စစ်ဘေးရှောင် ပြည်သူများ အတွက် IBEC လူသားချင်းဆိုင်ရာအကူအညီပေးရေးအစီအစဥ် ကို လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် စတင်မည်

487

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၈
စစ်ဘေးရှောင်ပြည်သူများအတွက် IBEC လူသားချင်းဆိုင်ရာအကူအညီပေးရေးအစီအစဥ် (IBEC - Humanitarian Assistance Program) ကို လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။
IBEC ဆရာတော်သည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂ (United Nations) မှ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်းကြီးများဖြစ်သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR), ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA), ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)အပါအဝင် အာဆီယံလူမှုကူညီရေးအဖွဲ့အစည်းများ၊ နိုင်ငံတွင်းတရားဝင်ခွင့်ပြုထားသော လူသားချင်းဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ကာ အဆိုပါ အကူအညီပေးရေးအစီအစဥ်များကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၈ နာရီ မှ စတင် ထောက်ပံ့ကူညီမည် ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ရာတွင် စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်စုစုပေါင်း (၂၄) ရပ်ကွက်တွင် သက်ဆိုင်ရာစစ်ဘေးသင့်ဒေသများမှ နေရပ်စွန့်ခွာလာပြီးနေထိုင်ကြသော အိမ်ထောင်စုပေါင်း (၅၈၂၆) စုတို့အား အသုံးအဆောင်ပစ္စည်းများကို စတင်ဖြန့်ဝေပေးရန် စီစဉ် ထားကာ အဆိုပါ အိမ်ထောင်စုများထဲမှ လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အိမ်ထောင်စုပေါင်း (၈၀၀) ကို စတင်ထောက်ပံ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း နှင့် ဖြန့်ဝေမည့်အစီအစဥ်များကို IBEC ကျောင်းတော်က တိုက်ရိုက်စီစဥ်၍ ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၉) ရွာအား စားနပ်ရိက္ခာထောက်ပံ့ပေးမည့်အစီအစဥ်မှာ အိမ်ထောင်စုပေါင်း (၄၁၆၁) စုဖြစ်ပြီး လူဦးရေ (၁၈၁၃၈) ဦးတို့အား ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ဖြန့်ဝေမည့်အိမ်ထောင်စုများအား ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် (၉) နာရီ မှ စတင်၍ IBEC ဆရာတော်၏ အနီးကပ်စီမံရုံးအဖွဲ့ (HRD & IT Department) နှင့် လူသားချင်းဆိုင်ရာအ ကူအညီပေးရေးအဖွဲ့တို့မှ ပူးပေါင်းကာ လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
စစ္ေဘးေရွာင္ ျပည္သူမ်ား အတြက္ IBEC လူသားခ်င္းဆိုင္ရာအကူအညီေပးေရးအစီအစဥ္ ကို လာမည့္ ေဖေဖာ္ဝါရီလ ၂၀ ရက္တြင္ စတင္မည္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၈
စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ IBEC လူသားခ်င္းဆိုင္ရာအကူအညီေပးေရးအစီအစဥ္ (IBEC - Humanitarian Assistance Program) ကို လာမည့္ ေဖေဖာ္ဝါရီလ ၂၀ ရက္တြင္ စတင္မည္ ျဖစ္ေၾကာင္း သိရသည္။
IBEC ဆရာေတာ္သည္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ကမာၻ႔ကုလသမဂၢ (United Nations) မွ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေပးေရးဆိုင္ရာ အဖြဲ႕အစည္းႀကီးမ်ားျဖစ္သည့္ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ုံး (UNHCR), ကုလသမဂၢလူဦးေရရန္ပုံေငြအဖြဲ႕ (UNFPA), ကုလသမဂၢအျပည္ျပည္ဆိုင္ရာကေလးမ်ားရန္ပုံေငြအဖြဲ႕ (UNICEF)၊ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP)အပါအဝင္ အာဆီယံလူမႈကူညီေရးအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံတြင္းတရားဝင္ခြင့္ျပဳထားေသာ လူသားခ်င္းဆိုင္ရာအကူအညီေပးေရးအဖြဲ႕အစည္းမ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္ကာ အဆိုပါ အကူအညီေပးေရးအစီအစဥ္မ်ားကို ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔၊ နံနက္ ၈ နာရီ မွ စတင္ ေထာက္ပံ့ကူညီမည္ ျဖစ္ေၾကာင္း သိရသည္။
ေထာက္ပံ့ရာတြင္ စစ္ကိုင္းၿမိဳ႕ေပၚရွိ ရပ္ကြက္စုစုေပါင္း (၂၄) ရပ္ကြက္တြင္ သက္ဆိုင္ရာစစ္ေဘးသင့္ေဒသမ်ားမွ ေနရပ္စြန္႔ခြာလာၿပီးေနထိုင္ၾကေသာ အိမ္ေထာင္စုေပါင္း (၅၈၂၆) စုတို႔အား အသုံးအေဆာင္ပစၥည္းမ်ားကို စတင္ျဖန္႔ေဝေပးရန္ စီစဥ္ ထားကာ အဆိုပါ အိမ္ေထာင္စုမ်ားထဲမွ လာမည့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ အိမ္ေထာင္စုေပါင္း (၈၀၀) ကို စတင္ေထာက္ပံ့ျဖန္႔ေဝသြားမည္ျဖစ္ေၾကာင္း ႏွင့္ ျဖန္႔ေဝမည့္အစီအစဥ္မ်ားကို IBEC ေက်ာင္းေတာ္က တိုက္႐ိုက္စီစဥ္၍ ဖိတ္ၾကားမည္ျဖစ္ေၾကာင္း သိရသည္။
စစ္ကိုင္းၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေပါင္း (၁၉) ႐ြာအား စားနပ္ရိကၡာေထာက္ပံ့ေပးမည့္အစီအစဥ္မွာ အိမ္ေထာင္စုေပါင္း (၄၁၆၁) စုျဖစ္ၿပီး လူဦးေရ (၁၈၁၃၈) ဦးတို႔အား ေထာက္ပံ့ေပးသြားမည္ျဖစ္ကာ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ စတင္ျဖန္႔ေဝမည့္အိမ္ေထာင္စုမ်ားအား ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔၊ နံနက္ (၉) နာရီ မွ စတင္၍ IBEC ဆရာေတာ္၏ အနီးကပ္စီမံ႐ုံးအဖြဲ႕ (HRD & IT Department) ႏွင့္ လူသားခ်င္းဆိုင္ရာအ ကူအညီေပးေရးအဖြဲ႕တို႔မွ ပူးေပါင္းကာ လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။