မြန်မာနိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေခဲ့တဲ့ ရွှေကုက္ကိုမြို့သစ် စီမံကိန်းပိုင်ရှင်က ဘယ်လိုလူစားမျိုးလဲ

5888

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၇
ထိုင်းအစိုးရဟာ မြန်မာနိုင်ငံ မြဝတီမြို့အခြေစိုက် အွန်လိုင်းကတစ်ဆင့်လိမ်လည်နေတဲ့ဂိုဏ်းတွေကို ဖြိုခွင်းမှု အစိတ်အပိုင်းအဖြစ် ရွှေကုက္ကိုမြို့စီမံကိန်းပိုင်ရှင်ဖြစ်သူကို တရုတ်နိုင်ငံထံလွှဲပြောင်းပေး မယ်လို့ ပြီးခဲ့တဲ့သီတင်းပတ် အတွင်း သတင်းတွေထွက် ပေါ်ခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝါ ထရာဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ တရုတ်နိုင်ငံ ကိုသွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင့်နဲ့တွေ့ ဆုံဆွေးနွေးခဲ့ပြီးနောက် မကြာမီမှာပဲ ရွှေကုက္ကိုမြို့ စီမံကိန်းအတွက် အဓိက ရင်းနှီးမြှုပ်နှံသူ တရုတ်နိုင်ငံသား ရှီဇီဂျန်(She Zhijiang)ကို မိခင်နိုင်ငံကို ပြန် လည်လွှဲပြောင်း ပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ရှီဇီဂျန်ဟာ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေတဲ့ဂိုဏ်းတွေအဓိကအခြေပြုနေတဲ့ ရွှေ ကုက္ကိုမြို့သစ်စီမံကိန်းကို တည်ဆောက်ခဲ့တဲ့ Yatai International Holding Group (Yatai IHG) ကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်ပြီး ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို အမေရိကန်ဒေါ်လာ (၁၅) ဘီလျံအကုန်ကျခံကာတည်ဆောက်ခဲ့သူလည်းဖြစ်ပါတယ်။ ရှီဇီဂျန်ကို (၁၉၈၂)ခုနှစ်က တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှာဒေါင်မြို့မှာမွေးဖွားခဲ့ပြီး Tang Kriang Kai ၊ She Lunkai ၊ Dylan She စတဲ့အမည်တို့အပါအဝင် နာမည်များစွာရှိနေသူလည်း ဖြစ်ပါတယ်။ ရှီဇီဂျန်ဦးဆောင်တည်ထောင်ထားတဲ့ Yatai International Holdings Group ဟာ အရှေ့တောင်အာရှဒေသမှာ လောင်းကစားလုပ်ငန်းလိုမျိုး မှောင်ခိုစီးပွား လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ကိုင်ထားသူဖြစ်ပါတယ်။ ရှီဇီဂျန် ဦးဆောင်တည်ထောင်ထားတဲ့ Yatai စီးပွား ရေးလုပ်ငန်းစုဟာ တရုတ်နိုင်ငံသားတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံသားတွေကိုပစ်မှတ်ထားပြီး အွန်လိုင်း လောင်းက စားလုပ်ကိုင်ဖို့ ဖြားယောင်းသွေးဆောင်တာတွေကိုအဓိကထားလုပ်ကိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ရှီဇီဂျန်ဟာ လူငယ်ဘဝတည်းက လောင်းကစားလုပ်ငန်းကို အဓိကထားပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့ ဝါသနာပါသူဖြစ်ရာ အသက် (၂၀)အရွယ်မှာ လောင်းက စားလုပ်ငန်းလုပ်ကိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
တရုတ်တရားရုံးက (၂၀၁၄)ခုနှစ်မှာ ရှီဇီဂျန်ကို ဖိလစ်ပိုင်နိုင်ငံအတွင်း အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို တရားမဝင်လုပ် ကိုင်နေသူအဖြစ် သတ်မှတ်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က (၂၀၂၂)ခုနှစ်မှာ ဖမ်းဆီးခဲ့တယ် လို့သိရပါတယ်။ ရှီဇီဂျန်လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ လူကုန်ကူးမှုတွေ၊ အွန်လိုင်းကတစ်ဆင့်လိမ်လည်တဲ့လုပ်ငန်းတွေ၊ ငွေညှစ်တဲ့လုပ်ငန်းတွေနဲ့ ဆက်နွှယ်တယ်လို့သိရပါတယ်။ ရှီဇီဂျန်ဟာ Yatai International Holdings Group စီးပွားရေး လုပ်ငန်းစုကိုတည်ထောင်ပြီး ဟောင်ကောင်မှာမှတ်ပုံတင်ကာ ရုံးချုပ်ကို ထိုင်းနိုင်ငံ မှာဖွင့်လှစ်ထားသူဖြစ်ပါတယ်။ တရုတ်အာဏာပိုင် တွေဟာ ရှီဇီဂျန်ကိုဖမ်းဆီးဖို့ကြိုးပမ်းခဲ့ရာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး (၂၀၂၂)ခုနှစ်မှာ ဝရမ်းပြေး ဖြစ်လာခဲ့သူဖြစ်ပါတယ်။
ရှန်ဒေါင်းမြို့တရားရုံးက ရှီဇီဂျန်ကို ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများကို ပစ်မှတ် ထားပြီး တရားမဝင်လောင်းကစားထီလုပ်ငန်း များကိုလုပ်ကိုင်နေတဲ့အတွက် ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရှီဇီဂျန်ဟာ ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်နိုင် ငံသားတွေကိုပစ်မှတ်ထားကာ အွန်လိုင်းလောင်းစား လုပ်ကိုင်မှုကြောင့် အမေရိ ကန်ဒေါ်လာ သန်း (၃၀ဝ) နီးပါးအမြတ်ရရှိခဲ့တယ်လို့သိရပါတယ်။ ရှီဇီဂျန်ဟာ တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခံ ရပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို ထပ်မံထွက်ပြေးခဲ့ကာ (၂၀၂၅) ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ စီးပွားရေး လုပ်ငန်း တည်ထောင်ပြီး ကမ္ဘောဒီးယားကာစီနိုလုပ်ငန်းတွေမှာ တရုတ်လောင်းကစားသမားတွေအတွက် တရားမဝင် လောင်း ကစားလုပ်ငန်းတွေကို ထပ်မံလုပ်ကိုင်ခဲ့ပါတယ်။ ရှီဇီဂျန်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာနေထိုင်ချိန် ကာလအတွင်း ကမ္ဘော ဒီးယားနိုင်ငံမှာ တရားမဝင် လောင်းကစားလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့သလို ဖိလစ်ပိုင်နိုင်ငံမှာလည်း ၎င်းရဲ့လုပ်ငန်း တွေကို တိုးချဲ့လုပ်ကိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမြို့ရဲ့အကြီးဆုံး အင်တာတိမ်းမန့်နဲ့ အကြီးဆုံးအလှပြု ပြင်ရေးလုပ် ငန်းကိုပိုင်ဆိုင်ခဲ့ပါတယ်။ ရှီဇီဂျန်ဟာ (၂၀၁၇)ခုနှစ် မှာ ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်အ သိမှတ်ပြုခံရပြီး ၎င်းရဲ့နာမည်ကို Tang Kriang Kai လို့ပြောင်းလဲခဲ့ပါတယ်။ ရှီဇီဂျန်ဟာ ကမ္ဘောဒီးယားနိုင်ငံသားကတ်ကို ရရှိဖို့အတွက် ကမ္ဘောဒီးယားအစိုးရကို အနည်းဆုံး အမေရိကန်ဒေါ်လာ (၂)သိန်းခွဲလှူဒါန်းခဲ့ရတယ်လို့ သိရပါတယ်။ ရှီဇီဂျန်ဟာ (၂၀၂၈)ခုနှစ် ဇန်နဝါရီလကနေ (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလအထိ တရားမဝင် လောင်းကစားကုမ္ပဏီတွေကို ထပ်မံတိုးချဲ့ခဲ့ပြီး ဝန်ထမ်းပေါင်း (၃၃၀ဝဝဝ)ကျော်အထိ ခန့်ထားနိုင်ခဲ့ကာ အွန်လိုင်းလောင်းကစားလုပ်ငန်းကနေ အမြတ်ငွေ အမေရိကန် ဒေါ်လာ (၂၂ ဒသမ ၂)သန်းရရှိခဲ့ပါတယ်။ ရှီဇီဂျန်ဟာ (၂၀၁၇)ခုနှစ်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံကနေ ထိုင်းနဲ့မြန်မာနယ်စပ်အနီး မြဝတီမြို့မှာ ရွှေကုက္ကိုမြို့သစ်စီမံကိန်းတည်ဆောက်ဖို့ ခွင့်ပြုချက် ထပ်မံရရှိခဲ့ပါတယ်။ ရွှေကုက္ကိုဟာ ကရင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ထိန်းချုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားအစိုးရဟာ (၂၀၁၉)ခုနှစ်မှာ နိုင်ငံအတွင်းပြုလုပ်နေတဲ့ အွန်လိုင်းလောင်း ကစားလုပ်ငန်းကိုပိတ်ပင်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ Sihanoukville ဒေသမှာလုပ်ကိုင်နေတဲ့ တရုတ်ကာစီနိုလုပ်ငန်းတွေ၊ အွန်လိုင်းက တရားမဝင်လုပ် ကိုင်နေတဲ့လုပ်ငန်းလုပ်ကိုင်နေသူတွေ ကမ္ဘောဒီး ယားနိုင်ငံအတွင်းကနေ လုပ်ငန်းတွေ ပြန်ရုပ်သိမ်းခဲ့ ပါတယ်။ ကမ္ဘောဒီးယားက နိုင်ငံအတွင်းတရားမဝင်လုပ်ကိုင်နေတဲ့ လောင်းကစားလုပ်ငန်းတွေကို ဖြိုခွင်းခဲ့ပြီးနောက် Yatai International Holdings Group စီးပွားရေးလုပ်ငန်းစုနဲ့ဆက်နွှယ်တဲ့စီမံကိန်း အသစ်တွေကို ထပ်မံတွေ့ရှိခဲ့တယ် လို့သိရပါတယ်။ မြန်မာနယ်စပ်တစ်လျှောက်မှာလည်း Saixigang eJY Huanya International New City Project စီမံ ကိန်းလိုမျိုး တရုတ်နိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေနဲ့အလားတူ တဲ့စီမံကိန်း တွေကို ထပ်မံတွေရှိခဲ့တယ်လို့သိရပါတယ်။ Yatai စီးပွားရေးလုပ်ငန်းစုက မြဝတီမြို့မှာ စတုရန်း ကီလိုမီတာ (၁၂၀)ရှိတဲ့မြေကွက်ပေါ်မှာ Yatai New City လို့ခေါ်ဆိုတဲ့ အမေရိကန်ဒေါ်လာ (၁၅) ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် အထူး စီးပွားရေးဇုန်ကိုလုပ်ဆောင် မယ်လို့ပြောဆိုခဲ့ပါတယ်။ ရှီဇီဂျန်ဦးဆောင်တဲ့ Yatai စီးပွားရေးလုပ်ငန်းစုဟာ မြဝတီမြို့မှာ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းကိုလုပ်ဆောင်ချိန်အတွင်း မြန်မာအစိုးရ ကအတည်ပြုထားတဲ့ပမာဏထက် ကျော်လွန် သွားခဲ့ပြီး မြန်မာအာဏာပိုင်တွေရဲ့ထပ်မံစိစစ်မှုကို ဖြစ်ပေါ်စေခဲ့တယ်လို့သိရပါတယ်။ (၂၀၂၀)ပြည့်နှစ်မှာ မြန်မာအစိုး ရက Yatai စီးပွားရေးလုပ်ငန်းစုကလုပ်ကိုင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုစစ်ဆေးခဲ့ပြီး စီမံကိန်းတချို့ကိုရပ်တန့်ခဲ့ တယ်လို့ဆိုပါတယ်။ မြဝတီမြို့မှာ ရွှေကုက္ကိုစီမံကိန်းနဲ့ပတ်သက်ပြီး ကရင်နယ် ခြားစောင့်တပ်ဖွဲ့နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေကြား အငြင်းပွားမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံ မှာ (၂၀၂၁)ခုနှစ်က နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ ပြီးနောက်ပိုင်း နစကဟာ ပြည်တွင်းလက်နက်ကိုင် ပြဿနာကို ဦးစားပေးဖြေရှင်းနေရတဲ့အတွက် မြဝတီမြို့ရှိ ရွှေကုက္ကို စီမံကိန်းနဲ့ဆက်နွှယ်တဲ့ အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေကို ဖြိုခွင်းကိုင်တွယ်နိုင် ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် အွန်လိုင်းကတစ်ဆင့်လိမ်လည်နေတဲ့ဂိုဏ်းတွေ အခြေပြုလှုပ်ရှားနေတဲ့ ရွှေကုက္ကိုမြို့ဟာ ဒေသအတွင်းမှာ အွန်လိုင်းကတစ်ဆင့်လိမ်လည်နေတဲ့ ဂိုဏ်းတွေ၊ ဆိုက်ဘာလိမ်လည်မှုတွေအတွက် အဓိက ဗဟိုချက်ဖြစ်လာခဲ့တယ်လို့ဆိုကြပါတယ်။ ရွှေကုက္ကိုစီ မံကိန်းမှာရှိနေတဲ့ အဆောက်အအုံအများစုဟာ ကမ္ဘာ တစ်ဝန်းရှိ အင်တာနက်အသုံးပြုသူတွေကိုပစ်မှတ် ထားကာ လိမ်လည်လှည့်ဖြားခေါ်ဆောင်ပြီး အကျဉ်း ထောင်လိုမျိုးဗဟိုချက်မ အဖြစ် ပြောင်းလဲထားတယ် လို့သိရပါတယ်။ ရှီဇီဂျန်ဦးဆောင်တဲ့ Yatai စီးပွားရေးလုပ်ငန်းစုက ဦးဆောင်တည်ထောင် ထားတဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းမှာအခြေပြုထားတဲ့ အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ဂိုဏ်းတွေရဲ့ ပစ်မှတ်ထား လိမ်လည်ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံ သားတွေအပြင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံ သားတွေအပါအဝင် ကမ္ဘာတစ်ဝန်းက နိုင်ငံအများစု ကလူတွေပါဝင်ခဲ့ပါတယ်။ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုကလည်း ရှီဇီဂျန်ဦးဆောင်တဲ့ ရွှေကုက္ကိမြို့သစ်စီမံကိန်းအတွင်း ဖမ်းဆီးခံထားရသူ တွေကိုပြန်လွှတ်ပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပြီး ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်မြောက်အောင် ငွေကြေးပေးရတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ရွှေ ကုက္ကိုမြို့သစ်စီမံကိန်းမှာအခြေပြုထားတဲ့ အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းက အွန်လိုင်းအသုံးပြုသူတွေကို အလုပ်အကိုင်အခွင့်လမ်းကောင်းတွေရမယ်လို့ မက်လုံးပေး ကာလိမ်လည်ခေါ်ဆောင်ခဲ့ သလို တခြားနည်းလမ်း တွေအသုံးပြုကာ လိမ်လည်ခေါ်ယူခဲ့ပြီး ထိုင်းနိုင်ငံက တစ်ဆင့် မြန်မာနယ်စပ်ဒေသကို ဖြတ်သန်းဝင်ရောက် စေခဲ့တယ်လို့သိရပါတယ်။
ဗြိတိန်အစိုးရဟာ (၂၀၂၃) ခုနှစ် ဒီဇင်ဘာလမှာ Yatai စီးပွားရေး လုပ်ငန်းစုကို ဦးဆောင်တဲ့ ရှီဇီဂျန်ကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး အွန်လိုင်းအသုံးပြုလိမ်လည်လှည့်ဖြား ကာ လူကုန်ကူးမှုတွေလုပ်ဆောင်တယ်လို့ စွပ်စွဲထားပါတယ်။ ရှီဇီဂျန်က ၎င်းဟာ တရုတ်စပိုင်တစ်ဦးဖြစ်ပြီး တရုတ်အစိုးရက နိုင်ငံရေးရည်ရွယ်ချက်နဲ့ ၎င်းကို သတ်ဖို့ကြိုးပမ်းနေတယ်လို့ ပြောဆိုထားသူဖြစ်ပါတယ်။ အယ်ဂျာဇီးယားသတင်းဌာနက ရိုက်ကူးခဲ့ဖူးတဲ့ short documentary တစ်ခုမှာ ရှီဇီဂျန်က ၎င်းဟာ တရုတ်အစိုးရရဲ့စပိုင်အဖြစ် လူသစ်စုဆောင်းခံရသူ ဖြစ်ခဲ့ဖူးပြီး ဖိလစ်ပိုင်နိုင်ငံ ဘန်ဘန်မြို့အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ အေလစ်ဂူအိုဟာ ၎င်းလိုမျိုး တရုတ်စပိုင်တစ်ဦး ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ရွှေကုက္ကိုမြို့သစ်စီမံကိန်းမှာအခြေပြုလှုပ် ရှားနေတဲ့ အွန်လိုင်းကလိမ်လည်နေတဲ့ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံလည်း သွယ်ဝိုက်ပြီး ဆက်နွှယ်နေရာ ထိုင်းအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွှေကုက္ကို မြို့သစ်စီမံကိန်းအပါအဝင် မြန်မာနယ်စပ်ဒေသနေရာ ငါးခုကို အင်တာနက်နဲ့လျှပ်စစ်မီး ပေးဝေတာတွေကို ဖြတ်တောက်ခဲ့ပါတယ်။ ထိုင်းအစိုးရဟာ တရုတ်အစိုး ရကဖမ်းဝရမ်းထုတ်ထားတဲ့ ရှီဇီဂျန်ကို (၂၀၂၂)ခုနှစ် ဩဂုတ်လ (၁၃)ရက်မှာ ဘန်ကောက်မြို့အတွင်း ဖမ်း ဆီးထိန်းသိမ်းခဲ့ပြီး တရုတ်နိုင်ငံကိုပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ထိုင်းအစိုးရဟာ လက်ရှိအချိန်မှာ ရှီဇီဂျန်ကို ထိုင်းနိုင်ငံ Klong Prem အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး တရုတ်နိုင်ငံကို မကြာခင် ပြန်ပို့ဖို့စီစဉ်နေပါတယ်။ ရှီဇီဂျန်ရဲ့ရှေ့ နေဖြစ်သူက ထိုင်းနိုင်ငံရဲ့အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရချိန် အတွင်း လူအခွင့်ရေးချိုးဖောက်ခံရမှုတွေ၊ ညှင်းပန်း နှိပ်စက်မှုတွေရင်ဆိုင်ခဲ့ရတယ်လို့ ပြောဆိုထားတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင် ရှီဇီဂျန်လုပ်ကိုင်ခဲ့တဲ့ ရွှေကုက္ကိုမြို့ သစ်စီမံကိန်းနဲ့ပတ်သက်ပြီး အွန်လိုင်းအသုံးပြုကာလိမ်လည်မှုလုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး ခက်ခဲရှုပ်ထွေးမှုများဖြစ်လာဖွယ်ရှိနေပါတယ်။ ထိုင်းအစိုး ရဟာ ၎င်းကို တရုတ်နိုင်ငံထံ ပြန် လည်လွှဲပြောင်းပေး မှာဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်းရှိလူအများအပြားကို စိတ်သောကများစွာဖြစ်စေခဲ့သူ ရှီဇီဂျန်ကို ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။

Zawgyi Version:
ျမန္မာႏိုင္ငံရဲ႕ပုံရိပ္ကို က်ဆင္းေစခဲ့တဲ့ ေ႐ႊကုကၠိဳၿမိဳ႕သစ္ စီမံကိန္းပိုင္ရွင္က ဘယ္လိုလူစားမ်ိဳးလဲ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၇
ထိုင္းအစိုးရဟာ ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕အေျခစိုက္ အြန္လိုင္းကတစ္ဆင့္လိမ္လည္ေနတဲ့ဂိုဏ္းေတြကို ၿဖိဳခြင္းမႈ အစိတ္အပိုင္းအျဖစ္ ေ႐ႊကုကၠိဳၿမိဳ႕စီမံကိန္းပိုင္ရွင္ျဖစ္သူကို တ႐ုတ္ႏိုင္ငံထံလႊဲေျပာင္းေပး မယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္ အတြင္း သတင္းေတြထြက္ ေပၚခဲ့ပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ ေပတုံတန္ရွင္နာဝါ ထရာဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာ တ႐ုတ္ႏိုင္ငံ ကိုသြားေရာက္ခဲ့ၿပီး တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္နဲ႔ေတြ႕ ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ မၾကာမီမွာပဲ ေ႐ႊကုကၠိဳၿမိဳ႕ စီမံကိန္းအတြက္ အဓိက ရင္းႏွီးျမႇဳပ္ႏွံသူ တ႐ုတ္ႏိုင္ငံသား ရွီဇီဂ်န္(She Zhijiang)ကို မိခင္ႏိုင္ငံကို ျပန္ လည္လႊဲေျပာင္း ေပးဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္။ ရွီဇီဂ်န္ဟာ အြန္လိုင္းမွတစ္ဆင့္လိမ္လည္ေနတဲ့ဂိုဏ္းေတြအဓိကအေျချပဳေနတဲ့ ေ႐ႊ ကုကၠိဳၿမိဳ႕သစ္စီမံကိန္းကို တည္ေဆာက္ခဲ့တဲ့ Yatai International Holding Group (Yatai IHG) ကုမၸဏီရဲ႕ပိုင္ရွင္ျဖစ္ၿပီး ေ႐ႊကုကၠိဳၿမိဳ႕သစ္စီမံကိန္းကို အေမရိကန္ေဒၚလာ (၁၅) ဘီလ်ံအကုန္က်ခံကာတည္ေဆာက္ခဲ့သူလည္းျဖစ္ပါတယ္။ ရွီဇီဂ်န္ကို (၁၉၈၂)ခုႏွစ္က တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္ ရွာေဒါင္ၿမိဳ႕မွာေမြးဖြားခဲ့ၿပီး Tang Kriang Kai ၊ She Lunkai ၊ Dylan She စတဲ့အမည္တို႔အပါအဝင္ နာမည္မ်ားစြာရွိေနသူလည္း ျဖစ္ပါတယ္။ ရွီဇီဂ်န္ဦးေဆာင္တည္ေထာင္ထားတဲ့ Yatai International Holdings Group ဟာ အေရွ႕ေတာင္အာရွေဒသမွာ ေလာင္းကစားလုပ္ငန္းလိုမ်ိဳး ေမွာင္ခိုစီးပြား လုပ္ငန္းေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာ လုပ္ကိုင္ထားသူျဖစ္ပါတယ္။ ရွီဇီဂ်န္ ဦးေဆာင္တည္ေထာင္ထားတဲ့ Yatai စီးပြား ေရးလုပ္ငန္းစုဟာ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြရဲ႕ ႏိုင္ငံသားေတြကိုပစ္မွတ္ထားၿပီး အြန္လိုင္း ေလာင္းက စားလုပ္ကိုင္ဖို႔ ျဖားေယာင္းေသြးေဆာင္တာေတြကိုအဓိကထားလုပ္ကိုင္တဲ့လုပ္ငန္းျဖစ္ပါတယ္။ ရွီဇီဂ်န္ဟာ လူငယ္ဘဝတည္းက ေလာင္းကစားလုပ္ငန္းကို အဓိကထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ေဆာင္ဖို႔ ဝါသနာပါသူျဖစ္ရာ အသက္ (၂၀)အ႐ြယ္မွာ ေလာင္းက စားလုပ္ငန္းလုပ္ကိုင္ဖို႔ ဖိလစ္ပိုင္ႏိုင္ငံကို သြားေရာက္ခဲ့ပါတယ္။
တ႐ုတ္တရား႐ုံးက (၂၀၁၄)ခုႏွစ္မွာ ရွီဇီဂ်န္ကို ဖိလစ္ပိုင္ႏိုင္ငံအတြင္း အြန္လိုင္းေလာင္းကစား လုပ္ငန္းေတြကို တရားမဝင္လုပ္ ကိုင္ေနသူအျဖစ္ သတ္မွတ္ခဲ့ၿပီး ထိုင္းရဲတပ္ဖြဲ႕က (၂၀၂၂)ခုႏွစ္မွာ ဖမ္းဆီးခဲ့တယ္ လို႔သိရပါတယ္။ ရွီဇီဂ်န္လုပ္ကိုင္တဲ့ စီးပြားေရးလုပ္ငန္းအမ်ားစုဟာ လူကုန္ကူးမႈေတြ၊ အြန္လိုင္းကတစ္ဆင့္လိမ္လည္တဲ့လုပ္ငန္းေတြ၊ ေငြညႇစ္တဲ့လုပ္ငန္းေတြနဲ႔ ဆက္ႏႊယ္တယ္လို႔သိရပါတယ္။ ရွီဇီဂ်န္ဟာ Yatai International Holdings Group စီးပြားေရး လုပ္ငန္းစုကိုတည္ေထာင္ၿပီး ေဟာင္ေကာင္မွာမွတ္ပုံတင္ကာ ႐ုံးခ်ဳပ္ကို ထိုင္းႏိုင္ငံ မွာဖြင့္လွစ္ထားသူျဖစ္ပါတယ္။ တ႐ုတ္အာဏာပိုင္ ေတြဟာ ရွီဇီဂ်န္ကိုဖမ္းဆီးဖို႔ႀကိဳးပမ္းခဲ့ရာ ထြက္ေျပး လြတ္ေျမာက္ခဲ့ၿပီး (၂၀၂၂)ခုႏွစ္မွာ ဝရမ္းေျပး ျဖစ္လာခဲ့သူျဖစ္ပါတယ္။
ရွန္ေဒါင္းၿမိဳ႕တရား႐ုံးက ရွီဇီဂ်န္ကို ဖိလစ္ပိုင္ႏိုင္ငံအတြင္းရွိ တ႐ုတ္ႏိုင္ငံသားမ်ားကို ပစ္မွတ္ ထားၿပီး တရားမဝင္ေလာင္းကစားထီလုပ္ငန္း မ်ားကိုလုပ္ကိုင္ေနတဲ့အတြက္ ဖမ္းဝရမ္းထုတ္ခဲ့တာ ျဖစ္ပါတယ္။ ရွီဇီဂ်န္ဟာ ဖိလစ္ပိုင္ႏိုင္ငံရွိ တ႐ုတ္ႏိုင္ ငံသားေတြကိုပစ္မွတ္ထားကာ အြန္လိုင္းေလာင္းစား လုပ္ကိုင္မႈေၾကာင့္ အေမရိ ကန္ေဒၚလာ သန္း (၃၀ဝ) နီးပါးအျမတ္ရရွိခဲ့တယ္လို႔သိရပါတယ္။ ရွီဇီဂ်န္ဟာ တ႐ုတ္အစိုးရက ဖမ္းဝရမ္းထုတ္ခံ ရၿပီးေနာက္ ကေမာၻဒီးယားႏိုင္ငံကို ထပ္မံထြက္ေျပးခဲ့ကာ (၂၀၂၅) ခုႏွစ္မွာ ကေမာၻဒီးယားႏိုင္ငံမွာ စီးပြားေရး လုပ္ငန္း တည္ေထာင္ၿပီး ကေမာၻဒီးယားကာစီႏိုလုပ္ငန္းေတြမွာ တ႐ုတ္ေလာင္းကစားသမားေတြအတြက္ တရားမဝင္ ေလာင္း ကစားလုပ္ငန္းေတြကို ထပ္မံလုပ္ကိုင္ခဲ့ပါတယ္။ ရွီဇီဂ်န္ဟာ ကေမာၻဒီးယားႏိုင္ငံမွာေနထိုင္ခ်ိန္ ကာလအတြင္း ကေမာၻ ဒီးယားႏိုင္ငံမွာ တရားမဝင္ ေလာင္းကစားလုပ္ငန္းေတြကိုလုပ္ကိုင္ခဲ့သလို ဖိလစ္ပိုင္ႏိုင္ငံမွာလည္း ၎ရဲ႕လုပ္ငန္း ေတြကို တိုးခ်ဲ႕လုပ္ကိုင္ခဲ့ၿပီး ဖိလစ္ပိုင္ႏိုင္ငံၿမိဳ႕ေတာ္ မနီလာၿမိဳ႕ရဲ႕အႀကီးဆုံး အင္တာတိမ္းမန႔္နဲ႔ အႀကီးဆုံးအလွျပဳ ျပင္ေရးလုပ္ ငန္းကိုပိုင္ဆိုင္ခဲ့ပါတယ္။ ရွီဇီဂ်န္ဟာ (၂၀၁၇)ခုႏွစ္ မွာ ကေမာၻဒီးယားႏိုင္ငံသားအျဖစ္အ သိမွတ္ျပဳခံရၿပီး ၎ရဲ႕နာမည္ကို Tang Kriang Kai လို႔ေျပာင္းလဲခဲ့ပါတယ္။ ရွီဇီဂ်န္ဟာ ကေမာၻဒီးယားႏိုင္ငံသားကတ္ကို ရရွိဖို႔အတြက္ ကေမာၻဒီးယားအစိုးရကို အနည္းဆုံး အေမရိကန္ေဒၚလာ (၂)သိန္းခြဲလႉဒါန္းခဲ့ရတယ္လို႔ သိရပါတယ္။ ရွီဇီဂ်န္ဟာ (၂၀၂၈)ခုႏွစ္ ဇန္နဝါရီလကေန (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလအထိ တရားမဝင္ ေလာင္းကစားကုမၸဏီေတြကို ထပ္မံတိုးခ်ဲ႕ခဲ့ၿပီး ဝန္ထမ္းေပါင္း (၃၃၀ဝဝဝ)ေက်ာ္အထိ ခန႔္ထားႏိုင္ခဲ့ကာ အြန္လိုင္းေလာင္းကစားလုပ္ငန္းကေန အျမတ္ေငြ အေမရိကန္ ေဒၚလာ (၂၂ ဒသမ ၂)သန္းရရွိခဲ့ပါတယ္။ ရွီဇီဂ်န္ဟာ (၂၀၁၇)ခုႏွစ္မွာ ျမန္မာရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ထံကေန ထိုင္းနဲ႔ျမန္မာနယ္စပ္အနီး ျမဝတီၿမိဳ႕မွာ ေ႐ႊကုကၠိဳၿမိဳ႕သစ္စီမံကိန္းတည္ေဆာက္ဖို႔ ခြင့္ျပဳခ်က္ ထပ္မံရရွိခဲ့ပါတယ္။ ေ႐ႊကုကၠိဳဟာ ကရင္ နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF) ထိန္းခ်ဳပ္ထားတဲ့ေနရာ ျဖစ္ပါတယ္။ ကေမာၻဒီးယားအစိုးရဟာ (၂၀၁၉)ခုႏွစ္မွာ ႏိုင္ငံအတြင္းျပဳလုပ္ေနတဲ့ အြန္လိုင္းေလာင္း ကစားလုပ္ငန္းကိုပိတ္ပင္ခဲ့ရာ ကေမာၻဒီးယားႏိုင္ငံ Sihanoukville ေဒသမွာလုပ္ကိုင္ေနတဲ့ တ႐ုတ္ကာစီႏိုလုပ္ငန္းေတြ၊ အြန္လိုင္းက တရားမဝင္လုပ္ ကိုင္ေနတဲ့လုပ္ငန္းလုပ္ကိုင္ေနသူေတြ ကေမာၻဒီး ယားႏိုင္ငံအတြင္းကေန လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းခဲ့ ပါတယ္။ ကေမာၻဒီးယားက ႏိုင္ငံအတြင္းတရားမဝင္လုပ္ကိုင္ေနတဲ့ ေလာင္းကစားလုပ္ငန္းေတြကို ၿဖိဳခြင္းခဲ့ၿပီးေနာက္ Yatai International Holdings Group စီးပြားေရးလုပ္ငန္းစုနဲ႔ဆက္ႏႊယ္တဲ့စီမံကိန္း အသစ္ေတြကို ထပ္မံေတြ႕ရွိခဲ့တယ္ လို႔သိရပါတယ္။ ျမန္မာနယ္စပ္တစ္ေလွ်ာက္မွာလည္း Saixigang eJY Huanya International New City Project စီမံ ကိန္းလိုမ်ိဳး တ႐ုတ္ႏိုင္ငံသားေတြ ဦးေဆာင္လုပ္ကိုင္ေနတဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းေတြနဲ႔အလားတူ တဲ့စီမံကိန္း ေတြကို ထပ္မံေတြရွိခဲ့တယ္လို႔သိရပါတယ္။ Yatai စီးပြားေရးလုပ္ငန္းစုက ျမဝတီၿမိဳ႕မွာ စတုရန္း ကီလိုမီတာ (၁၂၀)ရွိတဲ့ေျမကြက္ေပၚမွာ Yatai New City လို႔ေခၚဆိုတဲ့ အေမရိကန္ေဒၚလာ (၁၅) ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံမယ့္ အထူး စီးပြားေရးဇုန္ကိုလုပ္ေဆာင္ မယ္လို႔ေျပာဆိုခဲ့ပါတယ္။ ရွီဇီဂ်န္ဦးေဆာင္တဲ့ Yatai စီးပြားေရးလုပ္ငန္းစုဟာ ျမဝတီၿမိဳ႕မွာ ဖြံ႕ၿဖိဳးတိုးတက္ ေရးစီမံကိန္းကိုလုပ္ေဆာင္ခ်ိန္အတြင္း ျမန္မာအစိုးရ ကအတည္ျပဳထားတဲ့ပမာဏထက္ ေက်ာ္လြန္ သြားခဲ့ၿပီး ျမန္မာအာဏာပိုင္ေတြရဲ႕ထပ္မံစိစစ္မႈကို ျဖစ္ေပၚေစခဲ့တယ္လို႔သိရပါတယ္။ (၂၀၂၀)ျပည့္ႏွစ္မွာ ျမန္မာအစိုး ရက Yatai စီးပြားေရးလုပ္ငန္းစုကလုပ္ကိုင္ေနတဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းကိုစစ္ေဆးခဲ့ၿပီး စီမံကိန္းတခ်ိဳ႕ကိုရပ္တန႔္ခဲ့ တယ္လို႔ဆိုပါတယ္။ ျမဝတီၿမိဳ႕မွာ ေ႐ႊကုကၠိဳစီမံကိန္းနဲ႔ပတ္သက္ၿပီး ကရင္နယ္ ျခားေစာင့္တပ္ဖြဲ႕နဲ႔ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ ေတြၾကား အျငင္းပြားမႈေတြရွိခဲ့တယ္လို႔သိရပါတယ္။ ျမန္မာႏိုင္ငံ မွာ (၂၀၂၁)ခုႏွစ္က ႏိုင္ငံေရးျပႆနာေတြျဖစ္လာခဲ့ ၿပီးေနာက္ပိုင္း နစကဟာ ျပည္တြင္းလက္နက္ကိုင္ ျပႆနာကို ဦးစားေပးေျဖရွင္းေနရတဲ့အတြက္ ျမဝတီၿမိဳ႕ရွိ ေ႐ႊကုကၠိဳ စီမံကိန္းနဲ႔ဆက္ႏႊယ္တဲ့ အြန္လိုင္းအသုံးျပဳကာလိမ္လည္ေနတဲ့ တ႐ုတ္စီးပြားေရးလုပ္ငန္းေတြကို ၿဖိဳခြင္းကိုင္တြယ္ႏိုင္ ျခင္းမရွိခဲ့ပါဘူး။ ဒါေၾကာင့္ အြန္လိုင္းကတစ္ဆင့္လိမ္လည္ေနတဲ့ဂိုဏ္းေတြ အေျချပဳလႈပ္ရွားေနတဲ့ ေ႐ႊကုကၠိဳၿမိဳ႕ဟာ ေဒသအတြင္းမွာ အြန္လိုင္းကတစ္ဆင့္လိမ္လည္ေနတဲ့ ဂိုဏ္းေတြ၊ ဆိုက္ဘာလိမ္လည္မႈေတြအတြက္ အဓိက ဗဟိုခ်က္ျဖစ္လာခဲ့တယ္လို႔ဆိုၾကပါတယ္။ ေ႐ႊကုကၠိဳစီ မံကိန္းမွာရွိေနတဲ့ အေဆာက္အအုံအမ်ားစုဟာ ကမာၻ တစ္ဝန္းရွိ အင္တာနက္အသုံးျပဳသူေတြကိုပစ္မွတ္ ထားကာ လိမ္လည္လွည့္ျဖားေခၚေဆာင္ၿပီး အက်ဥ္း ေထာင္လိုမ်ိဳးဗဟိုခ်က္မ အျဖစ္ ေျပာင္းလဲထားတယ္ လို႔သိရပါတယ္။ ရွီဇီဂ်န္ဦးေဆာင္တဲ့ Yatai စီးပြားေရးလုပ္ငန္းစုက ဦးေဆာင္တည္ေထာင္ ထားတဲ့ ေ႐ႊကုကၠိဳၿမိဳ႕သစ္စီမံကိန္းမွာအေျချပဳထားတဲ့ အြန္လိုင္းအသုံးျပဳကာလိမ္လည္ေနတဲ့ဂိုဏ္းေတြရဲ႕ ပစ္မွတ္ထား လိမ္လည္ဖမ္းဆီးခံရသူေတြထဲမွာ တ႐ုတ္ႏိုင္ငံ သားေတြအျပင္ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားနဲ႔ အိႏၵိယႏိုင္ငံ သားေတြအပါအဝင္ ကမာၻတစ္ဝန္းက ႏိုင္ငံအမ်ားစု ကလူေတြပါဝင္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံအမ်ားစုကလည္း ရွီဇီဂ်န္ဦးေဆာင္တဲ့ ေ႐ႊကုကၠိၿမိဳ႕သစ္စီမံကိန္းအတြင္း ဖမ္းဆီးခံထားရသူ ေတြကိုျပန္လႊတ္ေပးဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးပမ္းခဲ့ၿပီး ဖမ္းဆီးခံထားရသူေတြ ျပန္လြတ္ေျမာက္ေအာင္ ေငြေၾကးေပးရတာေတြလည္းရွိခဲ့တယ္လို႔သိရပါတယ္။ ေ႐ႊ ကုကၠိဳၿမိဳ႕သစ္စီမံကိန္းမွာအေျချပဳထားတဲ့ အြန္လိုင္းအသုံးျပဳကာလိမ္လည္ေနတဲ့ဂိုဏ္းေတြဟာ ကမာၻတစ္ဝန္းက အြန္လိုင္းအသုံးျပဳသူေတြကို အလုပ္အကိုင္အခြင့္လမ္းေကာင္းေတြရမယ္လို႔ မက္လုံးေပး ကာလိမ္လည္ေခၚေဆာင္ခဲ့ သလို တျခားနည္းလမ္း ေတြအသုံးျပဳကာ လိမ္လည္ေခၚယူခဲ့ၿပီး ထိုင္းႏိုင္ငံက တစ္ဆင့္ ျမန္မာနယ္စပ္ေဒသကို ျဖတ္သန္းဝင္ေရာက္ ေစခဲ့တယ္လို႔သိရပါတယ္။
ၿဗိတိန္အစိုးရဟာ (၂၀၂၃) ခုႏွစ္ ဒီဇင္ဘာလမွာ Yatai စီးပြားေရး လုပ္ငန္းစုကို ဦးေဆာင္တဲ့ ရွီဇီဂ်န္ကို ပစ္မွတ္ထားပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ၿပီး အြန္လိုင္းအသုံးျပဳလိမ္လည္လွည့္ျဖား ကာ လူကုန္ကူးမႈေတြလုပ္ေဆာင္တယ္လို႔ စြပ္စြဲထားပါတယ္။ ရွီဇီဂ်န္က ၎ဟာ တ႐ုတ္စပိုင္တစ္ဦးျဖစ္ၿပီး တ႐ုတ္အစိုးရက ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔ ၎ကို သတ္ဖို႔ႀကိဳးပမ္းေနတယ္လို႔ ေျပာဆိုထားသူျဖစ္ပါတယ္။ အယ္ဂ်ာဇီးယားသတင္းဌာနက ႐ိုက္ကူးခဲ့ဖူးတဲ့ short documentary တစ္ခုမွာ ရွီဇီဂ်န္က ၎ဟာ တ႐ုတ္အစိုးရရဲ႕စပိုင္အျဖစ္ လူသစ္စုေဆာင္းခံရသူ ျဖစ္ခဲ့ဖူးၿပီး ဖိလစ္ပိုင္ႏိုင္ငံ ဘန္ဘန္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ျဖစ္တဲ့ ေအလစ္ဂူအိုဟာ ၎လိုမ်ိဳး တ႐ုတ္စပိုင္တစ္ဦး ျဖစ္တယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။
ေ႐ႊကုကၠိဳၿမိဳ႕သစ္စီမံကိန္းမွာအေျချပဳလႈပ္ ရွားေနတဲ့ အြန္လိုင္းကလိမ္လည္ေနတဲ့ဂိုဏ္းေတြနဲ႔ ပတ္သက္ၿပီး ထိုင္းႏိုင္ငံလည္း သြယ္ဝိုက္ၿပီး ဆက္ႏႊယ္ေနရာ ထိုင္းအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေ႐ႊကုကၠိဳ ၿမိဳ႕သစ္စီမံကိန္းအပါအဝင္ ျမန္မာနယ္စပ္ေဒသေနရာ ငါးခုကို အင္တာနက္နဲ႔လွ်ပ္စစ္မီး ေပးေဝတာေတြကို ျဖတ္ေတာက္ခဲ့ပါတယ္။ ထိုင္းအစိုးရဟာ တ႐ုတ္အစိုး ရကဖမ္းဝရမ္းထုတ္ထားတဲ့ ရွီဇီဂ်န္ကို (၂၀၂၂)ခုႏွစ္ ဩဂုတ္လ (၁၃)ရက္မွာ ဘန္ေကာက္ၿမိဳ႕အတြင္း ဖမ္း ဆီးထိန္းသိမ္းခဲ့ၿပီး တ႐ုတ္ႏိုင္ငံကိုျပန္ပို႔ဖို႔ စီစဥ္ေနပါတယ္။ ထိုင္းအစိုးရဟာ လက္ရွိအခ်ိန္မွာ ရွီဇီဂ်န္ကို ထိုင္းႏိုင္ငံ Klong Prem အက်ဥ္းေထာင္ထဲမွာ ဖမ္းဆီးထိန္းသိမ္းထားၿပီး တ႐ုတ္ႏိုင္ငံကို မၾကာခင္ ျပန္ပို႔ဖို႔စီစဥ္ေနပါတယ္။ ရွီဇီဂ်န္ရဲ႕ေရွ႕ ေနျဖစ္သူက ထိုင္းႏိုင္ငံရဲ႕အက်ဥ္းေထာင္မွာ ဖမ္းဆီးခံထားရခ်ိန္ အတြင္း လူအခြင့္ေရးခ်ိဳးေဖာက္ခံရမႈေတြ၊ ညႇင္းပန္း ႏွိပ္စက္မႈေတြရင္ဆိုင္ခဲ့ရတယ္လို႔ ေျပာဆိုထားတယ္။ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ ရွီဇီဂ်န္လုပ္ကိုင္ခဲ့တဲ့ ေ႐ႊကုကၠိဳၿမိဳ႕ သစ္စီမံကိန္းနဲ႔ပတ္သက္ၿပီး အြန္လိုင္းအသုံးျပဳကာလိမ္လည္မႈလုပ္ငန္းေတြဟာ ျမန္မာႏိုင္ငံရဲ႕ပုံရိပ္ကို ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ၿပီး ခက္ခဲရႈပ္ေထြးမႈမ်ားျဖစ္လာဖြယ္ရွိေနပါတယ္။ ထိုင္းအစိုး ရဟာ ၎ကို တ႐ုတ္ႏိုင္ငံထံ ျပန္ လည္လႊဲေျပာင္းေပး မွာျဖစ္တဲ့အတြက္ ကမာၻတစ္ဝန္းရွိလူအမ်ားအျပားကို စိတ္ေသာကမ်ားစြာျဖစ္ေစခဲ့သူ ရွီဇီဂ်န္ကို ျပင္းထန္တဲ့ အေရးယူေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။