PDF တို့၏ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် မန်းရွှေစက်တော်ဘုရားပွဲ လာရောက်သူ အလွန်နည်းပါး

8976

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးသည် PDF များ၏နေ့စဉ်ရက်ဆက် အကြမ်းဖက် ခြိမ်းခြောက်မှုများကြောင့် ဘုရားဖူးလာရောက်သူ အလွန်နည်းပါးနေကြောင်း ဒေသခံများက NP News သို့ ပြောသည်။
အဆိုပါ မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်တို့က မင်းဘူးမှ ရွှေစက်တော်ဘုရားလမ်းအထိ လုံခြုံရေးဆောင်ရွက်ထားသည့်အပြင် မကွေးတပ်နယ်၊ ကျောက်ပန်းတောင်းတပ်နယ်တို့မှလည်း လမ်းများတစ်လျှောက် လမ်းကင်းလုံခြုံရေးများ ချ ထားပေးကြောင်းသိရသော်လည်း နယ်မြေခံ PDF အဖွဲ့များ၏ နေ့စဉ်ရက်ဆက်ဆိုသလို လူမှုကွန်ရက်မှခြိမ်းခြောက်မှုများကြောင့် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များလာရောက်မှု အလွန်နည်းပါးနေကြောင်း သိရသည်။
“ဘုရားဖူးတွေမလာဘူး။ လိုင်းပေါ်ကနေ ခြိမ်းခြောက်နေတာကိုး။ ဘုရားဖူးတွေမလာကြနဲ့။ လာရင်တာဝန်မယူဘူး။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ခြိမ်းခြောက်နေတော့ မလာရဲတော့ဘူးလေ။ ရွှေစက်တော်က အဲဒီလိုဖြစ်နေတယ်။ သဲချောင်းဆိုရင် အလကားပေးရင်တောင် မဝယ်ကြတော့ဘူး။ အဲဒီလိုဖြစ်နေတယ်။ သဲချောင်းလည်းမရှိဘူး။ လူလည်းမရှိဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြ သူများအဆင်ပြေစေရန် တည်းခိုဆောင် အခန်းပေါင်း (၃၀ဝ) ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း (၃၅၀)ခန့် ဆောက်လုပ်ပေးထားသော်လည်း ပွဲတော်စတင်ကျင်းပသည့် (၁၀)ရက်ကျော်တိုင် ဘုရားဖူးဝင်ရောက်မှု အလွန်နည်းပါးနေလျက်ရှိနေကြောင်း သိရသည်။သို့သော် ဖေဖော်ဝါရီလ (၂၀)ရက် နောက်ပိုင်း အခြေခံ ပညာကျောင်းများမှ အတန်းတင် စာမေးပွဲများဖြေဆိုပြီးပါက ဘုရားဖူးဧည့်သည်ဝင်ရောက်လာနိုင် ကြောင်းလည်း အထက်ပါဒေသခံက သုံးသပ်ထားသည်။
“ကျွန်တော်အသက်နှစ်(၆၀)အတွင်း ပထမဆုံးကြုံရတာပဲ။ မနှစ်ကများတယ်။ မနှစ်က ခြိမ်း ခြောက်တာမရှိဘူး။ နောက်ပြီးတော့ တချို့နေရာတွေမှာလည်း လုပ်ကြံတာတွေရှိတုန်းပဲလေ။ ကျောင်း သားတွေအတွက် နွေရာသီကျောင်းပိတ်ရက်ဆိုရင်တော့ ပြောလို့မရဘူး။ ဘုရားဖူးတွေ ရောက်လာနိုင် တယ်။ အခုကတော့ ဟိုတယ်တွေလည်း ဟာလာဟင်းလင်းနဲ့ ဈေးသည်တွေလည်း ထိုင်နေရတဲ့အခြေ အနေပေါ့” ဟု ၎င်းကဆက်ပြောသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကို ကိုဗစ် (၁၉)ကာလနှင့် နိုင်ငံရေးအခင်းအကျင်းအပြောင်း အလဲများကြောင့် ပွဲတော်ကျင်းပရန် နှစ်အတော်ကြာ ရပ်နားခဲ့ရကာ ပြီးခဲ့သည့်(၂၀၂၄)ခုနှစ်က ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဘုရားပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂)ရက်မှစတင်ကာ ဧပြီ(၁၇)ရက်အထိ သင်္ကြန်ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၇၅) ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
zawgyi version
PDF တို႔၏ အၾကမ္းဖက္ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲ လာေရာက္သူ အလြန္နည္းပါး
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၈
မေကြးတိုင္းေဒသႀကီး မင္းဘူး(စကု) ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရား ဗုဒၶပူဇနိယပြဲေတာ္ႀကီးသည္ PDF မ်ား၏ေန႔စဥ္ရက္ဆက္ အၾကမ္းဖက္ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ဘုရားဖူးလာေရာက္သူ အလြန္နည္းပါးေနေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
အဆိုပါ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္အတြက္ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္တို႔က မင္းဘူးမွ ေ႐ႊစက္ေတာ္ဘုရားလမ္းအထိ လုံၿခဳံေရးေဆာင္႐ြက္ထားသည့္အျပင္ မေကြးတပ္နယ္၊ ေက်ာက္ပန္းေတာင္းတပ္နယ္တို႔မွလည္း လမ္းမ်ားတစ္ေလွ်ာက္ လမ္းကင္းလုံၿခဳံေရးမ်ား ခ် ထားေပးေၾကာင္းသိရေသာ္လည္း နယ္ေျမခံ PDF အဖြဲ႕မ်ား၏ ေန႔စဥ္ရက္ဆက္ဆိုသလို လူမႈကြန္ရက္မွၿခိမ္းေျခာက္မႈမ်ားေၾကာင့္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္သို႔ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးဧည့္သည္မ်ားလာေရာက္မႈ အလြန္နည္းပါးေနေၾကာင္း သိရသည္။
“ဘုရားဖူးေတြမလာဘူး။ လိုင္းေပၚကေန ၿခိမ္းေျခာက္ေနတာကိုး။ ဘုရားဖူးေတြမလာၾကနဲ႔။ လာရင္တာဝန္မယူဘူး။ ဘာျဖစ္တယ္၊ ညာျဖစ္တယ္နဲ႔ ၿခိမ္းေျခာက္ေနေတာ့ မလာရဲေတာ့ဘူးေလ။ ေ႐ႊစက္ေတာ္က အဲဒီလိုျဖစ္ေနတယ္။ သဲေခ်ာင္းဆိုရင္ အလကားေပးရင္ေတာင္ မဝယ္ၾကေတာ့ဘူး။ အဲဒီလိုျဖစ္ေနတယ္။ သဲေခ်ာင္းလည္းမရွိဘူး။ လူလည္းမရွိဘူး”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
ယခုႏွစ္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႀကီးကို အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးလာေရာက္ၾက သူမ်ားအဆင္ေျပေစရန္ တည္းခိုေဆာင္ အခန္းေပါင္း (၃၀ဝ) ေက်ာ္ႏွင့္ ေဈးဆိုင္ခန္းေပါင္း (၃၅၀)ခန႔္ ေဆာက္လုပ္ေပးထားေသာ္လည္း ပြဲေတာ္စတင္က်င္းပသည့္ (၁၀)ရက္ေက်ာ္တိုင္ ဘုရားဖူးဝင္ေရာက္မႈ အလြန္နည္းပါးေနလ်က္ရွိေနေၾကာင္း သိရသည္။သို႔ေသာ္ ေဖေဖာ္ဝါရီလ (၂၀)ရက္ ေနာက္ပိုင္း အေျခခံ ပညာေက်ာင္းမ်ားမွ အတန္းတင္ စာေမးပြဲမ်ားေျဖဆိုၿပီးပါက ဘုရားဖူးဧည့္သည္ဝင္ေရာက္လာႏိုင္ ေၾကာင္းလည္း အထက္ပါေဒသခံက သုံးသပ္ထားသည္။
“ကြၽန္ေတာ္အသက္ႏွစ္(၆၀)အတြင္း ပထမဆုံးႀကဳံရတာပဲ။ မႏွစ္ကမ်ားတယ္။ မႏွစ္က ၿခိမ္း ေျခာက္တာမရွိဘူး။ ေနာက္ၿပီးေတာ့ တခ်ိဳ႕ေနရာေတြမွာလည္း လုပ္ႀကံတာေတြရွိတုန္းပဲေလ။ ေက်ာင္း သားေတြအတြက္ ေႏြရာသီေက်ာင္းပိတ္ရက္ဆိုရင္ေတာ့ ေျပာလို႔မရဘူး။ ဘုရားဖူးေတြ ေရာက္လာႏိုင္ တယ္။ အခုကေတာ့ ဟိုတယ္ေတြလည္း ဟာလာဟင္းလင္းနဲ႔ ေဈးသည္ေတြလည္း ထိုင္ေနရတဲ့အေျခ အေနေပါ့” ဟု ၎ကဆက္ေျပာသည္။
မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို ကိုဗစ္ (၁၉)ကာလႏွင့္ ႏိုင္ငံေရးအခင္းအက်င္းအေျပာင္း အလဲမ်ားေၾကာင့္ ပြဲေတာ္က်င္းပရန္ ႏွစ္အေတာ္ၾကာ ရပ္နားခဲ့ရကာ ၿပီးခဲ့သည့္(၂၀၂၄)ခုႏွစ္က ျပန္လည္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္ဘုရားပြဲကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၂)ရက္မွစတင္ကာ ဧၿပီ(၁၇)ရက္အထိ သၾကၤန္႐ုံးပိတ္ရက္အပါအဝင္ ရက္ေပါင္း (၇၅) ရက္ ၾကာက်င္းပသြားမည္ျဖစ္ေၾကာင္းသိရသည္။