တာချီလိတ်မြို့တွင် တရားမဝင်အွန်လိုင်းလောင်းကစားများ ဆောင်ရွက်နေသည့် ထိုင်း(၇)ဦးနှင့် မြန်မာ(၂၂)ဦးတို့ကို နှစ်ရက်အတွင်း ဖမ်းဆီးရမိ

 292

NP News - ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် တရားမဝင်အွန်လိုင်းလောင်းကစားများ ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံသား(၇)ဦးနှင့် မြန်မာနိုင်ငံသား(၂၂)ဦးတို့ကို နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့်ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးခဲ့ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၂) ရက်တွင် တာချီလိတ်မြို့ ၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန်ငှားရမ်းထားသည့် နေအိမ်တွင် အွန်လိုင်းလောင်းကစား တာဝန်ခံ မင်းကျော်နှင့် စကားပြန်၊ စာရင်းကိုင်ရီရီဖြိုးတို့ (၂)ဦး အပါအဝင် အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး(၅)ဦး စုစုပေါင်း (၁၆) ဦးကို
တရားမဝင်အွန်လိုင်းလောင်းကစား ပြုလုပ်ရာ၌အသုံးပြုသည့် laptop (၆၁) လုံး၊ Flat Desktop (၃၂၉) လုံး၊ System (CPU) အလုံး (၉၀)၊ ဖုန်းမျိုးစုံအလုံး (၉၀)၊ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ(၁၃)ရက် ညနေပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦးနှင့် မြန်မာနိုင်ငံသားအမျိုးသား(၁)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း(၁၃)ဦးတို့အား ကွန်ပျူတာအလုံး (၅၀)၊ ဖုန်းမျိုးစုံအလုံး (၃၀၀)၊ ဘိန်းစာရွက်(အစို) တစ်ကီလိုခန့်စီပါ (၄)ထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် တစ်လီတာပါ (၁၀) ဘူးနှင့် ချောင်းဆိုးပျောက်ဆေးရည်ပုလင်း (၃၀) တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်၍ တာချီလိတ်မြို့နယ် ဆန်ဆိုင်း (က) ရပ်ကွက်အတွင်း ဖေဖော်ဝါရီ (၁၂) ရက်နှင့် (၁၃) ရက်တို့တွင် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်မှုများဖြစ်ကြသည့် ထိုင်းနိုင်ငံသား အမျိုးသား(၇)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၁၀) ဦး စုစုပေါင်း (၂၉) ဦးတို့နှင့်အတူ ကွန်ပျူတာမျိုးစုံ အလုံး (၄၄၀)၊ System (CPU) (၉၀)၊ ဖုန်းမျိုးစုံအလုံး(၃၉၀)၊ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီး၊ ဘိန်းစာရွက် (အစို) တစ်ကီလိုခန့်စီပါ လေးထုပ်၊ ဘိန်းစာ ရွက်ပြုတ်ရည် တစ်လီတာပါ  (၁၀) ဘူး၊ ချောင်းဆိုး ပျောက်ဆေးရည် ပုလင်း အလုံး(၃၀) နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်များအရ ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံတာချီလိတ်မြို့သို့ အလည်အပတ်နှင့် အလုပ်လုပ်ကိုင်ရန်အတွက် အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်လာခဲ့ရာမှ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်လုပ်ကိုင်ကြသူများက ဆက်သွယ်ခဲ့သဖြင့် ယခုကဲ့သို့ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အွန်လိုင်းဂိမ်းပိုင်ရှင်ဖြစ်သူ တစ်ဖက်နိုင်ငံချင်းမိုင်မြို့တွင် နေထိုင်သည့် ထိုင်းနိုင်ငံသားဝယ်ဆန်နှင့် ဇနီးဖြစ်သူ ရန်ကျူးအပါအဝင် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ဆိုထားသည်။

အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများကို စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Zawgyi Version:
တာခ်ီလိတ္ၿမိဳ႕တြင္ တရားမဝင္အြန္လိုင္းေလာင္းကစားမ်ား ေဆာင္႐ြက္ေနသည့္ ထိုင္း(၇)ဦးႏွင့္ ျမန္မာ(၂၂)ဦးတို႔ကို ႏွစ္ရက္အတြင္း ဖမ္းဆီးရမိ
NP News - ေဖေဖာ္ဝါရီ ၁၆

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ တရားမဝင္အြန္လိုင္းေလာင္းကစားမ်ား ေဆာင္႐ြက္ေနသည့္ ထိုင္းႏိုင္ငံသား(၇)ဦးႏွင့္ ျမန္မာႏိုင္ငံသား(၂၂)ဦးတို႔ကို ႏွစ္ရက္အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း တရားမဝင္အြန္လိုင္းေလာင္းကစားႏွင့္ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ စစ္ေဆးခဲ့ရာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁၂) ရက္တြင္ တာခ်ီလိတ္ၿမိဳ႕ ၊ ဆန္ဆိုင္း(က) ရပ္ကြက္ရွိ ထိုင္းႏိုင္ငံတြင္ေနထိုင္သူ ဝယ္ဆန္ငွားရမ္းထားသည့္ ေနအိမ္တြင္ အြန္လိုင္းေလာင္းကစား တာဝန္ခံ မင္းေက်ာ္ႏွင့္ စကားျပန္၊ စာရင္းကိုင္ရီရီၿဖိဳးတို႔ (၂)ဦး အပါအဝင္ အမ်ိဳးသား (၁၁) ဦးႏွင့္ အမ်ိဳးသမီး(၅)ဦး စုစုေပါင္း (၁၆) ဦးကို
တရားမဝင္အြန္လိုင္းေလာင္းကစား ျပဳလုပ္ရာ၌အသုံးျပဳသည့္ laptop (၆၁) လုံး၊ Flat Desktop (၃၂၉) လုံး၊ System (CPU) အလုံး (၉၀)၊ ဖုန္းမ်ိဳးစုံအလုံး (၉၀)၊ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ႏွစ္စီး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆက္လက္ရွာေဖြခဲ့ရာ ေဖေဖာ္ဝါရီ(၁၃)ရက္ ညေနပိုင္းတြင္ အဆိုပါရပ္ကြက္အတြင္းေနထိုင္သည့္ ထိုင္းႏိုင္ငံသားအမ်ိဳးသား(၇)ဦးႏွင့္ ျမန္မာႏိုင္ငံသားအမ်ိဳးသား(၁)ဦး၊ အမ်ိဳးသမီး(၅)ဦး စုစုေပါင္း(၁၃)ဦးတို႔အား ကြန္ပ်ဴတာအလုံး (၅၀)၊ ဖုန္းမ်ိဳးစုံအလုံး (၃၀၀)၊ ဘိန္းစာ႐ြက္(အစို) တစ္ကီလိုခန႔္စီပါ (၄)ထုပ္၊ ဘိန္းစာ႐ြက္ျပဳတ္ရည္ တစ္လီတာပါ (၁၀) ဘူးႏွင့္ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ပုလင္း (၃၀) တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ျဖစ္၍ တာခ်ီလိတ္ၿမိဳ႕နယ္ ဆန္ဆိုင္း (က) ရပ္ကြက္အတြင္း ေဖေဖာ္ဝါရီ (၁၂) ရက္ႏွင့္ (၁၃) ရက္တို႔တြင္ တရားမဝင္ အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကး လိမ္လည္မႈလုပ္ငန္း လုပ္ကိုင္မႈမ်ားျဖစ္ၾကသည့္ ထိုင္းႏိုင္ငံသား အမ်ိဳးသား(၇)ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသား (၁၂) ဦး၊ အမ်ိဳးသမီး (၁၀) ဦး စုစုေပါင္း (၂၉) ဦးတို႔ႏွင့္အတူ ကြန္ပ်ဴတာမ်ိဳးစုံ အလုံး (၄၄၀)၊ System (CPU) (၉၀)၊ ဖုန္းမ်ိဳးစုံအလုံး(၃၉၀)၊ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ႏွစ္စီး၊ ဘိန္းစာ႐ြက္ (အစို) တစ္ကီလိုခန႔္စီပါ ေလးထုပ္၊ ဘိန္းစာ ႐ြက္ျပဳတ္ရည္ တစ္လီတာပါ  (၁၀) ဘူး၊ ေခ်ာင္းဆိုး ေပ်ာက္ေဆးရည္ ပုလင္း အလုံး(၃၀) ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိခဲ့သည္။

အဆိုပါဖမ္းဆီးရမိသူမ်ား၏ ထြက္ဆို ခ်က္မ်ားအရ ထိုင္းႏိုင္ငံသားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံတာခ်ီလိတ္ၿမိဳ႕သို႔ အလည္အပတ္ႏွင့္ အလုပ္လုပ္ကိုင္ရန္အတြက္ အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ဝင္ေရာက္လာခဲ့ရာမွ တရားမဝင္အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္လုပ္ကိုင္ၾကသူမ်ားက ဆက္သြယ္ခဲ့သျဖင့္ ယခုကဲ့သို႔ လုပ္ကိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အြန္လိုင္းဂိမ္းပိုင္ရွင္ျဖစ္သူ တစ္ဖက္ႏိုင္ငံခ်င္းမိုင္ၿမိဳ႕တြင္ ေနထိုင္သည့္ ထိုင္းႏိုင္ငံသားဝယ္ဆန္ႏွင့္ ဇနီးျဖစ္သူ ရန္က်ဴးအပါအဝင္ ဆက္စပ္တရားခံမ်ားအား အျမန္ဆုံးဖမ္းဆီးရမိေရး လိုအပ္ေသာလုံၿခဳံေရးလုပ္ငန္းစဥ္မ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ဆိုထားသည္။

အထက္ပါျဖစ္စဥ္မ်ားတြင္ ဖမ္းဆီးရမိသူမ်ားကို စနစ္တက်စိစစ္ေဆာင္႐ြက္လ်က္ရွိၿပီး ဥပေဒႏွင့္အညီ တရားစြဲဆို အေရးယူေဆာင္႐ြက္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.