အဝေးသင်ကျောင်းအပ်လက်ခံရာတွင် UAB Pay သာမက အခြား Pay များဖြင့်လည်း ငွေပေးချေရန်ဆောင်ရွက်နေဟုဆို

 2003

ယွန်း(NP News)- ဖေဖော်ဝါရီ ၁၇

အဝေးသင်ကျောင်းအပ်လက်ခံရာတွင် UAB Pay သာမက အခြား Pay များဖြင့်လည်း ငွေပေးချေရန်ဆောင်ရွက်နိုင်ကြောင်း UAB မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် တက္ကသိုလ်များ၌ အဝေးသင်ကျောင်းသား၊ ကျောင်းသူများအတွက် အဓိကရည်ရွယ်ကာ ကျောင်းအပ်လက်ခံခြင်းကို အွန်လိုင်းမှ Registration လုပ်ပြီး ငွေသွင်းခြင်းကို UAB Pay ဖြင့် ချိတ်ဆက်ပေးချေခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါစနစ်ကို ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲများကြောင့် ခေတ္တရပ်နားထားခဲ့ရာ လက်ရှိတွင် ပြန်လည်ကျင့်သုံးလာခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသား/ ကျောင်းသူများ၏ ပြောဆိုမှုများအရ ကျောင်းအပ်လက်ခံခြင်းကို UAB Pay တစ်ခုထဲဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ပြီး အခြား Pay များဖြင့် ပေးချေ၍ မရကြောင်း သိရသည်။

သို့သော် လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် အခြား Pay များဖြင့်လည်း ဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်နေပြီး UAB Pay အပြင် ကျောင်းအပ်လက်ခံခြင်းကို အခြား Pay များဖြင့်လည်း ပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။

"တခြား Pay တွေလည်းပေးလို့ရတယ်။ အကိုတို့ Pay ကတော့မြန်တာပေါ့နော်။ ငွေသွင်းတာက ကြိုက်တဲ့အချိန်မရွေးသွင်းလို့ရနေပြီ။ အခုကကျောင်းအပ်ဖို့ဆိုရင် App ထဲကနေ ဝင်ပြီးအပ် လိုက်လို့ရပြီ။ အဓိကက ဝန်ကြီးဌာနတွေက Integration လုပ်ရမှာလေ။ တစ်ခုပြီးတစ်ခုသွားရတာကို။ နောက် System တစ်ခုကတော့ Integration တော့လုပ်ရမှာပေါ့။ ကိုယ်တို့ကမြန်တယ်ဆိုတာ က ကိုယ်တို့ကအရင်လုပ်တာဆိုတော့ မြန်တာပေါ့ အကုန်လုံးရရမှာပေါ့ Pay တိုင်းရရမှာပါ။ Pay တိုင်းရမှာပါ အကုန်ရမှာ။ Pay တိုင်းရတဲ့အပြင် အွန်လိုင်းကနေ ကျောင်းအပ်လို့ရသွားပြီ။ အွန်လိုင်းကနေ ကျောင်းခေါ်ချိန်တွေကို App ထဲကနေ ကြည့်သွားရုံပဲ။ အဲဒီလောက်အထိကောင်းတယ်။ ကျောင်းအပ်တာကသပ်သပ်။ ကြိုက်တဲ့ Pay နဲ့အပ်လို့ရတယ်" ဟု UAB Pay မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

(၂၀၂၅) ပညာသင်နှစ် အဝေးသင် ပထမနှစ်သင်တန်းအတွက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၂၆)ရက်တွင် စတင်လက်ခံခဲ့ပြီး လာမည့် ဧပြီ(၃၀)ရက်တွင် နောက်ဆုံးထား၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။

ထို့ပြင် ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကိုလည်း ဖေဖော်ဝါရီ(၅)ရက်မှ စတင်လက်ခံခဲ့ခြင်းဖြစ်ပြီး လာမည့် မေလ(၁၇)ရက်အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အေဝးသင္ေက်ာင္းအပ္လက္ခံရာတြင္ UAB Pay သာမက အျခား Pay မ်ားျဖင့္လည္း ေငြေပးေခ်ရန္ေဆာင္႐ြက္ေနဟုဆို

ယြန္း(NP News)- ေဖေဖာ္ဝါရီ ၁၇

အေဝးသင္ေက်ာင္းအပ္လက္ခံရာတြင္ UAB Pay သာမက အျခား Pay မ်ားျဖင့္လည္း ေငြေပးေခ်ရန္ေဆာင္႐ြက္ႏိုင္ေၾကာင္း UAB မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ တကၠသိုလ္မ်ား၌ အေဝးသင္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ အဓိကရည္႐ြယ္ကာ ေက်ာင္းအပ္လက္ခံျခင္းကို အြန္လိုင္းမွ Registration လုပ္ၿပီး ေငြသြင္းျခင္းကို UAB Pay ျဖင့္ ခ်ိတ္ဆက္ေပးေခ်ျခင္းကို ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။

အဆိုပါစနစ္ကို ၿပီးခဲ့သည့္ NLD အစိုးရလက္ထက္တြင္ စတင္က်င့္သုံးခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံေရးအေျပာင္းအလဲမ်ားေၾကာင့္ ေခတၱရပ္နားထားခဲ့ရာ လက္ရွိတြင္ ျပန္လည္က်င့္သုံးလာခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းသား/ ေက်ာင္းသူမ်ား၏ ေျပာဆိုမႈမ်ားအရ ေက်ာင္းအပ္လက္ခံျခင္းကို UAB Pay တစ္ခုထဲျဖင့္သာ ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး အျခား Pay မ်ားျဖင့္ ေပးေခ်၍ မရေၾကာင္း သိရသည္။

သို႔ေသာ္ လက္ရွိတြင္ ဝန္ႀကီးဌာနအေနျဖင့္ အျခား Pay မ်ားျဖင့္လည္း ေဆာင္႐ြက္ႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္ေနၿပီး UAB Pay အျပင္ ေက်ာင္းအပ္လက္ခံျခင္းကို အျခား Pay မ်ားျဖင့္လည္း ေပးေခ်ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

"တျခား Pay ေတြလည္းေပးလို႔ရတယ္။ အကိုတို႔ Pay ကေတာ့ျမန္တာေပါ့ေနာ္။ ေငြသြင္းတာက ႀကိဳက္တဲ့အခ်ိန္မေ႐ြးသြင္းလို႔ရေနၿပီ။ အခုကေက်ာင္းအပ္ဖို႔ဆိုရင္ App ထဲကေန ဝင္ၿပီးအပ္ လိုက္လို႔ရၿပီ။ အဓိကက ဝန္ႀကီးဌာနေတြက Immigration လုပ္ရမွာေလ။ တစ္ခုၿပီးတစ္ခုသြားရတာကို။ ေနာက္ System တစ္ခုကေတာ့ Immigration ေတာ့လုပ္ရမွာေပါ့။ ကိုယ္တို႔ကျမန္တယ္ဆိုတာ က ကိုယ္တို႔ကအရင္လုပ္တာဆိုေတာ့ ျမန္တာေပါ့ အကုန္လုံးရရမွာေပါ့ Pay တိုင္းရရမွာပါ။ Pay တိုင္းရမွာပါ အကုန္ရမွာ။ Pay တိုင္းရတဲ့အျပင္ အြန္လိုင္းကေန ေက်ာင္းအပ္လို႔ရသြားၿပီ။ အြန္လိုင္းကေန ေက်ာင္းေခၚခ်ိန္ေတြကို App ထဲကေန ၾကည့္သြား႐ုံပဲ။ အဲဒီေလာက္အထိေကာင္းတယ္။ ေက်ာင္းအပ္တာကသပ္သပ္။ ႀကိဳက္တဲ့ Pay နဲ႔အပ္လို႔ရတယ္" ဟု UAB Pay မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

(၂၀၂၅) ပညာသင္ႏွစ္ အေဝးသင္ ပထမႏွစ္သင္တန္းအတြက္ ေက်ာင္းဝင္မွတ္ပုံတင္ျခင္းကို ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာ(၂၆)ရက္တြင္ စတင္လက္ခံခဲ့ၿပီး လာမည့္ ဧၿပီ(၃၀)ရက္တြင္ ေနာက္ဆုံးထား၍ ေက်ာင္းအပ္လက္ခံသြားမည္ျဖစ္သည္။

ထို႔ျပင္ ဒုတိယႏွစ္ႏွင့္အထက္ ေက်ာင္းဝင္မွတ္ပုံတင္ျခင္းကိုလည္း ေဖေဖာ္ဝါရီ(၅)ရက္မွ စတင္လက္ခံခဲ့ျခင္းျဖစ္ၿပီး လာမည့္ ေမလ(၁၇)ရက္အထိ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ Version:

Related news

© 2021. All rights reserved.