တောင်ခမ်းတွင် တပ်မတော်က အပြည့်အဝနီးပါး နယ်မြေ စိုးမိုးပြီးနောက် TNLA ပူးပေါင်းအဖွဲ့တို့ ခံစစ်ပြင်နေရ
13689
သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၄
တောင်ခမ်းတွင် တပ်မတော်က အပြည့်အဝနီးပါး နယ်မြေစိုးမိုးပြီးနောက် တိုက်ပွဲဖော်ခဲ့သော TNLA ပူးပေါင်းအဖွဲ့ တို့ ခံစစ်ပြင်နေရကြောင်းဖြစ်စဉ်ကို အသေးစိတ်သိရှိသူစစ်ရေးသတင်းရင်းမြစ် တစ်ဦးက NP News သို့ ပြောသည်။
တောင်ခမ်းကို TNLA က ထိုးစစ်ဆင်လာ ပြီးနောက် တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ တပ်မတော်၏ တန်ပြန်ထိုးစစ်အတွင်း TNLA ၏ စစ်ဦးကို ချိုးနှိမ်နိုင်ခဲ့ကာ လက်ရှိတွင် တောင်ခမ်း ဒေသလုံခြုံရေးအတွက် တပ်မတော်က အပြည့်အဝနီးပါး နယ်မြေစိုးမိုးနိုင်ခဲ့ခြင်းဖြစ်သည်။
“တောင်ရှည်ရွာထဲမှာတော့ ရန်သူနည်းနည်းကျန်သေးတယ်။ တောင်ရှည်ရွာကို ရှင်းပြီးရင်တော့ ပြီးသွားပါပြီ။ ရန်သူကတော့ မတုံ့ပြန်နိုင်တဲ့ အနေအထားဖြစ်သွားတာပေါ့။ တောင်ခမ်းရဲ့ တန်ပြန်ထိုးစစ်အောက်မှာ အားလုံး မျှော်လင့်ထားတဲ့အတိုင်း တပ်ကို အရှုံးပေးသွားရပြီပေါ့။ တပ်ကနေ တောင် ခမ်းကနေ နောင်ချိုကို ထပ်တွန်းမယ့် တန်ပြန်ထိုးစစ်အတွက်လည်း ရန်သူကကြားမှာအသည်းအသန် ခုခံဖို့ အကြံရှိပါတယ်။ ဒါပေမဲ့ မလွယ်ပါဘူး။ တောင်ခမ်း တန်ပြန်ထိုးစစ်ကိုတောင် အောင်မြင်အောင် ကျွန်တော်တို့ကို မဟန့်တားနိုင်ဘူးဆိုကတည်းက နောင်ချိုဘက်မှာ လွင်ပြင်ပုံစံမြေအနေအထားမှာ ပိုပြီး ဆိုးသွားမှာ” ဟု ၎င်းက ဆိုသည်။
တောင်းခမ်းရွာနှင့် တောင်ရှည်ရွာမှာ ကပ်လျက်အနေအထားဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ အထက်ပါ သတင်းရင်းမြစ်၏ ပြောကြားချက်နှင့်ပတ်သက်၍ တောင်ခမ်းတွင် တပ်မတော်ကအပြည့်အဝနီးပါး နယ်မြေ စိုးမိုးနိုင်ခြင်းရှိပါပြီလားဟု ထပ်မံမေးမြန်းခဲ့ရာ “အခုလောက်ဆိုရင်တော့ ဒါပြော လို့ရပါပြီ။ တောင်ခမ်းကို တပ်မတော်က နယ်မြေအပြည့်အဝ စိုးမိုးထားပြီလို့ ပြောလို့ရနိုင်ပါပြီ” ဟု ၎င်း က ဒီဇင်ဘာလ(၂၁)ရက် မွန်းလွဲပိုင်း တွင် ဖြေကြားသည်။ ]]တောင်ခမ်းနဲ့ နောင်ချိုကြားမှာ ရွှေမု ဌောတို့၊ ကန်ကြီးတို့ရှိတယ်။ အဲဒီမှာ သူတို့ ခံစစ်တွေ ပြန်ပြင်ကြပါဦးမယ်။ ဒါကိုကျော်ဖို့ တပ်အနေနဲ့ အခက်အခဲ မရှိပါဘူး။ အသာလေး ထိုးချလိုက်ရုံပဲ” ဟု ၎င်းက ဆိုသည်။
Zawgyi Version: