တိုက်ပွဲခြိမ်းခြောက်မှုဒဏ်ကို ခံခဲ့ရသည့် ချောင်းသာဒေသသို့ ခရီးသွားများ ပြန်လည်ဝင်ရောက်

 164

စော (NP News) - ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ တိုက်ပွဲခြိမ်းခြောက်မှုဒဏ်ကိုခံခဲ့ရသည့် ချောင်းသာဒေသ၏ အခြေအနေ တည်ငြိမ်နေပြီး ခရီးသွား အချို့ပင် ပြန်လည်ဝင်ရောက်လာကြောင်း ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ချောင်းသာကမ်းခြေသည် ရန်ကုန်မြို့နှင့် အနီးဆုံးကမ်းခြေတစ်ခုဖြစ်၍ ပြည်တွင်း၊ ပြည်ပခရီးသွား အများဆုံး လာရောက်လည်ပတ်လေ့ရှိသော်လည်း ပြီးခဲ့သည့်ဇန်နဝါရီလလယ်ပိုင်းက ချောင်းသာ ကမ်းခြေအနီးရှိ မကျီးဇင် တိုက် နယ်ဘက်တွင် AA က တိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ချောင်းသာကမ်းခြေသို့ အပန်းဖြေလာရောက်မည့်ခရီးသွားများကလည်း ခရီးစဉ်များကို ပြန်လည် ရောင်းချခြင်းများ၊ ဖျက်သိမ်းခြင်းများလည်း ပြုလုပ်ခဲ့ကြပြီး ချောင်းသာကမ်းခြေသို့ ပြေးဆွဲနေသော ယာဉ်လိုင်း အချို့လည်း ယာယီရပ် နားခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် တိုက်ပွဲများငြိမ်သက်နေသည့် အတွက် ချောင်းသာ ဒေသသို့ နေရပ်စွန့်ခွာခဲ့သည့်ဒေသခံများ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။
“ငြိမ်နေပါတယ်။ ဒီဘက်တော့ ဘာမှမကြားတော့ဘူး။ နေရပ်စွန့်ခွာတွေ ပြန်လာကြပြီ။ ခရီးသွားတွေက ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက (၇၂) ယောက်တော့ လာတယ်။ နှစ်ပတ်သုံးပတ်လောက်ရှိပြီ ငြိမ်သွားတာ။ မကျီးဇင်ဘက်မှာ မရှိဘူး။ ဒီဘက်က တိုက်ပွဲဘာမှမရှိဘူး”ဟု ၎င်းက ပြောသည်။ ထို့ပြင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဇန်နဝါရီလ(၂၈) ရက်က ဖြစ်ပွားသောတိုက်ပွဲ၌ သာပေါင်းမြို့မ ရဲစခန်းမှူးတစ်ဦး သေနတ်ဖြင့်ပစ် သတ်ခံရပြီး နောက် သာပေါင်းမြို့နှင့် အနီးတစ်ဝိုက်တွင်လည်း တပ်မ တော်မှ ခံစစ်အခိုင်အမာပြင်ဆင်ထားကြောင်းသိရသည်။

Zawgyi Version:
တိုက္ပြဲၿခိမ္းေျခာက္မႈဒဏ္ကို ခံခဲ့ရသည့္ ေခ်ာင္းသာေဒသသို႔ ခရီးသြားမ်ား ျပန္လည္ဝင္ေရာက္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၃

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္ရွိ တိုက္ပြဲၿခိမ္းေျခာက္မႈဒဏ္ကိုခံခဲ့ရသည့္ ေခ်ာင္းသာေဒသ၏ အေျခအေန တည္ၿငိမ္ေနၿပီး ခရီးသြား အခ်ိဳ႕ပင္ ျပန္လည္ဝင္ေရာက္လာေၾကာင္း ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
ေခ်ာင္းသာကမ္းေျခသည္ ရန္ကုန္ၿမိဳ႕ႏွင့္ အနီးဆုံးကမ္းေျခတစ္ခုျဖစ္၍ ျပည္တြင္း၊ ျပည္ပခရီးသြား အမ်ားဆုံး လာေရာက္လည္ပတ္ေလ့ရွိေသာ္လည္း ၿပီးခဲ့သည့္ဇန္နဝါရီလလယ္ပိုင္းက ေခ်ာင္းသာ ကမ္းေျခအနီးရွိ မက်ီးဇင္ တိုက္ နယ္ဘက္တြင္ AA က တိုက္ပြဲ ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ေခ်ာင္းသာကမ္းေျခသို႔ အပန္းေျဖလာေရာက္မည့္ခရီးသြားမ်ားကလည္း ခရီးစဥ္မ်ားကို ျပန္လည္ ေရာင္းခ်ျခင္းမ်ား၊ ဖ်က္သိမ္းျခင္းမ်ားလည္း ျပဳလုပ္ခဲ့ၾကၿပီး ေခ်ာင္းသာကမ္းေျခသို႔ ေျပးဆြဲေနေသာ ယာဥ္လိုင္း အခ်ိဳ႕လည္း ယာယီရပ္ နားျခင္းမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ တိုက္ပြဲမ်ားၿငိမ္သက္ေနသည့္ အတြက္ ေခ်ာင္းသာ ေဒသသို႔ ေနရပ္စြန႔္ခြာခဲ့သည့္ေဒသခံမ်ား ျပန္လည္ ဝင္ေရာက္လာေၾကာင္း သိရသည္။
“ၿငိမ္ေနပါတယ္။ ဒီဘက္ေတာ့ ဘာမွမၾကားေတာ့ဘူး။ ေနရပ္စြန႔္ခြာေတြ ျပန္လာၾကၿပီ။ ခရီးသြားေတြက ၿပီးခဲ့တဲ့ စေန၊ တနဂၤေႏြက (၇၂) ေယာက္ေတာ့ လာတယ္။ ႏွစ္ပတ္သုံးပတ္ေလာက္ရွိၿပီ ၿငိမ္သြားတာ။ မက်ီးဇင္ဘက္မွာ မရွိဘူး။ ဒီဘက္က တိုက္ပြဲဘာမွမရွိဘူး”ဟု ၎က ေျပာသည္။ ထို႔ျပင္ ဧရာဝတီတိုင္း၊ သာေပါင္းၿမိဳ႕နယ္အတြင္း ဇန္နဝါရီလ(၂၈) ရက္က ျဖစ္ပြားေသာတိုက္ပြဲ၌ သာေပါင္းၿမိဳ႕မ ရဲစခန္းမႉးတစ္ဦး ေသနတ္ျဖင့္ပစ္ သတ္ခံရၿပီး ေနာက္ သာေပါင္းၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္လည္း တပ္မ ေတာ္မွ ခံစစ္အခိုင္အမာျပင္ဆင္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.