ကျားဖျန့်တိုက်ဖျက်ရေးကို ဟန်ပြလုပ်ခြင်းမဟုတ်ဟု BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ ပြော

1783

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖျန့်တိုက်ဖျက်ရေးကို ဟန်ပြလုပ်နေခြင်းမဟုတ်ကြောင်း နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) - BGF ခေါင်းဆောင်ဗိုလ်မှူးကြီး စောချစ်သူက ယနေ့(ဖေဖော်ဝါရီလ ၁၇ ရက်) တွင် မြဝတီမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကရင်ပြည်နယ်၊ နယ်စပ်ဒေသများမှ ကျားဖျန့်လုပ်ငန်းများနှင့်ပတ်သက်၍ ပါဝင်ရင်းနှီးမြှုပ်နှံသူမဟုတ်ပဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း BGF ဘက်က ထုတ်ပြန်ခဲ့ပြီး(၁၁)ရက်အကြာတွင် ဗိုလ်မှူးကြီးစောချစ်သူက ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီကိစ္စကို ကျွန်တော် စဉ်းစားထားပြီးသား။ ကျွန်တော်တို့က အပြောနဲ့ သက်သေမပြဘူး။ အလုပ်နဲ့သက်သေပြမယ်ဆိုတာ ကျွန်တော်ပြောထားပြီးသား။ အခု ဒါတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကျွန်တော်တို့ပထမခြေလှမ်းကို ဒါတွေလုပ်တယ်။ ဒုတိယခြေလှမ်းကို သတင်းမီဒီယာတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဒါတွေကို ပြောတဲ့အတိုင်းလုပ်လား၊ မလုပ်လားဆိုတာ အဆောက်အဦးတွေ နေရာတိုင်းမှာ ကျွန်တော်တို့ ဖော်ပြမှာပါ” ဟု ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။
ရွှေကုက္ကိုလ်တွင် ရင်းနှီးမြုပ်နှံမှုများကို ခေါ်ယူသည့်ကိစ္စနှင့်ပတ်သက်၍ စည်းကမ်းကို ထိန်းသိမ်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“ပြောရမယ်ဆိုရင် ကျွန်တော်တို့ရွှေကုက္ကိုလ်မှာလည်း စည်းကမ်းကိုတော်တော်ထိန်းတယ်။ ကျွန်တော်လည်းမသိပါဘူး။ ပတ်သက်မှုလည်း မရှိပါဘူး။ ကျွန်တော်တို့ ရွှေကုက္ကိုလ်မှာ စောစောကကျွန်တော်ပြောသလိုပဲ ဆောက်လုပ်ရေးလုပ်တာ။ အိမ်ယာစီမံကိန်း ကျွန်တော်တို့ ဆောက်တယ်။ ဟိုတယ်ဆောက်တယ်။ ကျွန်တော်ကတော့ မြေငှားရမ်းတဲ့သူပဲ။ ကျွန်တော်မြေပဲငှားရမ်းတာ။ ပြောရမယ် ဆိုရင် ကျွန်တော် ပထမနှစ်ဆိုရင် တစ်လမှသိန်း(၄၀)ပဲကျွန်တော်တို့ရတာ။ အများကြီးကျွန်တော်မရပါဘူး” ဟု ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။
ထို့ပြင် ကျားဖျန့်ကိစ္စနှင့်ပတ်သက်၍ ၎င်းအားဖမ်းဆီးရေးကြိုးစားသည့်ကိစ္စကို စိတ်မကောင်းဖြစ်မိကြောင်းနှင့် တစ်ဖက်သတ်စွပ်စွဲခြင်းသာဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်ပြောရမယ်ဆိုရင် ကျွန်တော့်ကိုဖမ်းဝရမ်းထုတ်တာ ကျွန်တော်ကတော့ သိချင်တာပေါ့နော်။ ကျွန်တော့်ကို ဖမ်းဝရမ်းထုတ်တယ်ဆိုတာ နံပါတ်တစ် ဘာအပြစ်နဲ့ကျွန်တော့်ကို ဖမ်းဝရမ်း ထုတ်တာလဲ။ ကျွန်တော်ဘာအပြစ်တွေကို လုပ်မိတာရှိလဲ။ ထိုင်းနိုင်ငံမှာ ကျွန်တော်ဘာအပြစ်တွေကိုလုပ်မိတာရှိလဲ။ ပြီးတော့ ထိုင်းနိုင်ငံကို ကျွန်တော်ဘာတွေများပုန်ကန်မိတာရှိလဲ။ အဲဒါလေးကို ကျွန်တော့်ကို ပေါ့နော် အတိုက်ခံပါတီလွှတ်တော် လွှတ်တော်မှာ အဆိုတင်သွင်းတဲ့ ဖမ်းဝရမ်းကိုတော့ကျွန်တော့်ရဲ့ တစ်ဦးတစ်ယောက်အနေနဲ့ကတော့ စိတ်မကောင်းဖြစ်မိတာပေါ့” ဟု BGFခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။
Zawgyi Version:
က်ားဖ်န႔္တိုက္ဖ်က္ေရးကို ဟန္ျပလုပ္ျခင္းမဟုတ္ဟု BGF ေခါင္းေဆာင္ဗိုလ္မႉးႀကီးေစာခ်စ္သူ ေျပာ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၇
ကရင္ျပည္နယ္၊ ျမန္မာ-ထိုင္းနယ္စပ္ရွိ က်ားဖ်န႔္တိုက္ဖ်က္ေရးကို ဟန္ျပလုပ္ေနျခင္းမဟုတ္ေၾကာင္း နယ္ျခားေစာင့္တပ္(ကရင္ျပည္နယ္) - BGF ေခါင္းေဆာင္ဗိုလ္မႉးႀကီး ေစာခ်စ္သူက ယေန႔(ေဖေဖာ္ဝါရီလ ၁၇ ရက္) တြင္ ျမဝတီၿမိဳ႕၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ကရင္ျပည္နယ္၊ နယ္စပ္ေဒသမ်ားမွ က်ားဖ်န႔္လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ပါဝင္ရင္းႏွီးျမႇဳပ္ႏွံသူမဟုတ္ပဲ ေျမငွားရမ္းသည့္ေျမရွင္သာျဖစ္ေၾကာင္း BGF ဘက္က ထုတ္ျပန္ခဲ့ၿပီး(၁၁)ရက္အၾကာတြင္ ဗိုလ္မႉးႀကီးေစာခ်စ္သူက ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီကိစၥကို ကြၽန္ေတာ္ စဥ္းစားထားၿပီးသား။ ကြၽန္ေတာ္တို႔က အေျပာနဲ႔ သက္ေသမျပဘူး။ အလုပ္နဲ႔သက္ေသျပမယ္ဆိုတာ ကြၽန္ေတာ္ေျပာထားၿပီးသား။ အခု ဒါေတြကို ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ ကြၽန္ေတာ္တို႔ပထမေျခလွမ္းကို ဒါေတြလုပ္တယ္။ ဒုတိယေျခလွမ္းကို သတင္းမီဒီယာေတြနဲ႔ ကြၽန္ေတာ္တို႔ ပူးေပါင္းၿပီးေတာ့ ဒါေတြကို ေျပာတဲ့အတိုင္းလုပ္လား၊ မလုပ္လားဆိုတာ အေဆာက္အဦးေတြ ေနရာတိုင္းမွာ ကြၽန္ေတာ္တို႔ ေဖာ္ျပမွာပါ” ဟု ဗိုလ္မႉးႀကီးေစာခ်စ္သူက ေျပာသည္။
ေ႐ႊကုကၠိဳလ္တြင္ ရင္းႏွီးျမဳပ္ႏွံမႈမ်ားကို ေခၚယူသည့္ကိစၥႏွင့္ပတ္သက္၍ စည္းကမ္းကို ထိန္းသိမ္းခဲ့ေၾကာင္းလည္း ၎က ဆိုသည္။
“ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ေ႐ႊကုကၠိဳလ္မွာလည္း စည္းကမ္းကိုေတာ္ေတာ္ထိန္းတယ္။ ကြၽန္ေတာ္လည္းမသိပါဘူး။ ပတ္သက္မႈလည္း မရွိပါဘူး။ ကြၽန္ေတာ္တို႔ ေ႐ႊကုကၠိဳလ္မွာ ေစာေစာကကြၽန္ေတာ္ေျပာသလိုပဲ ေဆာက္လုပ္ေရးလုပ္တာ။ အိမ္ယာစီမံကိန္း ကြၽန္ေတာ္တို႔ ေဆာက္တယ္။ ဟိုတယ္ေဆာက္တယ္။ ကြၽန္ေတာ္ကေတာ့ ေျမငွားရမ္းတဲ့သူပဲ။ ကြၽန္ေတာ္ေျမပဲငွားရမ္းတာ။ ေျပာရမယ္ ဆိုရင္ ကြၽန္ေတာ္ ပထမႏွစ္ဆိုရင္ တစ္လမွသိန္း(၄၀)ပဲကြၽန္ေတာ္တို႔ရတာ။ အမ်ားႀကီးကြၽန္ေတာ္မရပါဘူး” ဟု ဗိုလ္မႉးႀကီးေစာခ်စ္သူက ေျပာသည္။
ထို႔ျပင္ က်ားဖ်န႔္ကိစၥႏွင့္ပတ္သက္၍ ၎အားဖမ္းဆီးေရးႀကိဳးစားသည့္ကိစၥကို စိတ္မေကာင္းျဖစ္မိေၾကာင္းႏွင့္ တစ္ဖက္သတ္စြပ္စြဲျခင္းသာျဖစ္ေၾကာင္း ၎ကဆိုသည္။
“ကြၽန္ေတာ္ေျပာရမယ္ဆိုရင္ ကြၽန္ေတာ့္ကိုဖမ္းဝရမ္းထုတ္တာ ကြၽန္ေတာ္ကေတာ့ သိခ်င္တာေပါ့ေနာ္။ ကြၽန္ေတာ့္ကို ဖမ္းဝရမ္းထုတ္တယ္ဆိုတာ နံပါတ္တစ္ ဘာအျပစ္နဲ႔ကြၽန္ေတာ့္ကို ဖမ္းဝရမ္း ထုတ္တာလဲ။ ကြၽန္ေတာ္ဘာအျပစ္ေတြကို လုပ္မိတာရွိလဲ။ ထိုင္းႏိုင္ငံမွာ ကြၽန္ေတာ္ဘာအျပစ္ေတြကိုလုပ္မိတာရွိလဲ။ ၿပီးေတာ့ ထိုင္းႏိုင္ငံကို ကြၽန္ေတာ္ဘာေတြမ်ားပုန္ကန္မိတာရွိလဲ။ အဲဒါေလးကို ကြၽန္ေတာ့္ကို ေပါ့ေနာ္ အတိုက္ခံပါတီလႊတ္ေတာ္ လႊတ္ေတာ္မွာ အဆိုတင္သြင္းတဲ့ ဖမ္းဝရမ္းကိုေတာ့ကြၽန္ေတာ့္ရဲ႕ တစ္ဦးတစ္ေယာက္အေနနဲ႔ကေတာ့ စိတ္မေကာင္းျဖစ္မိတာေပါ့” ဟု BGFေခါင္းေဆာင္ ဗိုလ္မႉးႀကီးေစာခ်စ္သူက ေျပာသည္။