သဘာဝသစ်တောများမှ နှစ်စဉ် ဝါးနှင့်ကြိမ် အလုံးရေ သန်း(၄၀၀)ခန့် ထုတ်လုပ်နိုင်ဟုဆို

332
NP News ဖေဖေါ်ဝါရီ (၁၇)
ပြည်တွင်းရှိ သဘာဝသစ်တောများမှ နှစ်စဉ် ဝါးနှင့်ကြိမ် အလုံးရေ သန်း(၄၀၀)ခန့် ထုတ်လုပ်နိုင်ပြီး ဝါးနှင့်ကြိမ် အချောထည် ပြည်ပတင်ပို့မှုမှလည်း နိုင်ငံခြားဝင်ငွေရှာဖွေပေးလျှက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ကြောင့် ကြိမ်နှင့်ဝါးအချောထည်ပြုလုပ်သည့် MSME များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကုန်ကြမ်းလုံလောက်စွာ ရရှိစေရန်အတွက် သဘာဝတောများမှ နှစ်စဉ် ဝါးအလုံးရေ ၃၁၈ သန်းနှင့် ကြိမ်အလုံးရေ ၇၇ သန်းကို ထုတ်လုပ်နေကြောင်းသိရသည်။
ထို့အပြင် ပုဂ္ဂလိက ဝါးစိုက်ခင်းများ ထူထောင်ခြင်းကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိပြီး၊ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များကိုလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။
ပြည်တွင်းထွက် ကြိမ်လုံးအပါဝင် ကြိမ်အချောထည်ပစ္စည်းများ၊ ဝါးလုံးအပါအဝင် ဝါးအချောထည်ပစ္စည်းများ စသည့် ကြိမ်နှင့်ဝါး ကုန်ကြမ်းများနှင့် အချောထည်ပစ္စည်းများကို အာဆီယံနိုင်ငံများအပြင် အာရှ၊ ဥရောပနှင့် တောင်အာဖရိက နိုင်ငံများအထိပါ တင်ပို့နေခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

Zawgyi Version:
သဘာဝသစ္ေတာမ်ားမွ ႏွစ္စဥ္ ဝါးႏွင့္ႀကိမ္ အလုံးေရ သန္း(၄၀၀)ခန႔္ ထုတ္လုပ္ႏိုင္ဟုဆို
NP News ေဖေဖၚဝါရီ (၁၇)
ျပည္တြင္းရွိ သဘာဝသစ္ေတာမ်ားမွ ႏွစ္စဥ္ ဝါးႏွင့္ႀကိမ္ အလုံးေရ သန္း(၄၀၀)ခန႔္ ထုတ္လုပ္ႏိုင္ၿပီး ဝါးႏွင့္ႀကိမ္ အေခ်ာထည္ ျပည္ပတင္ပို႔မႈမွလည္း ႏိုင္ငံျခားဝင္ေငြရွာေဖြေပးလွ်က္ရွိေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ သိရသည္။
ထို႔ေၾကာင့္ ႀကိမ္ႏွင့္ဝါးအေခ်ာထည္ျပဳလုပ္သည့္ MSME မ်ားဖြံ႕ၿဖိဳးတိုးတက္လာေစရန္ႏွင့္ ကုန္ၾကမ္းလုံေလာက္စြာ ရရွိေစရန္အတြက္ သဘာဝေတာမ်ားမွ ႏွစ္စဥ္ ဝါးအလုံးေရ ၃၁၈ သန္းႏွင့္ ႀကိမ္အလုံးေရ ၇၇ သန္းကို ထုတ္လုပ္ေနေၾကာင္းသိရသည္။
ထို႔အျပင္ ပုဂၢလိက ဝါးစိုက္ခင္းမ်ား ထူေထာင္ျခင္းကိုလည္း စိစစ္ခြင့္ျပဳေပးလ်က္ရွိၿပီး၊ လုပ္ငန္းလုပ္ကိုင္ခြင့္ လိုင္စင္မ်ားကိုလည္း ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
ျပည္တြင္းထြက္ ႀကိမ္လုံးအပါဝင္ ႀကိမ္အေခ်ာထည္ပစၥည္းမ်ား၊ ဝါးလုံးအပါအဝင္ ဝါးအေခ်ာထည္ပစၥည္းမ်ား စသည့္ ႀကိမ္ႏွင့္ဝါး ကုန္ၾကမ္းမ်ားႏွင့္ အေခ်ာထည္ပစၥည္းမ်ားကို အာဆီယံႏိုင္ငံမ်ားအျပင္ အာရွ၊ ဥေရာပႏွင့္ ေတာင္အာဖရိက ႏိုင္ငံမ်ားအထိပါ တင္ပို႔ေနျခင္းျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ သိရသည္။