“တေးသံရှင် မာရဇ္ဇရဲ့ ရုပ်ပုံအပါအဝင် တေးသီချင်းတွေကို ခွင့်ပြုချက်မရှိပါက အသုံးပြုခွင့်မရှိ”

 1626

အိဖြူ(NP News) - ဖေဖော်ဝါရီလ ၂၃

NP News ရဲ့ အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် " တေးသံရှင် မာရဇ္ဇရဲ့ရုပ်ပုံအပါအဝင် တေးသီချင်းတွေကို ခွင့်ပြုချက်မရှိပါက အသုံးပြုခွင့်မရှိ၊ ဒါရိုက်တာစင်ရော်မောင်မောင် ထုတ်ဝေဖြန့်ချိလိုက်တဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ" စတဲ့ အနုပညာရပ်ဝန်းက သတင်း အကြောင်းတွေကို ပြောပြပေးပါမယ်။

တေးသံရှင်မာရဇ္ဇရဲ့ ရုပ်ပုံ အပါအဝင် တေးသီချင်းတွေကို ခွင့်ပြုချက်မရှိဘဲအသုံးပြုခွင့်မရှိကြောင်း ကြေညာ
တေးသံရှင် မာရဇ္ဇရဲ့ဇနီးဖြစ်သူ ‌ဒေါ်စန်းစန်းဝင်း (၈/မလန(နိုင်)ဝ၀၂၃၃၇) က တေးသံရှင်မာရဇ္ဇ မကွယ်လွန်ခင် ရေးသား သီဆိုခဲ့တဲ့ တေးသီချင်းတွေနဲ့ပတ်သက်ပြီး ၎င်းထံမှ သဘောတူခွင့်ပြုချက်ကို ရယူခြင်း မရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကမျှ တေးသီချင်းများ၊ တေးစာသားများ၊ သံစဉ်များ အပါအဝင် မာရဇ္ဇ ရုပ်ပုံလွှာ ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မည်သည့်နေရာမှာမှ အသုံးပြုခြင်းမျိုး မပြုလုပ်ကြဖို့ တရားဝင်ကြေညာလိုက်ပါတယ်။
ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇရဲ့ဇနီး ဒေါ်စန်းစန်းဝင်းက (၂၀၂၅) ခုနှစ်၊ ဖေဖော်ဝါရီ (၁၇)ရက် ထုတ်ဝေ ဖြန့်ချိတဲ့ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းက အဆိုပါ အသိပေးကြေညာချက်အပေါ်လိုက်နာခြင်းမရှိပါက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခြင်းမျိုးလည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးထားပါတယ်။
မာရဇ္ဇ(ခ)ဦးသိန်းဇော်ဟာ ရန်ကုန်မြို့ ဗဟိုရ်စည်ဆေးရုံမှာ နာတာရှည်ကျောက်ကပ်ရောဂါနဲ့ (၂၀၂၅) ခုနှစ် နံနက် (၁၁)နာရီ (၇)မိနစ်က ကွယ်လွန်အနိစ္စရောက်သွားခြင်းဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာ အသက်(၅၈) နှစ်ရှိပြီဖြစ်ပါ တယ်။
တေးသံရှင်မာရဇ္ဇက ကိုယ်ပိုင်သံစဉ် တေးသီချင်းများကိုသာ ဖန်တီး၊ သီဆိုလေ့ရှိသူဖြစ်ပြီး၊ သူကိုယ်တိုင် ကလည်း ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေကို မြတ်နိုးတန်ဖိုးထားသူတစ်ဦးဖြစ်ကာ မျိုးဆက်သစ် လူငယ်အဆိုရှင် တွေကိုလည်း ကိုယ်ပိုင်သံစဉ်ကိုသာ ဖန်တီးသီဆိုကြဖို့ တိုက်တွန်းပြောကြားလေ့ရှိသူဖြစ်ပါတယ်။ သူဟာ ဂီတ အပေါ်သစ္စာရှိသူတစ်ဦးအဖြစ် နာမည်ဂုဏ်သတင်းကျော်ကြားသူဖြစ်ပါတယ်။
ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇ (ခ) ဦးသိန်းဇော်ရဲ့နာရေးဈာပနအခမ်းအနားကို ဇန်နဝါရီလ(၂၅)ရက်က ပြုလုပ်ခဲ့ကြကာ ကြွင်းကျန်ရစ်တဲ့ရုပ်ကလာပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေး သုဿာန်မှာ မီးသင်္ဂြိုလ်ခဲ့ပြီး ကျန်ရစ်သူမိသားစုနှင့်အတူ တေးသံရှင် ဂျေညီညီ၊ ဂရေဟမ်တို့မိသားစု၊ ဇော်ပိုင်၊ စည်သူလွင်၊ မေခလာ၊ ဖိုးကျော်၊ စိုင်းစိုင်းခမ်းလှိုင်၊ နန္ဒစိုင်း တို့အပါအဝင် ဂီတညီအစ်ကိုမောင်နှမများစွာက နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ခဲ့ ကြတာဖြစ်ပါတယ်။
"ဟင်္သာတို့ရဲ့နန်းတော်ရှေ့၊ ရင်သို့ တိုးဝှေ့ဆဲပါ ခိုင်၊ ဆွဲအား၊ မုန်းခိုင်းတိုင်းလည်း မမုန်းနိုင်ဘူး၊ အိပ်ရေးပျက်၊ ကဉ္ဇနာ၊ ချစ်လို့၊ မျှော်လင့်ခြင်းလမင်း၊ ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ" အစရှိတဲ့ မာရဇ္ဇရဲ့တေး သီချင်းများစွာက ဒီနေ့ထိတိုင် လူအများကြား ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ တေးသီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။

မေသန်းနုကို ဖတ်စေချင်ပါတယ်ဆိုတဲ့ ဒါရိုက်တာစင်ရော်မောင်မောင် ရေးသားထားတဲ့ "ကျွန်တော်နှင့် မေသန်းနု"
ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင်က "စင်ရော်မောင်မောင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်"ထဲမှာ ဇနီးဟောင်းဖြစ်သူ မင်းသမီးမေသန်းနုနဲ့ ချစ်ခရီးလမ်း စတင်ခဲ့ပုံ အမှတ်တရအကြောင်းအရာတွေကို "ကျွန်တော်နှင့် မေသန်းနု" ခေါင်းစဉ်ပေးကာ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။
"စင်ရော်မောင်မောင်ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်" မိတ်ဆက်ပွဲနဲ့ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကို (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ Junction City မြေညီထပ်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါစာအုပ်ထုတ်ဝေဖြန့်ချိမှုသတင်းနဲ့ စင်ရော်မောင်မောင်ရဲ့အင်တာဗျူးဖြေဆိုမှုသတင်းတွေ အွန်လိုင်းမီဒီယာများနဲ့ စာပေလောကအတွင်း ပျံ့နှံ့လာခဲ့ပြီးနောက် မင်းသမီး မေသန်းနုဘက်က တုံ့ပြန်ဖြေကြားမှု တချို့ စတင်ခဲ့ပါတယ်။ "၎င်းတို့ရဲ့အတိတ်ဟောင်းက ပုံတွေ ထည့်သွင်းဖော်ပြမှုအပေါ် အသိပေးခြင်းမရှိခဲ့တဲ့ အတွက် သဘောမတွေ့ကြောင်း နဲ့ ခွင့်ပြုချက်တောင်းခံသင့်ကြောင်း၊ ဒါရိုက်တာစင်ရော်မောင်မောင် ရေးသားတဲ့ အတိတ်ဖြစ်စဉ်တွေမှာ ၎င်းတို့ရဲ့အတိတ်ကဖြစ်စဉ်အကြောင်းတွေ ပါဝင်လာမှာကို သိရှိထားတာကြောင့် စာအုပ်ကို ဖတ်ဖို့မလိုအပ်တဲ့အပြင် ကိုယ့်အကြောင်းကိုယ်သာအသိဆုံးဖြစ်ကြောင်း" ထပ်ဆင့်အကယ်ဒမီ မင်းသမီးမေသန်းနု က မီဒီယာတွေထံ အတိအလင်းပြောဆိုခဲ့တာပါ။
တခြားတစ်ဖက်မှာတော့ ဒါရိုက်တာစင်ရော်မောင်မောင်က ၎င်းရေးသားထားတဲ့ "ကျွန်တော်နှင့် မေသန်းနု" အကြောင်းပါဝင်တဲ့ အဆိုပါစာအုပ်ကို အထူးသဖြင့် မဆင့် "အကယ်ဒမီမေသန်းနု" ကို ဖတ်ကြည့်စေချင် ကြောင်း မီဒီယာတွေထံ ပွင့်လင်းစွာ ဖြေဆိုထားတာကိုလည်း မြင်တွေ့ထားရပါတယ်။ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ကတော့ ဖခင်နဲ့ မိခင်ရဲ့အတိတ်ဖြစ်စဉ်အမှန်တရားတွေကို စာအုပ်အတွင်း ပြန်လည်ဖတ်ရှုခွင့်ရတဲ့အတွက် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပြီး မိဘနှစ်ပါးစလုံးရဲ့မေတ္တာတရားကြီးမားပုံကို တန်ဖိုးထားလေးစားမိကြောင်း၊ မိဘနှစ်ပါးစလုံးကို (၁၀ဝ) ရာခိုင်နှုန်းအပြည့်အဝ ထပ်တူချစ်ကြောင်း ဆိုခဲ့ပါတယ်။
အဆိုပါစာအုပ်ထုတ်ဝေနိုင်ရေးအတွက် ဒါရိုက်တာစင်ရော်မောင်မောင်အနေနဲ့ (၆) နှစ်ကျော်ကြာ အချိန်ယူရေးသားခဲ့ခြင်းဖြစ်တယ်လို့သိရကာ တချို့သောအကြောင်းအရာတွေကိုတော့ အကြောင်းအမျိုးမျိုး ကြောင့် ချန်လှပ်ခဲ့ရကြောင်း အနုပညာမီဒီယာတွေထံ ဝန်ခံထားပါတယ်။
"စင်ရော်မောင်မောင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်" ထဲမှာ ဘဝဖြစ်စဉ်အကြောင်းအရာ တစ်ခုချင်းစီအလိုက် ရေးသားဖော်ပြခဲ့သလို "ကျွန်တော်နှင့်မေသန်းနုတို့ရဲ့ ဘဝခရီးအစ" ခေါင်းစဉ်အပါအဝင် "စင်ရော် မိသားစု" ခေါင်းစဉ်အောက်မှာဆိုရင်လည်း မိသားစုအမှတ်တရပုံရိပ်လေးတွေကိုထည့်သွင်းကာ သားဖြစ်သူအပေါ်ထားရှိတဲ့ မိဘနှစ်ပါးရဲ့ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်တွေကိုလည်း ထည့်သွင်း ရေးသားထားခြင်းဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုအထိ ကျူးလွန်ခြင်းခံခဲ့ရကြောင်း သရုပ်ဆောင်ဘုန်းလျှံရဲ့ ဇနီးဖြစ်သူ ဖွင့်ဟမှုများ ရှိလာ
ရုပ်ရှင်သရုပ်ဆောင်ဘုန်းလျှံက ဇနီးဖြစ်သူ မမေသင်းမောင်အပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့ ကြောင်းကို ကာယကံရှင် မမေသင်းမောင် ကိုယ်တိုင်က မီဒီယာမှတစ်ဆင့် ဖွင့်ဟရင်ဖွင့်ခဲ့ပါတယ်။ အဲဒီအင်တာဗျူး ရုပ်သံပျံ့နှံ့လာပြီးနောက် အိမ်ထောင်ရေးအကြမ်းဖက်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံကို လူအများက ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ မမေသင်းမောင်က မီဒီယာရှေ့မှာ ဘုန်းလျှံဘက်က ခြိမ်းခြောက်ဆဲဆို ထားတဲ့အသံဖိုင်ကိုပါ ချပြခဲ့တာကြောင့် အိမ်ထောင်ရေးပြဿနာတွေက ကြီးမားလွန်းကြောင်း မှတ်ချက်ပြုကြပါ တယ်။ ဘုန်းလျှံအနေနဲ့ ဇနီးဖြစ်သူအပေါ် ဆဲဆိုကြိမ်းမောင်းခြင်း၊ လက်လိမ်ချိုးခြင်း၊ သရေခါးပတ်ကြိုးနဲ့ ရိုက်နှက်ခြင်း၊ တရွတ်တိုက်ဆွဲခေါ် ရိုက်နှက်ခြင်း၊ သတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်ပြောဆိုခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရ ကြောင်း ရင်ဖွင့်ထားတာပါ။ အိမ်ထောင်ရေးသက်တမ်းအတွင်း ဘုန်းလျှံရဲ့လုပ်ရပ်များကို ထုတ်ဖော် ပြောကြားခဲ့ရုံမက မေသင်းမောင်က " သူ့ကို ကျွန်မ ကတိ (၃) ခုပဲ တောင်းခဲ့ပါတယ်။ (၁) မူးယစ်ဆေး ပြန်မသုံးဖို့ (၂) ကိုယ်ထိလက်ရောက်မကျူးလွန်ဖို့၊ (၃) အိမ်ထောင်ရေး မဖောက်ပြန်ဖို့" ဆိုပြီး ကတိသုံးခုသာ တောင်းဆိုခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ၎င်းတို့ရဲ့အိမ်ထောင်ရေးမှာ မေသင်းမောင်အနေနဲ့ အိမ်ထောင်သက် ပထမတစ်လမှာတင် "အမျိုးသားဖြစ်သူ (ဘုန်းလျှံ) က တခြားအမျိုးသမီးတွေနဲ့ ပတ်သက် ဆက်နွယ်မှုတွေရှိခဲ့ကြောင်း၊ လိမ်ညာပြောဆိုခဲ့ကြောင်း၊ အနုပညာလောကအတွင်းမှ နာမည်လေးလုံးနဲ့ မင်းသမီး တစ်ဦးနဲ့လည်း ပတ်သက်မှုတွေရှိခဲ့ကြောင်း၊ ယုံကြည်မှု ပျက်ယွင်းစေခဲ့ကြောင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ ကြောင်း၊ ကိုယ်ဝန်သုံးကြိမ်တိုင်တိုင် ရရှိခဲ့ပေမယ့် သုံးကြိမ်လုံး သူ့ကြောင့် ပျက်ကျခဲ့ရကြောင်း" ရင်ဖွင့်ပြောပြထား ပါတယ်။
ဘုန်းလျှံက "အိမ်ထောင်ရေးမှာ လူတွေမထင်ထားတဲ့၊ မမြင်နိုင်တဲ့အကြောင်းအရာတွေ ရှိပါတယ်။ Toxic ဖြစ်တဲ့ နေရာက ရုန်းထွက်နိုင်ခဲ့ပြီ။ ကိုယ့်ကိုတန်ဖိုးထားတဲ့နေရာကို ပြောင်းလိုက်တာပါ။ အရာရာ မိန်းကလေး မှန်တယ်လို့လည်းပြောမရသလို ယောကျာ်လေးတိုင်းက အမြဲမှားနေတယ်လို့လည်း ပြောလို့မရပါဘူး၊ တစ်ခါတလေ မိန်းကလေးတွေ ပါဝါက ပိုကြီးပါတယ်။ ကိုယ်ဆုံးဖြတ်တဲ့အပေါ်မှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အကောင်းဆုံးရပ်တည်သွားမှာပါ" အစရှိတဲ့စကားတွေကို ၎င်းက ဦးစွာအနုပညာမီဒီယာတွေထံ ဖြေဆိုခဲ့တာပါ။ " လူအများရှေ့မှာ မိုးကြီးလေကြီးတွေ ပြောဆိုထားပြီး စောင့်ထိန်းတဲ့သီလက ပြောက်ကျားသီလဆိုရင်တော့ အလကားပါပဲ" လို့ မေသင်းမောင်က တုံ့ပြန်ထားပါတယ်။
၎င်းတို့နှစ်ဦးရဲ့အိမ်ထောင်ရေးပြဿနာက လူသိရှင်ကြား ထွက်ပေါ်လာတဲ့အတွက် လက်ရှိမှာ မဖုံးနိုင် မဖိနိုင်ဖြစ်နေပြီဖြစ်ကာ ဘုန်းလျှံကို "ခွေးမြီးကောက် ကျည်တောက်စွပ်" အဖြစ် ခိုင်းနှိုင်းပြောဆိုနေကြပြီဖြစ်ပါ တယ်။
မေသင်းမောင်ဘက်က ဘုန်းလျှံနဲ့ပတ်သက်ပြီး တရားဥပဒေနည်းလမ်းအတိုင်းဆက်လက်လုပ်ဆောင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း တရားဝင်အသိပေးကြေညာထားပါတယ်။
ဘုန်းလျှံဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ သုံးစွဲမှုနဲ့ ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ပြစ်ဒဏ် (၇) နှစ် ခံယူပြီးနောက် (၂၀၂၀) ပြည့်နှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့မှာ နိုင်ငံတော်ရဲ့လွတ်ငြိမ်းချမ်း သာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းတို့ဟာ (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလ (၆) ရက်က အရှေ့ပိုင်းခရိုင်တရားရုံးမှာ နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ေတးသံရွင္ မာရဇၨရဲ႕ ႐ုပ္ပုံအပါအဝင္ ေတးသီခ်င္းေတြကို ခြင့္ျပဳခ်က္မရွိပါက အသုံးျပဳခြင့္မရွိ”
အိျဖဴ(NP News) - ေဖေဖာ္ဝါရီလ ၂၃

NP News ရဲ႕ အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ " ေတးသံရွင္ မာရဇၨရဲ႕႐ုပ္ပုံအပါအဝင္ ေတးသီခ်င္းေတြကို ခြင့္ျပဳခ်က္မရွိပါက အသုံးျပဳခြင့္မရွိ၊ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္ ထုတ္ေဝျဖန႔္ခ်ိလိုက္တဲ့ ကိုယ္ေရးအတၳဳပၸတၱိ" စတဲ့ အႏုပညာရပ္ဝန္းက သတင္း အေၾကာင္းေတြကို ေျပာျပေပးပါမယ္။

ေတးသံရွင္မာရဇၨရဲ႕ ႐ုပ္ပုံ အပါအဝင္ ေတးသီခ်င္းေတြကို ခြင့္ျပဳခ်က္မရွိဘဲအသုံးျပဳခြင့္မရွိေၾကာင္း ေၾကညာ
ေတးသံရွင္ မာရဇၨရဲ႕ဇနီးျဖစ္သူ ‌ေဒၚစန္းစန္းဝင္း (၈/မလန(ႏိုင္)ဝ၀၂၃၃၇) က ေတးသံရွင္မာရဇၨ မကြယ္လြန္ခင္ ေရးသား သီဆိုခဲ့တဲ့ ေတးသီခ်င္းေတြနဲ႔ပတ္သက္ၿပီး ၎ထံမွ သေဘာတူခြင့္ျပဳခ်က္ကို ရယူျခင္း မရွိဘဲ မည္သူတစ္ဦးတစ္ေယာက္ကမွ် ေတးသီခ်င္းမ်ား၊ ေတးစာသားမ်ား၊ သံစဥ္မ်ား အပါအဝင္ မာရဇၨ ႐ုပ္ပုံလႊာ ကိုျဖစ္ေစ၊ တစ္စိတ္တစ္ေဒသကိုျဖစ္ေစ၊ တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္လည္းေကာင္း မည္သည့္ေနရာမွာမွ အသုံးျပဳျခင္းမ်ိဳး မျပဳလုပ္ၾကဖို႔ တရားဝင္ေၾကညာလိုက္ပါတယ္။
ကြယ္လြန္သူ ေတးသံရွင္ မာရဇၨရဲ႕ဇနီး ေဒၚစန္းစန္းဝင္းက (၂၀၂၅) ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁၇)ရက္ ထုတ္ေဝ ျဖန႔္ခ်ိတဲ့ ႏိုင္ငံပိုင္သတင္းစာမွတစ္ဆင့္ ထည့္သြင္းေၾကညာခဲ့ျခင္းျဖစ္ပါတယ္။ ဇနီးျဖစ္သူ ေဒၚစန္းစန္းဝင္းက အဆိုပါ အသိေပးေၾကညာခ်က္အေပၚလိုက္နာျခင္းမရွိပါက ဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္ျခင္းမ်ိဳးလည္း လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ႀကိဳတင္အသိေပးထားပါတယ္။
မာရဇၨ(ခ)ဦးသိန္းေဇာ္ဟာ ရန္ကုန္ၿမိဳ႕ ဗဟိုရ္စည္ေဆး႐ုံမွာ နာတာရွည္ေက်ာက္ကပ္ေရာဂါနဲ႔ (၂၀၂၅) ခုႏွစ္ နံနက္ (၁၁)နာရီ (၇)မိနစ္က ကြယ္လြန္အနိစၥေရာက္သြားျခင္းျဖစ္ၿပီး၊ ကြယ္လြန္ခ်ိန္မွာ အသက္(၅၈) ႏွစ္ရွိၿပီျဖစ္ပါ တယ္။
ေတးသံရွင္မာရဇၨက ကိုယ္ပိုင္သံစဥ္ ေတးသီခ်င္းမ်ားကိုသာ ဖန္တီး၊ သီဆိုေလ့ရွိသူျဖစ္ၿပီး၊ သူကိုယ္တိုင္ ကလည္း ကိုယ္ပိုင္သံစဥ္ ေတးသီခ်င္းေတြကို ျမတ္ႏိုးတန္ဖိုးထားသူတစ္ဦးျဖစ္ကာ မ်ိဳးဆက္သစ္ လူငယ္အဆိုရွင္ ေတြကိုလည္း ကိုယ္ပိုင္သံစဥ္ကိုသာ ဖန္တီးသီဆိုၾကဖို႔ တိုက္တြန္းေျပာၾကားေလ့ရွိသူျဖစ္ပါတယ္။ သူဟာ ဂီတ အေပၚသစၥာရွိသူတစ္ဦးအျဖစ္ နာမည္ဂုဏ္သတင္းေက်ာ္ၾကားသူျဖစ္ပါတယ္။
ကြယ္လြန္သူ ေတးသံရွင္ မာရဇၨ (ခ) ဦးသိန္းေဇာ္ရဲ႕နာေရးဈာပနအခမ္းအနားကို ဇန္နဝါရီလ(၂၅)ရက္က ျပဳလုပ္ခဲ့ၾကကာ ႂကြင္းက်န္ရစ္တဲ့႐ုပ္ကလာပ္ကို ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေရေဝး သုႆာန္မွာ မီးသၿဂႋဳလ္ခဲ့ၿပီး က်န္ရစ္သူမိသားစုႏွင့္အတူ ေတးသံရွင္ ေဂ်ညီညီ၊ ဂေရဟမ္တို႔မိသားစု၊ ေဇာ္ပိုင္၊ စည္သူလြင္၊ ေမခလာ၊ ဖိုးေက်ာ္၊ စိုင္းစိုင္းခမ္းလႈိင္၊ နႏၵစိုင္း တို႔အပါအဝင္ ဂီတညီအစ္ကိုေမာင္ႏွမမ်ားစြာက ေနာက္ဆုံးခရီးကို လိုက္လံပို႔ေဆာင္ခဲ့ ၾကတာျဖစ္ပါတယ္။
"ဟသၤာတို႔ရဲ႕နန္းေတာ္ေရွ႕၊ ရင္သို႔ တိုးေဝွ႔ဆဲပါ ခိုင္၊ ဆြဲအား၊ မုန္းခိုင္းတိုင္းလည္း မမုန္းႏိုင္ဘူး၊ အိပ္ေရးပ်က္၊ ကၪၨနာ၊ ခ်စ္လို႔၊ ေမွ်ာ္လင့္ျခင္းလမင္း၊ ေရလိုေအးလို႔ ပန္းလိုခ်မ္းေျမ့ပါေစ" အစရွိတဲ့ မာရဇၨရဲ႕ေတး သီခ်င္းမ်ားစြာက ဒီေန႔ထိတိုင္ လူအမ်ားၾကား ဘယ္ေတာ့မွ မေမ့ေပ်ာက္ႏိုင္တဲ့ ေတးသီခ်င္းေကာင္းေတြပဲ ျဖစ္ပါတယ္။

ေမသန္းႏုကို ဖတ္ေစခ်င္ပါတယ္ဆိုတဲ့ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္ ေရးသားထားတဲ့ "ကြၽန္ေတာ္ႏွင့္ ေမသန္းႏု"
ထပ္ဆင့္အကယ္ဒမီ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္က "စင္ေရာ္ေမာင္ေမာင္ ကိုယ္တိုင္ေရး အတၳဳပၸတၱိ စာအုပ္"ထဲမွာ ဇနီးေဟာင္းျဖစ္သူ မင္းသမီးေမသန္းႏုနဲ႔ ခ်စ္ခရီးလမ္း စတင္ခဲ့ပုံ အမွတ္တရအေၾကာင္းအရာေတြကို "ကြၽန္ေတာ္ႏွင့္ ေမသန္းႏု" ေခါင္းစဥ္ေပးကာ ထည့္သြင္းေရးသားေဖာ္ျပခဲ့ပါတယ္။
"စင္ေရာ္ေမာင္ေမာင္ရဲ႕ကိုယ္တိုင္ေရး အတၳဳပၸတၱိစာအုပ္" မိတ္ဆက္ပြဲနဲ႔ လက္မွတ္ေရးထိုးပြဲအခမ္းအနား ကို (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၂) ရက္ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ Junction City ေျမညီထပ္မွာ ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။ အဆိုပါစာအုပ္ထုတ္ေဝျဖန႔္ခ်ိမႈသတင္းနဲ႔ စင္ေရာ္ေမာင္ေမာင္ရဲ႕အင္တာဗ်ဴးေျဖဆိုမႈသတင္းေတြ အြန္လိုင္းမီဒီယာမ်ားနဲ႔ စာေပေလာကအတြင္း ပ်ံ႕ႏွံ႔လာခဲ့ၿပီးေနာက္ မင္းသမီး ေမသန္းႏုဘက္က တုံ႔ျပန္ေျဖၾကားမႈ တခ်ိဳ႕ စတင္ခဲ့ပါတယ္။ "၎တို႔ရဲ႕အတိတ္ေဟာင္းက ပုံေတြ ထည့္သြင္းေဖာ္ျပမႈအေပၚ အသိေပးျခင္းမရွိခဲ့တဲ့ အတြက္ သေဘာမေတြ႕ေၾကာင္း နဲ႔ ခြင့္ျပဳခ်က္ေတာင္းခံသင့္ေၾကာင္း၊ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္ ေရးသားတဲ့ အတိတ္ျဖစ္စဥ္ေတြမွာ ၎တို႔ရဲ႕အတိတ္ကျဖစ္စဥ္အေၾကာင္းေတြ ပါဝင္လာမွာကို သိရွိထားတာေၾကာင့္ စာအုပ္ကို ဖတ္ဖို႔မလိုအပ္တဲ့အျပင္ ကိုယ့္အေၾကာင္းကိုယ္သာအသိဆုံးျဖစ္ေၾကာင္း" ထပ္ဆင့္အကယ္ဒမီ မင္းသမီးေမသန္းႏု က မီဒီယာေတြထံ အတိအလင္းေျပာဆိုခဲ့တာပါ။
တျခားတစ္ဖက္မွာေတာ့ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္က ၎ေရးသားထားတဲ့ "ကြၽန္ေတာ္ႏွင့္ ေမသန္းႏု" အေၾကာင္းပါဝင္တဲ့ အဆိုပါစာအုပ္ကို အထူးသျဖင့္ မဆင့္ "အကယ္ဒမီေမသန္းႏု" ကို ဖတ္ၾကည့္ေစခ်င္ ေၾကာင္း မီဒီယာေတြထံ ပြင့္လင္းစြာ ေျဖဆိုထားတာကိုလည္း ျမင္ေတြ႕ထားရပါတယ္။ တစ္ဦးတည္းေသာ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ကေတာ့ ဖခင္နဲ႔ မိခင္ရဲ႕အတိတ္ျဖစ္စဥ္အမွန္တရားေတြကို စာအုပ္အတြင္း ျပန္လည္ဖတ္ရႈခြင့္ရတဲ့အတြက္ ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရၿပီး မိဘႏွစ္ပါးစလုံးရဲ႕ေမတၱာတရားႀကီးမားပုံကို တန္ဖိုးထားေလးစားမိေၾကာင္း၊ မိဘႏွစ္ပါးစလုံးကို (၁၀ဝ) ရာခိုင္ႏႈန္းအျပည့္အဝ ထပ္တူခ်စ္ေၾကာင္း ဆိုခဲ့ပါတယ္။
အဆိုပါစာအုပ္ထုတ္ေဝႏိုင္ေရးအတြက္ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္အေနနဲ႔ (၆) ႏွစ္ေက်ာ္ၾကာ အခ်ိန္ယူေရးသားခဲ့ျခင္းျဖစ္တယ္လို႔သိရကာ တခ်ိဳ႕ေသာအေၾကာင္းအရာေတြကိုေတာ့ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ခ်န္လွပ္ခဲ့ရေၾကာင္း အႏုပညာမီဒီယာေတြထံ ဝန္ခံထားပါတယ္။
"စင္ေရာ္ေမာင္ေမာင္ ကိုယ္တိုင္ေရး အတၳဳပၸတၱိစာအုပ္" ထဲမွာ ဘဝျဖစ္စဥ္အေၾကာင္းအရာ တစ္ခုခ်င္းစီအလိုက္ ေရးသားေဖာ္ျပခဲ့သလို "ကြၽန္ေတာ္ႏွင့္ေမသန္းႏုတို႔ရဲ႕ ဘဝခရီးအစ" ေခါင္းစဥ္အပါအဝင္ "စင္ေရာ္ မိသားစု" ေခါင္းစဥ္ေအာက္မွာဆိုရင္လည္း မိသားစုအမွတ္တရပုံရိပ္ေလးေတြကိုထည့္သြင္းကာ သားျဖစ္သူအေပၚထားရွိတဲ့ မိဘႏွစ္ပါးရဲ႕ခ်စ္ျခင္းေမတၱာ၊ ေမွ်ာ္လင့္ခ်က္ေတြကိုလည္း ထည့္သြင္း ေရးသားထားျခင္းျဖစ္ပါတယ္။

အိမ္တြင္းအၾကမ္းဖက္မႈအထိ က်ဴးလြန္ျခင္းခံခဲ့ရေၾကာင္း သ႐ုပ္ေဆာင္ဘုန္းလွ်ံရဲ႕ ဇနီးျဖစ္သူ ဖြင့္ဟမႈမ်ား ရွိလာ
႐ုပ္ရွင္သ႐ုပ္ေဆာင္ဘုန္းလွ်ံက ဇနီးျဖစ္သူ မေမသင္းေမာင္အေပၚ အိမ္တြင္းအၾကမ္းဖက္မႈ က်ဴးလြန္ခဲ့ ေၾကာင္းကို ကာယကံရွင္ မေမသင္းေမာင္ ကိုယ္တိုင္က မီဒီယာမွတစ္ဆင့္ ဖြင့္ဟရင္ဖြင့္ခဲ့ပါတယ္။ အဲဒီအင္တာဗ်ဴး ႐ုပ္သံပ်ံ႕ႏွံ႔လာၿပီးေနာက္ အိမ္ေထာင္ေရးအၾကမ္းဖက္မႈက်ဴးလြန္ခဲ့တယ္ဆိုတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ဘုန္းလွ်ံကို လူအမ်ားက ေဝဖန္ရႈတ္ခ်ခဲ့ၾကပါတယ္။ မေမသင္းေမာင္က မီဒီယာေရွ႕မွာ ဘုန္းလွ်ံဘက္က ၿခိမ္းေျခာက္ဆဲဆို ထားတဲ့အသံဖိုင္ကိုပါ ခ်ျပခဲ့တာေၾကာင့္ အိမ္ေထာင္ေရးျပႆနာေတြက ႀကီးမားလြန္းေၾကာင္း မွတ္ခ်က္ျပဳၾကပါ တယ္။ ဘုန္းလွ်ံအေနနဲ႔ ဇနီးျဖစ္သူအေပၚ ဆဲဆိုႀကိမ္းေမာင္းျခင္း၊ လက္လိမ္ခ်ိဳးျခင္း၊ သေရခါးပတ္ႀကိဳးနဲ႔ ႐ိုက္ႏွက္ျခင္း၊ တ႐ြတ္တိုက္ဆြဲေခၚ ႐ိုက္ႏွက္ျခင္း၊ သတ္ျဖတ္ဖို႔အထိ ၿခိမ္းေျခာက္ေျပာဆိုျခင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရ ေၾကာင္း ရင္ဖြင့္ထားတာပါ။ အိမ္ေထာင္ေရးသက္တမ္းအတြင္း ဘုန္းလွ်ံရဲ႕လုပ္ရပ္မ်ားကို ထုတ္ေဖာ္ ေျပာၾကားခဲ့႐ုံမက ေမသင္းေမာင္က " သူ႔ကို ကြၽန္မ ကတိ (၃) ခုပဲ ေတာင္းခဲ့ပါတယ္။ (၁) မူးယစ္ေဆး ျပန္မသုံးဖို႔ (၂) ကိုယ္ထိလက္ေရာက္မက်ဴးလြန္ဖို႔၊ (၃) အိမ္ေထာင္ေရး မေဖာက္ျပန္ဖို႔" ဆိုၿပီး ကတိသုံးခုသာ ေတာင္းဆိုခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္ ၎တို႔ရဲ႕အိမ္ေထာင္ေရးမွာ ေမသင္းေမာင္အေနနဲ႔ အိမ္ေထာင္သက္ ပထမတစ္လမွာတင္ "အမ်ိဳးသားျဖစ္သူ (ဘုန္းလွ်ံ) က တျခားအမ်ိဳးသမီးေတြနဲ႔ ပတ္သက္ ဆက္ႏြယ္မႈေတြရွိခဲ့ေၾကာင္း၊ လိမ္ညာေျပာဆိုခဲ့ေၾကာင္း၊ အႏုပညာေလာကအတြင္းမွ နာမည္ေလးလုံးနဲ႔ မင္းသမီး တစ္ဦးနဲ႔လည္း ပတ္သက္မႈေတြရွိခဲ့ေၾကာင္း၊ ယုံၾကည္မႈ ပ်က္ယြင္းေစခဲ့ေၾကာင္း၊ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့ ေၾကာင္း၊ ကိုယ္ဝန္သုံးႀကိမ္တိုင္တိုင္ ရရွိခဲ့ေပမယ့္ သုံးႀကိမ္လုံး သူ႔ေၾကာင့္ ပ်က္က်ခဲ့ရေၾကာင္း" ရင္ဖြင့္ေျပာျပထား ပါတယ္။
ဘုန္းလွ်ံက "အိမ္ေထာင္ေရးမွာ လူေတြမထင္ထားတဲ့၊ မျမင္ႏိုင္တဲ့အေၾကာင္းအရာေတြ ရွိပါတယ္။ Toxic ျဖစ္တဲ့ ေနရာက ႐ုန္းထြက္ႏိုင္ခဲ့ၿပီ။ ကိုယ့္ကိုတန္ဖိုးထားတဲ့ေနရာကို ေျပာင္းလိုက္တာပါ။ အရာရာ မိန္းကေလး မွန္တယ္လို႔လည္းေျပာမရသလို ေယာက်ာ္ေလးတိုင္းက အၿမဲမွားေနတယ္လို႔လည္း ေျပာလို႔မရပါဘူး၊ တစ္ခါတေလ မိန္းကေလးေတြ ပါဝါက ပိုႀကီးပါတယ္။ ကိုယ္ဆုံးျဖတ္တဲ့အေပၚမွာ မွားသည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ အေကာင္းဆုံးရပ္တည္သြားမွာပါ" အစရွိတဲ့စကားေတြကို ၎က ဦးစြာအႏုပညာမီဒီယာေတြထံ ေျဖဆိုခဲ့တာပါ။ " လူအမ်ားေရွ႕မွာ မိုးႀကီးေလႀကီးေတြ ေျပာဆိုထားၿပီး ေစာင့္ထိန္းတဲ့သီလက ေျပာက္က်ားသီလဆိုရင္ေတာ့ အလကားပါပဲ" လို႔ ေမသင္းေမာင္က တုံ႔ျပန္ထားပါတယ္။
၎တို႔ႏွစ္ဦးရဲ႕အိမ္ေထာင္ေရးျပႆနာက လူသိရွင္ၾကား ထြက္ေပၚလာတဲ့အတြက္ လက္ရွိမွာ မဖုံးႏိုင္ မဖိႏိုင္ျဖစ္ေနၿပီျဖစ္ကာ ဘုန္းလွ်ံကို "ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္" အျဖစ္ ခိုင္းႏႈိင္းေျပာဆိုေနၾကၿပီျဖစ္ပါ တယ္။
ေမသင္းေမာင္ဘက္က ဘုန္းလွ်ံနဲ႔ပတ္သက္ၿပီး တရားဥပေဒနည္းလမ္းအတိုင္းဆက္လက္လုပ္ေဆာင္ဖို႔ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းကိုလည္း တရားဝင္အသိေပးေၾကညာထားပါတယ္။
ဘုန္းလွ်ံဟာ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိ သုံးစြဲမႈနဲ႔ ေထာင္ဒဏ္ (၁၂) ႏွစ္ ခ်မွတ္ခံခဲ့ရျခင္းျဖစ္ၿပီး၊ ျပစ္ဒဏ္ (၇) ႏွစ္ ခံယူၿပီးေနာက္ (၂၀၂၀) ျပည့္ႏွစ္ ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔မွာ ႏိုင္ငံေတာ္ရဲ႕လြတ္ၿငိမ္းခ်မ္း သာခြင့္နဲ႔ ျပန္လည္ လြတ္ေျမာက္ခဲ့ျခင္းျဖစ္ပါတယ္။ ၎တို႔ဟာ (၂၀၂၀) ျပည့္ႏွစ္ ႏိုဝင္ဘာလ (၆) ရက္က အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ႏွစ္ဦးသေဘာတူ မဂၤလာလက္မွတ္ေရးထိုးခဲ့ၾကတာျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.