ဗန်းမော် တိုက်ပွဲကာလအတွင်း KIA ဘက်မှ လူ (၂၀ဝဝ)ခန့် သေဆုံးထားပြီး အတင်းအကျပ် လူသစ်စု၍ တိုက်ခိုက်နေ

206

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၃
ဗန်းမော်တိုက်ပွဲအစမှ ယခုထက်တိုင် ကာလအတွင်း KIA ဘက်မှ လူ(၂၀ဝဝ)ခန့် သေဆုံးထားကာ အရည်အချင်း မပြည့်မီသော လူသစ်များကို တိုက်ပွဲအတွင်း ထိုးထည့်နေသောကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင် ကြောင်း ဖြစ်စဉ်ကိုသိရှိသော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောကြားချက်အရ သိရသည်။
ဗန်းမော်မြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၄) ရက်မှ စတင်ကာ KIA နှင့် ပူးပေါင်းအဖွဲ့က စတင်တိုက် ခိုက်နေ ခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် မြို့၏ ရာခိုင်နှုန်းအတော်များများ ပျက်စီးသွားပြီဖြစ်ကာ တပ်မတော်ဘက်ကလည်း ခံစစ်ကို တင်းတင်းကြပ် ကြပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
‘‘ရန်သူအင်အားကတော့များတယ်။ သူတို့ သင်တန်းဆင်းအင်အားတော့မဟုတ်ဘူး။ တွေ့သမျှကောင် သေနတ် ပေးတိုက်တဲ့အင်အားမျိုးပါ။ ရန်သူက အဲဒီလောက် အင်အားအများကြီးထည့် နိုင်ပြီး ဒီဘက်ကဘာလို့မထည့်နိုင်လဲ ဆိုတော့ တွေ့သမျှကောင် သေနတ်ပေးပြီး မတိုက်လို့ပေါ့ဗျာ ဒါပဲ။ အဲဒီလိုမျိုးပါ” ဟု ၎င်းကဆိုသည်။
လက်ရှိ ဗန်းမော်စစ်မျက်နှာတွင် KIA ဘက်မှ တစ်နေ့လျှင် လူ(၃၀ မှ ၄၀) ကြား သေဆုံး နေကြောင်းလည်း ၎င်းကဆိုသည်။
‘‘တစ်နေ့ သုံးဆယ်နဲ့လေးဆယ် အနည်းဆုံးပဲ။ စတိုက်ကတည်းက အခုထိဆို KIA ဘက်မှာ လူ (၂၀ဝဝ)လောက် သေဆုံးတယ်။ ကျွန်တော်တို့ ဘက်က ဒရုန်းနဲ့ လက်နက်ကြီးကြောင့်ထိတာ ပိုများတယ်။ နောက်တစ်ခုက သူတို့မှာ လူ(၂၀ဝဝ) ကျသွား တယ်ဆိုတာက ဒင်ပြည့်ကျပ်ပြည့် တိုက်ရည်၊ ခိုက်ရည်ရှိတဲ့ အင်အား (၂၀ဝဝ) ကျသွားတာ။ စစ်သား (၂၀ဝဝ) ကျလို့ နောက်ထပ် (၂၀ဝဝ) ရောက်လာ ပေမယ့် အဲဒီ (၂၀ဝဝ) သည် အရင်လို အရည်အချင်း ရှိတဲ့ (၂၀ဝဝ) မဟုတ်ဘဲ တွေ့ရာယူနီဖောင်းဝတ်တဲ့ (၂၀ဝဝ)ဖြစ်မှာပဲ။ တိုက်ရင် တိုက်သလောက် သေမယ်။ ကျွန်တော်တို့ဘက်က ဗန်းမော်မှာ ဗြဲလရမ်း ခံစစ်နဲ့ သွားတာမဟုတ်ဘူး” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအနေအထားအရ တပ်မတော်ဘက်မှ တပ်ကူများလည်း ဗန်းမော်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
“ KIA က မြန်မာပြည်ကို စစ်မျက်နှာများစွာဖွင့် လိုက်တယ်။ တစ်နေရာတည်းကို စုစုစည်းစည်း တိုက်တာ မဟုတ်ဘူး။ စစ်မျက်နှာများစွာဖွင့်တာ ဖြစ်တဲ့အတွက် အဲဒီစစ်မျက်နှာများစွာမှာ ဒီကောင် KIA မထိန်းနိုင်တော့ဘူး။ မထိန်းနိုင်တော့ အဲဒီက တည်းက တစ်နေရာကကျိုးသွားရင် ဒီကောင်နား ကားမှာပဲ။ တောင်မင်း မြောက်မင်း မကယ်နိုင်ပေါ့ဗျာ။ တိုင်ပတ်နေပြီ။ ဒုတိယကမ္ဘာစစ်မှာ ဂျာမနီက ဆိုဗီ ယက်ကို ဝင်တိုက်တော့ ဟိုကဖြည်းဖြည်းချင်း ဆုတ်ပေးတာ။ ဂျာမနီကပျော်ပြီး ရုရှားကြီးကိုပျော်ပြီး သိမ်းတာပေါ့ဗျာ။ မြို့တော် မော်စကိုရောက်မှ ဆောင်းတွင်းနဲ့ ကိုင်ထုတ်ထည့်လိုက်တာ ဂျာမန် ဂိတ်ဆုံးတော့တာပဲ။ KIA က အလားသဏ္ဌာန် တူနေပြီ” ဟု ၎င်းက ရှင်းပြသည်။
ဗန်းမော်ထောင် ပေါက်သွားပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကပျံ့နှံ့ခဲ့ရာ အဆိုပါသတင်းမှာ မဟုတ်ကြောင်း နှင့် ဗန်းမော်ထောင်သည်လည်း ထောင်ပိုင်ကြီး၏ ကြီးကြပ်မှုနှင့်အတူ ခံတပ်တစ်ခု သဖွယ်ဖြစ်နေကြောင်း ၎င်းကဆို သည်။
“ထောင်ပိုင်ကြီးက တပ်မတော်ကနေ ဗိုလ်မှူးနဲ့ ပြောင်းလာတာ။ နဂိုကတည်းက စစ်သား ဘဝမှာကတည်းက စစ်လက်နက်ပစ္စည်းနဲ့ စစ်ပညာကို အရမ်းစိတ်ဝင်စားခဲ့တဲ့ အရာရှိတစ်ယောက် ဖြစ်တယ်။ ထောင်ပိုင်ရောက်လေရာမှာ သူ့ ထောင်ဝန်ထမ်းတွေကို သေနတ်တွေဘယ်လို ဖြုတ်တပ်ရတယ်၊ တိုက်ချွတ်ရတယ်ကို လေ့ကျင့်သင်ကြားပေးတယ်။ လက်နက်နဲ့လူနဲ့ယဉ်ပါးအောင် လေ့ကျင့်ပေးတယ်။ ဒီဖြစ်စဉ် စမဖြစ်ခင်က သူ့ထောင်မှာ ကတုတ်ကျင်းတွေ ဘာတွေကို သေချာမွမ်းမံပြင်ဆင်ထားတာ။ ခံစစ်ကို သေချာပြင်ထားတာ။ ထောင်ကို လာတိုက် မယ်ဆိုတာသိပြီးသား။ ထောင်ကို လည်း ပတ်လည် ခံစစ်ခိုင်မာအောင် ပြင်ထားပြီးသား။ ဟိုတလောက ဗန်းမော်ထောင်ကို လာတိုက်ချိန်မှာ (၇)လောင်းနဲ့ (၆)လက်ရတယ်။ ဒုတိယရက်မှာ (၁၀)လောင်းနဲ့ (၁၁)လက်ရတယ်။ အဲဒါစစ်သားတွေက တိုက်တာ မဟုတ်ဘူး။ အကျဉ်းဦးစီးဝန်ထမ်းတွေ သူတို့ တိုက်တာ” ဟု ဗန်းမော်တိုက်ပွဲမှ ဖြစ်စဉ်တစ်ခုကို ၎င်းက ရှင်းပြသည်။

Zawgyi Version:
ဗန္းေမာ္ တိုက္ပြဲကာလအတြင္း KIA ဘက္မွ လူ (၂၀ဝဝ)ခန႔္ ေသဆုံးထားၿပီး အတင္းအက်ပ္ လူသစ္စု၍ တိုက္ခိုက္ေန
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၃
ဗန္းေမာ္တိုက္ပြဲအစမွ ယခုထက္တိုင္ ကာလအတြင္း KIA ဘက္မွ လူ(၂၀ဝဝ)ခန႔္ ေသဆုံးထားကာ အရည္အခ်င္း မျပည့္မီေသာ လူသစ္မ်ားကို တိုက္ပြဲအတြင္း ထိုးထည့္ေနေသာေၾကာင့္ ေသဆုံးသူ အေရအတြက္ ျမင့္တက္လာႏိုင္ ေၾကာင္း ျဖစ္စဥ္ကိုသိရွိေသာ စစ္ေရးသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာၾကားခ်က္အရ သိရသည္။
ဗန္းေမာ္ၿမိဳ႕ကို ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလ (၄) ရက္မွ စတင္ကာ KIA ႏွင့္ ပူးေပါင္းအဖြဲ႕က စတင္တိုက္ ခိုက္ေန ျခင္းျဖစ္ၿပီး တိုက္ပြဲေၾကာင့္ ၿမိဳ႕၏ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား ပ်က္စီးသြားၿပီျဖစ္ကာ တပ္မေတာ္ဘက္ကလည္း ခံစစ္ကို တင္းတင္းၾကပ္ ၾကပ္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
‘‘ရန္သူအင္အားကေတာ့မ်ားတယ္။ သူတို႔ သင္တန္းဆင္းအင္အားေတာ့မဟုတ္ဘူး။ ေတြ႕သမွ်ေကာင္ ေသနတ္ ေပးတိုက္တဲ့အင္အားမ်ိဳးပါ။ ရန္သူက အဲဒီေလာက္ အင္အားအမ်ားႀကီးထည့္ ႏိုင္ၿပီး ဒီဘက္ကဘာလို႔မထည့္ႏိုင္လဲ ဆိုေတာ့ ေတြ႕သမွ်ေကာင္ ေသနတ္ေပးၿပီး မတိုက္လို႔ေပါ့ဗ်ာ ဒါပဲ။ အဲဒီလိုမ်ိဳးပါ” ဟု ၎ကဆိုသည္။
လက္ရွိ ဗန္းေမာ္စစ္မ်က္ႏွာတြင္ KIA ဘက္မွ တစ္ေန႔လွ်င္ လူ(၃၀ မွ ၄၀) ၾကား ေသဆုံး ေနေၾကာင္းလည္း ၎ကဆိုသည္။
‘‘တစ္ေန႔ သုံးဆယ္နဲ႔ေလးဆယ္ အနည္းဆုံးပဲ။ စတိုက္ကတည္းက အခုထိဆို KIA ဘက္မွာ လူ (၂၀ဝဝ)ေလာက္ ေသဆုံးတယ္။ ကြၽန္ေတာ္တို႔ ဘက္က ဒ႐ုန္းနဲ႔ လက္နက္ႀကီးေၾကာင့္ထိတာ ပိုမ်ားတယ္။ ေနာက္တစ္ခုက သူတို႔မွာ လူ(၂၀ဝဝ) က်သြား တယ္ဆိုတာက ဒင္ျပည့္က်ပ္ျပည့္ တိုက္ရည္၊ ခိုက္ရည္ရွိတဲ့ အင္အား (၂၀ဝဝ) က်သြားတာ။ စစ္သား (၂၀ဝဝ) က်လို႔ ေနာက္ထပ္ (၂၀ဝဝ) ေရာက္လာ ေပမယ့္ အဲဒီ (၂၀ဝဝ) သည္ အရင္လို အရည္အခ်င္း ရွိတဲ့ (၂၀ဝဝ) မဟုတ္ဘဲ ေတြ႕ရာယူနီေဖာင္းဝတ္တဲ့ (၂၀ဝဝ)ျဖစ္မွာပဲ။ တိုက္ရင္ တိုက္သေလာက္ ေသမယ္။ ကြၽန္ေတာ္တို႔ဘက္က ဗန္းေမာ္မွာ ၿဗဲလရမ္း ခံစစ္နဲ႔ သြားတာမဟုတ္ဘူး” ဟု ၎က ရွင္းျပသည္။
လက္ရွိအေနအထားအရ တပ္မေတာ္ဘက္မွ တပ္ကူမ်ားလည္း ဗန္းေမာ္ၿမိဳ႕သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း လည္း ၎က ဆိုသည္။
“ KIA က ျမန္မာျပည္ကို စစ္မ်က္ႏွာမ်ားစြာဖြင့္ လိုက္တယ္။ တစ္ေနရာတည္းကို စုစုစည္းစည္း တိုက္တာ မဟုတ္ဘူး။ စစ္မ်က္ႏွာမ်ားစြာဖြင့္တာ ျဖစ္တဲ့အတြက္ အဲဒီစစ္မ်က္ႏွာမ်ားစြာမွာ ဒီေကာင္ KIA မထိန္းႏိုင္ေတာ့ဘူး။ မထိန္းႏိုင္ေတာ့ အဲဒီက တည္းက တစ္ေနရာကက်ိဳးသြားရင္ ဒီေကာင္နား ကားမွာပဲ။ ေတာင္မင္း ေျမာက္မင္း မကယ္ႏိုင္ေပါ့ဗ်ာ။ တိုင္ပတ္ေနၿပီ။ ဒုတိယကမာၻစစ္မွာ ဂ်ာမနီက ဆိုဗီ ယက္ကို ဝင္တိုက္ေတာ့ ဟိုကျဖည္းျဖည္းခ်င္း ဆုတ္ေပးတာ။ ဂ်ာမနီကေပ်ာ္ၿပီး ႐ုရွားႀကီးကိုေပ်ာ္ၿပီး သိမ္းတာေပါ့ဗ်ာ။ ၿမိဳ႕ေတာ္ ေမာ္စကိုေရာက္မွ ေဆာင္းတြင္းနဲ႔ ကိုင္ထုတ္ထည့္လိုက္တာ ဂ်ာမန္ ဂိတ္ဆုံးေတာ့တာပဲ။ KIA က အလားသဏၭာန္ တူေနၿပီ” ဟု ၎က ရွင္းျပသည္။
ဗန္းေမာ္ေထာင္ ေပါက္သြားၿပီျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းကပ်ံ႕ႏွံ႔ခဲ့ရာ အဆိုပါသတင္းမွာ မဟုတ္ေၾကာင္း ႏွင့္ ဗန္းေမာ္ေထာင္သည္လည္း ေထာင္ပိုင္ႀကီး၏ ႀကီးၾကပ္မႈႏွင့္အတူ ခံတပ္တစ္ခု သဖြယ္ျဖစ္ေနေၾကာင္း ၎ကဆို သည္။
“ေထာင္ပိုင္ႀကီးက တပ္မေတာ္ကေန ဗိုလ္မႉးနဲ႔ ေျပာင္းလာတာ။ နဂိုကတည္းက စစ္သား ဘဝမွာကတည္းက စစ္လက္နက္ပစၥည္းနဲ႔ စစ္ပညာကို အရမ္းစိတ္ဝင္စားခဲ့တဲ့ အရာရွိတစ္ေယာက္ ျဖစ္တယ္။ ေထာင္ပိုင္ေရာက္ေလရာမွာ သူ႔ ေထာင္ဝန္ထမ္းေတြကို ေသနတ္ေတြဘယ္လို ျဖဳတ္တပ္ရတယ္၊ တိုက္ခြၽတ္ရတယ္ကို ေလ့က်င့္သင္ၾကားေပးတယ္။ လက္နက္နဲ႔လူနဲ႔ယဥ္ပါးေအာင္ ေလ့က်င့္ေပးတယ္။ ဒီျဖစ္စဥ္ စမျဖစ္ခင္က သူ႔ေထာင္မွာ ကတုတ္က်င္းေတြ ဘာေတြကို ေသခ်ာမြမ္းမံျပင္ဆင္ထားတာ။ ခံစစ္ကို ေသခ်ာျပင္ထားတာ။ ေထာင္ကို လာတိုက္ မယ္ဆိုတာသိၿပီးသား။ ေထာင္ကို လည္း ပတ္လည္ ခံစစ္ခိုင္မာေအာင္ ျပင္ထားၿပီးသား။ ဟိုတေလာက ဗန္းေမာ္ေထာင္ကို လာတိုက္ခ်ိန္မွာ (၇)ေလာင္းနဲ႔ (၆)လက္ရတယ္။ ဒုတိယရက္မွာ (၁၀)ေလာင္းနဲ႔ (၁၁)လက္ရတယ္။ အဲဒါစစ္သားေတြက တိုက္တာ မဟုတ္ဘူး။ အက်ဥ္းဦးစီးဝန္ထမ္းေတြ သူတို႔ တိုက္တာ” ဟု ဗန္းေမာ္တိုက္ပြဲမွ ျဖစ္စဥ္တစ္ခုကို ၎က ရွင္းျပသည္။