မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအပြင် ကဏ္ဍစုံတွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားမည်

 934

စော(NP News)-ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂၂ရက်)က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Maxim RESHETNIKOVတို့က နကစဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံစဉ်က ယင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့သို့တွေ့ဆုံဆွေးရာတွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သားများရရှိရေး၊ အခြေခံလိုအပ်ချက်များ ပြည့်စုံမှုရှိစေရေးတို့အပါအဝင် ရေရှည်အကျိုးကိုကြည့်၍ သုတေသနပြု စနစ်တကျ တွက်ချက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ရေနံနှင့်ဓာတုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားရန်အသင့်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး စီးပွားရေးဆိုင်ရာများတွင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးအျပင္ က႑စုံတြင္ ႐ုရွားႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေဆာင္႐ြက္သြားမည္
ေစာ(NP News)-ေဖေဖာ္ဝါရီ ၂၃
ျမန္မာႏိုင္ငံတြင္ လိုအပ္လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးတြင္ ႐ုရွားႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေဆာင္႐ြက္သြားရန္ ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ယမန္ေန႔ (ေဖေဖာ္ဝါရီ၂၂ရက္)က နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ႐ုရွားဖက္ေဒးရွင္းႏိုင္ငံ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဝန္ႀကီးဌာန၊ ဝန္ႀကီး H.E. Mr. Maxim RESHETNIKOVတို႔က နကစဥကၠ႒႐ုံး၊ သံတမန္ေဆာင္ဧည့္ခန္းမ၌ ေတြ႕ဆုံစဥ္က ယင္းလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးကိစၥကို ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ထို႔သို႔ေတြ႕ဆုံေဆြးရာတြင္ ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး စီမံကိန္းမ်ား ခ်မွတ္ေဆာင္႐ြက္ရာတြင္ ကြၽမ္းက်င္လုပ္သားမ်ားရရွိေရး၊ အေျခခံလိုအပ္ခ်က္မ်ား ျပည့္စုံမႈရွိေစေရးတို႔အပါအဝင္ ေရရွည္အက်ိဳးကိုၾကည့္၍ သုေတသနျပဳ စနစ္တက် တြက္ခ်က္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ လိုအပ္လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး၊ ဓာတ္ေျမဩဇာထုတ္လုပ္ေရး၊ ေရနံႏွင့္ဓာတုထုတ္ကုန္ပစၥည္းမ်ား ထုတ္လုပ္ေရးတို႔တြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေဆာင္႐ြက္သြားရန္အသင့္ရွိသည့္ အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံအခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္မႈ၊ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရး လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား စီးပြားေရးနယ္ပယ္ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတို႔အၾကား ေကာင္းမြန္သည့္ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားရွိၿပီး စီးပြားေရးဆိုင္ရာမ်ားတြင္ နယ္ပယ္ေပါင္းစုံ၊ က႑ေပါင္းစုံ၌ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုတိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ားလည္း ထည့္သြင္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.