏွံ ပြဲအခမ္းအနားကို တက္လာစဥ္ ဓာတ္ေလွကား ထိပ္မွာေစာင့္ဆိုင္းေနတဲ့သတင္းဌာနတစ္ခုက ‘အႏုပညာသမားေတြကို အၾကမ္းဖက္ေနတာ ဘာေျပာခ်င္လဲ’ လို႔ ေအာ္ေမးလိုက္ခ်ိန္ အိျႏၵာေက်ာ္ဇင္တို႔အေနနဲ႔ မေမွ်ာ္လင့္ထားတဲ့ေမးခြန္းျဖစ္တာေၾကာင့္ အနည္းငယ္တုန္လႈပ္သြားပုံရၿပီး အိျႏၵာေက်ာ္ဇင္က မ်က္ႏွာေဘးေစာင္း လွည့္ၾကည့္ခဲ့ေပမယ့္လည္း ၎တို႔ ဇနီးေမာင္ႏွံ CDM လႈံ႕ေဆာ္ခ်ိန္ကလို မီဒီယာနဲ႔ထိေတြ႕မႈမရွိေတာ့ဘဲ မၾကားသေယာင္ဟန္ေဆာင္ကာ ေရွ႕ဆက္ ေလွ်ာက္ခဲ့ၾကတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ ခဲ့ရပါတယ္။
ထပ္ဆင့္အကယ္ဒမီရန္ေအာင္ကေတာ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ပြဲတက္ဖက္ရွင္ ဆုခ်ီးျမႇင့္ တဲ့ ႏွစ္ႏွစ္အတြင္း အကယ္ဒမီပြဲတက္ဖက္ရွင္ဆုကို ႏွစ္ႏွစ္ဆက္တိုက္ရရွိခဲ့တာေၾကာင့္ သူေပးသူယူမ်ား ျဖစ္ေန သလားလို႔ ေမးခြန္းထုတ္ခံေနရတာပါ။ စိုးမိုးၾကည္ရဲ႕ဝတ္စုံကေတာ့ သာမန္ပြဲတက္ဝတ္စုံအျဖစ္ ျမင္မိေပမယ့္ ဒိုင္ေတြကေတာ့ အႀကိဳက္ေတြ႕ခဲ့ပုံပါ။ နန္းဆုရတီစိုးကေတာ့ ျပည့္ျပည့္ရတီစိုးဆိုတဲ့ နာမည္နဲ႔လိုက္ဖက္ေအာင္ ဒီဇိုင္နာမ်ိဳးမင္းစိုးရဲ႕အႏုစိတ္လက္ရာနဲ႔အျပည့္ ျပင္ဆင္လာတာေၾကာင့္ ဆုရရွိခဲ့တယ္လို႔ ျမင္မိပါတယ္။ တစ္ခုထူးျခားတာက လႊမ္းပိုင္နဲ႔ ဆင္တူဒီဇိုင္းေလး ဝတ္ဆင္ခဲ့တာပါ။ ထက္ေအာင္ရႈိင္းဝတ္စုံကလည္း ရထိုက္တယ္လို႔ အမ်ားနည္းတူ လက္ခံပါတယ္။
LGBT အမ်ိဳးသား ေအာင္ကိုမိုးက အမ်ိဳး သမီးအသြင္အျပင္ ဝတ္စားျပင္ဆင္ကာ ျမတ္ဗုဒၶရဲ႕ မ်က္ႏွာေတာ္နဲ႔ ဆင္တူယိုးမွားျဖစ္ေစႏိုင္တဲ့႐ုပ္တု ပုံကို ဖက္ရွင္အျဖစ္ လက္ကိုင္ပစၥည္းအသြင္ ကိုင္ေဆာင္ပြဲတက္ခဲ့ပါတယ္။ သူ ပြဲအခမ္းအနား အတြင္းဝင္ေရာက္လာစဥ္ကတည္းက သူ႔လက္မွာ ကိုင္ေဆာင္လာတဲ့ အဆိုပါ႐ုပ္တုကို မီဒီယာေတြ၊ ပြဲတက္ပရိသတ္ေတြအားလုံးက ေသခ်ာစြာ စူးစမ္းၾကည့္ရႈခဲ့ၾကၿပီး ခ်က္ခ်င္းဆိုသလို လူမႈကြန္ရက္ ပလက္ေဖာင္း ထက္ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ အဲဒီအခ်ိန္မွ စကာဗုဒၶမ်က္ႏွာေတာ္ကို ဖက္ရွင္တစ္ခုအျဖစ္ အသုံးခ်ေနျခင္းက မျပဳလုပ္မျပဳလုပ္ အပ္တဲ့လုပ္ ရပ္သာျဖစ္ေၾကာင္း ေထာက္ျပေဝဖန္ခဲ့ၾကပါတယ္။ ‘‘ျမတ္ဗုဒၶ၏ပုံေတာ္သည္ အလွဆင္ရန္ မဟုတ္၊ ဖက္ရွင္လည္း မဟုတ္ေပ” ၊ “လြတ္လပ္စြာကိုးကြယ္ ခြင့္ရွိသည္ ေစာ္ကားခြင့္မရွိပါ” ၊ “ျမတ္ဗုဒၶ၏ပုံေတာ္သည္ အလွဆင္ ရန္မဟုတ္၊ ဖက္ရွင္ပစၥည္း မဟုတ္ပါ။ ျမတ္ဗုဒၶ၏ပုံေတာ္ ဗုဒၶပုံ (Buddha im­a­ges)သည္ ဗုဒၶဘာသာအတြက္ ေလးစားရ မည့္သေကၤတျဖစ္သည္။ ဤကဲ့သို႔ အဆင္ျခင္မဲ့၊ မေလးစားရာ သေဘာျဖစ္သည့္သုံးစြဲမႈမ်ိဳးကို ဆင္ျခင္ သင့္ပါသည္”လို႔ ဗုဒၶဘာသာဝင္တိုင္းက ရႈတ္ခ်ခဲ့ၾကပါတယ္။
‘‘အသြားမေတာ္ တစ္လွမ္း၊ အစားမေတာ္ တစ္လုတ္”ဆိုတဲ့စကားပုံအရ ေအာင္ကိုမိုးက သူ႔ရဲ႕ အကယ္ဒမီ ပြဲတက္ဖက္ရွင္အတြက္ မည္သည့္အရာကို အေျခခံဖန္တီးထားေၾကာင္းကို လူအမ်ား (ဗုဒၶဘာသာဝင္မ်ား) နားလည္ လက္ခံႏိုင္ေစဖို႔ ေသခ်ာစြာရွင္းျပျခင္းမျပဳလုပ္ဘဲ ေထာက္ျပေဝဖန္ သူေတြကို ဗဟုသုတနည္းပါးသူ၊ ဘာသာေရး အစြန္း ေရာက္သူမ်ားအျဖစ္‌ ေျပာဆိုတုံ႔ျပန္ခဲ့တာေၾကာင့္ သူရဲ႕လုပ္ရပ္က ထပ္ဆင့္ေျပာဆို ရႈတ္ခ်ခံရလ်က္ရွိ ပါတယ္။ ‘‘အပ်ိဳေတာ္တစ္ရာ အေျခခံေရးဆြဲနည္း”လို႔ဆိုကာ ေရွးေခတ္ကအမ်ိဳးသမီးေတြရဲ႕ပုံပန္းသြင္းျပင္ မ်က္ႏွာ ဟန္ပန္ ပန္းခ်ီေတြကိုေဖာ္ျပကာ သူကိုင္ေဆာင္လာတဲ့မ်က္ႏွာက အမ်ိဳးသမီးတစ္ဦးရဲ႕ပုံတူသာျဖစ္ေၾကာင္း ေျဖရွင္းခဲ့တာပါ။ ဒါေပမဲ့ ဗုဒၶဘာသာဝင္ အမ်ားစု၊ ဘာသာေရးအဖြဲ႕အစည္းေတြက မိမိတို႔ရဲ႕ဘာသာတရားအေပၚ ေစာ္ကား ေရးသားသူ၊ ပုတ္ခတ္ ေျပာဆိုသူ၊ မထီမဲ့ျမင္ျပဳမႈ ေတြကို လ်စ္လ်ဴရႈထားၾကတာကို အမ်ားဆုံးေတြ႕ ျမင္ေနရတာေၾကာင့္ ေအာင္ကိုမိုးရဲ႕လုပ္ရပ္ကိုလည္း သတိေပးဆုံးမသင့္ေၾကာင္း ဗုဒၶဘာသာဝင္တိုင္းက ေထာက္ျပေနၾကျခင္းမ်ိဳး ျဖစ္ပါတယ္။
ေနာက္ထပ္ အကယ္ဒမီပြဲအတြင္းက ဂယက္တစ္ခုကေတာ့ အကယ္ဒမီပြဲအတြင္း ထိုင္ခုံေနရာရွာရင္း သ႐ုပ္ေဆာင္ ေနမ်ိဳးေအာင္ရဲ႕ဇနီး မသႏၲာရဲ႕ ဆံထုံးကို ေ႐ႊပိုးအိမ္က သူ႔ရင္ဘတ္မွာထိုးထားတဲ့စီး ကြင့္ေတြနဲ႔ ခ်ိတ္ဆြဲ မိတာေၾကာင့္ မသႏၲာ ဆံထုံးက အကုန္ေျပက်သြားခဲ့တာပါ။ ေကာ္ေတြဖ်န္းထား တဲ့ဆံပင္က ျပန္ထုံးမရ၊ ျဖည္ခ်မရ နဲ႔ မသႏၲာကို အေတာ္ေလးအလွပ်က္ေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေ႐ႊပိုးအိမ္ရဲ႕ထမင္းအုပ္‌ေဆာင္း ပုံစံဝတ္စုံ ေၾကာင့္ ပြဲမစခင္မွာတင္ အလွပ်က္ခဲ့ရေၾကာင္းျဖစ္စဥ္ျမင္ကြင္းကိုေဖာ္ျပေျပာဆိုခဲ့ပါတယ္။ ေ႐ႊပိုးအိမ္ကလည္း ေတာင္းပန္စကား တရားဝင္ေျပာခဲ့ေပမယ့္ သူ႔ရဲ႕ဝတ္စုံက လူအမ်ားေဝဖန္စရာတစ္ခုအျဖစ္ က်န္ရွိခဲ့ပါတယ္။ ေ႐ႊပိုးအိမ္ရဲ႕ ထမင္းအုပ္ေဆာင္းပုံစံ အကယ္ဒမီပြဲတက္ဖက္ရွင္ေၾကာင့္ တစ္ပါးသူအေပၚ ထိခိုက္သြားေစခဲ့ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့တာေတာ့ အမွန္ပါ။
အႏုပညာရွင္ေတြအားလုံးကို ပြဲခ်ိန္ ၅ နာရီ ၃၀ မိနစ္အေရာက္လို႔မွာၾကားထားေၾကာင္းသိရေပမယ့္ ထုံးစံအတိုင္း တခ်ိဳ႕အႏုပညာရွင္ေတြရဲ႕အခ်ိန္ မေလးစားမႈကို အကယ္ဒမီပြဲအတြင္း ထပ္မံေတြ႕ျမင္ခဲ့ရပါတယ္။ ဥပမာ - ေမာ္ဒယ္ သ႐ုပ္ေဆာင္ ထက္ထက္ထြန္းဆိုရင္ ပြဲအခမ္းအနားစတင္ေနလို႔ ခန္းမတံခါးပိတ္ၿပီး မိနစ္ အေတာ္ေလးၾကာမွေရာက္လာခဲ့ကာ သူဝတ္စားလာတဲ့ပြဲတက္ဖက္ရွင္မွ အားမနာ၊ ေလွ်ာက္လမ္းေပၚကို အေျပး အလႊား ေျပးလာတဲ့ျမင္ကြင္းက ၾကည့္ရဆိုးေစခဲ့ပါတယ္။
၂၀၂၄ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူး ခြၽန္ဆုမ်ား ေပးအပ္ခ်ီးျမႇင့္ရာမွာ ႐ုပ္ရွင္တစ္သက္တာ ဆု (၄) ဆု၊ အကယ္ဒမီ ေ႐ႊစင္႐ုပ္တု စုစုေပါင္း (၁၂) ဆု၊ ပြဲတက္ ဖက္ရွင္ဆု (၄) ဆု၊ စုစုေပါင္း (၂၀) ဆု ခ်ီးျမႇင့္ေပး အပ္ခဲ့ျခင္းျဖစ္ပါ တယ္။

ဒီတပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.