ထားဝယ်တွင် တပ်မတော်ဘက်က အင်အားတိုးထားသောကြောင့် KNU/PDF များ အနေကျုံ့နေ

3133

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် တပ်မတော်ဘက်က အင်အားတိုးမြှင့်ထားသောကြောင့် KNU ၊ PDF များ အနေကျုံ့နေကြောင်း ဒေသခံများထံမှသိရသည်။ လာမည့် ဖေဖော်ဝါရီ(၂၀)ရက်နောက် ပိုင်းတွင် ထားဝယ်မြို့ရှိ အခြေခံပညာအတန်းအချို့ စာမေးပွဲများဖြေဆိုပြီးပါက KNU ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ပွဲဖော်ဆောင်လာနိုင်သည့်သတင်းများ ထွက်ပေါ်နေကြောင်းသိရသည်။
“ကျွန်တော်ပြောသလို(၂၀)ရက်နေ့မတိုင်ခင် ဟိုလုပ်မယ်ဒီလုပ်မယ်ဆိုလို့ တပ်ဘက်က စစ် ကြောင်းတွေ ထိုးနေတာထင်တယ်။ သရက်ချောင်းဘက်လည်း ထိုးတယ်၊ လောင်းလုံးဘက်တွေလည်း ထိုးနေ တယ်။ ထားဝယ်မြို့အခြေအနေက လှုပ်လှုပ်ခတ်ခတ်တော့ရှိနေပေမယ့် မြို့တွင်း အခြေအနေ ကတော့ သွားလာနေတုန်းပါပဲ။ မြို့ပေါ်တောင်ဘက် တပ်ဘက်ခြမ်းက လှုပ်ရှားနေတာတော့ရှိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ထားဝယ်မြို့အဝင်အထွက် ဂိတ်များ၌ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ အ ပြောင်းအလဲရှိနေပြီး ယခင်ထက်အင်အားတိုးချဲ့လာသည့်အတွက် KNU ၊ PDF အဖွဲ့အချို့ပြေးလွှားနေရကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။
“အရင်က (၈)ယောက်(၉)ယောက် ပဲရှိတဲ့ ဂိတ်တွေမှာ လူ(၃၀)လောက်တိုးပြီးချထားတယ်။ လူငယ်ပိုင်းတွေများတယ်။ ရဲတွေလည်းပါတယ်။ တဖြည်းဖြည်းနဲ့ လှုပ်ခတ်လာပြီးနောက်ပိုင်းမှာ လုံခြုံ ရေးလည်း တိုးချဲ့ထားတယ်။ ကြည့်ရသလောက်ဆိုရင် အရင်ကထက်(၅)ဆလောက်ပိုပြီး လုံခြုံရေး တိုးချဲ့ထားတယ်။ အခုကျွန်တော်ကြားရတဲ့သတင်းအရဆိုရင် PDF တွေလည်း ပြေးနေတယ်လို့ ကြား တယ်။ အခါတိုင်းဆို ထောင်ထောင်ထောင်နဲ့ ရွာတွေမှာ လတ်လျားလတ်လျားနဲ့ လျှောက်သွားနေတဲ့ ကောင်တွေက အခုနောက်ပိုင်းပြေးနေရတယ်လို့ ကြားတယ်” ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲသည့် ဇန်နဝါရီလ(၂၈)ရက်ကလည်း ထားဝယ်မြို့အနီးရှိ တပ်မတော်လုံခြုံရေးဂိတ် တစ်ခု ဖြစ်သော ပေါက်တိုင်းဂိတ်ကို PDF အဖွဲ့က Drone ဖြင့် Dropbome ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉) ရက်ကလည်း ထားဝယ်- သရက်ချောင်းလမ်းပိုင်းပေါ်ရှိ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် စခန်းကုန်း တို့ကို PDF အဖွဲ့က ပန်းရန်သမားအယောင်ဆောင်ကာ သတင်းထောက်လှမ်းပြီးနောက် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
“ရွှေဂူဂိတ်မှာဖြစ်သွားတဲ့ ဖြစ်စဉ်ဆိုရင် PDF (၂)ယောက်က ပန်းရန်သမားအယောင် ဆောင်ပြီး အဲဒီအနားမှာ ထောက်လှမ်းပြီးအခြေအနေကို သိတော့မှ ဝင်လုပ်သွားတာ”ဟု ၎င်းကဆိုသည်။
zawgyi version
ထားဝယ္တြင္ တပ္မေတာ္ဘက္က အင္အားတိုးထားေသာေၾကာင့္ KNU/PDF မ်ား အေနက်ဳံ႕ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၈
တနသၤာရီတိုင္းေဒသႀကီး ထားဝယ္တြင္ တပ္မေတာ္ဘက္က အင္အားတိုးျမႇင့္ထားေသာေၾကာင့္ KNU ၊ PDF မ်ား အေနက်ဳံ႕ေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။ လာမည့္ ေဖေဖာ္ဝါရီ(၂၀)ရက္ေနာက္ ပိုင္းတြင္ ထားဝယ္ၿမိဳ႕ရွိ အေျခခံပညာအတန္းအခ်ိဳ႕ စာေမးပြဲမ်ားေျဖဆိုၿပီးပါက KNU ၊ PDF ပူးေပါင္းအဖြဲ႕က တိုက္ပြဲေဖာ္ေဆာင္လာႏိုင္သည့္သတင္းမ်ား ထြက္ေပၚေနေၾကာင္းသိရသည္။
“ကြၽန္ေတာ္ေျပာသလို(၂၀)ရက္ေန႔မတိုင္ခင္ ဟိုလုပ္မယ္ဒီလုပ္မယ္ဆိုလို႔ တပ္ဘက္က စစ္ ေၾကာင္းေတြ ထိုးေနတာထင္တယ္။ သရက္ေခ်ာင္းဘက္လည္း ထိုးတယ္၊ ေလာင္းလုံးဘက္ေတြလည္း ထိုးေန တယ္။ ထားဝယ္ၿမိဳ႕အေျခအေနက လႈပ္လႈပ္ခတ္ခတ္ေတာ့ရွိေနေပမယ့္ ၿမိဳ႕တြင္း အေျခအေန ကေတာ့ သြားလာေနတုန္းပါပဲ။ ၿမိဳ႕ေပၚေတာင္ဘက္ တပ္ဘက္ျခမ္းက လႈပ္ရွားေနတာေတာ့ရွိတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ထားဝယ္ၿမိဳ႕အဝင္အထြက္ ဂိတ္မ်ား၌ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အ ေျပာင္းအလဲရွိေနၿပီး ယခင္ထက္အင္အားတိုးခ်ဲ႕လာသည့္အတြက္ KNU ၊ PDF အဖြဲ႕အခ်ိဳ႕ေျပးလႊားေနရေၾကာင္းလည္း အထက္ပါေဒသခံက ဆိုသည္။
“အရင္က (၈)ေယာက္(၉)ေယာက္ ပဲရွိတဲ့ ဂိတ္ေတြမွာ လူ(၃၀)ေလာက္တိုးၿပီးခ်ထားတယ္။ လူငယ္ပိုင္းေတြမ်ားတယ္။ ရဲေတြလည္းပါတယ္။ တျဖည္းျဖည္းနဲ႔ လႈပ္ခတ္လာၿပီးေနာက္ပိုင္းမွာ လုံၿခဳံ ေရးလည္း တိုးခ်ဲ႕ထားတယ္။ ၾကည့္ရသေလာက္ဆိုရင္ အရင္ကထက္(၅)ဆေလာက္ပိုၿပီး လုံၿခဳံေရး တိုးခ်ဲ႕ထားတယ္။ အခုကြၽန္ေတာ္ၾကားရတဲ့သတင္းအရဆိုရင္ PDF ေတြလည္း ေျပးေနတယ္လို႔ ၾကား တယ္။ အခါတိုင္းဆို ေထာင္ေထာင္ေထာင္နဲ႔ ႐ြာေတြမွာ လတ္လ်ားလတ္လ်ားနဲ႔ ေလွ်ာက္သြားေနတဲ့ ေကာင္ေတြက အခုေနာက္ပိုင္းေျပးေနရတယ္လို႔ ၾကားတယ္” ဟု ၎ကဆက္ေျပာသည္။
ၿပီးခဲသည့္ ဇန္နဝါရီလ(၂၈)ရက္ကလည္း ထားဝယ္ၿမိဳ႕အနီးရွိ တပ္မေတာ္လုံၿခဳံေရးဂိတ္ တစ္ခု ျဖစ္ေသာ ေပါက္တိုင္းဂိတ္ကို PDF အဖြဲ႕က Drone ျဖင့္ Dropbome ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဇန္နဝါရီလ (၂၉) ရက္ကလည္း ထားဝယ္- သရက္ေခ်ာင္းလမ္းပိုင္းေပၚရွိ ေ႐ႊဂူတံတားစစ္ေဆးေရးဂိတ္ႏွင့္ စခန္းကုန္း တို႔ကို PDF အဖြဲ႕က ပန္းရန္သမားအေယာင္ေဆာင္ကာ သတင္းေထာက္လွမ္းၿပီးေနာက္ တိုက္ခိုက္ခဲ့သည့္ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ေၾကာင္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။
“ေ႐ႊဂူဂိတ္မွာျဖစ္သြားတဲ့ ျဖစ္စဥ္ဆိုရင္ PDF (၂)ေယာက္က ပန္းရန္သမားအေယာင္ ေဆာင္ၿပီး အဲဒီအနားမွာ ေထာက္လွမ္းၿပီးအေျခအေနကို သိေတာ့မွ ဝင္လုပ္သြားတာ”ဟု ၎ကဆိုသည္။