ကိုယ်စားအသေခံပေးနေသော အညာ PDF များ တောပုန်းဘဝဖြင့် ဇာတ်မသိမ်းရေး ကိုယ်တိုင်တွေးတောရန်လိုဟု ဆို

 2348

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၂၂

ကိုယ်စားအသေခံပေးနေသော အညာ PDF များအနေဖြင့် တောပုန်းဘဝဖြင့် ဇာတ်မသိမ်းရေး ကိုယ်တိုင်တွေးတော ရန်လိုကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News သို့ပြော သည်။
အညာဒေသမှ PDF များသည် ရှမ်းပြည်နယ် မြောက်ပိုင်းက MNDAA၊ TNLA တို့၏ နယ်မြေလုတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ကြကာ သေကြေမှုများကို ကြုံတွေ့ရသကဲ့သို့ လက်ရှိ AA ၏ လက်အောက်သို့ ခိုဝင်ကာ တိုက်ခိုက်ပေးနေခြင်းများလည်း ရှိသည်။
ထိုသို့တိုက်ခိုက်မှုများ ပြုလုပ်ပေးသည့်အတွက် လက်နက်ရရှိသည်ဟုဆိုသော်လည်း ၎င်းတို့ပေးဆပ်ရသော အမြင့်ဆုံးတန်ဖိုးမှာ အသက်ဖြစ်ပြီး ဒုတိယအမြင့်ဆုံးတန်ဖိုးမှာ ဒုက္ခိတအဖြစ် တသက်လုံးနေထိုင်သွားရခြင်း ဖြစ်သည်။
ထို့အပြင် ရှမ်းမြောက်က အချို့နေရာများတွင် အညာ PDF များက ကူညီတိုက်ခိုက်ပေးခဲ့သော်လည်း တိုက်ပွဲအပြီး တွင် နေရာပေး မခံရခြင်းများကိုလည်း ကြုံတွေ့နေကြရကြောင်း သိရသည်။
အချို့ကလည်း လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖွဲ့၏လက်အောက်သို့ခိုဝင်ကာ မိမိတို့နယ်မြေကို ပြန်လည်တိုက်ခိုက်ရန် ခေါ်ဆောင်ခဲ့ကြရာ နယ်မြေဒေသခံများမှာ စစ်၏ဆိုးကျိုးကို ပြင်းပြင်းထန်ထန်ခံစားရသည့်အပြင် အုပ်ချုပ်ရေး အပိုင်းတွင်လည်း ၎င်းတို့ခေါ်ယူခဲ့သူများက နေရာမပေးခြင်းများကို ကြုံတွေ့နေသည်။
“ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါစို့။ လက်ရှိ ဗမာ PDF ဆိုတာကလည်း အညာသားအများစုပေါ့နော်။ ခုနက စစ်ကိုင်း၊ မကွေး၊ မန္တလေးဘက်လည်း ပါတာပေါ့။ အညာသားအများစုဟာ အဓိက ကပေါ့ သူတို့ရဲ့စည်းရိုးတွေ၊ သမိုင်းကြောင်းတွေကို လိုက်ကြည့်လိုက်။ ခေါင်းဆောင်ကောင်းရှိတယ်။ ခံယူချက်မှန်ကန်တယ်။ လမ်းစဉ်လည်း မှန်ကန်တယ်ဆိုရင် အင်ပါယာထောင်နိုင်ခဲ့တယ်။ ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ကိုကြည့်။ ဘယ်သူစလည်းဆိုရင် အညာသားတွေပဲ အဲဒီမှာ စုစည်းပြီးတော့ တကယ့်ခေါင်းဆောင်ကောင်းတွေ၊ နောက်လိုက်ကောင်းတွေ စုစည်းပြီး လုပ်သွားခဲ့ကြတာ။ ဒါ အညာသားတွေရဲ့ ကောင်းသောအချက်” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။
သို့သော် ခေါင်းဆောင်ကောင်းမရှိဘဲ ခံယူချက်ဝေဝါးကာ မည်သည့်လမ်းစဉ်ကို လိုက်ရမှန်းမသိပါက နောက်လိုက် တောပုန်းဘဝဖြင့်သာ ဇာတ်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခု ကျွန်တော်တို့ တော်တော်များများကြည့်လိုက်လို့ရှိရင် အရှေ့မြောက်ဒေသပွဲဖြစ်စေ၊ ရခိုင်ဒေသ ပွဲပဲဖြစ်စေ၊ ဘယ်နားမှာပဲဖြစ်ဖြစ် ခုနကပြောတဲ့ အညာသားPDFတွေက သွားသွားပြီး ကိုယ်စား အသေခံပြီး တိုက်နေကြတယ်။ အဲဒီတော့ ပြဿနာက ဘာဖြစ်လာလည်းဆိုတော့ သူတို့ရဲ့နယ်မြေဒေသမှာ တကယ်ကိုအရွယ်ကောင်း တိုက်နိုင်၊ ခိုက်နိုင်တဲ့လူအင်အား ရှားပါးလာလိုက်မယ်။ စစ်ပွဲဆိုတာတော့ဗျာ ပွင့်ပွင့်လင်းလင်းပြောရရင် ပန်းနဲ့ပေါက်နေတာ မဟုတ်ဘူး။ သေကြေမှုဆိုတာ ရှိတယ်။ သူတို့ကိုယ်တိုင်လည်း ဘယ်လောက်သေကြေ တယ်ဆိုတာ သိတာပဲ။ အဲဒီတော့ အညာဒေသမှာ ခုနကလို သေကြေပျက်စီးမှုများလို့ လူငယ်၊ လူရွယ်နည်းသွားပြီ၊ လူဦးရေတိုးတက်မှု အတွက် အဟန့်အတားဖြစ်သွားပြီဆိုရင် သူတို့နေရာကို သူတို့အဲဒီတုန်းက ကိုယ်စားခံပြီးတိုက်ပေးခဲ့တဲ့ တိုင်းရင်း သားတွေ ဝင်ပြီးတော့ သူ့တို့နယ်မြေတွေကို ဝင်လာလိမ့်မယ်။ အဲဒါကိုတော့ သူတို့ နားလည်ဖို့ လိုသွားလိမ့်မယ်” ဟု ၎င်းက ဆိုသူသည်။
အညာ PDF များအနေဖြင့် ကိုယ်တိုင်အမြင်မှန်ပြီးလုပ်ကိုင်နိုင်မှသာ လမ်းကြောင်းမှန်သို့ ပြန်ရောက်နိုင်မည်ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
“ကိုယ့်ကိုယ်ကိုအမြင်မှန်ပြီးလုပ်မှဘဲ သူတို့လမ်းကြောင်းမှန်မှန် ပြန်ရောက်ပါလိမ့်မယ်။ အဲဒီတော့ အချိန်ကတော့ မနှောင်းသေးဘူးပေါ့နော်။ ဆက်ပြီးတော့ ဒီလမ်းစဉ်က သွားလို့အောင်မြင်နိုင်လား၊ မအောင်မြင်နိုင်လား ကိုယ်ကို တိုင်တွေးဖို့တော့ လိုတယ်။ အတွေးခေါ်ကောင်းရင်တော့ အဆင်ပြေမှာပေါ့” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။

Zawgyi Version:
ကိုယ္စားအေသခံေပးေနေသာ အညာ PDF မ်ား ေတာပုန္းဘဝျဖင့္ ဇာတ္မသိမ္းေရး ကိုယ္တိုင္ေတြးေတာရန္လိုဟု ဆို
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၂၂

ကိုယ္စားအေသခံေပးေနေသာ အညာ PDF မ်ားအေနျဖင့္ ေတာပုန္းဘဝျဖင့္ ဇာတ္မသိမ္းေရး ကိုယ္တိုင္ေတြးေတာ ရန္လိုေၾကာင္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက NP News သို႔ေျပာ သည္။
အညာေဒသမွ PDF မ်ားသည္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက MNDAA၊ TNLA တို႔၏ နယ္ေျမလုတိုက္ပြဲမ်ားတြင္ ပါဝင္တိုက္ခိုက္ခဲ့ၾကကာ ေသေၾကမႈမ်ားကို ႀကဳံေတြ႕ရသကဲ့သို႔ လက္ရွိ AA ၏ လက္ေအာက္သို႔ ခိုဝင္ကာ တိုက္ခိုက္ေပးေနျခင္းမ်ားလည္း ရွိသည္။
ထိုသို႔တိုက္ခိုက္မႈမ်ား ျပဳလုပ္ေပးသည့္အတြက္ လက္နက္ရရွိသည္ဟုဆိုေသာ္လည္း ၎တို႔ေပးဆပ္ရေသာ အျမင့္ဆုံးတန္ဖိုးမွာ အသက္ျဖစ္ၿပီး ဒုတိယအျမင့္ဆုံးတန္ဖိုးမွာ ဒုကၡိတအျဖစ္ တသက္လုံးေနထိုင္သြားရျခင္း ျဖစ္သည္။
ထို႔အျပင္ ရွမ္းေျမာက္က အခ်ိဳ႕ေနရာမ်ားတြင္ အညာ PDF မ်ားက ကူညီတိုက္ခိုက္ေပးခဲ့ေသာ္လည္း တိုက္ပြဲအၿပီး တြင္ ေနရာေပး မခံရျခင္းမ်ားကိုလည္း ႀကဳံေတြ႕ေနၾကရေၾကာင္း သိရသည္။
အခ်ိဳ႕ကလည္း လက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕ဖြဲ႕၏လက္ေအာက္သို႔ခိုဝင္ကာ မိမိတို႔နယ္ေျမကို ျပန္လည္တိုက္ခိုက္ရန္ ေခၚေဆာင္ခဲ့ၾကရာ နယ္ေျမေဒသခံမ်ားမွာ စစ္၏ဆိုးက်ိဳးကို ျပင္းျပင္းထန္ထန္ခံစားရသည့္အျပင္ အုပ္ခ်ဳပ္ေရး အပိုင္းတြင္လည္း ၎တို႔ေခၚယူခဲ့သူမ်ားက ေနရာမေပးျခင္းမ်ားကို ႀကဳံေတြ႕ေနသည္။
“ပြင့္ပြင့္လင္းလင္းပဲ ေျပာၾကပါစို႔။ လက္ရွိ ဗမာ PDF ဆိုတာကလည္း အညာသားအမ်ားစုေပါ့ေနာ္။ ခုနက စစ္ကိုင္း၊ မေကြး၊ မႏၲေလးဘက္လည္း ပါတာေပါ့။ အညာသားအမ်ားစုဟာ အဓိက ကေပါ့ သူတို႔ရဲ႕စည္း႐ိုးေတြ၊ သမိုင္းေၾကာင္းေတြကို လိုက္ၾကည့္လိုက္။ ေခါင္းေဆာင္ေကာင္းရွိတယ္။ ခံယူခ်က္မွန္ကန္တယ္။ လမ္းစဥ္လည္း မွန္ကန္တယ္ဆိုရင္ အင္ပါယာေထာင္ႏိုင္ခဲ့တယ္။ ပထမ ျမန္မာႏိုင္ငံေတာ္၊ ဒုတိယျမန္မာႏိုင္ငံေတာ္၊ တတိယျမန္မာႏိုင္ငံေတာ္ကိုၾကည့္။ ဘယ္သူစလည္းဆိုရင္ အညာသားေတြပဲ အဲဒီမွာ စုစည္းၿပီးေတာ့ တကယ့္ေခါင္းေဆာင္ေကာင္းေတြ၊ ေနာက္လိုက္ေကာင္းေတြ စုစည္းၿပီး လုပ္သြားခဲ့ၾကတာ။ ဒါ အညာသားေတြရဲ႕ ေကာင္းေသာအခ်က္” ဟု ဦးသိန္းထြန္းဦးက ဆိုသည္။
သို႔ေသာ္ ေခါင္းေဆာင္ေကာင္းမရွိဘဲ ခံယူခ်က္ေဝဝါးကာ မည္သည့္လမ္းစဥ္ကို လိုက္ရမွန္းမသိပါက ေနာက္လိုက္ ေတာပုန္းဘဝျဖင့္သာ ဇာတ္သိမ္းသြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“အခု ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ားၾကည့္လိုက္လို႔ရွိရင္ အေရွ႕ေျမာက္ေဒသပြဲျဖစ္ေစ၊ ရခိုင္ေဒသ ပြဲပဲျဖစ္ေစ၊ ဘယ္နားမွာပဲျဖစ္ျဖစ္ ခုနကေျပာတဲ့ အညာသားPDFေတြက သြားသြားၿပီး ကိုယ္စား အေသခံၿပီး တိုက္ေနၾကတယ္။ အဲဒီေတာ့ ျပႆနာက ဘာျဖစ္လာလည္းဆိုေတာ့ သူတို႔ရဲ႕နယ္ေျမေဒသမွာ တကယ္ကိုအ႐ြယ္ေကာင္း တိုက္ႏိုင္၊ ခိုက္ႏိုင္တဲ့လူအင္အား ရွားပါးလာလိုက္မယ္။ စစ္ပြဲဆိုတာေတာ့ဗ်ာ ပြင့္ပြင့္လင္းလင္းေျပာရရင္ ပန္းနဲ႔ေပါက္ေနတာ မဟုတ္ဘူး။ ေသေၾကမႈဆိုတာ ရွိတယ္။ သူတို႔ကိုယ္တိုင္လည္း ဘယ္ေလာက္ေသေၾက တယ္ဆိုတာ သိတာပဲ။ အဲဒီေတာ့ အညာေဒသမွာ ခုနကလို ေသေၾကပ်က္စီးမႈမ်ားလို႔ လူငယ္၊ လူ႐ြယ္နည္းသြားၿပီ၊ လူဦးေရတိုးတက္မႈ အတြက္ အဟန႔္အတားျဖစ္သြားၿပီဆိုရင္ သူတို႔ေနရာကို သူတို႔အဲဒီတုန္းက ကိုယ္စားခံၿပီးတိုက္ေပးခဲ့တဲ့ တိုင္းရင္း သားေတြ ဝင္ၿပီးေတာ့ သူ႔တို႔နယ္ေျမေတြကို ဝင္လာလိမ့္မယ္။ အဲဒါကိုေတာ့ သူတို႔ နားလည္ဖို႔ လိုသြားလိမ့္မယ္” ဟု ၎က ဆိုသူသည္။
အညာ PDF မ်ားအေနျဖင့္ ကိုယ္တိုင္အျမင္မွန္ၿပီးလုပ္ကိုင္ႏိုင္မွသာ လမ္းေၾကာင္းမွန္သို႔ ျပန္ေရာက္ႏိုင္မည္ျဖစ္ ေၾကာင္းလည္း ၎က ေျပာသည္။
“ကိုယ့္ကိုယ္ကိုအျမင္မွန္ၿပီးလုပ္မွဘဲ သူတို႔လမ္းေၾကာင္းမွန္မွန္ ျပန္ေရာက္ပါလိမ့္မယ္။ အဲဒီေတာ့ အခ်ိန္ကေတာ့ မေႏွာင္းေသးဘူးေပါ့ေနာ္။ ဆက္ၿပီးေတာ့ ဒီလမ္းစဥ္က သြားလို႔ေအာင္ျမင္ႏိုင္လား၊ မေအာင္ျမင္ႏိုင္လား ကိုယ္ကို တိုင္ေတြးဖို႔ေတာ့ လိုတယ္။ အေတြးေခၚေကာင္းရင္ေတာ့ အဆင္ေျပမွာေပါ့” ဟု ဦးသိန္းထြန္းဦးက ဆိုသည္။

Related news

© 2021. All rights reserved.