စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် PDF အဖွဲ့ ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့

1048

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးအနီးတွင် PDFအဖွဲ့ကထောင်ထားသည့် ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ထိခိုက် ပျက်စီးမှုအချို့ရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ ၆နာရီဝန်းကျင်အချိန်ခန့်က စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတောင်ဘက် ခြံစည်းရိုး အပြင်ဘက် အုတ်နံရံအနီးရှိ ညောင်ပင်ခြေရင်းတွင် PDFအဖွဲ့က ဗုံးတစ်လုံး မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးရှိ အရိုးကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ဓါတ်မှန်ဌာန ဓါတ်ခွဲဌာန နှင့် ဆေးလူမှု ဆက်ဆံရေးဌာနတို့၏ အခန်းနံရံများရှိ မှန်ပြတင်းများ ကွဲကြေပျက်စီး သွားခဲ့ကြောင်း သိရသည်။
ထို့ပြင်ပေါက်ကွဲမှုကြောင့် ဓါတ်မှန်ဌာနတွင် ဓါတ်မှန်ရိုက်မည့် အမျိုးသားလူနာတစ်ဦး နောက်ကျောတွင် မှန်ကွဲစ ထိမှန်ဒါဏ်ရာ ရရှိခဲ့ ကြောင်းလည်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
အလားတူ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် နေ့ကလည်း PDFအဖွဲ့က စစ်ကိုင်းတက္ကသိုလ်အား Drop bomeများအပြင် လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆရာ/ဆရာမဝန်ထမ်း အိမ်ယာပေါ်ကျရောက်ပေါက်ကွဲ၍ ပျက်စီးခဲ့ရပြီး ကိုယ်ဝန်ဆောင်ဆရာမသားအမိ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
စစ္ကိုင္းျပည္သူ႔ေဆး႐ုံႀကီးတြင္ PDF အဖြဲ႕ ေထာင္ထားသည့္ ဗုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၇
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးအနီးတြင္ PDFအဖြဲ႕ကေထာင္ထားသည့္ ဗုံးတစ္လုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၁၅ ရက္၊ ညေန ၆နာရီဝန္းက်င္အခ်ိန္ခန႔္က စစ္ကိုင္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးေတာင္ဘက္ ၿခံစည္း႐ိုး အျပင္ဘက္ အုတ္နံရံအနီးရွိ ေညာင္ပင္ေျခရင္းတြင္ PDFအဖြဲ႕က ဗုံးတစ္လုံး မိုင္းေထာင္ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေပါက္ကြဲမႈေၾကာင့္ စစ္ကိုင္းျပည္သူ႔ေဆး႐ုံႀကီးရွိ အ႐ိုးကုသေဆာင္၊ သားဖြားမီးယပ္ကုသေဆာင္၊ဓါတ္မွန္ဌာန ဓါတ္ခြဲဌာန ႏွင့္ ေဆးလူမႈ ဆက္ဆံေရးဌာနတို႔၏ အခန္းနံရံမ်ားရွိ မွန္ျပတင္းမ်ား ကြဲေၾကပ်က္စီး သြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ေပါက္ကြဲမႈေၾကာင့္ ဓါတ္မွန္ဌာနတြင္ ဓါတ္မွန္႐ိုက္မည့္ အမ်ိဳးသားလူနာတစ္ဦး ေနာက္ေက်ာတြင္ မွန္ကြဲစ ထိမွန္ဒါဏ္ရာ ရရွိခဲ့ ေၾကာင္းလည္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
အလားတူ ၂၀၂၄ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္ ေန႔ကလည္း PDFအဖြဲ႕က စစ္ကိုင္းတကၠသိုလ္အား Drop bomeမ်ားအျပင္ လက္နက္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ဆရာ/ဆရာမဝန္ထမ္း အိမ္ယာေပၚက်ေရာက္ေပါက္ကြဲ၍ ပ်က္စီးခဲ့ရၿပီး ကိုယ္ဝန္ေဆာင္ဆရာမသားအမိ (၂) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။