လုပ်ငန်းလိုင်စင်မလျှောက်သည့် ရွှေဆိုင်များကို အရေးယူမှု စတင်တော့မည်

 273

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၈

ဖေဖော်ဝါရီ(၁၇)ရက် နောက်ပိုင်းမှစ၍ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းမရှိသည့်ရွှေဆိုင်များ ဥပဒေနှင့် အညီ အရေးယူခံရမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းထံမှ သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ အရပြီးခဲ့သည့် အောက်တိုဘာ(၂၅) ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့် ကို ကျင့်သုံး၍ ရွှေရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန် ဆောင်မှုအဖြစ် သတ်မှတ်ခဲ့သည်။
ထိုသို့သတ်မှတ်ပြီးနောက် ရွှေလုပ်ငန်း လုပ်ကိုင်သူများအားလုံး ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်မှစ၍ လုပ်ငန်းလို င်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းက အသိပေး ထုတ်ပြန်ခဲ့သည်။
အဆိုပါ လုပ်ငန်းလိုင်စင်လျှောက်ထား ခြင်းကို သုံးလအတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန် ထားပြီး ဖေဖော်ဝါရီ(၁၇)ရက်တွင် လျှောက်ထားခြင်းမရှိသူများသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
“ဖေဖော်ဝါရီ(၁၇)ရက်အထိ နောက်ဆုံး လျှောက်ရမှာပေါ့။ လက်ရှိအချိန်အထိကတော့ (၃)လပြည့်တာနဲ့ မလျှောက်ဘူးဆိုရင် သက်ဆိုင်ရာက အရေးယူမှာပေါ့။ (၃)လအတွင်းဆိုတာက ဆိုင် ဖွင့်ထားရဲ့သားနဲ့ မလျှောက်တဲ့ လူတွေကိုပြောတာပေါ့။ (၃)လကျော်ပြီးမှ ဆိုင်ဖွင့်တဲ့သူတွေကတော့ လျှောက်လို့ရတယ်။ ရွှေဆိုင် တွေရှိနေရဲ့သားနဲ့ နိုင်ငံတော်ရဲ့ အစီအမံအရလုပ်တာကို မလျှောက်ဘူးဆိုရင် သက်ဆိုင်ရာက အရေးယူမှုတွေ ရှိမှာပေါ့။ နယ်မြေမအေး ချမ်းတဲ့နေရာတွေမှာတော့ နည်းနည်းပါးပါးတော့ ချို့ယွင်းချက်တွေရှိမှာပေါ့။ သွားလို့လာလို့မရတာတွေ။ တချို့ ဒေသတွေ ကချင်ဆိုရင် ခက်ခဲတာပေါ့”ဟု အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က NP News ဂျာနယ်ကို ပြောသည်။
လက်ရှိတွင် လုပ်ငန်းလိုင်စင်လျှောက် ထားသူအရေအတွက်မှာ ယခင်ထက်များပြားကြောင်း သိရပြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ရေးဝန်ဆောင်မှုလုပ်ငန်း အမိန့်စာအရမိမိတွင် ရွှေဆိုင်(၅)ဆိုင်ရှိ ပါက အဆိုပါ(၅)ဆိုင်လုံး အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန် ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အမှတ်စဉ်(၁၁)ခုပါဝင်ပြီး အဆိုပါအမှတ်စဉ်များ အနက် အမှတ်စဉ်(၄)နှင့် အမှတ်စဉ်(၉)ကို ရွှေဆိုင် လုပ်ငန်းရှင်အချို့မှ ကြိုက်နှစ်သက်မှုမရှိ ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ အမှတ်စဉ်(၄)တွင် တစ်လအတွင်းအများဆုံး ရွှေရောင်းဝယ်မှုပြုလုပ်နိုင် သည့်ပမာဏ (ပိဿာ၊ ကျပ်သား သို့မဟုတ် ဂရမ်၊ ထရိုင်အောင်စ)ဖြင့် ဖော်ပြပေးရန်နှင့် အမှတ်စဉ်(၉)မှာ ပြည်တွင်းအခွန်များဦးစီးဌာန က ထုတ်ပေးသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်များလိုအပ် မည်ဖြစ်ရာ ပြေစာ၊ ဘောင်ချာများဖြင့် ဆောင်ရွက်ခြင်း များရှိလာနိုင်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန၏ အငြိမ်းစားအရာရှိတစ်ဦးက မှတ်ချက်ပြုပြောဆို ထားသည်။ “(၁၇)ရက်မှာ လိုင်စင်တင်ထားတဲ့သူကတော့ အကျုံးဝင်တယ်။ (၁၇)ရက်နောက်ပိုင်းမှ အကြောင်း အမျိုးမျိုးကြောင့် လာတင်တဲ့သူတွေကျတော့ ဒီကြေ ညာချက်အရ ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူး။ သက်တမ်းတိုး ပေးခဲ့ရင်တော့ နောက်ဆုံးအနေနဲ့ တစ်လ ဖြစ်ဖြစ်၊ နှစ်လဖြစ်ဖြစ်တိုးပေးလိုက်ပြီဆိုတာတော့ ဖြစ်လာဖွယ်ရာရှိတယ်လို့ မြင်ပါတယ်။ လိုင်စင်ရှိထားခြင်းက ပြည်တွင်းအခွန်နဲ့ အခွန်တွေများလာတာတွေ ပေါ့။ ရွှေဆိုင်တွေ၊ ရွှေပန်းထိမ်လုပ်ငန်း တွေ အခွန်သိပ်ရှောင်ဖို့မလွယ်တော့ဘူး။ စာရင်းဇယားတွေနဲ့ တင်ပြလာရမယ့် အပိုင်းတွေပါလာတာပေါ့။ ရွှေဆိုင် အသေးလေးတွေကတော့ ဒီလိုင်စင်ကို မကြိုက်ကြဘူး။ သူတို့လည်း မတတ်သာလို့သာ လိုင်စင်လျှောက် ရင်လျှောက် ထားနိုင်တယ်။ နာမည်ကြီး ရွှေဆိုင်တွေကတော့ လိုင်စင်ကိုအကျုံးဝင်အောင်လုပ်မှာ သေချာတယ်”ဟု အထက်ပါ အငြိမ်းစားအရာရှိက ပြောသည်။
လက်ရှိတွင် ရွှေဆိုင်များအနေဖြင့် လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ဆိုင်များလည်းရှိ သကဲ့သို့ လျှောက်ထား ခြင်းမရှိသေးသည့်ဆိုင်များ လည်းရှိနေပြီး သက်ဆိုင်ရာအနေဖြင့် တင်းကြပ် သည့်အရေးယူမှုမျိုးကို ဆောင်ရွက်သင့် ကြောင်း ရွှေဆိုင်အချို့က သုံးသပ်ထားသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ သတ်မှတ်ချက်အတိုင်း၊ တောင်းဆိုတဲ့အတိုင်းကို လုပ်ပြီးတော့ တင်ပြီး ပါပြီ။ ဒီလိုလုပ်တာကိုလည်း သဘောကျပါတယ်။ ဒါပေမဲ့ သူတို့ဘက်က အကုန်လုံးကိုပါအောင်ဆွဲ‌ခေါ်ပြီးတော့ တင်းကြပ်တဲ့အရေး ယူမှုတွေလုပ်မှ ဒီ Platform ပေါ်ရောက်မှာ။ ကျွန်တော်တို့လို တရားဝင်ဆောင်ထားပြီးတော့ ဆိုင်ခန်း နေရာနဲ့ လိုင်စင်ဆောင်၊ အခွန်ဆောင်လျှောက်ထား ရပြီးတော့ တိုက်ခန်းလေးကနေ လိုက်ကာလေးနဲ့ အွန်လိုင်း ရောင်းနေတဲ့လူတွေကို အရေးမယူဘူးဆို ကျွန်တော်တို့က အလကားပဲဖြစ်တာပေါ့။ ကျွန်တော်တို့ကတော့ ဒီစနစ်ဖြစ်ဖို့ အားလည်းပေးသလို တစ်ပြေးညီလည်းဖြစ်သွားစေချင်တယ်။ ဒီလုပ်ငန်းကြီးက ဒီအပေါ်မှာ မှန်မှန်ကန်ကန်နဲ့ နည်းမှန် လမ်းမှန်နဲ့ အကုန်လုံးကို လျှောက်လှမ်းစေချင်တာ။ တရားမဝင် ပပျောက်စေချင်တာပေါ့။ စားသုံးသူ Customer ကလည်း ဒီလိုဆောင်ထားတဲ့ဆိုင်တွေမှ အားပေး တယ်ဆိုရင် ကျွန်တော်တို့လည်း အလုပ်လုပ် ရတာ အဆင်ပြေသွားတယ်”ဟု လှိုင်သာယာအခြေစိုက် ရတနာရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန် ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားသူများအနေဖြင့် လုပ်ငန်းပမာဏ ၏ (၂၅)ရာခိုင်နှုန်းကို လုပ်ငန်း အတွက်ရင်းနှီးမြှုပ်နှံမှုရှိရန်နှင့် ယင်းငွေရှိကြောင်း ဘဏ်စာရင်းရှင်းတမ်း (Bank Statement) လည်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လုပ္ငန္းလိုင္စင္မေလွ်ာက္သည့္ ေ႐ႊဆိုင္မ်ားကို အေရးယူမႈ စတင္ေတာ့မည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၈
ေဖေဖာ္ဝါရီ(၁၇)ရက္ ေနာက္ပိုင္းမွစ၍ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားျခင္းမရွိသည့္ေ႐ႊဆိုင္မ်ား ဥပေဒႏွင့္ အညီ အေရးယူခံရမည္ျဖစ္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ အမွတ္(၂) သတၱဳတြင္း လုပ္ငန္းထံမွ သိရသည္။
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒ အရၿပီးခဲ့သည့္ ေအာက္တိုဘာ(၂၅) ရက္က ျပည္ေထာင္စုအစိုးရအဖြဲ႕ကအပ္ႏွင္းသည့္ အမိန႔္ထုတ္ျပန္ႏိုင္ခြင့္ ကို က်င့္သုံး၍ ေ႐ႊေရာင္း ဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီးဝန္ ေဆာင္မႈအျဖစ္ သတ္မွတ္ခဲ့သည္။
ထိုသို႔သတ္မွတ္ၿပီးေနာက္ ေ႐ႊလုပ္ငန္း လုပ္ကိုင္သူမ်ားအားလုံး ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၁၈) ရက္မွစ၍ လုပ္ငန္းလို င္စင္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္ မ်ားအသင္းက အသိေပး ထုတ္ျပန္ခဲ့သည္။
အဆိုပါ လုပ္ငန္းလိုင္စင္ေလွ်ာက္ထား ျခင္းကို သုံးလအတြင္း ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ ထားၿပီး ေဖေဖာ္ဝါရီ(၁၇)ရက္တြင္ ေလွ်ာက္ထားျခင္းမရွိသူမ်ားသည္ အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒပုဒ္မ (၅) အရ အေရးယူျခင္း ခံရမည္ျဖစ္ေၾကာင္း သိရသည္။
“ေဖေဖာ္ဝါရီ(၁၇)ရက္အထိ ေနာက္ဆုံး ေလွ်ာက္ရမွာေပါ့။ လက္ရွိအခ်ိန္အထိကေတာ့ (၃)လျပည့္တာနဲ႔ မေလွ်ာက္ဘူးဆိုရင္ သက္ဆိုင္ရာက အေရးယူမွာေပါ့။ (၃)လအတြင္းဆိုတာက ဆိုင္ ဖြင့္ထားရဲ႕သားနဲ႔ မေလွ်ာက္တဲ့ လူေတြကိုေျပာတာေပါ့။ (၃)လေက်ာ္ၿပီးမွ ဆိုင္ဖြင့္တဲ့သူေတြကေတာ့ ေလွ်ာက္လို႔ရတယ္။ ေ႐ႊဆိုင္ ေတြရွိေနရဲ႕သားနဲ႔ ႏိုင္ငံေတာ္ရဲ႕ အစီအမံအရလုပ္တာကို မေလွ်ာက္ဘူးဆိုရင္ သက္ဆိုင္ရာက အေရးယူမႈေတြ ရွိမွာေပါ့။ နယ္ေျမမေအး ခ်မ္းတဲ့ေနရာေတြမွာေတာ့ နည္းနည္းပါးပါးေတာ့ ခ်ိဳ႕ယြင္းခ်က္ေတြရွိမွာေပါ့။ သြားလို႔လာလို႔မရတာေတြ။ တခ်ိဳ႕ ေဒသေတြ ကခ်င္ဆိုရင္ ခက္ခဲတာေပါ့”ဟု အမွတ္(၂)သတၱဳတြင္းလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦး က NP News ဂ်ာနယ္ကို ေျပာသည္။
လက္ရွိတြင္ လုပ္ငန္းလိုင္စင္ေလွ်ာက္ ထားသူအေရအတြက္မွာ ယခင္ထက္မ်ားျပားေၾကာင္း သိရၿပီး ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ေရးဝန္ေဆာင္မႈလုပ္ငန္း အမိန႔္စာအရမိမိတြင္ ေ႐ႊဆိုင္(၅)ဆိုင္ရွိ ပါက အဆိုပါ(၅)ဆိုင္လုံး အတြက္ လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္း ဝန္ ေဆာင္မႈလုပ္ငန္းလိုင္စင္ေလွ်ာက္ထားရာတြင္ အမွတ္စဥ္(၁၁)ခုပါဝင္ၿပီး အဆိုပါအမွတ္စဥ္မ်ား အနက္ အမွတ္စဥ္(၄)ႏွင့္ အမွတ္စဥ္(၉)ကို ေ႐ႊဆိုင္ လုပ္ငန္းရွင္အခ်ိဳ႕မွ ႀကိဳက္ႏွစ္သက္မႈမရွိ ေၾကာင္း သိရသည္။
ထုတ္ျပန္ခ်က္အရ အမွတ္စဥ္(၄)တြင္ တစ္လအတြင္းအမ်ားဆုံး ေ႐ႊေရာင္းဝယ္မႈျပဳလုပ္ႏိုင္ သည့္ပမာဏ (ပိႆာ၊ က်ပ္သား သို႔မဟုတ္ ဂရမ္၊ ထ႐ိုင္ေအာင္စ)ျဖင့္ ေဖာ္ျပေပးရန္ႏွင့္ အမွတ္စဥ္(၉)မွာ ျပည္တြင္းအခြန္မ်ားဦးစီးဌာန က ထုတ္ေပးေသာ အခြန္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္မ်ားလိုအပ္ မည္ျဖစ္ရာ ေျပစာ၊ ေဘာင္ခ်ာမ်ားျဖင့္ ေဆာင္႐ြက္ျခင္း မ်ားရွိလာႏိုင္ေၾကာင္း အထူးစုံစမ္းစစ္ေဆးေရးဌာန၏ အၿငိမ္းစားအရာရွိတစ္ဦးက မွတ္ခ်က္ျပဳေျပာဆို ထားသည္။ “(၁၇)ရက္မွာ လိုင္စင္တင္ထားတဲ့သူကေတာ့ အက်ဳံးဝင္တယ္။ (၁၇)ရက္ေနာက္ပိုင္းမွ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ လာတင္တဲ့သူေတြက်ေတာ့ ဒီေၾက ညာခ်က္အရ ထည့္သြင္းစဥ္းစားမွာမဟုတ္ဘူး။ သက္တမ္းတိုး ေပးခဲ့ရင္ေတာ့ ေနာက္ဆုံးအေနနဲ႔ တစ္လ ျဖစ္ျဖစ္၊ ႏွစ္လျဖစ္ျဖစ္တိုးေပးလိုက္ၿပီဆိုတာေတာ့ ျဖစ္လာဖြယ္ရာရွိတယ္လို႔ ျမင္ပါတယ္။ လိုင္စင္ရွိထားျခင္းက ျပည္တြင္းအခြန္နဲ႔ အခြန္ေတြမ်ားလာတာေတြ ေပါ့။ ေ႐ႊဆိုင္ေတြ၊ ေ႐ႊပန္းထိမ္လုပ္ငန္း ေတြ အခြန္သိပ္ေရွာင္ဖို႔မလြယ္ေတာ့ဘူး။ စာရင္းဇယားေတြနဲ႔ တင္ျပလာရမယ့္ အပိုင္းေတြပါလာတာေပါ့။ ေ႐ႊဆိုင္ အေသးေလးေတြကေတာ့ ဒီလိုင္စင္ကို မႀကိဳက္ၾကဘူး။ သူတို႔လည္း မတတ္သာလို႔သာ လိုင္စင္ေလွ်ာက္ ရင္ေလွ်ာက္ ထားႏိုင္တယ္။ နာမည္ႀကီး ေ႐ႊဆိုင္ေတြကေတာ့ လိုင္စင္ကိုအက်ဳံးဝင္ေအာင္လုပ္မွာ ေသခ်ာတယ္”ဟု အထက္ပါ အၿငိမ္းစားအရာရွိက ေျပာသည္။
လက္ရွိတြင္ ေ႐ႊဆိုင္မ်ားအေနျဖင့္ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားသည့္ ဆိုင္မ်ားလည္းရွိ သကဲ့သို႔ ေလွ်ာက္ထား ျခင္းမရွိေသးသည့္ဆိုင္မ်ား လည္းရွိေနၿပီး သက္ဆိုင္ရာအေနျဖင့္ တင္းၾကပ္ သည့္အေရးယူမႈမ်ိဳးကို ေဆာင္႐ြက္သင့္ ေၾကာင္း ေ႐ႊဆိုင္အခ်ိဳ႕က သုံးသပ္ထားသည္။
“ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ သူတို႔ သတ္မွတ္ခ်က္အတိုင္း၊ ေတာင္းဆိုတဲ့အတိုင္းကို လုပ္ၿပီးေတာ့ တင္ၿပီး ပါၿပီ။ ဒီလိုလုပ္တာကိုလည္း သေဘာက်ပါတယ္။ ဒါေပမဲ့ သူတို႔ဘက္က အကုန္လုံးကိုပါေအာင္ဆြဲ‌ေခၚၿပီးေတာ့ တင္းၾကပ္တဲ့အေရး ယူမႈေတြလုပ္မွ ဒီ Platform ေပၚေရာက္မွာ။ ကြၽန္ေတာ္တို႔လို တရားဝင္ေဆာင္ထားၿပီးေတာ့ ဆိုင္ခန္း ေနရာနဲ႔ လိုင္စင္ေဆာင္၊ အခြန္ေဆာင္ေလွ်ာက္ထား ရၿပီးေတာ့ တိုက္ခန္းေလးကေန လိုက္ကာေလးနဲ႔ အြန္လိုင္း ေရာင္းေနတဲ့လူေတြကို အေရးမယူဘူးဆို ကြၽန္ေတာ္တို႔က အလကားပဲျဖစ္တာေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ ဒီစနစ္ျဖစ္ဖို႔ အားလည္းေပးသလို တစ္ေျပးညီလည္းျဖစ္သြားေစခ်င္တယ္။ ဒီလုပ္ငန္းႀကီးက ဒီအေပၚမွာ မွန္မွန္ကန္ကန္နဲ႔ နည္းမွန္ လမ္းမွန္နဲ႔ အကုန္လုံးကို ေလွ်ာက္လွမ္းေစခ်င္တာ။ တရားမဝင္ ပေပ်ာက္ေစခ်င္တာေပါ့။ စားသုံးသူ Customer ကလည္း ဒီလိုေဆာင္ထားတဲ့ဆိုင္ေတြမွ အားေပး တယ္ဆိုရင္ ကြၽန္ေတာ္တို႔လည္း အလုပ္လုပ္ ရတာ အဆင္ေျပသြားတယ္”ဟု လႈိင္သာယာအေျခစိုက္ ရတနာေ႐ႊဆိုင္မွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ ေဆာင္မႈလုပ္ငန္းလိုင္စင္ေလွ်ာက္ထားသူမ်ားအေနျဖင့္ လုပ္ငန္းပမာဏ ၏ (၂၅)ရာခိုင္ႏႈန္းကို လုပ္ငန္း အတြက္ရင္းႏွီးျမႇဳပ္ႏွံမႈရွိရန္ႏွင့္ ယင္းေငြရွိေၾကာင္း ဘဏ္စာရင္းရွင္းတမ္း (Bank Statement) လည္း လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.