အသက် (၅၃)နှစ်အရွယ်ရှိသော ဆင်ဖြူတော် ဘဒ္ဒဝတီ အစာစားနေစဉ် လဲကျသေဆုံး
                        
                            
                             
 3499
 
                             
                            
                            
                         
                        
စော(NP News)- ဖေဖော်ဝါရီ ၂၃
အသက် (၅၃)နှစ်အရွယ်ရှိသော ဆင်ဖြူတော် ဘဒ္ဒဝတီ အစားစားနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
         
ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ရက်) မွန်းလွဲပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်၊ ရတနာဆင်ဖြူတော် အဆောင်တွင် ဆင်ဖြူတော် ဘဒ္ဒဝတီသည် အစားစားနေစဉ် မူးလဲသွားပြီး (၉၆)ပါးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရတနာဆင်ဖြူတော် အဆောင်တွင် ဆင်ဖြူ အထီး (၂) ကောင်၊ အမ (၄) ကောင်၊ ဆင်မဲ အထီး တစ်ကောင်၊ အမ  (၂) ကောင် စုစုပေါင်း (၉)ကောင်ခန့်သာရှိတော့ကြောင်း သိရသည်။  
ဘဒ္ဒဝတီကို  ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်၊ ဖားဝပ်ချောင်းရွာအနီးတွင် တွေ့ရှိခဲ့ရာ တွေ့ရှိချိန်တွင် အသက် (၃၈)နှစ်ဖြစ်ပြီး အရပ် (၇)ပေ (၄)လက်မခန့်ရှိကာ လုံးပတ် (၁၀)ပေ (၁၁)လက်မရှိပြီး ဖမ်းဆီးရန်အတွက် ရခိုင်ရိုးမတောင်တန်းတစ်လျှောက်တွင် ဆင်ဖြူတော် ရှာဖွေရေးစီမံကိန်း လုပ်ခဲ့ရာမှ အချိန်အားဖြင့် ခြောက်လခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဆင်ဖြူတော်သည် နေပြည်တော်သို့ ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ပညာရှင်များက (၁၉၇၂)ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးမှ ဂေါပတနှင့် ဆရာဝန်များကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိပေ။
                     
                        
                                
                                
                                        Zawgyi Version:
အသက် (၅၃)နှစ်အရွယ်ရှိသော ဆင်ဖြူတော် ဘဒ္ဒဝတီ အစာစားနေစဉ် သေဆုံး
(NP News)- ဖေဖော်ဝါရီ ၂၃
အသက် (၅၃)နှစ်အရွယ်ရှိသော ဆင်ဖြူတော် ဘဒ္ဒဝတီ အစားစားနေစဉ် သေဆုံးသွားခဲ့ကြောင်း လူမှုကွန်ယက် သတင်းများမှ သိရသည်။
         
ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ရက်) မွန်းလွဲပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်၊ ရတနာဆင်ဖြူတော် အဆောင်တွင် ဆင်ဖြူတော် ဘဒ္ဒဝတီသည် အစားစားနေစဉ် မူးလဲပြီး  သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နေပြည်တော်ရတနာဆင်ဖြူတော် အဆောင်တွင် ဆင်ဖြူ အထီး (၂) ကောင်၊ အမ (၄) ကောင်၊ ဆင်မဲအထီး တစ်ကောင်၊ အမ  (၂) ကောင် စုစုပေါင်း (၉)ကောင်ခန့်သာရှိတော့ကြောင်း သိရသည်။  
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးမှ ဂေါပကနှင့် ဆရာဝန်များကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိပေ။