ပဲမျိုးစုံတင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ဝန်းကျင်အထိ ရရှိနေ

 295

NP News - ဖေဖော်ဝါရီ ၂၀

ပြည်တွင်းစိုက် ပဲမျိုးစုံကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ဝန်းကျင်အထိ နှစ်စဉ်ရရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံအတွင်းလယ်ယာထွက်ကုန်၊ ဆန် နှင့် ပဲမျိုးစုံတင်ပို့မှုများအနက် နိုင်ငံခြားဝင်ငွေ၏ ၃၈ ရာခိုင်နှုန်းကို နှစ်စဉ် ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာသန်းပေါင်း ၁၀၀၀ ကျော်မှ ၁၅၀၀ ခန့်အထိ ရရှိနေခြင်းကြောင့် ပဲမျိုးစုံသီးနှံသည် တောင်သူများအတွက် ဝင်ငွေရ သီးနှံဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအကြားတွင် ပဲမျိုးစုံအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး နှစ်စဉ်စပါးစိုက်ဧက ၁၇ သန်းကျော်နှင့် ပဲမျိုးစုံစိုက်ဧက ၁၀ သန်းကျော်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပဲမျိုးစုံစိုက်ပျိုးမှုသည် စပါးပြီးလျှင် ဒုတိယအရေးကြီးသည့် သီးနှံဖြစ်ကြောင်း နှင့် တစ်နိုင်ငံလုံးအနေ ဖြင့်လည်း လယ်ယာစိုက်ပျိုးထုတ်လုပ်မှု၏ ၃ ပုံ ၁ ပုံခန့်အား ပဲအမျိုးမျိုး စိုက်ပျိုးနေခြင်းဖြစ်ပြီး စိုက်ဧက၏ ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံစိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအရ ကမ္ဘာ့အဆင့် ၂ နှင့် အဆင့် ၃ နေရာတို့တွင်ရှိနေပြီး မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းတို့မှာပြည်ပဈေးကွက်သို့အများဆုံးတင်ပို့နေသည့် ပဲများဖြစ်သည်။
၎င်းတို့ကို ပဲစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းအထိ စိုက်ပျိုးထားသည့်အပြင် ကျန် ၂၈ ရာခိုင်နှုန်း၌ ပဲပုပ်၊ မြေထောက်ပဲ၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွန်း၊ စားတော်ပဲစသည့် အခြား ပဲမျိုးအစားများကို စိုက်ပျိုးထားသည်။
ထို့အပြင် သီးထပ်စိုက်ပျိုးခြင်းမပြုသည့် စိုက်ပျိုးမြေဧက ၇ သန်းကျော်တွင်လည်း ပဲများ အောင်မြင်စွာ စိုက်ပျိုးနိုင် မည်ဆိုပါက ပို့ကုန်ပမာဏမြောက်များစွာတိုးတက်လာချေရှိကြောင်း သိရသည်။

Zawgyi Version:
ပဲမ်ိဳးစုံတင္ပို႔မႈမွ ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္းေပါင္း ၁၅၀၀ ဝန္းက်င္အထိ ရရွိေန
NP News - ေဖေဖာ္ဝါရီ ၂၀

ျပည္တြင္းစိုက္ ပဲမ်ိဳးစုံကို ျပည္ပႏိုင္ငံအသီးသီးသို႔ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ သန္းေပါင္း ၁၅၀၀ ဝန္းက်င္အထိ ႏွစ္စဥ္ရရွိေနေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနမွ သိရသည္။
ႏိုင္ငံအတြင္းလယ္ယာထြက္ကုန္၊ ဆန္ ႏွင့္ ပဲမ်ိဳးစုံတင္ပို႔မႈမ်ားအနက္ ႏိုင္ငံျခားဝင္ေငြ၏ ၃၈ ရာခိုင္ႏႈန္းကို ႏွစ္စဥ္ ပဲမ်ိဳးစုံတင္ပို႔မႈမွ ကန္ေဒၚလာသန္းေပါင္း ၁၀၀၀ ေက်ာ္မွ ၁၅၀၀ ခန႔္အထိ ရရွိေနျခင္းေၾကာင့္ ပဲမ်ိဳးစုံသီးႏွံသည္ ေတာင္သူမ်ားအတြက္ ဝင္ေငြရ သီးႏွံျဖစ္ေနေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ကမာၻ႔ႏိုင္ငံမ်ားအၾကားတြင္ ပဲမ်ိဳးစုံအမ်ားဆုံးစိုက္ပ်ိဳးထုတ္လုပ္သည့္ ႏိုင္ငံတစ္ခုျဖစ္ၿပီး ႏွစ္စဥ္စပါးစိုက္ဧက ၁၇ သန္းေက်ာ္ႏွင့္ ပဲမ်ိဳးစုံစိုက္ဧက ၁၀ သန္းေက်ာ္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ပဲမ်ိဳးစုံစိုက္ပ်ိဳးမႈသည္ စပါးၿပီးလွ်င္ ဒုတိယအေရးႀကီးသည့္ သီးႏွံျဖစ္ေၾကာင္း ႏွင့္ တစ္ႏိုင္ငံလုံးအေန ျဖင့္လည္း လယ္ယာစိုက္ပ်ိဳးထုတ္လုပ္မႈ၏ ၃ ပုံ ၁ ပုံခန႔္အား ပဲအမ်ိဳးမ်ိဳး စိုက္ပ်ိဳးေနျခင္းျဖစ္ၿပီး စိုက္ဧက၏ ၂၀ ရာခိုင္ႏႈန္းမွာ ပဲမ်ိဳးစုံစိုက္ပ်ိဳးေနျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈအရ ကမာၻ႔အဆင့္ ၂ ႏွင့္ အဆင့္ ၃ ေနရာတို႔တြင္ရွိေနၿပီး မတ္ပဲ၊ ပဲစင္းငုံ ႏွင့္ ပဲတီစိမ္းတို႔မွာျပည္ပေဈးကြက္သို႔အမ်ားဆုံးတင္ပို႔ေနသည့္ ပဲမ်ားျဖစ္သည္။
၎တို႔ကို ပဲစိုက္ဧက၏ ၇၂ ရာခိုင္ႏႈန္းအထိ စိုက္ပ်ိဳးထားသည့္အျပင္ က်န္ ၂၈ ရာခိုင္ႏႈန္း၌ ပဲပုပ္၊ ေျမေထာက္ပဲ၊ ကုလားပဲ၊ ေထာပတ္ပဲ၊ ပဲလြန္း၊ စားေတာ္ပဲစသည့္ အျခား ပဲမ်ိဳးအစားမ်ားကို စိုက္ပ်ိဳးထားသည္။
ထို႔အျပင္ သီးထပ္စိုက္ပ်ိဳးျခင္းမျပဳသည့္ စိုက္ပ်ိဳးေျမဧက ၇ သန္းေက်ာ္တြင္လည္း ပဲမ်ား ေအာင္ျမင္စြာ စိုက္ပ်ိဳးႏိုင္မည္ဆိုပါက ပို႔ကုန္ပမာဏေျမာက္မ်ားစြာတိုးတက္လာေခ်ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.