ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကုန်တိုက် စက်လှေကားမှာ အမျိုးသမီးတစ်ဦး ခြေထောက်ညှပ်ပြီး ဆေးရုံရောက်

 505

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Sengkang Grand Mall ရှော့ပင်းမောလ်မှာ ဖေဖော်ဝါရီ ၂၂ ရက်က အမျိုးသမီးတစ်ဦး စက်လှေကားထဲ ခြေထောက်ညှပ်သွားခြင်းကြောင့် ဆေးရုံရောက်ခဲ့တယ်လို့ သိရပါတယ်။

Facebook စာမျက်နှာပေါ်မှာ တင်ထားတဲ့အဖြစ်အပျက် ဗီဒီယိုဖိုင်မာ အမျိုးသမီးဟာ စက်လှေကားပေါ်မှာ ငုတ်တုတ်ထိုင်ချနေရပြီး ငိုကြွေးနေတာကိုတွေ့ရပါတယ်။ ဗီဒီယိုထဲမှာတော့ တခြားအမျိုးသမီးက အာဏာပိုင်တွေ ဆီ အကူအညီတောင်းနေတာ တွေ့ရပါတယ်။ စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ရဲ့ အဆိုအရ ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၆ နာရီ ၅၀ ခန့် အချိန်က Sengkang Grand Mall ၊ 70 Compassvale Bow မှာ အရေးပေါ်ဖုန်းဆက်အကူအညီတောင်းမှု ရရှိခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းတွေသုံးကာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးရဲ့ဘယ်ဘက်ခြေဟာ စက်လှေကားဘေးနှုတ်ခမ်းမှာ ညှပ်နေခဲ့တာဖြစ်ပြီး ဘယ်လောက်ထိခိုက်သွားလဲ ဆိုတာတော့ မသိရသေးပါဘူး။
လက်ရှိတော့ အဆိုပါ အမျိုးသမီးကို KK အမျိုးသမီးနဲ့ ကလေးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ရွိ ကုန္တိုက္ စက္ေလွကားမွာ အမ်ိဳးသမီးတစ္ဦး ေျခေထာက္ညႇပ္ၿပီး ေဆး႐ုံေရာက္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၄

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ရွိ Sengkang Grand Mall ေရွာ့ပင္းေမာလ္မွာ ေဖေဖာ္ဝါရီ ၂၂ ရက္က အမ်ိဳးသမီးတစ္ဦး စက္ေလွကားထဲ ေျခေထာက္ညႇပ္သြားျခင္းေၾကာင့္ ေဆး႐ုံေရာက္ခဲ့တယ္လို႔ သိရပါတယ္။

Facebook စာမ်က္ႏွာေပၚမွာ တင္ထားတဲ့အျဖစ္အပ်က္ ဗီဒီယိုဖိုင္မာ အမ်ိဳးသမီးဟာ စက္ေလွကားေပၚမွာ ငုတ္တုတ္ထိုင္ခ်ေနရၿပီး ငိုေႂကြးေနတာကိုေတြ႕ရပါတယ္။ ဗီဒီယိုထဲမွာေတာ့ တျခားအမ်ိဳးသမီးက အာဏာပိုင္ေတြ ဆီ အကူအညီေတာင္းေနတာ ေတြ႕ရပါတယ္။ စကၤာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) ရဲ႕ အဆိုအရ ေဖေဖာ္ဝါရီ ၂၂ ရက္ ညေန ၆ နာရီ ၅၀ ခန႔္ အခ်ိန္က Sengkang Grand Mall ၊ 70 Compassvale Bow မွာ အေရးေပၚဖုန္းဆက္အကူအညီေတာင္းမႈ ရရွိခဲ့ၿပီး ကယ္ဆယ္ေရးပစၥည္းေတြသုံးကာ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
အမ်ိဳးသမီးရဲ႕ဘယ္ဘက္ေျခဟာ စက္ေလွကားေဘးႏႈတ္ခမ္းမွာ ညႇပ္ေနခဲ့တာျဖစ္ၿပီး ဘယ္ေလာက္ထိခိုက္သြားလဲ ဆိုတာေတာ့ မသိရေသးပါဘူး။
လက္ရွိေတာ့ အဆိုပါ အမ်ိဳးသမီးကို KK အမ်ိဳးသမီးနဲ႔ ကေလးေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.