(၁၈-၃၅) အမျိုးသားများကို ပြည်ပထွက်ခွင့် ပိတ်ထားမှု တရားဝင်စာထုတ်ထားခြင်းမျိုးမရှိဟု ဆို

 6520

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၆

အသက်(၁၈)နှစ်မှ (၃၅)နှစ်အထိ အမျိုးသားများကို ပြည်ပထွက်ခွင့်ပိတ်ထားသည်မှာ နှုတ်မိန့် ဖြင့်သာဖြစ်ပြီး တရားဝင်စာထုတ်ထားခြင်းမျိုး မရှိကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။
စစ်မှုထမ်းစာရင်းဝင်နေပါက အသက် (၁၈)နှစ်မှ(၃၅)နှစ်အထိ အမျိုးသားများကို ပြည်ပသို့ ထွက်ခွာခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလ(၃၀)ရက် နောက်ပိုင်းမှစ၍ ပိတ်ထားကြောင်း သိရသည်။
အလုပ်သမားစေလွှတ်သည့်အေဂျင်စီများအနေဖြင့် လုပ်ငန်းပိတ်ထားခြင်းမရှိဘဲ ပြည်ပရောက် လုပ်သားများ၏ အခြေခံလစာ (၂၅)ရာခိုင်နှုန်းကို မတင်ပြနိုင်ခြင်းကြောင့်သာ ခေတ္တပိတ်ထားရသည့် အေဂျင်စီများရှိနေကြောင်း သိရသည်။

“(၁၈-၃၅)ပိတ်ထားတာတော့ လော လောဆယ်အတည်ပဲ။ လေဘာရုံးမှာ စာချုပ်ချုပ်ရတဲ့ (၃၀)ရက် နောက်ဆုံးထားပြီးတော့ အဲဒီနောက်ပိုင်းကို ပိတ်ထားတယ်။ အဲဒီရှေ့မှာ ချုပ်ထားတဲ့သူတွေ တော့ သွားလို့ရတယ်။ နောက်တစ်ခု အေဂျင်စီတွေပိတ်တယ်ဆိုတာက (၂၅)ရာခိုင်နှုန်းမပြနိုင်တာရယ်၊ လ စာ Report မတင်တာရယ် အဲဒါတွေပေါ့။ ပိတ်တဲ့သူများ၊ မများတော့မသိဘူး။ အေဂျင်စီကတော့ (၆၃၀) ကျော်သွားပြီ။ နေ့တိုင်းကို တိုးနေတာ။ အပြိုင် အဆိုင်တော့များတာပေါ့။ အပြိုင်အဆိုင်များတယ် ဆိုတာက ဈေးကွက်ကျဉ်းကျဉ်းလေးဖြစ်သွားတာပေါ့။ အခုက ဂျပန်ကိုပဲစုပြုံပြီး တိုးနေကြတာ။ ဂျပန် လုပ်တဲ့ သူတော်တော်များလာတယ်” ဟု အထက်ပါ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်က NP News ကိုပြောသည်။
သို့သော် Demandများကို ဆက်တင်ခွင့်ပေးထားသည့်အတွက် နှုတ်မိန့်ဖြင့်သာ ယာယီပိတ်ထားခြင်းဖြစ်ပြီး တရားဝင်စာထုတ်ခြင်းမျိုးမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

“Demand တွေကတော့ ဆက်ပြီးတင်ခွင့် ပေးနေသေးတယ်။ အဲဒီတော့ လောလောဆယ်က တော့ ယာယီပိတ်တာပေါ့နော်။ နှုတ်မိန့်နဲ့ပဲပိတ်တာပါ။ တရားဝင်စာထုတ်တာမဟုတ်ဘူး။ ဝန်ကြီးဦးမြင့် နောင်က သူမနားခင်တစ်ရက်အလိုမှာ အဲဒီလိုပြောလိုက်တာ။ ဌာနကပဲနှုတ်မိန့်နဲ့ပြောထားတာ။ တရား ဝင်စာထွက်တာလည်းမဟုတ်ဘူး။ အဓိကကတော့ နည်းဥပဒေမှာပါတဲ့ ပြည်ပထွက်ရင် အကြောင်းကြား ရမယ်ဆိုတဲ့အချက်တွေကြောင့် လောလောဆယ် ခဏရပ်ထားတဲ့သဘောပေါ့။ ထောက်ခံချက်တွေနဲ့ ဘာနဲ့ နောက်ပိုင်းထွက်ရမယ့် သဘောပေါ့။ လုံးဝပိတ် တာ မဟုတ်ဘူး”ဟု ၎င်းကပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ခွင့်ကိုလည်း ခွင့်ပြုချက်ရရှိထားသူများကို သာ သွားခွင့်ပေးထားပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၄) ရက်မှစ၍ အမျိုးသားများအပါအဝင် အမျိုးသမီးများကို ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို ယာယီပိတ်ထားကြောင်း သိရသည်။ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ၏ ပုဒ်မ(၅၀)နှင့် (၅၁)တွင်ဆေးစစ် အောင်မြင်ပြီးသူများ၊ စစ်မှုထမ်း အမိန့်ရရှိပြီးသူများ သည် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့်မရှိကြောင်း ပြဋ္ဌာန်းထား သည်။

လက်ရှိတွင် အမျိုးသမီးပြည်သူ့စစ်မှုထမ်း များကို ခေါ်ယူရန်မရှိသေးကြောင်း နစကမှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ဖေဖော်ဝါရီ(၇)ရက်တွင်အသိပေးထားပြီး အမျိုးသမီး များအနေဖြင့် ပြည်ပထွက်ခွာခွင့်လည်း ဆက်လက်ရရှိ နေဆဲဖြစ်သည်။ စစ်မှုထမ်းရမည့် အသက်အရွယ် ရောက်သူဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် (၁၈)နှစ်ပြည့်ပြီး၍ အသက်(၃၅)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီး၍ အသက်(၂၇)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဆို သည်ဟု ဥပဒေတွင် သတ်မှတ်ထားသည်။

Zawgyi Version:
(၁၈-၃၅) အမ်ိဳးသားမ်ားကို ျပည္ပထြက္ခြင့္ ပိတ္ထားမႈ တရားဝင္စာထုတ္ထားျခင္းမ်ိဳးမရွိဟု ဆို
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၆

အသက္(၁၈)ႏွစ္မွ (၃၅)ႏွစ္အထိ အမ်ိဳးသားမ်ားကို ျပည္ပထြက္ခြင့္ပိတ္ထားသည္မွာ ႏႈတ္မိန႔္ ျဖင့္သာျဖစ္ၿပီး တရားဝင္စာထုတ္ထားျခင္းမ်ိဳး မရွိေၾကာင္း ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။
စစ္မႈထမ္းစာရင္းဝင္ေနပါက အသက္ (၁၈)ႏွစ္မွ(၃၅)ႏွစ္အထိ အမ်ိဳးသားမ်ားကို ျပည္ပသို႔ ထြက္ခြာခြင့္ကို ၿပီးခဲ့သည့္ ဇန္နဝါရီလ(၃၀)ရက္ ေနာက္ပိုင္းမွစ၍ ပိတ္ထားေၾကာင္း သိရသည္။
အလုပ္သမားေစလႊတ္သည့္ေအဂ်င္စီမ်ားအေနျဖင့္ လုပ္ငန္းပိတ္ထားျခင္းမရွိဘဲ ျပည္ပေရာက္ လုပ္သားမ်ား၏ အေျခခံလစာ (၂၅)ရာခိုင္ႏႈန္းကို မတင္ျပႏိုင္ျခင္းေၾကာင့္သာ ေခတၱပိတ္ထားရသည့္ ေအဂ်င္စီမ်ားရွိေနေၾကာင္း သိရသည္။

“(၁၈-၃၅)ပိတ္ထားတာေတာ့ ေလာ ေလာဆယ္အတည္ပဲ။ ေလဘာ႐ုံးမွာ စာခ်ဳပ္ခ်ဳပ္ရတဲ့ (၃၀)ရက္ ေနာက္ဆုံးထားၿပီးေတာ့ အဲဒီေနာက္ပိုင္းကို ပိတ္ထားတယ္။ အဲဒီေရွ႕မွာ ခ်ဳပ္ထားတဲ့သူေတြ ေတာ့ သြားလို႔ရတယ္။ ေနာက္တစ္ခု ေအဂ်င္စီေတြပိတ္တယ္ဆိုတာက (၂၅)ရာခိုင္ႏႈန္းမျပႏိုင္တာရယ္၊ လ စာ Report မတင္တာရယ္ အဲဒါေတြေပါ့။ ပိတ္တဲ့သူမ်ား၊ မမ်ားေတာ့မသိဘူး။ ေအဂ်င္စီကေတာ့ (၆၃၀) ေက်ာ္သြားၿပီ။ ေန႔တိုင္းကို တိုးေနတာ။ အၿပိဳင္ အဆိုင္ေတာ့မ်ားတာေပါ့။ အၿပိဳင္အဆိုင္မ်ားတယ္ ဆိုတာက ေဈးကြက္က်ဥ္းက်ဥ္းေလးျဖစ္သြားတာေပါ့။ အခုက ဂ်ပန္ကိုပဲစုၿပဳံၿပီး တိုးေနၾကတာ။ ဂ်ပန္ လုပ္တဲ့ သူေတာ္ေတာ္မ်ားလာတယ္” ဟု အထက္ပါ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္က NP News ကိုေျပာသည္။
သို႔ေသာ္ Demandမ်ားကို ဆက္တင္ခြင့္ေပးထားသည့္အတြက္ ႏႈတ္မိန႔္ျဖင့္သာ ယာယီပိတ္ထားျခင္းျဖစ္ၿပီး တရားဝင္စာထုတ္ျခင္းမ်ိဳးမရွိေသးေၾကာင္း ၎က ဆက္လက္ေျပာသည္။

“Demand ေတြကေတာ့ ဆက္ၿပီးတင္ခြင့္ ေပးေနေသးတယ္။ အဲဒီေတာ့ ေလာေလာဆယ္က ေတာ့ ယာယီပိတ္တာေပါ့ေနာ္။ ႏႈတ္မိန႔္နဲ႔ပဲပိတ္တာပါ။ တရားဝင္စာထုတ္တာမဟုတ္ဘူး။ ဝန္ႀကီးဦးျမင့္ ေနာင္က သူမနားခင္တစ္ရက္အလိုမွာ အဲဒီလိုေျပာလိုက္တာ။ ဌာနကပဲႏႈတ္မိန႔္နဲ႔ေျပာထားတာ။ တရား ဝင္စာထြက္တာလည္းမဟုတ္ဘူး။ အဓိကကေတာ့ နည္းဥပေဒမွာပါတဲ့ ျပည္ပထြက္ရင္ အေၾကာင္းၾကား ရမယ္ဆိုတဲ့အခ်က္ေတြေၾကာင့္ ေလာေလာဆယ္ ခဏရပ္ထားတဲ့သေဘာေပါ့။ ေထာက္ခံခ်က္ေတြနဲ႔ ဘာနဲ႔ ေနာက္ပိုင္းထြက္ရမယ့္ သေဘာေပါ့။ လုံးဝပိတ္ တာ မဟုတ္ဘူး”ဟု ၎ကေျပာသည္။

ထို႔ျပင္ ထိုင္းႏိုင္ငံသို႔ သြားေရာက္အလုပ္ လုပ္ကိုင္ခြင့္ကိုလည္း ခြင့္ျပဳခ်က္ရရွိထားသူမ်ားကို သာ သြားခြင့္ေပးထားၿပီး ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၄) ရက္မွစ၍ အမ်ိဳးသားမ်ားအပါအဝင္ အမ်ိဳးသမီးမ်ားကို ထိုင္းႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ခြင့္ကို ယာယီပိတ္ထားေၾကာင္း သိရသည္။ ျပည္သူ႔စစ္မႈထမ္း နည္းဥပေဒ၏ ပုဒ္မ(၅၀)ႏွင့္ (၅၁)တြင္ေဆးစစ္ ေအာင္ျမင္ၿပီးသူမ်ား၊ စစ္မႈထမ္း အမိန႔္ရရွိၿပီးသူမ်ား သည္ စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕၏ ခြင့္ျပဳခ်က္မရွိဘဲ ျပည္ပထြက္ခြာခြင့္မရွိေၾကာင္း ျပ႒ာန္းထား သည္။

လက္ရွိတြင္ အမ်ိဳးသမီးျပည္သူ႔စစ္မႈထမ္း မ်ားကို ေခၚယူရန္မရွိေသးေၾကာင္း နစကမွ ေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၇)ရက္တြင္အသိေပးထားၿပီး အမ်ိဳးသမီး မ်ားအေနျဖင့္ ျပည္ပထြက္ခြာခြင့္လည္း ဆက္လက္ရရွိ ေနဆဲျဖစ္သည္။ စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ ေရာက္သူဆိုသည္မွာ အမ်ိဳးသားျဖစ္လွ်င္ အသက္ (၁၈)ႏွစ္ျပည့္ၿပီး၍ အသက္(၃၅)ႏွစ္ မျပည့္ေသးေသာ ႏိုင္ငံသားတိုင္းကို လည္းေကာင္း၊ အမ်ိဳးသမီးျဖစ္လွ်င္ အသက္(၁၈)ႏွစ္ျပည့္ၿပီး၍ အသက္(၂၇)ႏွစ္ မျပည့္ေသးေသာ ႏိုင္ငံသားတိုင္းကိုလည္းေကာင္း ဆို သည္ဟု ဥပေဒတြင္ သတ္မွတ္ထားသည္။

Related news

© 2021. All rights reserved.