မဲခေါင်-ဂင်္ဂါ၊ အိန္ဒိယ-မြန်မာအစားအစာ ယဉ်ကျေးမှုပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

 176

NP News - ဖေဖော်ဝါရီ ၂၃

မဲခေါင်-ဂင်္ဂါ၊ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်မြို့၊ ဝန်ကြီးများရုံးတွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ညနေ ၃ နာရီမှ ည ၉ နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

အဆိုပါ အစားအစာယဉ်ကျေးမှုပွဲတော်ကို မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) နှင့် Indian Women’s Association of Yangon တို့ ပူးပေါင်းပြီး အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ၏ ဒေသအလိုက် ရိုးရာ အစားအသောက်များကို လူအများသိရှိလာစေရန်၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုများ ဖလှယ်၍ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား ဖွင့်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur အပါအဝင် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဆီမီးထွန်းညှိခြင်း၊ တာဝန်ရှိသူများက မိန့်ခွန်ပြောကြားခြင်းနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ပွဲတော်တက်ရောက်လာသူများအတွက် အိန္ဒိယ- မြန်မာ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

မဲခေါင်-ဂင်္ဂါ၊ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော်တွင် မြန်မာနှင့် အိန္ဒိယ ရိုးရာအစားအစာနှင့် ပစ္စည်းဆိုင်ခန်းပေါင်း ၄၈ ဆိုင် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ အစားအစာ ယဉ်ကျေးမှုပွဲတော်မှ ရရှိလာသော အမြတ်ငွေများကိုလည်း ပရဟိတလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
မဲေခါင္-ဂဂၤါ၊ အိႏၵိယ-ျမန္မာအစားအစာ ယဥ္ေက်းမႈပြဲေတာ္ကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပ
NP News - ေဖေဖာ္ဝါရီ ၂၃

မဲေခါင္-ဂဂၤါ၊ အိႏၵိယ-ျမန္မာ အစားအစာ ယဥ္ေက်းမႈပြဲေတာ္ကို ရန္ကုန္ၿမိဳ႕၊ ဝန္ႀကီးမ်ား႐ုံးတြင္ ယေန႔ ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ ညေန ၃ နာရီမွ ည ၉ နာရီအထိ စည္ကားသိုက္ၿမိဳက္စြာက်င္းပခဲ့သည္။

အဆိုပါ အစားအစာယဥ္ေက်းမႈပြဲေတာ္ကို ျမန္မာစီးပြားေရး လုပ္ငန္းရွင္အမ်ိဳးသမီးမ်ား ကြန္ယက္ - Myanmar Women Entrepreneurs Network (MYANWEN) ႏွင့္ Indian Women’s Association of Yangon တို႔ ပူးေပါင္းၿပီး အိႏၵိယ- ျမန္မာ ႏွစ္ႏိုင္ငံ၏ ေဒသအလိုက္ ႐ိုးရာ အစားအေသာက္မ်ားကို လူအမ်ားသိရွိလာေစရန္၊ ႏွစ္ႏိုင္ငံအၾကား ယဥ္ေက်းမႈမ်ား ဖလွယ္၍ ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုခိုင္မာအားေကာင္းလာေစရန္ႏွင့္ ျပည္တြင္းအေသးစား၊ အငယ္စား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနား ဖြင့္ပြဲသို႔ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္စိုးဝင္း၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌး၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Abhay Thakur အပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ ဆီမီးထြန္းညႇိျခင္း၊ တာဝန္ရွိသူမ်ားက မိန္႔ခြန္ေျပာၾကားျခင္းႏွင့္ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့သည့္အျပင္ ပြဲေတာ္တက္ေရာက္လာသူမ်ားအတြက္ အိႏၵိယ- ျမန္မာ ႐ိုးရာအကအလွမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ခဲ့သည္။

မဲေခါင္-ဂဂၤါ၊ အိႏၵိယ-ျမန္မာ အစားအစာ ယဥ္ေက်းမႈပြဲေတာ္တြင္ ျမန္မာႏွင့္ အိႏၵိယ ႐ိုးရာအစားအစာႏွင့္ ပစၥည္းဆိုင္ခန္းေပါင္း ၄၈ ဆိုင္ ပါဝင္ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါ အစားအစာ ယဥ္ေက်းမႈပြဲေတာ္မွ ရရွိလာေသာ အျမတ္ေငြမ်ားကိုလည္း ပရဟိတလုပ္ငန္းမ်ားတြင္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.