တောင်ကိုရီးယားမင်းသမီးငယ် ကင်ဆေရွန်း နေအိမ်မှာ အဆုံးစီရင်

 9138

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၆

တောင်ကိုရီးယားမင်းသမီးငယ် ကင်ဆေရွန်းဟာ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းကပဲ သူမရဲ့နေအိမ်မှာ သေဆုံးနေတာကို သူမနဲ့ရင်းနှီးသူတစ်ဦးက တွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့လက်ရှိစစ်ဆေးမှုအရ ရာဇဝတ်မှု (သို့မဟုတ်) ပိုင်နက်ကျူးလွန် ရန်ပြုခြင်းခံရတဲ့လက္ခဏာ မတွေ့ရှိရတာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်မယ်လို့ ယူဆထားပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ကင်ဆေရွန်းရဲ့အသိမိတ်ဆွေတစ်ဦးဖြစ်တဲ့ အီဒေလီရဲ့ပြောကြားချက်အရ ကင်ဆေရွန်းဟာ - အမည် ကင်အာအင်လို့ ပြောင်းလဲပြီး ဖျော်ဖြေရေးလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ကင်ဆေရွန်းဟာ အသက် ၂၅ နှစ်သာရှိသေးတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ကလေးသရုပ်ဆောင်အဖြစ် နာမည်ကျော်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က အရက်မူးပြီး ကားမောင်းခဲ့လို့ အမှုရင်ဆိုင်ခဲ့ရပြီး အဲဒီနောက် ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်နေရတဲ့ပုံတွေနဲ့ ပရိသတ်ကို ပန်းနုသွေးတယ်လို့ မကောင်းသတင်း ကျော်ကြားခဲ့ဖူးပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမင္းသမီးငယ္ ကင္ေဆ႐ြန္း ေနအိမ္မွာ အဆုံးစီရင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၆

ေတာင္ကိုရီးယားမင္းသမီးငယ္ ကင္ေဆ႐ြန္းဟာ ေဖေဖာ္ဝါရီ ၁၆ ရက္ ညေနပိုင္းကပဲ သူမရဲ႕ေနအိမ္မွာ ေသဆုံးေနတာကို သူမနဲ႔ရင္းႏွီးသူတစ္ဦးက ေတြ႕ရွိခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ရဲ႕လက္ရွိစစ္ေဆးမႈအရ ရာဇဝတ္မႈ (သို႔မဟုတ္) ပိုင္နက္က်ဴးလြန္ ရန္ျပဳျခင္းခံရတဲ့လကၡဏာ မေတြ႕ရွိရတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသျခင္းျဖစ္မယ္လို႔ ယူဆထားပါတယ္။ ေနာက္ထပ္ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ရဲတပ္ဖြဲ႕က ထုတ္ျပန္ျခင္းမရွိေသးပါဘူး။

ကင္ေဆ႐ြန္းရဲ႕အသိမိတ္ေဆြတစ္ဦးျဖစ္တဲ့ အီေဒလီရဲ႕ေျပာၾကားခ်က္အရ ကင္ေဆ႐ြန္းဟာ - အမည္ ကင္အာအင္လို႔ ေျပာင္းလဲၿပီး ေဖ်ာ္ေျဖေရးလႈပ္ရွားမႈေတြ ျပဳလုပ္ဖို႔ျပင္ဆင္ေနတာျဖစ္တယ္လို႔ သိရပါတယ္။
ကင္ေဆ႐ြန္းဟာ အသက္ ၂၅ ႏွစ္သာရွိေသးတဲ့ မင္းသမီးတစ္လက္ျဖစ္ၿပီး ကေလးသ႐ုပ္ေဆာင္အျဖစ္ နာမည္ေက်ာ္ပါတယ္။ လြန္ခဲ့တဲ့ ၄ ႏွစ္ခန႔္က အရက္မူးၿပီး ကားေမာင္းခဲ့လို႔ အမႈရင္ဆိုင္ခဲ့ရၿပီး အဲဒီေနာက္ ေကာ္ဖီဆိုင္မွာ အခ်ိန္ပိုင္းလုပ္ေနရတဲ့ပုံေတြနဲ႔ ပရိသတ္ကို ပန္းႏုေသြးတယ္လို႔ မေကာင္းသတင္း ေက်ာ္ၾကားခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.