၂ဝ၂၄-၂ဝ၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်များ

452

ရဲထက် (NP News) - ဖေဖော်ဝါရီ ၂၁
ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာတော့ အသင်းကြီးတွေရဲ့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် ရက်သတ္တပတ်ကို စောင့်ကြည့်ရဖို့ရှိ နေပါတယ်။ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်အမှတ်ပေးဖယားကို လီဗာပူးလ်အသင်းက ဦးဆောင်ထားပြီး အာဆင်နယ်အသင်းက အနီးကပ်ဆုံးအနေအထားမှာ ဖိအားပေးနေသလို နော်တင်ဖောရက်ဒီ ရာသီတိုးတက်လာမှုနဲ့ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းပြန်လည်ကောင်းမွန်လာမှုတွေက ပွဲစဉ်တိုင်းလိုလို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့်ကာလထဲကို ရောက်ရှိလာခဲ့ပြီလို့လည်း ပြောလို့ရနေပါတယ်။ မန်စီးတီးအသင်းကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ကာကွယ်ဖို့ဆိုတာထက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် ကိုတောင် စိတ်ချထားလို့မရတဲ့ အခြေအနေမျိုး မှာရောက်ရှိနေပါတယ်။ မန်ယူအသင်းနဲ့ စပါးစ်အသင်းတို့ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုကတော့ ဒီရာသီမှာ သိသာထင်ရှားလာပြီဖြစ်ပြီး ရာသီကုန်မှာ ဉရောပ ပြိုင်ပွဲတွေနဲ့ ဝေးကွာသွားနိုင်မယ့် အလားအလာတွေ ကိုမြင်တွေ့နေရပါတယ်။ ဒါ့ပြင် ဒီတစ်ပတ်အတွက် အကောင်းဆုံးပြိုင်ဆိုင်မှုဖြစ်လာမယ့် မန်စီတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုလည်း စောင့်ကြည့်ရဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းကြီးတွေရဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၂၅)အတွက် ခြေစွမ်းနဲ့ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။
မန်စီးတီး Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၂ - ၂ မန်စီးတီး (၁-၁၂-၂ဝ၂၄)
လီဗာပူးလ် ၁ - ၁ မန်စီးတီး (၁ဝ-၃-၂ဝ၂၄)
မန်စီးတီး ၂ - ဝ လီဗာပူးလ် (၂၅-၁၁-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၁ - ၁ လီဗာပူးလ်
မန်စီးတီး ၂ - ၁ လီဗာပူးလ်
ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို အပြောင်းအလဲလုပ်နိုင်မှာမဟုတ်ပေမယ့် လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလမ်းကြောင်းကို ကြိမ်းသေပေါက်ရမှတ်လျော့အောင်လုပ်ဖို့ မန်စီးတီးမှာ အခွင့်အရေးရှိနေပါတယ်။ နောက်တစ်ချက်ကတော့ ဂုဏ်သိက္ခာပိုင်းအရလည်း နှစ်သင်းလုံးက အမှားမခံဘဲ တစ်ဖက်နဲ့တစ်ဖက် ထိန်းကန်သွားဖို့ရှိနေပါတယ်။ မန်စီးတီးအသင်းကို ပြီးခဲ့တဲ့နှစ်တွေမှာ ဖြတ်ကျော်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့အသင်းဟာ လီဗာပူးလ်အသင်းတစ်သင်းသာရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းဟာ (၄)နှစ်ဆက် ပရီမီးယားလိဂ်ဖလားကို ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီမှာတော့ မန်စီးတီးအသင်းကို လီဗာပူးလ်အသင်းက ရမှတ်(၁၄)မှတ်အထိဖြတ်တောက်ထားတဲ့အပြင် တစ်ပွဲပါလျော့ကန်ထားတာကြောင့် မန်စီးတီးအသင်းကိုကျော်ဖြတ်ပြီး ချန်ပီယံထပ်ဖြစ်ဖို့အခွင့်အရေးက ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု တွေအရတော့ ဒီနှစ်သင်းတွေ့တိုင်း သွင်းဂိုးတွေများများစားစားမြင်တွေ့ရလေ့မရှိတာကိုတွေ့ရပြီး နိုင်ပွဲထက် သရေကျတဲ့ ပွဲစည်အရေအတွက်က ပိုများခဲ့တာကိုတွေ့ရပါတယ်။ ဒီနှစ်ရာသီ ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်မှာ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ (၂)ဂိုးပြတ်နဲ့ အနိုင်ရထားကိုတွေ့ရပြီး ဒီနှစ်ရာသီမှာ မန်စီးတီးအသင်းထက် အဘက်ဘက်က ပိုကောင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းနိုင်ခဲ့ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် အခြေအနေကောင်းသွားနိုင်ပြီး လီဗာပူးလ်အသင်းနိုင်ခဲ့ရင်တော့ ဒီရာသီမှာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခွင့်အရေးပိုများသွားပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်က သရေကျဖို့များပြီး မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ အခြေအနေပိုကောင်းနိုင်ပေမယ့် ခြေစွမ်းပိုင်းမှာတော့ လီဗာပူးလ်အသင်းက ပိုကောင်းတာကြောင့် နိုင်ပွဲအနေနဲ့ဆိုရင် လီဗာပူးလ်အသင်းက (၁)ဂိုးလောက်အကွာနဲ့ ကပ်နိုင်ဖို့ရှိပါတယ်။
အက်စတွန်ဗီလာ Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၃ - ဝ အက်စတွန်ဗီလာ (၁-၁၂-၂ဝ၂၄)
အက်စတွန်ဗီလာ ၂ - ၂ ချဲလ်ဆီး (၂၈-၄-၂ဝ၂၄)
ချဲလ်ဆီး ဝ - ၁ အက်စတွန်ဗီလာ (၂၄-၉-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အက်စတွန်ဗီလာ ၃ - ၂ ချဲလ်ဆီး
အက်စတွန်ဗီလာ ၂ - ၂ ချဲလ်ဆီး
အက်စတွန်ဗီလာအသင်းက ဒီရာသီမှာ မနှစ်ကထက် ခြေစွမ်းပိုင်းမှာ ကျဆင်းနေပေမယ့် ချဲလ်ဆီးအသင်းကို ရင်ဆိုင်ဖို့ လုံလောက်တဲ့ လူစာရင်းအပြင် ခြေစွမ်းခြေစလည်းရှိနေပါတယ်။ ဒါ့ပြင် အက်စတွန်ဗီလာအသင်းက မန်ယူအသင်းရဲ့ တိုက်စစ်မှူး မားကပ် ရက်စ်ဖို့ဒ်ကို ခေါ်ယူလိုက်တာကြောင့် တိုက်စစ်ပိုင်းမှာ ပိုပြီးအင်အား တောင်းတင်းလာနိုင်တာကြောင့် ချဲလ်ဆီးအသင်းရဲ့ နောက်တန်းကို အကောင်းဆုံး ဒုက္ခပေးနိုင်မှာ သေချာနေ ပါတယ်။ ချဲလ်ဆီးအသင်းကတော့ အသင်းကတော့ ကစားသမားအများစုထွက်ခွာဖို့ရှိနေပြီး ခြေစွမ်းပိုင်း တည်ငြိမ်သူတွေကို နေရာပေးဖို့ရှိနေတာကြောင့် ကစားသမားအင်အားပိုင်းမှာ အရင်လိုမဟုတ်တော့ တာသေချာပါတယ်။ ဒါပေမဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ အခြားအသင်းတွေက ကစားသမားတွေထက်ပိုကောင်းတဲ့ အတွဲအဖက်ကို ပိုင်ဆိုင်ထားတာကြောင့် ချိန်ပီယံဝင်ခွင့်တစ်နေရာရဖို့အတွက် အကောင်းဆုံးပုံစံတစ်ရပ်ကို ချပြလာဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်(၃)ပွဲမှာ (၂)ပွဲရှုံးထားတာကိုတွေ့ရပြီး အက်စတွန်ဗီလာအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်(၃)ပွဲမှာ(၂)ပွဲနိုင်ထားတာကိုတွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှာ နောက်ဆုံး(၃)ပွဲမှာ ချဲလ်ဆီးအသင်းက (၂)ပွဲအနိုင်ရထားတာကိုတွေ့ရပါတယ်။ ချဲလ်ဆီးအသင်းနိုင်မယ်ဆိုရင်တော့ အမှတ်ပေးဇယားမှာ ချန်ပီယံဝင်ခွင့်အတွက် အခြေအနေကောင်းသွားနိုင်ပြီး အက်စတွန်ဗီလာအသင်းကတော့ ယူရိုပါလိဂ်ဝင်ခွင်တစ်နေရာကို ရရှိနိုင်ဖို့ အခွင့်အရေးရှိသွားနိုင်ပါမယ်။ ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရရင် အက်စတွန်ဗီလာအသင်းက ပထမအကြိမ်ချဲလ်ဆီးအိမ်ကွင်းမှာ (၃)ဂိုးပြတ်နဲ့ ရှုံးထားတာကြောင့် အိမ်ကွင်းမှာ ပြန်လည်လက်စားချေဖို့ ပြင်ဆင်လာနိုင်တဲ့အပြင် ကစားသမားအင်အားပါ ထပ်ဖြည့်ထားတာကြောင့် ဒီပွဲစဉ်က ချဲလ်ဆီးအသင်းနိုင်ပွဲရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များပါတယ်။ နိုင်ပွဲအနေနဲ့ကတော့ အိမ်ကွင်းဖြစ်တဲ့ အက်စတွန်ဗီလာက နိုင်ဖို့များပါတယ်။
အာဆင်နယ် Vs ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဝက်စ်ဟမ်း ၂ - ၅ အာဆင်နယ် (၁-၁၂-၂ဝ၂၄)
ဝက်စ်ဟမ်း ဝ - ၆ အာဆင်နယ် (၁၁-၂-၂ဝ၂၄)
အာဆင်နယ် ဝ - ၂ ဝက်စ်ဟမ်း (၂၉-၁၂-၂ဝ၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ဝ ဝက်စ်ဟမ်း
အာဆင်နယ် ၃ - ဝ ဝက်စ်ဟမ်း
အာဆင်နယ်အသင်းဟာ ဝေဖန်မှုတွေကြာကနေ ပြန်လည် ရုန်းထလာနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဆုဖလားတွေကို ရယူနိုင်စွမ်းမရှိသေးတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းမှာရှိ နေတဲ့ ကောင်းတဲ့အချက်တွေကဘာလဲဆိုရင် နိုင်ပွဲရလိုမှု စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကစားသမားတွေရဲ့ အချိတ်အဆက်မိမှုနဲ့ နည်းပြ အာတီတာလက်ထက်က အာဆင်နယ်အသင်းဟာ ဘယ်အသင်းကိုမဆို အနိုင်ကန် လို့ရနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း လီဗာပူးလ်အသင်းကို အကောင်းဆုံးဖိအားပေး ထားပြီး အမှတ်ပေးဇလားအတွက် တိုက်ပွဲဝင်နေတာကိုတွေ့ရပါတယ်။ ပြောရရင် ဒီနှစ်ရာသီ ကစားပွဲတစ်ပွဲ အပေါ် စိတ်အားထက်သန်းမှုအကြမ်းဆုံးအသင်းက အာဆင်နယ်လို့တောင်ပြောလို့ရနေပါတယ်။ ဒါပေမဲ့လည်း အရေးကြီးတဲ့ပွဲစဉ်တွေမှာ အနိုင်မရတာကပဲ အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တာပါ။ ဝက်စ်ဟမ်းအသင်းကတော့ အာဆင်နယ်အသင်းထက် အဘက်ဘက်က ကျဆင်းနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ကန်ခဲ့တဲ့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၃)ပွဲလုံးကို ရှုံးနိမ့်ထားတာကြောင့် ဒီပွဲစဉ်မှာလည်း အာဆင်နယ်အသင်းကိုအနိုင်ရဖို့ လွယ်ကူနေမှာမဟုတ်တာ သေချာပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က ဝက်စ်ဟမ်းအသင်းအိမ်ကွင်းဖြစ်ပေမယ့် အာဆင်နယ်အသင်းက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့ ဒီပွဲစဉ်ကို သေချာပေါက်အနိုင်ကန်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းကပဲ ဂိုးပြတ်ရလဒ်နဲ့ (၃)မှတ်ရယူသွားနိုင်ပါတယ်။
အဲဗာတန် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၄ - ဝ အဲဗာတန် (၁-၁၂-၂ဝ၂၄)
မန်ယူ ၂ - ဝ အဲဗာတန် (၉-၃-၂ဝ၂၄)
အဲဗာတန် ဝ - ၁ မန်ယူ (၂၆-၁၁-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အဲဗာတန် ၁ - ၂ မန်ယူ
အဲဗာတန် ဝ - ၂ မန်ယူ
မန်ယူအသင်းက လက်ရှိမှာ ခြေစွမ်းပိုင်းအရကြည့်ရင် ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်မှားကန်နေသလားလို့တောင် ထင်မှတ်စရာရှိနေပါတယ်။ အမှတ်ပေးဇယားမှာ အဆင့်(၁ဝ)အောက်မှာ ရှိနေတာက ပျော်စရာကောင်းတဲ့ ရလဒ်မဟုတ်သလို မန်ယူအသင်းလို အစဉ်အလာကြီးမားတဲ့ အသင်းတစ်သင်းအတွက် လက်ခံပေးလို့မရတဲ့ ခြေစွမ်းမျိုးတွေဖြစ်ပါတယ်။ ဒါ့ပြင် နည်းပြအပြောင်းအလဲလုပ်ထားတာကလည်း ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ယှဉ်လိုက်ရင် ကွာဟချက်တွေများစွာရှိနေသေးတာကြောင့် မန်ယူအသင်းတွေနဲ့ အရည်အသွေးမြင့် ကစာသမားတွေကို မြန်မြန်အစားထိုးနိုင်မှသာ လိုချင်တဲ့ ရလဒ်တစ်ခုကို ပုံဖော်နိုင်မှာလည်းဖြစ်ပါမယ်။ လက်ရှိခြေစွမ်းအရတော့ ပရီးမီးယားလိဂ်ရဲ့ တန်းတက်အသင်းတွေကတောင် မန်ယူအသင်းကို အနိုင်ယူ နိုင်စွမ်းရှိနေတာကို မြင်တွေ့နေရပါတယ်။ ရာသီကုန်မှာ ဉရောပဝင်ခွင့်အားလုံးဆုံးရှုံး သွားနိုင်မလားဆိုတာ ကိုလည်းစောင့်ကြည့်ရဖို့ရှိနေသေးပြီး လာမယ့်ပွဲစဉ်တိုင်းကိုလည်း နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ အဲဗာတန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တိုင်းလိုလိုမှာတော့ မန်ယူအသင်းကပဲ နိုင်ပွဲအများစုကို ရယူထားနိုင်ပြီး ရလဒ်ကောင်းနေတာကြောင့် ဒီပွဲစဉ်ကတော့ မန်ယူအသင်း အတွက် နိုင်ပွဲရဖို့ အခွင့်အရေးရှိနေပါတယ်။ ဒါပေမဲ့အဝေးကွင်းဖြစ်နေတဲ့အပြင် ယုံလို့မရသေးတဲ့ ခြေစွမ်းတွေ ကြောင့် ဒီပွဲစဉ်က မန်ယူအသင်းနိုင်မယ်ဆိုရင်တောင် ဂိုးမပြတ်ပါဘူး။ အပြန်အလှန်သွင်းဂိုးတွေတော့ မြင်တွေ့ရ နိုင်ပါတယ်။
နယူးကာဆယ် Vs ဖောရက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖောရက်စ် ၁ - ၃ နယူးကာဆယ် (၁ဝ-၁၂-၂ဝ၂၄)
ဖောရက်စ် ၂ - ၃ နယူးကာဆယ် (၁၁-၂-၂ဝ၂၄)
နယူးကာဆယ် ၁ - ၃ ဖောရက်စ် (၂၆-၁၂-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် Vs ဖောရက်စ်
နယူးကာဆယ် Vs ဖောရက်စ်
ဒီပွဲစဉ်က နော်တင်ဖောရက်စ်အသင်းအတွက် ခက်ခဲနိုင်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး နယူကာဆယ်အသင်းကို ရင်ဆိုင်နိုင်ဖို့ လွယ်ကူမနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီမှာ မထင်မှတ်ထားတဲ့ ရလဒ်မျိုးတွေကို အံ့အားသင့်ဖွယ်ပုံဖော်နေတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးလည်းရှိနေ ပြန်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ နော်တင်ဖောရက်စ်အသင်းက နယူကာဆယ်အသင်းနဲ့တွေ့တိုင် ရုန်းကန်ရလေ့ရှိပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပွဲစဉ်(၃)ပွဲဆက် နယူးကာဆယ်အသင်းကို ရှုံးထားတာတွေ့ရပါတယ်။ နယူးကာဆယ်အသင်းကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်းကျဆင်းပြီး မန်ယူနဲ့စပါးစ်တို့လိုမျိုးရုန်းကန်နေရတာကို တွေ့ရပါတယ်။ ဒါပေမဲ့ နော်တင်ဖော ရက်စ်ကိုတော့ အကောင်းဆုံးရင်ဆိုင်လာဖို့ရှိပြီး နိုင်ပွဲရဖို့ထက် နော်တင်ဖောရက်စ်ရဲ့ အမြင့်ပျံခရီးကို န့်တားနိုင်တာကြောင့် ဒီပွဲစဉ်က သရေကျဖို့များ အပြန်အလှန်သွင်းဂိုးတွေကိုပါ မြင်တွေ့ရနိုင်ပါတယ်။ နိုင်ပွဲအနေနဲ့ကတော့ အိမ်ကွင်းဖြစ်တဲ့ နယူးကာဆယ်အသင်းက နိုင်ပါမယ်။
-----------------------------------------------------------------------------------------------------------------------------------------
၂၂- ၂ -၂ဝ၂၅ (စနေနေ့ညပိုင်း)
ည(၇းဝဝ) အဲဗာတန် Vs မန်ယူ
ည(၉း၃ဝ) အာဆင်နယ် Vs ဝက်စ်ဟမ်း
ည(၁၂းဝဝ) အက်စတွန်ဗီလာ Vs ချဲလ်ဆီး
၂၃-၂-၂ဝ၂၅ (တနင်္ဂနွေနေ့ညပိုင်း)
ည(၈း၃ဝ) နယူးကာဆယ် Vs ချဲလ်ဆီး
ည(၁၁းဝဝ) မန်စီးတီး Vs လီဗာပူးလ်

Zawgyi Version:
၂ဝ၂၄-၂ဝ၂၅ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၆) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေဖေဖာ္ဝါရီ ၂၁
ပရီးမီးယားလိဂ္ပြဲစဥ္(၂၆)မွာေတာ့ အသင္းႀကီးေတြရဲ႕ ၿပိဳင္ဆိုင္မႈျပင္းထန္မယ့္ ရက္သတၱပတ္ကို ေစာင့္ၾကည့္ရဖို႔ရွိ ေနပါတယ္။ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္အမွတ္ေပးဖယားကို လီဗာပူးလ္အသင္းက ဦးေဆာင္ထားၿပီး အာဆင္နယ္အသင္းက အနီးကပ္ဆုံးအေနအထားမွာ ဖိအားေပးေနသလို ေနာ္တင္ေဖာရက္ဒီ ရာသီတိုးတက္လာမႈနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ေျခစြမ္းျပန္လည္ေကာင္းမြန္လာမႈေတြက ပြဲစဥ္တိုင္းလိုလို ရင္ခုန္စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ရမယ့္ကာလထဲကို ေရာက္ရွိလာခဲ့ၿပီလို႔လည္း ေျပာလို႔ရေနပါတယ္။ မန္စီးတီးအသင္းကေတာ့ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားကို ကာကြယ္ဖို႔ဆိုတာထက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးအတြက္ ကိုေတာင္ စိတ္ခ်ထားလို႔မရတဲ့ အေျခအေနမ်ိဳး မွာေရာက္ရွိေနပါတယ္။ မန္ယူအသင္းနဲ႔ စပါးစ္အသင္းတို႔ရဲ႕ ေျခစြမ္းပိုင္းက်ဆင္းမႈကေတာ့ ဒီရာသီမွာ သိသာထင္ရွားလာၿပီျဖစ္ၿပီး ရာသီကုန္မွာ ဉေရာပ ၿပိဳင္ပြဲေတြနဲ႔ ေဝးကြာသြားႏိုင္မယ့္ အလားအလာေတြ ကိုျမင္ေတြ႕ေနရပါတယ္။ ဒါ့ျပင္ ဒီတစ္ပတ္အတြက္ အေကာင္းဆုံးၿပိဳင္ဆိုင္မႈျဖစ္လာမယ့္ မန္စီတီးအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကိုလည္း ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာလည္း NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ အသင္းႀကီးေတြရဲ႕ ပရီးမီးယား လိဂ္ပြဲစဥ္(၂၅)အတြက္ ေျခစြမ္းနဲ႔ျဖစ္ႏိုင္ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။
မန္စီးတီး Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၂ - ၂ မန္စီးတီး (၁-၁၂-၂ဝ၂၄)
လီဗာပူးလ္ ၁ - ၁ မန္စီးတီး (၁ဝ-၃-၂ဝ၂၄)
မန္စီးတီး ၂ - ဝ လီဗာပူးလ္ (၂၅-၁၁-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၁ - ၁ လီဗာပူးလ္
မန္စီးတီး ၂ - ၁ လီဗာပူးလ္
ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို အေျပာင္းအလဲလုပ္ႏိုင္မွာမဟုတ္ေပမယ့္ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလမ္းေၾကာင္းကို ႀကိမ္းေသေပါက္ရမွတ္ေလ်ာ့ေအာင္လုပ္ဖို႔ မန္စီးတီးမွာ အခြင့္အေရးရွိေနပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ဂုဏ္သိကၡာပိုင္းအရလည္း ႏွစ္သင္းလုံးက အမွားမခံဘဲ တစ္ဖက္နဲ႔တစ္ဖက္ ထိန္းကန္သြားဖို႔ရွိေနပါတယ္။ မန္စီးတီးအသင္းကို ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ျဖတ္ေက်ာ္ၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းဟာ လီဗာပူးလ္အသင္းတစ္သင္းသာရွိခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာ မန္စီးတီးအသင္းဟာ (၄)ႏွစ္ဆက္ ပရီမီးယားလိဂ္ဖလားကို ရရွိႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္ရာသီမွာေတာ့ မန္စီးတီးအသင္းကို လီဗာပူးလ္အသင္းက ရမွတ္(၁၄)မွတ္အထိျဖတ္ေတာက္ထားတဲ့အျပင္ တစ္ပြဲပါေလ်ာ့ကန္ထားတာေၾကာင့္ မန္စီးတီးအသင္းကိုေက်ာ္ျဖတ္ၿပီး ခ်န္ပီယံထပ္ျဖစ္ဖို႔အခြင့္အေရးက ရွိေနခဲ့ၿပီပဲျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈ ေတြအရေတာ့ ဒီႏွစ္သင္းေတြ႕တိုင္း သြင္းဂိုးေတြမ်ားမ်ားစားစားျမင္ေတြ႕ရေလ့မရွိတာကိုေတြ႕ရၿပီး ႏိုင္ပြဲထက္ သေရက်တဲ့ ပြဲစည္အေရအတြက္က ပိုမ်ားခဲ့တာကိုေတြ႕ရပါတယ္။ ဒီႏွစ္ရာသီ ထိပ္တိုက္ေတြ႕ဆုံမႈ တစ္ႀကိမ္မွာ လီဗာပူးလ္အသင္းက အိမ္ကြင္းမွာ (၂)ဂိုးျပတ္နဲ႔ အႏိုင္ရထားကိုေတြ႕ရၿပီး ဒီႏွစ္ရာသီမွာ မန္စီးတီးအသင္းထက္ အဘက္ဘက္က ပိုေကာင္းေနတာကိုေတြ႕ရမွာျဖစ္ပါတယ္။ မန္စီးတီးအသင္းႏိုင္ခဲ့ရင္ေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာအတြက္ အေျခအေနေကာင္းသြားႏိုင္ၿပီး လီဗာပူးလ္အသင္းႏိုင္ခဲ့ရင္ေတာ့ ဒီရာသီမွာ လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးပိုမ်ားသြားၿပီလို႔ ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ပြဲစဥ္က သေရက်ဖို႔မ်ားၿပီး မန္စီးတီးအသင္းကေတာ့ အိမ္ကြင္းမွာ အေျခအေနပိုေကာင္းႏိုင္ေပမယ့္ ေျခစြမ္းပိုင္းမွာေတာ့ လီဗာပူးလ္အသင္းက ပိုေကာင္းတာေၾကာင့္ ႏိုင္ပြဲအေနနဲ႔ဆိုရင္ လီဗာပူးလ္အသင္းက (၁)ဂိုးေလာက္အကြာနဲ႔ ကပ္ႏိုင္ဖို႔ရွိပါတယ္။
အက္စတြန္ဗီလာ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၃ - ဝ အက္စတြန္ဗီလာ (၁-၁၂-၂ဝ၂၄)
အက္စတြန္ဗီလာ ၂ - ၂ ခ်ဲလ္ဆီး (၂၈-၄-၂ဝ၂၄)
ခ်ဲလ္ဆီး ဝ - ၁ အက္စတြန္ဗီလာ (၂၄-၉-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အက္စတြန္ဗီလာ ၃ - ၂ ခ်ဲလ္ဆီး
အက္စတြန္ဗီလာ ၂ - ၂ ခ်ဲလ္ဆီး
အက္စတြန္ဗီလာအသင္းက ဒီရာသီမွာ မႏွစ္ကထက္ ေျခစြမ္းပိုင္းမွာ က်ဆင္းေနေပမယ့္ ခ်ဲလ္ဆီးအသင္းကို ရင္ဆိုင္ဖို႔ လုံေလာက္တဲ့ လူစာရင္းအျပင္ ေျခစြမ္းေျခစလည္းရွိေနပါတယ္။ ဒါ့ျပင္ အက္စတြန္ဗီလာအသင္းက မန္ယူအသင္းရဲ႕ တိုက္စစ္မႉး မားကပ္ ရက္စ္ဖို႔ဒ္ကို ေခၚယူလိုက္တာေၾကာင့္ တိုက္စစ္ပိုင္းမွာ ပိုၿပီးအင္အား ေတာင္းတင္းလာႏိုင္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္တန္းကို အေကာင္းဆုံး ဒုကၡေပးႏိုင္မွာ ေသခ်ာေန ပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ အသင္းကေတာ့ ကစားသမားအမ်ားစုထြက္ခြာဖို႔ရွိေနၿပီး ေျခစြမ္းပိုင္း တည္ၿငိမ္သူေတြကို ေနရာေပးဖို႔ရွိေနတာေၾကာင့္ ကစားသမားအင္အားပိုင္းမွာ အရင္လိုမဟုတ္ေတာ့ တာေသခ်ာပါတယ္။ ဒါေပမဲ့ ကြင္းလယ္နဲ႔ တိုက္စစ္မွာ အျခားအသင္းေတြက ကစားသမားေတြထက္ပိုေကာင္းတဲ့ အတြဲအဖက္ကို ပိုင္ဆိုင္ထားတာေၾကာင့္ ခ်ိန္ပီယံဝင္ခြင့္တစ္ေနရာရဖို႔အတြက္ အေကာင္းဆုံးပုံစံတစ္ရပ္ကို ခ်ျပလာဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ပြဲစဥ္(၃)ပြဲမွာ (၂)ပြဲရႈံးထားတာကိုေတြ႕ရၿပီး အက္စတြန္ဗီလာအသင္းကေတာ့ ေနာက္ဆုံးကစားခဲ့တဲ့ပြဲစဥ္(၃)ပြဲမွာ(၂)ပြဲႏိုင္ထားတာကိုေတြ႕ရပါတယ္။ ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမွာ ေနာက္ဆုံး(၃)ပြဲမွာ ခ်ဲလ္ဆီးအသင္းက (၂)ပြဲအႏိုင္ရထားတာကိုေတြ႕ရပါတယ္။ ခ်ဲလ္ဆီးအသင္းႏိုင္မယ္ဆိုရင္ေတာ့ အမွတ္ေပးဇယားမွာ ခ်န္ပီယံဝင္ခြင့္အတြက္ အေျခအေနေကာင္းသြားႏိုင္ၿပီး အက္စတြန္ဗီလာအသင္းကေတာ့ ယူ႐ိုပါလိဂ္ဝင္ခြင္တစ္ေနရာကို ရရွိႏိုင္ဖို႔ အခြင့္အေရးရွိသြားႏိုင္ပါမယ္။ ရလဒ္ပိုင္းအေနနဲ႔ ခန႔္မွန္းရရင္ အက္စတြန္ဗီလာအသင္းက ပထမအႀကိမ္ခ်ဲလ္ဆီးအိမ္ကြင္းမွာ (၃)ဂိုးျပတ္နဲ႔ ရႈံးထားတာေၾကာင့္ အိမ္ကြင္းမွာ ျပန္လည္လက္စားေခ်ဖို႔ ျပင္ဆင္လာႏိုင္တဲ့အျပင္ ကစားသမားအင္အားပါ ထပ္ျဖည့္ထားတာေၾကာင့္ ဒီပြဲစဥ္က ခ်ဲလ္ဆီးအသင္းႏိုင္ပြဲရဖို႔ ခက္ခဲႏိုင္ပါတယ္။ ဒါေၾကာင့္ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်ဖို႔မ်ားပါတယ္။ ႏိုင္ပြဲအေနနဲ႔ကေတာ့ အိမ္ကြင္းျဖစ္တဲ့ အက္စတြန္ဗီလာက ႏိုင္ဖို႔မ်ားပါတယ္။
အာဆင္နယ္ Vs ဝက္စ္ဟမ္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဝက္စ္ဟမ္း ၂ - ၅ အာဆင္နယ္ (၁-၁၂-၂ဝ၂၄)
ဝက္စ္ဟမ္း ဝ - ၆ အာဆင္နယ္ (၁၁-၂-၂ဝ၂၄)
အာဆင္နယ္ ဝ - ၂ ဝက္စ္ဟမ္း (၂၉-၁၂-၂ဝ၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ဝ ဝက္စ္ဟမ္း
အာဆင္နယ္ ၃ - ဝ ဝက္စ္ဟမ္း
အာဆင္နယ္အသင္းဟာ ေဝဖန္မႈေတြၾကာကေန ျပန္လည္ ႐ုန္းထလာႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိ ဆုဖလားေတြကို ရယူႏိုင္စြမ္းမရွိေသးတာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းမွာရွိ ေနတဲ့ ေကာင္းတဲ့အခ်က္ေတြကဘာလဲဆိုရင္ ႏိုင္ပြဲရလိုမႈ စိတ္ဓာတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈနဲ႔ ကစားသမားေတြရဲ႕ အခ်ိတ္အဆက္မိမႈနဲ႔ နည္းျပ အာတီတာလက္ထက္က အာဆင္နယ္အသင္းဟာ ဘယ္အသင္းကိုမဆို အႏိုင္ကန္ လို႔ရေနတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း လီဗာပူးလ္အသင္းကို အေကာင္းဆုံးဖိအားေပး ထားၿပီး အမွတ္ေပးဇလားအတြက္ တိုက္ပြဲဝင္ေနတာကိုေတြ႕ရပါတယ္။ ေျပာရရင္ ဒီႏွစ္ရာသီ ကစားပြဲတစ္ပြဲ အေပၚ စိတ္အားထက္သန္းမႈအၾကမ္းဆုံးအသင္းက အာဆင္နယ္လို႔ေတာင္ေျပာလို႔ရေနပါတယ္။ ဒါေပမဲ့လည္း အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ အႏိုင္မရတာကပဲ အာဆင္နယ္အသင္းအတြက္ ႀကီးမားတဲ့ သက္ေရာက္မႈေတြ ျဖစ္ေစခဲ့တာပါ။ ဝက္စ္ဟမ္းအသင္းကေတာ့ အာဆင္နယ္အသင္းထက္ အဘက္ဘက္က က်ဆင္းေနတဲ့ အသင္းတစ္သင္းျဖစ္တဲ့ အာဆင္နယ္အသင္းနဲ႔ ကန္ခဲ့တဲ့ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ (၃)ပြဲလုံးကို ရႈံးနိမ့္ထားတာေၾကာင့္ ဒီပြဲစဥ္မွာလည္း အာဆင္နယ္အသင္းကိုအႏိုင္ရဖို႔ လြယ္ကူေနမွာမဟုတ္တာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က ဝက္စ္ဟမ္းအသင္းအိမ္ကြင္းျဖစ္ေပမယ့္ အာဆင္နယ္အသင္းက လီဗာပူးလ္အသင္းနဲ႔ အမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ ဒီပြဲစဥ္ကို ေသခ်ာေပါက္အႏိုင္ကန္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္းကပဲ ဂိုးျပတ္ရလဒ္နဲ႔ (၃)မွတ္ရယူသြားႏိုင္ပါတယ္။
အဲဗာတန္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၄ - ဝ အဲဗာတန္ (၁-၁၂-၂ဝ၂၄)
မန္ယူ ၂ - ဝ အဲဗာတန္ (၉-၃-၂ဝ၂၄)
အဲဗာတန္ ဝ - ၁ မန္ယူ (၂၆-၁၁-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အဲဗာတန္ ၁ - ၂ မန္ယူ
အဲဗာတန္ ဝ - ၂ မန္ယူ
မန္ယူအသင္းက လက္ရွိမွာ ေျခစြမ္းပိုင္းအရၾကည့္ရင္ ယူ႐ိုပါလိဂ္နဲ႔ ပရီးမီးယားလိဂ္မွားကန္ေနသလားလို႔ေတာင္ ထင္မွတ္စရာရွိေနပါတယ္။ အမွတ္ေပးဇယားမွာ အဆင့္(၁ဝ)ေအာက္မွာ ရွိေနတာက ေပ်ာ္စရာေကာင္းတဲ့ ရလဒ္မဟုတ္သလို မန္ယူအသင္းလို အစဥ္အလာႀကီးမားတဲ့ အသင္းတစ္သင္းအတြက္ လက္ခံေပးလို႔မရတဲ့ ေျခစြမ္းမ်ိဳးေတြျဖစ္ပါတယ္။ ဒါ့ျပင္ နည္းျပအေျပာင္းအလဲလုပ္ထားတာကလည္း ကစားသမားေတြရဲ႕ ေျခစြမ္းနဲ႔ယွဥ္လိုက္ရင္ ကြာဟခ်က္ေတြမ်ားစြာရွိေနေသးတာေၾကာင့္ မန္ယူအသင္းေတြနဲ႔ အရည္အေသြးျမင့္ ကစာသမားေတြကို ျမန္ျမန္အစားထိုးႏိုင္မွသာ လိုခ်င္တဲ့ ရလဒ္တစ္ခုကို ပုံေဖာ္ႏိုင္မွာလည္းျဖစ္ပါမယ္။ လက္ရွိေျခစြမ္းအရေတာ့ ပရီးမီးယားလိဂ္ရဲ႕ တန္းတက္အသင္းေတြကေတာင္ မန္ယူအသင္းကို အႏိုင္ယူ ႏိုင္စြမ္းရွိေနတာကို ျမင္ေတြ႕ေနရပါတယ္။ ရာသီကုန္မွာ ဉေရာပဝင္ခြင့္အားလုံးဆုံးရႈံး သြားႏိုင္မလားဆိုတာ ကိုလည္းေစာင့္ၾကည့္ရဖို႔ရွိေနေသးၿပီး လာမယ့္ပြဲစဥ္တိုင္းကိုလည္း ႏိုင္ပြဲေတြ ျပန္လည္ရယူႏိုင္ဖို႔ မျဖစ္မေန လိုအပ္ေနတဲ့အေနအထားမ်ိဳးျဖစ္ပါတယ္။ အဲဗာတန္အသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္တိုင္းလိုလိုမွာေတာ့ မန္ယူအသင္းကပဲ ႏိုင္ပြဲအမ်ားစုကို ရယူထားႏိုင္ၿပီး ရလဒ္ေကာင္းေနတာေၾကာင့္ ဒီပြဲစဥ္ကေတာ့ မန္ယူအသင္း အတြက္ ႏိုင္ပြဲရဖို႔ အခြင့္အေရးရွိေနပါတယ္။ ဒါေပမဲ့အေဝးကြင္းျဖစ္ေနတဲ့အျပင္ ယုံလို႔မရေသးတဲ့ ေျခစြမ္းေတြ ေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္းႏိုင္မယ္ဆိုရင္ေတာင္ ဂိုးမျပတ္ပါဘူး။ အျပန္အလွန္သြင္းဂိုးေတြေတာ့ ျမင္ေတြ႕ရ ႏိုင္ပါတယ္။
နယူးကာဆယ္ Vs ေဖာရက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဖာရက္စ္ ၁ - ၃ နယူးကာဆယ္ (၁ဝ-၁၂-၂ဝ၂၄)
ေဖာရက္စ္ ၂ - ၃ နယူးကာဆယ္ (၁၁-၂-၂ဝ၂၄)
နယူးကာဆယ္ ၁ - ၃ ေဖာရက္စ္ (၂၆-၁၂-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
နယူးကာဆယ္ Vs ေဖာရက္စ္
နယူးကာဆယ္ Vs ေဖာရက္စ္
ဒီပြဲစဥ္က ေနာ္တင္ေဖာရက္စ္အသင္းအတြက္ ခက္ခဲႏိုင္တဲ့ ပြဲစဥ္တစ္ပြဲျဖစ္ၿပီး နယူကာဆယ္အသင္းကို ရင္ဆိုင္ႏိုင္ဖို႔ လြယ္ကူမေနတဲ့ အေနအထားျဖစ္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္ရာသီမွာ မထင္မွတ္ထားတဲ့ ရလဒ္မ်ိဳးေတြကို အံ့အားသင့္ဖြယ္ပုံေဖာ္ေနတဲ့ အသင္းတစ္သင္းျဖစ္တာေၾကာင့္ ဘာမဆိုျဖစ္သြားႏိုင္တဲ့ အေျခအေနမ်ိဳးလည္းရွိေန ျပန္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြအရ ေနာ္တင္ေဖာရက္စ္အသင္းက နယူကာဆယ္အသင္းနဲ႔ေတြ႕တိုင္ ႐ုန္းကန္ရေလ့ရွိၿပီး ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္(၃)ပြဲဆက္ နယူးကာဆယ္အသင္းကို ရႈံးထားတာေတြ႕ရပါတယ္။ နယူးကာဆယ္အသင္းကေတာ့ ဒီရာသီမွာ ေျခစြမ္းပိုင္းက်ဆင္းၿပီး မန္ယူနဲ႔စပါးစ္တို႔လိုမ်ိဳး႐ုန္းကန္ေနရတာကို ေတြ႕ရပါတယ္။ ဒါေပမဲ့ ေနာ္တင္ေဖာ ရက္စ္ကိုေတာ့ အေကာင္းဆုံးရင္ဆိုင္လာဖို႔ရွိၿပီး ႏိုင္ပြဲရဖို႔ထက္ ေနာ္တင္ေဖာရက္စ္ရဲ႕ အျမင့္ပ်ံခရီးကို န႔္တားႏိုင္တာေၾကာင့္ ဒီပြဲစဥ္က သေရက်ဖို႔မ်ား အျပန္အလွန္သြင္းဂိုးေတြကိုပါ ျမင္ေတြ႕ရႏိုင္ပါတယ္။ ႏိုင္ပြဲအေနနဲ႔ကေတာ့ အိမ္ကြင္းျဖစ္တဲ့ နယူးကာဆယ္အသင္းက ႏိုင္ပါမယ္။
-----------------------------------------------------------------------------------------------------------------------------------------
၂၂- ၂ -၂ဝ၂၅ (စေနေန႔ညပိုင္း)
ည(ရးဝဝ) အဲဗာတန္ Vs မန္ယူ
ည(၉း၃ဝ) အာဆင္နယ္ Vs ဝက္စ္ဟမ္း
ည(၁၂းဝဝ) အက္စတြန္ဗီလာ Vs ခ်ဲလ္ဆီး
၂၃-၂-၂ဝ၂၅ (တနဂၤေႏြေန႔ညပိုင္း)
ည(၈း၃ဝ) နယူးကာဆယ္ Vs ခ်ဲလ္ဆီး
ည(၁၁းဝဝ) မန္စီးတီး Vs လီဗာပူးလ္