မန္တလေးတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် MDY PDF အဖွဲ့ဝင်များကို ဖမ်းဆီးရမိ

 1614

ပီယ (NP News) - ဖေဖော်ဝါရီ ၂ဝ

မန္တလေးတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် MDY PDF အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အိမ်အမှတ်(၈၀)နေ ရာအိမ်မှူး ဦးဝင်းဦး သည် နေအိမ်အနီးရှိ “အောင်ကျော်စိုး” ကွမ်းယာဆိုင်ရှေ့၌ ထိုင်နေစဉ် (စိစစ်ဆဲ) ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတို ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့သောကြောင့် ရာအိမ်မှူး ဦးဝင်းဦးသည် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေးမှုများကြောင့် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၈ x ၄၉ လမ်းကြားတွင် တရားခံ နန်းဝင်းစိုး (ခ)နိုင်ဝင်းစိုး(၃၈)နှစ်နှင့် မင်းခန့် (ခ)ဂူးဂူး(၂၀)နှစ်တို့ ၂ ဦးအား နေအိမ်အတွင်းမှ ၉ မမကျည် ၁ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါနေ့ နံနက်ပိုင်းတွင် ချမ်းမြသာစည် မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၇ × ၄၈ လမ်းကြားနေ ဆက်စပ်တရားခံဖြစ်သူ အောင်အောင် (ခ)အောင်လေး(၃၆)နှစ်အား လက်လုပ် ပစ္စတို ၄ လက်၊ ၉ မမကျည် ၁၇ တောင့်၊ MG1 ပလတ်စတစ် လက်ပစ်ဗုံး ၁၁ လုံး၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ တရုတ် လက်ပစ်ဗုံး ၁ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တရားခံ နန်းဝင်းစိုး(ခ)နိုင်ဝင်းစိုး၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းတွင် စဥ့်ကိုင်မြို့နယ်၊ ဆယ့်နှစ်ကိုင်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆက်စပ်တရားခံ ဇော်ဇော်ထွန်း (ခ)ဇော်သက်(ခ)ဖက်တီး (၂၈)နှစ်၊ မြနန္ဒာရပ်ကွက်၊ ပလိပ်မြို့နေသူအား လည်းကောင်း၊ တရားခံ ဇော်ဇော်ထွန်း(ခ)ဇော်သက်(ခ)ဖက်တီး၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းတွင် ထွန်းထွန်းမြင့် (၅၀)နှစ်၊ ကျွဲနဖားကျေးရွာ၊ စဥ့်ကိုင်မြို့နယ်နေသူအား လည်းကောင်း၊ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းတွင် တရားခံ သူရိန်ထွန်း(၂၆)နှစ်၊ အကွက်အမှတ်(၅၀၁)၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူတို့ကိုထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၆ ဦးတို့အား လက်လုပ်ပစ္စတို သေနတ် ၄ လက်၊ ၉ မမ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၃ လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ တွင် MDY PDF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ မင်းသန့်ကျော်(ခ)ဝင်းထွန်း(ခ)ဖောင်းဒိုင်းနှင့် ရင်းနှီးခဲ့ကာ မင်းသန့်ကျော်(ခ) ဝင်းထွန်း(ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်လုပ်ပစ္စတို သေနတ် ၄ လက်၊ ၉ မမ ကျည် ၃၁ တောင့်၊ လက်ပစ်ဗုံး ၁၅ လုံးတို့အား ယူဆောင်ခဲ့ပြီး အောင်အောင်(ခ) အောင်လေး၏ နေအိမ်တွင် သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ MDY PDF အကြမ်းဖက်အဖွဲ့ဝင် မင်းသန့်ကျော်(ခ)ဝင်းထွန်း (ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့ နှင့် စဥ့်ကိုင်မြို့များအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၉ ကြိမ်နှင့် ဖောက်ခွဲဖျက်ဆီးမှု ၂ ကြိမ် ကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့သည်။
ထို့ပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ MDY PDF အကြမ်းဖက်အဖွဲ့ဝင် မင်းသန့်ကျော် (ခ) ဝင်းထွန်း (ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်းကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံ မင်းသန့်ကျော် (ခ)ဝင်းထွန်း(ခ)ဖောင်းဒိုင်းမှ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Kpay မှတစ်ဆင့် လုပ်ကြံသတ်ဖြတ် မှုနှင့် အကြမ်းဖက်မှု ၁ ကြိမ်လျှင် ငွေ ၁၀ သိန်းကျပ် ထောက်ပံ့ပေးခဲ့ကြောင်း၊ ရရှိသောငွေကြေးများအား နန်းဝင်းစိုး(ခ)နိုင်ဝင်းစိုး၊ အောင်အောင်(ခ) အောင်လေး နှင့် ဇော်ဇော်ထွန်း(ခ)ဇော်သက်(ခ)ဖက်တီးတို့မှ တစ်ဦး လျှင် ၃ သိန်းကျပ်၊ အခြေအနေ ကြည့်ရှုပေးသူများအား ၁ သိန်းကျပ်ဖြင့် ပြန်လည်ခွဲဝေပေးကြောင်း ဖော်ထုတ်သိရှိရ သည်။
ထို့ကြောင့်ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေး လျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ကြောင်း အသိပေးထားသည်။

Zawgyi Version:
မႏၲေလးတိုင္းေဒသႀကီးအတြင္း အျပစ္မဲ့ျပည္သူမ်ားအား ဒလန္ဟုစြပ္စြဲ၍ လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ MDY PDF အဖြဲ႕ဝင္မ်ားကို ဖမ္းဆီးရမိ
ပီယ (NP News) - ေဖေဖာ္ဝါရီ ၂ဝ

မႏၲေလးတိုင္းေဒသႀကီးအတြင္း အျပစ္မဲ့ျပည္သူမ်ားအား ဒလန္ဟုစြပ္စြဲ၍ လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ MDY PDF အဖြဲ႕ဝင္မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ယခုႏွစ္ ဇန္နဝါရီလ ၂၆ ရက္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္သာယာရပ္ကြက္၊ အိမ္အမွတ္(၈၀)ေန ရာအိမ္မႉး ဦးဝင္းဦး သည္ ေနအိမ္အနီးရွိ “ေအာင္ေက်ာ္စိုး” ကြမ္းယာဆိုင္ေရွ႕၌ ထိုင္ေနစဥ္ (စိစစ္ဆဲ) က်ား ၂ ဦးမွ ဆိုင္ကယ္ ၁ စီးျဖင့္ ေရာက္ရွိလာၿပီး ပစၥတို ျဖင့္ ၂ ခ်က္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေသာေၾကာင့္ ရာအိမ္မႉး ဦးဝင္းဦးသည္ လည္ပင္းက်ည္ေဖာက္ဝင္ဒဏ္ရာျဖင့္ ေသဆုံးခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ တရားခံမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ ရာ အၾကမ္းဖက္မႈကို မလိုလားေသာ ျပည္သူမ်ား၏ ပူးေပါင္းပါဝင္ သတင္းေပးမႈမ်ားေၾကာင့္ ေဖေဖာ္ဝါရီလ ၂ ရက္ နံနက္ပိုင္းတြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္၊ ၁၁၃ လမ္း၊ ၄၈ x ၄၉ လမ္းၾကားတြင္ တရားခံ နန္းဝင္းစိုး (ခ)ႏိုင္ဝင္းစိုး(၃၈)ႏွစ္ႏွင့္ မင္းခန႔္ (ခ)ဂူးဂူး(၂၀)ႏွစ္တို႔ ၂ ဦးအား ေနအိမ္အတြင္းမွ ၉ မမက်ည္ ၁ ေတာင့္ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ အဆိုပါေန႔ နံနက္ပိုင္းတြင္ ခ်မ္းျမသာစည္ ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္၊ ၁၁၃ လမ္း၊ ၄၇ × ၄၈ လမ္းၾကားေန ဆက္စပ္တရားခံျဖစ္သူ ေအာင္ေအာင္ (ခ)ေအာင္ေလး(၃၆)ႏွစ္အား လက္လုပ္ ပစၥတို ၄ လက္၊ ၉ မမက်ည္ ၁၇ ေတာင့္၊ MG1 ပလတ္စတစ္ လက္ပစ္ဗုံး ၁၁ လုံး၊ ၉၁ လက္ပစ္ဗုံး ၁ လုံး၊ တ႐ုတ္ လက္ပစ္ဗုံး ၁ လုံး တို႔ႏွင့္အတူ ထပ္မံဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။

တရားခံ နန္းဝင္းစိုး(ခ)ႏိုင္ဝင္းစိုး၏ ထြက္ဆိုခ်က္အရ ေဖေဖာ္ဝါရီလ ၃ ရက္ ညေနပိုင္းတြင္ စဥ့္ကိုင္ၿမိဳ႕နယ္၊ ဆယ့္ႏွစ္ကိုင္းေက်း႐ြာရွိ ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဆက္စပ္တရားခံ ေဇာ္ေဇာ္ထြန္း (ခ)ေဇာ္သက္(ခ)ဖက္တီး (၂၈)ႏွစ္၊ ျမနႏၵာရပ္ကြက္၊ ပလိပ္ၿမိဳ႕ေနသူအား လည္းေကာင္း၊ တရားခံ ေဇာ္ေဇာ္ထြန္း(ခ)ေဇာ္သက္(ခ)ဖက္တီး၏ ထြက္ဆိုခ်က္အရ ေဖေဖာ္ဝါရီလ ၅ ရက္ နံနက္ပိုင္းတြင္ ထြန္းထြန္းျမင့္ (၅၀)ႏွစ္၊ ကြၽဲနဖားေက်း႐ြာ၊ စဥ့္ကိုင္ၿမိဳ႕နယ္ေနသူအား လည္းေကာင္း၊ ေဖေဖာ္ဝါရီလ ၆ ရက္ ညေနပိုင္းတြင္ တရားခံ သူရိန္ထြန္း(၂၆)ႏွစ္၊ အကြက္အမွတ္(၅၀၁)၊ ကြၽန္းလုံးဥေသွ်ာင္ရပ္ကြက္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေနသူတို႔ကိုထပ္မံဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္တြင္ မႏၲေလးတိုင္းေဒသႀကီးအတြင္း အျပစ္မဲ့ျပည္သူမ်ားအား အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ တရားခံ က်ား ၆ ဦးတို႔အား လက္လုပ္ပစၥတို ေသနတ္ ၄ လက္၊ ၉ မမ က်ည္ ၁၈ ေတာင့္၊ လက္ပစ္ဗုံးမ်ိဳးစုံ ၁၃ လုံးတို႔ ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ၂၀၂၂ ခုႏွစ္၊ ဩဂုတ္လ တြင္ MDY PDF အၾကမ္းဖက္အဖြဲ႕ဝင္ ဖမ္းဆီးရန္က်န္တရားခံ မင္းသန႔္ေက်ာ္(ခ)ဝင္းထြန္း(ခ)ေဖာင္းဒိုင္းႏွင့္ ရင္းႏွီးခဲ့ကာ မင္းသန႔္ေက်ာ္(ခ) ဝင္းထြန္း(ခ) ေဖာင္းဒိုင္း၏ ေစခိုင္းမႈျဖင့္ မႏၲေလးၿမိဳ႕အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ လက္လုပ္ပစၥတို ေသနတ္ ၄ လက္၊ ၉ မမ က်ည္ ၃၁ ေတာင့္၊ လက္ပစ္ဗုံး ၁၅ လုံးတို႔အား ယူေဆာင္ခဲ့ၿပီး ေအာင္ေအာင္(ခ) ေအာင္ေလး၏ ေနအိမ္တြင္ သိမ္းဆည္းထားခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ MDY PDF အၾကမ္းဖက္အဖြဲ႕ဝင္ မင္းသန႔္ေက်ာ္(ခ)ဝင္းထြန္း (ခ) ေဖာင္းဒိုင္း၏ ေစခိုင္းမႈျဖင့္ မႏၲေလးၿမိဳ႕ ႏွင့္ စဥ့္ကိုင္ၿမိဳ႕မ်ားအတြင္း အျပစ္မဲ့ျပည္သူမ်ားအား ဒလန္ဟု စြပ္စြဲ၍ လုပ္ႀကံသတ္ျဖတ္မႈ ၉ ႀကိမ္ႏွင့္ ေဖာက္ခြဲဖ်က္ဆီးမႈ ၂ ႀကိမ္ က်ဴးလြန္ေၾကာင္းေပၚေပါက္ခဲ့သည္။
ထို႔ျပင္ ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ MDY PDF အၾကမ္းဖက္အဖြဲ႕ဝင္ မင္းသန႔္ေက်ာ္ (ခ) ဝင္းထြန္း (ခ) ေဖာင္းဒိုင္း၏ ေစခိုင္းမႈျဖင့္ မႏၲေလးၿမိဳ႕အတြင္း ေဖာက္ခြဲဖ်က္ဆီးမႈ ၂ ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္းေၾကာင္း သိရသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ဖမ္းဆီးရန္က်န္တရားခံ မင္းသန႔္ေက်ာ္ (ခ)ဝင္းထြန္း(ခ)ေဖာင္းဒိုင္းမွ လုပ္ႀကံသတ္ျဖတ္မႈမ်ားႏွင့္ အၾကမ္းဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ Kpay မွတစ္ဆင့္ လုပ္ႀကံသတ္ျဖတ္ မႈႏွင့္ အၾကမ္းဖက္မႈ ၁ ႀကိမ္လွ်င္ ေငြ ၁၀ သိန္းက်ပ္ ေထာက္ပံ့ေပးခဲ့ေၾကာင္း၊ ရရွိေသာေငြေၾကးမ်ားအား နန္းဝင္းစိုး(ခ)ႏိုင္ဝင္းစိုး၊ ေအာင္ေအာင္(ခ) ေအာင္ေလး ႏွင့္ ေဇာ္ေဇာ္ထြန္း(ခ)ေဇာ္သက္(ခ)ဖက္တီးတို႔မွ တစ္ဦး လွ်င္ ၃ သိန္းက်ပ္၊ အေျခအေန ၾကည့္ရႈေပးသူမ်ားအား ၁ သိန္းက်ပ္ျဖင့္ ျပန္လည္ခြဲေဝေပးေၾကာင္း ေဖာ္ထုတ္သိရွိရ သည္။
ထို႔ေၾကာင့္ဖမ္းဆီးရမိတရားခံမ်ားအား ဥပေဒအရ ၎တို႔က်ဴးလြန္ခဲ့ေသာ ျပစ္မႈမ်ားအတိုင္း ထိေရာက္စြာအေရးယူ ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အၾကမ္းဖက္မႈ ေဆာင္႐ြက္ေနသူမ်ားအား ျပည္သူတစ္ရပ္လုံးက ဝိုင္းဝန္းကာကြယ္တိုက္ဖ်က္ၾကရန္ ႏွင့္ ဆက္စပ္တရားခံမ်ားအား အျမန္ဆုံးဆက္လက္ဖမ္းဆီးရမိေရးအတြက္ ၎တို႔ပုန္းခိုရာေနရာမ်ား၊ လႈပ္ရွားသြားလာေနထိုင္မႈ သတင္းမ်ားရရွိပါက သက္ဆိုင္ရာသို႔ လွ်ိဳ႕ဝွက္စြာ သတင္းေပး တိုင္ၾကားႏိုင္ပါေၾကာင္း၊ သတင္းေပးသူႏွင့္ ဖမ္းဆီးေပးသူမ်ားအား ထိုက္တန္စြာလွ်ိဳ႕ဝွက္၍ ဆုေငြမ်ား ခ်ီးျမႇင့္ေပး လ်က္ရွိေၾကာင္းႏွင့္ ၿမိဳ႕႐ြာမ်ား အျမန္ဆုံးေအးခ်မ္းတည္ၿငိမ္ေရးအတြက္ ျပည္သူတစ္ရပ္လုံး ပူးေပါင္း ပါဝင္ႀကိဳးပမ္း ေဆာင္႐ြက္ႏိုင္ပါရန္ ေမတၱာရပ္ခံအပ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.