ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာ အိမ်ခန်းများအား ဝင်ငွေနည်းပြီးနေရေးအခက်အခဲရှိသည့်ဝန်ထမ်းများကို (၃)လ အကြေပေးစနစ်ဖြင့် ရောင်းချပေးမည်

2735

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၀
ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာ အိမ်ခန်းများအား ဝင်ငွေနည်းပြီးနေရေးအခက်အခဲရှိသည့်ဝန်ထမ်းများကို (၃)လ အကြေပေးစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ရိုးမရိပ်သာအိမ်ရာအိမ်ခန်းရောင်းချရေးကော်မတီက ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၁)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းပေါ်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီးသော ရိုးမရိမ်သာတန်ဖိုးနည်းအိမ်ရာ အိမ်ခန်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအိမ်ခန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများအနက် ဝင်ငွေနည်းပြီး နေရေးအခက်အခဲရှိသည့် ဦးစီးအရာရှိနှင့် အောက်ဝန်ထမ်းများကို (၃)လအတွင်း အကြေပေးသွင်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဝယ်ယူလိုသည့် ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဦးစီးမှူးများ၏ ထောက်ခံတင်ပြချက်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ဖေဖော်ဝါရီ(၁၃)ရက်မှ (၂၁)ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လျှောက်လွှာများ ဝယ်ယူရ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသတ်မှတ်လျှောက်လွှာများကိုဖြည့်စွက်ပြီး ဖေဖော်ဝါရီ(၁၇)ရက်မှ (၂၅)ရက်အတွင်း ရန်ကုန်တိုင်းဒေသ ကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ပေးပို့လျှောက်ထားရန် ရိုးမရိပ်သာအိမ်ရာ အိမ်ခန်းရောင်းချရေး ကော်မတီက အသိပေးထားသည်။
လျှောက်လွှာတင်သွင်းသူများအနေဖြင့် သတ်မှတ်ထားသော တိုက်ခန်းတန်ဖိုးငွေကို တစ်လုံးတည်း အကြေပေးသွင်းခြင်း (သို့မဟုတ်) (၃)လအတွင်း အရစ်ကျပေးသွင်းနိုင်သူဖြစ်ရန်လိုပြီး ပျက်ကွက်ပါက ဝယ်ယူခွင့်ကို ပယ်ဖျက်သည်အထိ အရေးယူခြင်းခံရနိုင်ကြောင်း အသိပေးထားသည်။

Zawgyi Version:
႐ိုးမရိပ္သာတန္ဖိုးနည္းအိမ္ရာ အိမ္ခန္းမ်ားအား ဝင္ေငြနည္းၿပီးေနေရးအခက္အခဲရွိသည့္ဝန္ထမ္းမ်ားကို (၃)လ အေၾကေပးစနစ္ျဖင့္ ေရာင္းခ်ေပးမည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၀
႐ိုးမရိပ္သာတန္ဖိုးနည္းအိမ္ရာ အိမ္ခန္းမ်ားအား ဝင္ေငြနည္းၿပီးေနေရးအခက္အခဲရွိသည့္ဝန္ထမ္းမ်ားကို (၃)လ အေၾကေပးစနစ္ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။
႐ိုးမရိပ္သာအိမ္ရာအိမ္ခန္းေရာင္းခ်ေရးေကာ္မတီက ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၁)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၁၆၈)ရပ္ကြက္၊ ႐ိုးမရိပ္သာလမ္းေပၚရွိ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ တည္ေဆာက္ၿပီးစီးေသာ ႐ိုးမရိမ္သာတန္ဖိုးနည္းအိမ္ရာ အိမ္ခန္းမ်ားကို ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါအိမ္ခန္းမ်ားကို ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တာဝန္ထမ္းေဆာင္ဆဲဝန္ထမ္းမ်ားအနက္ ဝင္ေငြနည္းၿပီး ေနေရးအခက္အခဲရွိသည့္ ဦးစီးအရာရွိႏွင့္ ေအာက္ဝန္ထမ္းမ်ားကို (၃)လအတြင္း အေၾကေပးသြင္းစနစ္ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ေကာ္မတီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ဝယ္ယူလိုသည့္ ဝန္ထမ္းမ်ားအေနျဖင့္ သက္ဆိုင္ရာ တိုင္းဦးစီးမႉးမ်ား၏ ေထာက္ခံတင္ျပခ်က္ႏွင့္အတူ ရန္ကုန္တိုင္းေဒသႀကီးၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး ၫႊန္ၾကားေရးမႉး႐ုံးတြင္ ေဖေဖာ္ဝါရီ(၁၃)ရက္မွ (၂၁)ရက္အတြင္း သတ္မွတ္ထားသည့္ စည္းကမ္းမ်ားႏွင့္အညီ ေလွ်ာက္လႊာမ်ား ဝယ္ယူရ မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါသတ္မွတ္ေလွ်ာက္လႊာမ်ားကိုျဖည့္စြက္ၿပီး ေဖေဖာ္ဝါရီ(၁၇)ရက္မွ (၂၅)ရက္အတြင္း ရန္ကုန္တိုင္းေဒသ ႀကီး ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနသို႔ ေပးပို႔ေလွ်ာက္ထားရန္ ႐ိုးမရိပ္သာအိမ္ရာ အိမ္ခန္းေရာင္းခ်ေရး ေကာ္မတီက အသိေပးထားသည္။
ေလွ်ာက္လႊာတင္သြင္းသူမ်ားအေနျဖင့္ သတ္မွတ္ထားေသာ တိုက္ခန္းတန္ဖိုးေငြကို တစ္လုံးတည္း အေၾကေပးသြင္းျခင္း (သို႔မဟုတ္) (၃)လအတြင္း အရစ္က်ေပးသြင္းႏိုင္သူျဖစ္ရန္လိုၿပီး ပ်က္ကြက္ပါက ဝယ္ယူခြင့္ကို ပယ္ဖ်က္သည္အထိ အေရးယူျခင္းခံရႏိုင္ေၾကာင္း အသိေပးထားသည္။