ပျဉ်းမနား-တောင်ငူ ရထားလမ်းပိုင်း မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန်ပြင်ဆင်နေ

 945

NP News - ဖေဖော်ဝါရီ ၁၆

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ ပျဉ်းမနား-တောင်ငူ ရထားလမ်းပိုင်း များတွင် ရထားများ မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန်အတွက် သံလမ်းနှင့် တံတားများ အဆင့်မြှင့်တင်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားများ မြန်နှုန်းမြှင့်တင်သွားလာနိုင်ရန်အတွက် ပျဥ်းမနား-တောင်ငူ ရထားလမ်းပိုင်း (၅၉)မိုင်အတွင်းရှိ သံလမ်းနှင့် တံတားများ အဆင့်မြှင့်တင်နေကြောင်းသိရသည်။
"ရန်ကုန်-မန္တလေးရထားလမ်းပိုင်ရှိ ပျဉ်းမနား-တောင်ငူ ရထားလမ်းပိုင်း (၅၉)မိုင်အတွင်း ရထားတွေ မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ဖို့အတွက် သံလမ်းနဲ့ တံတားတွေ အဆင့်မြှင့်တင်နေပါတယ်။ အဲဒီလိုဆောင်ရွက်တာမှာ ဘူတာအဝင် လမ်းလွှဲ၊ လမ်းကူး၊ နေရာတွေမှာ ရထားအရှိန်နှုန်းကိုလျှော့ချနေရတဲ့အတွက် ရထားဖြတ်သန်းတာတွေဘေးအန္တရာယ် ကင်းရှင်း ၊ မိုင်နှုန်းတိုးမြှင့် ဖြတ်သန်းနိုင်မယ့် စိတ်ချရတဲ့လမ်းလွှဲ၊ လမ်းကူးအသစ်တွေနဲ့ အစားထိုးလဲလှယ်တပ်ဆင်တာကို စီမံဆောင်ရွက်နေပါတယ်" ဟု မြန်မာ့မီးရထားအထက်မြန်မာပြည်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရထားအမြန်နှုန်းမြှင့်တင်နိုင်ရန်အတွက် လိုအပ်နေသောလမ်းခင်းကျောက်တွေများ ဖြည့်တင်းဆောင်ရွက်သွားမည့်အပြင် ဇလီဖားတုံးအသစ်များ ၊ သံလမ်းအသစ်များ အစားထိုးသွားမည်ဟု သိရသည်။
လက်ရှိတွင် တောင်ငူ-သောင်းတိုင်ကုန်းဘူတာကြား၊ အဆန်လမ်း ခပေါင်းတံတားပေါ်တွင် ရထားများ မိုင်နှုန်းတိုးမြှင့်ဖြတ်သန်းနိုင်ရန် အတွက်သစ်သား ဇလီဖားတုံးအဟောင်းတွေအစား ခေတ်မီကွန်ကရစ် ဇလီဖားတုံးအသစ်တွေ တပ်ဆင်နေကြောင်း သိရသည်။
မူလ ၇၅ ပေါင် သံလမ်းအဟောင်းတွေအစား ပေါင် ၁၀၀ အလေးချိန်ရှိသည့် သံလမ်းအသစ်များဖြင့် အစားထိုးပြီး ခပေါင်းတံတားပိုမို ကြံ့ခိုင်လာရန် ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
ပ်ဥ္းမနား-ေတာင္ငူ ရထားလမ္းပိုင္း ျမန္ႏႈန္းျမႇင့္တင္ေျပးဆြဲႏိုင္ရန္ျပင္ဆင္ေန
NP News - ေဖေဖာ္ဝါရီ ၁၆

ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းရွိ ပ်ဥ္းမနား-ေတာင္ငူ ရထားလမ္းပိုင္း မ်ားတြင္ ရထားမ်ား ျမန္ႏႈန္းျမႇင့္တင္ေျပးဆြဲႏိုင္ရန္အတြက္ သံလမ္းႏွင့္ တံတားမ်ား အဆင့္ျမႇင့္တင္ေနေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
ရထားမ်ား ျမန္ႏႈန္းျမႇင့္တင္သြားလာႏိုင္ရန္အတြက္ ပ်ဥ္းမနား-ေတာင္ငူ ရထားလမ္းပိုင္း (၅၉)မိုင္အတြင္းရွိ သံလမ္းႏွင့္ တံတားမ်ား အဆင့္ျမႇင့္တင္ေနေၾကာင္းသိရသည္။
"ရန္ကုန္-မႏၲေလးရထားလမ္းပိုင္ရွိ ပ်ဥ္းမနား-ေတာင္ငူ ရထားလမ္းပိုင္း (၅၉)မိုင္အတြင္း ရထားေတြ ျမန္ႏႈန္းျမႇင့္တင္ေျပးဆြဲႏိုင္ဖို႔အတြက္ သံလမ္းနဲ႔ တံတားေတြ အဆင့္ျမႇင့္တင္ေနပါတယ္။ အဲဒီလိုေဆာင္႐ြက္တာမွာ ဘူတာအဝင္ လမ္းလႊဲ၊ လမ္းကူး၊ ေနရာေတြမွာ ရထားအရွိန္ႏႈန္းကိုေလွ်ာ့ခ်ေနရတဲ့အတြက္ ရထားျဖတ္သန္းတာေတြေဘးအႏၲရာယ္ ကင္းရွင္း ၊ မိုင္ႏႈန္းတိုးျမႇင့္ ျဖတ္သန္းႏိုင္မယ့္ စိတ္ခ်ရတဲ့လမ္းလႊဲ၊ လမ္းကူးအသစ္ေတြနဲ႔ အစားထိုးလဲလွယ္တပ္ဆင္တာကို စီမံေဆာင္႐ြက္ေနပါတယ္" ဟု ျမန္မာ့မီးရထားအထက္ျမန္မာျပည္မွတာဝန္ရွိသူတစ္ဦးက ေျပာသည္။

ထို႔ျပင္ ရထားအျမန္ႏႈန္းျမႇင့္တင္ႏိုင္ရန္အတြက္ လိုအပ္ေနေသာလမ္းခင္းေက်ာက္ေတြမ်ား ျဖည့္တင္းေဆာင္႐ြက္သြားမည့္အျပင္ ဇလီဖားတုံးအသစ္မ်ား ၊ သံလမ္းအသစ္မ်ား အစားထိုးသြားမည္ဟု သိရသည္။
လက္ရွိတြင္ ေတာင္ငူ-ေသာင္းတိုင္ကုန္းဘူတာၾကား၊ အဆန္လမ္း ခေပါင္းတံတားေပၚတြင္ ရထားမ်ား မိုင္ႏႈန္းတိုးျမႇင့္ျဖတ္သန္းႏိုင္ရန္ အတြက္သစ္သား ဇလီဖားတုံးအေဟာင္းေတြအစား ေခတ္မီကြန္ကရစ္ ဇလီဖားတုံးအသစ္ေတြ တပ္ဆင္ေနေၾကာင္း သိရသည္။
မူလ ၇၅ ေပါင္ သံလမ္းအေဟာင္းေတြအစား ေပါင္ ၁၀၀ အေလးခ်ိန္ရွိသည့္ သံလမ္းအသစ္မ်ားျဖင့္ အစားထိုးၿပီး ခေပါင္းတံတားပိုမို ႀကံ့ခိုင္လာရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.