လသာအထက(၁)တွင် ကျောင်းဆရာတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

 3332

(NP News)-ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၁)တွင် ကျောင်းဆရာတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၁၈ရက်)၊ နံနက် ၆နာရီ ၁၅မိနစ်အချိန်ခန့်က လသာမြို့နယ်၊အမှတ်(၁၀)ရပ်ကွက်၊အထက(၁)လသာကျောင်းဝင်းအတွင်း၌ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက(၁)ကျောင်းဝန်းအတွင်း၌ နေထိုင်သော အသက်(၃၆)နှစ်အရွယ် အထက်တန်းပြဆရာတစ်ဦးသည် အဆိုပါ ကျောင်းဝန်းအတွင်း အောင်တံခွန် အားကစားရုံဘေးရှိနေအိမ်တွင်ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

ထို့ကြောင့် ၎င်း၏ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version:

(NP News)-ဖေဖော်ဝါရီ ၁၈




Related news

© 2021. All rights reserved.