(၁၆)ရက်အတွင်း မြဝတီ- ရွှေကုက္ကိုလ်နှင့် KK Park တို့၌ တရားမဝင်ဒုစရိုက်မှုများကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား(၈၀၀)နီးပါးကို ထိန်းသိမ်းနိုင်ခဲ့

745

NP News - ဖေဖော်ဝါရီ ၁၆
(၁၆)ရက်အတွင်း မြဝတီ- ရွှေကုက္ကိုလ်နှင့် KK Park တို့၌ တရားမဝင်ဒုစရိုက်မှုများကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား(၈၀၀)နီးပါးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ် နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ (၃၀) ရက်မှ ဖေဖော်ဝါရီ (၁၅) ရက်အထိ ပြည်ပနိုင်ငံသား (၇၉၉) ဦးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအနက် (၆၁) ဦးကို ဇန်နဝါရီ (၃၁) ရက်တွင် ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း နစကမှ ဆိုထားသည်။
ထို့ပြင် ဖေဖော်ဝါရီ (၁၁) ရက်၊ (၁၄)ရက်နှင့် (၁၅)ရက်တို့တွင် ဖမ်းဆီးရမိခဲ့သည့် လွှဲပြောင်းရန်ကျန်ရှိနေသည့် ပြည်ပနိုင်ငံသား စုစုပေါင်း(၇၃၈)ဦးကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကို စာရင်းကောက်ယူပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၇၉၉) ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယမ်နမ်၊ ယူဂါန်ဒါ၊ ထိုင်းနိုင်ငံ နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် မြဝတီ- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
(၁၆)ရက္အတြင္း ျမဝတီ- ေ႐ႊကုကၠိဳလ္ႏွင့္ KK Park တို႔၌ တရားမဝင္ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့သည့္ ျပည္ပႏိုင္ငံသား(၈၀၀)နီးပါးကို ထိန္းသိမ္းႏိုင္ခဲ့
NP News - ေဖေဖာ္ဝါရီ ၁၆
(၁၆)ရက္အတြင္း ျမဝတီ- ေ႐ႊကုကၠိဳလ္ႏွင့္ KK Park တို႔၌ တရားမဝင္ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့သည့္ ျပည္ပႏိုင္ငံသား(၈၀၀)နီးပါးကို ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သတင္းထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာၿပီး ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕- ေ႐ႊကုကၠိဳလ္ ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္ Online ေလာင္းကစားမႈမ်ား၊ Online လိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသူမ်ားကို စစ္ေဆးေဖာ္ထုတ္ခဲ့ရာ ဇန္နဝါရီ (၃၀) ရက္မွ ေဖေဖာ္ဝါရီ (၁၅) ရက္အထိ ျပည္ပႏိုင္ငံသား (၇၉၉) ဦးကို ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ထိန္းသိမ္းထားသည့္ ျပည္ပႏိုင္ငံသားမ်ားအနက္ (၆၁) ဦးကို ဇန္နဝါရီ (၃၁) ရက္တြင္ ထိုင္းႏိုင္ငံသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်လႊဲေျပာင္း ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ျပင္ ေဖေဖာ္ဝါရီ (၁၁) ရက္၊ (၁၄)ရက္ႏွင့္ (၁၅)ရက္တို႔တြင္ ဖမ္းဆီးရမိခဲ့သည့္ လႊဲေျပာင္းရန္က်န္ရွိေနသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း(၇၃၈)ဦးကိုလည္း ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးႏိုင္ေရးအတြက္ လိုအပ္သည့္ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ားကို စာရင္းေကာက္ယူၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား (၇၉၉) ဦးသည္ တ႐ုတ္၊ အင္ဒိုနီးရွား၊ အိႏၵိယ၊ မေလးရွား၊ အီသီယိုးပီးယား၊ ပါကစၥတန္၊ ကာဂ်စ္စတန္၊ ဗီယမ္နမ္၊ ယူဂါန္ဒါ၊ ထိုင္းႏိုင္ငံ ႏွင့္ တ႐ုတ္(တိုင္ေပ)တို႔မွ ႏိုင္ငံသားမ်ားျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ႏိုင္ငံေတာ္အေနျဖင့္ ျမဝတီ- ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမအတြင္း Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ ျပည္ပႏိုင္ငံသားမ်ားကို အျမန္ဆုံးစစ္ေဆးေဖာ္ထုတ္ၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ လႊဲေျပာင္းေပးအပ္ႏိုင္ေရး သက္ဆိုင္ရာႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။