မန္တလေးမြို့တွင် ရေမြောင်းအတွင်း အောက်ပိုင်းအဝတ်ဗလာဖြင့် ပုပ်ပွသေဆုံးနေသောအမျိုးသမီးရုပ်အလောင်း တွေ့ရှိ

2326

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၂ဝ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရေမြောင်းအတွင်း အောက်ပိုင်းအဝတ်ဗလာဖြင့် ပုပ်ပွသေဆုံးနေသော အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိရကြောင်း မြို့ခံသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
အဆိုပါရုပ်အလောင်းကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)၊ ညနေပိုင်း (၃)နာရီဝန်းကျင်အချိန်ခန့်က မဟာအောင် မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ အရှေ့မြို့ပါတ်လမ်း၊ ၄၃ လမ်းနှင့် ၁၀၁ (သိပ္ပံ) လမ်းကြားရှိ လမ်းဘေး ရေမြောင်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မနေ့က အရှေ့မြို့ပတ်လမ်း၊ သုသာန်လမ်းနဲ့ ၄၃လမ်းထောင့်မှာပဲ မြောင်းအတွင်းထဲမှာ လူသေအလောင်းတွေ့လို့ ပရဟိတကားတွေရော၊ သေနတ်တွေနဲ့ ရဲကားတွေရော။ တချို့ဆို အလောင်းဆင်းဆယ်နေတာတွေတော့ တွေ့ခဲ့တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
သေဆုံးသူအမျိုးသမီးတွင် အောက်ပိုင်းအဝတ်မပါ။ အပေါ်ပိုင်းအတွင်းခံအင်္ကျီကိုသာတွေ့ရပြီး မှောက်ရပ်သား ပုံစံဖြင့် မြောင်းထဲတွင် ပေါ်လာကြောင်း သိရသည်။
“သတ်ပြီးတော့ လာလွင့်ပစ်ထားတဲ့ပုံစံမျိုးပေါ့နော်။ ကျွန်တော်တို့က အစောပိုင်းက လူသေအလောင်းလို့ မထင်ဘူး ပေါ့နော်။ လူတစ်ယောက်မူးပြီတော့မှန်း မြောင်းထဲကျတာလားပေါ့။ ပြီးတော့မှ သေနတ်တွေရော ရဲတွေဘာတွေ တွေ့တော့မှ ဒါလူသေအလောင်းဆိုတာ သိတာ” ဟု ၎င်းက ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ အသက်(၃၅)နှစ် ဝန်းကျင်ရှိနိုင်ပြီး ရုပ်အလောင်းမှာ ပုပ်နေသည့်အနေအထားတွင်ရှိသော ကြောင့် မည်သူမည်ဝါ ခွဲခြားရန်ခက်ခဲသော်လည်း ၎င်း၏ယာဘက် လက်တွင် “ရိုစီ” ဟူသော တက်တူးတစ်ခု ထိုးထားကြောင်း သိရသည်။
“အဲဒီသိပ္ပံအနီးတဝိုက်အနားက KTV အများဆုံး ရှိတယ်ပေါ့နော်။ တည်းခိုခန်းတွေရှိတယ်။ အဲဒီရဲ့အနောက်နားလေး လမ်း ၆၀၊ ၆၁ တကြောဆိုရင် ညပိုင်းဆို ပြည့်တန်ဆာပုံစံ လုပ်တာမျိုးလေးတွေ ရှိတယ်ပေါ့နော်။ အဲဒီဟာတွေကို မန္တလေးမြို့ခံတော်တော်များများက သိတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် သေဆုံးသူရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးၿမိဳ႕တြင္ ေရေျမာင္းအတြင္း ေအာက္ပိုင္းအဝတ္ဗလာျဖင့္ ပုပ္ပြေသဆုံးေနေသာအမ်ိဳးသမီး႐ုပ္အေလာင္းေတြ႕ရွိ
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေရေျမာင္းအတြင္း ေအာက္ပိုင္းအဝတ္ဗလာျဖင့္ ပုပ္ပြေသဆုံးေနေသာ အမ်ိဳးသမီး႐ုပ္အေလာင္းကို ေတြ႕ရွိရေၾကာင္း ၿမိဳ႕ခံသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ႐ုပ္အေလာင္းကို ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၁၉ ရက္)၊ ညေနပိုင္း (၃)နာရီဝန္းက်င္အခ်ိန္ခန႔္က မဟာေအာင္ ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္၊ အေရွ႕ၿမိဳ႕ပါတ္လမ္း၊ ၄၃ လမ္းႏွင့္ ၁၀၁ (သိပၸံ) လမ္းၾကားရွိ လမ္းေဘး ေရေျမာင္းထဲတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ မေန႔က အေရွ႕ၿမိဳ႕ပတ္လမ္း၊ သုသာန္လမ္းနဲ႔ ၄၃လမ္းေထာင့္မွာပဲ ေျမာင္းအတြင္းထဲမွာ လူေသအေလာင္းေတြ႕လို႔ ပရဟိတကားေတြေရာ၊ ေသနတ္ေတြနဲ႔ ရဲကားေတြေရာ။ တခ်ိဳ႕ဆို အေလာင္းဆင္းဆယ္ေနတာေတြေတာ့ ေတြ႕ခဲ့တယ္ေပါ့ေနာ္” ဟု ၎က ေျပာသည္။
ေသဆုံးသူအမ်ိဳးသမီးတြင္ ေအာက္ပိုင္းအဝတ္မပါ။ အေပၚပိုင္းအတြင္းခံအက်ႌကိုသာေတြ႕ရၿပီး ေမွာက္ရပ္သား ပုံစံျဖင့္ ေျမာင္းထဲတြင္ ေပၚလာေၾကာင္း သိရသည္။
“သတ္ၿပီးေတာ့ လာလြင့္ပစ္ထားတဲ့ပုံစံမ်ိဳးေပါ့ေနာ္။ ကြၽန္ေတာ္တို႔က အေစာပိုင္းက လူေသအေလာင္းလို႔ မထင္ဘူး ေပါ့ေနာ္။ လူတစ္ေယာက္မူးၿပီေတာ့မွန္း ေျမာင္းထဲက်တာလားေပါ့။ ၿပီးေတာ့မွ ေသနတ္ေတြေရာ ရဲေတြဘာေတြ ေတြ႕ေတာ့မွ ဒါလူေသအေလာင္းဆိုတာ သိတာ” ဟု ၎က ေျပာသည္။
ေသဆုံးသူအမ်ိဳးသမီးမွာ အသက္(၃၅)ႏွစ္ ဝန္းက်င္ရွိႏိုင္ၿပီး ႐ုပ္အေလာင္းမွာ ပုပ္ေနသည့္အေနအထားတြင္ရွိေသာ ေၾကာင့္ မည္သူမည္ဝါ ခြဲျခားရန္ခက္ခဲေသာ္လည္း ၎၏ယာဘက္ လက္တြင္ “႐ိုစီ” ဟူေသာ တက္တူးတစ္ခု ထိုးထားေၾကာင္း သိရသည္။
“အဲဒီသိပၸံအနီးတဝိုက္အနားက KTV အမ်ားဆုံး ရွိတယ္ေပါ့ေနာ္။ တည္းခိုခန္းေတြရွိတယ္။ အဲဒီရဲ႕အေနာက္နားေလး လမ္း ၆၀၊ ၆၁ တေၾကာဆိုရင္ ညပိုင္းဆို ျပည့္တန္ဆာပုံစံ လုပ္တာမ်ိဳးေလးေတြ ရွိတယ္ေပါ့ေနာ္။ အဲဒီဟာေတြကို မႏၲေလးၿမိဳ႕ခံေတာ္ေတာ္မ်ားမ်ားက သိတယ္ေပါ့ေနာ္” ဟု ၎က ဆိုသည္။
ထို႔ေၾကာင့္ ေသဆုံးသူ႐ုပ္အေလာင္းကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ၿပီး သက္ဆိုင္ရာတာဝန္ရွိသူတို႔က စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။