နီကျားဇာတ်ကားကြောင့် တရုတ်နိုင်ငံ၊ တီရန်ကျင်းရှိ Ne Zha Town ခရီသွားတွေနဲ့စည်ကား

125
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၄
ကမ္ဘာကျော်သွားတဲ့ Ne Zha 2 ဇာတ်ကားကြောင့် တီရန်ကျင်းရှိ Ne Zha Town ဟာ ခရီးသွားလာသူတွေနဲ့ စည်ကားနေပြီး ခရီးသွားလုပ်ငန်း အရှိန်မြှင့်လုပ်ဆောင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဇာတ်ကားထဲမှာ နီကျားရဲ့မွေးရပ်မြေ တီရန်ကျင်းဒေသိယဘာသာစကားနဲ့တည်နေရာတွေ ပါဝင်နေတာ ကြောင့် တီရန်ကျင်းဟာ နီကျားပရိသတ် ခရီးသွားဧည့်သည်တွေအတွက် ဟော့စပေါ့ဖြစ်လာခဲ့ပါတယ်။ တီရန်ကျင်း ယဉ်ကျေးမှု နဲ့ ခရီးသွားကဏ္ဍကိုလည်း နီကျားဇာတ်ဝင်ခန်း စတိုင်တွေ ဖန်တီးထားတာကြောင့် ဧည့်သည်အသွား အလာ ၃၀ ရာခိုင်နှုန်းထိ တိုးတက်သွားတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။
Ne Zha Town ဟာ တီရန်ကျင်း၊ ဟီရှီခရိုင်ရှိ ယခင်စက်မှုဥယျာဉ်ကို နီကျား သမိုင်းဝင် ဗိသုကာလက်ရာတွေနဲ့ ပြန်လည်အသက်သွင်း ဖန်တီးထားတာဖြစ်ပြီး ဧည့်သည်များအနေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်တဲ့ Ne Zha ပန်းချီကား အမျိုးမျိုးပြသကာ ခရီးသွားတွေကို ဆွဲဆောင်ထားတယ်လို့ သိရပါတယ်။
Zawgyi Version:
နီက်ားဇာတ္ကားေၾကာင့္ တ႐ုတ္ႏိုင္ငံ၊ တီရန္က်င္းရွိ Ne Zha Town ခရီသြားေတြနဲ႔စည္ကား
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၄
ကမာၻေက်ာ္သြားတဲ့ Ne Zha 2 ဇာတ္ကားေၾကာင့္ တီရန္က်င္းရွိ Ne Zha Town ဟာ ခရီးသြားလာသူေတြနဲ႔ စည္ကားေနၿပီး ခရီးသြားလုပ္ငန္း အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔လည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
ဇာတ္ကားထဲမွာ နီက်ားရဲ႕ေမြးရပ္ေျမ တီရန္က်င္းေဒသိယဘာသာစကားနဲ႔တည္ေနရာေတြ ပါဝင္ေနတာ ေၾကာင့္ တီရန္က်င္းဟာ နီက်ားပရိသတ္ ခရီးသြားဧည့္သည္ေတြအတြက္ ေဟာ့စေပါ့ျဖစ္လာခဲ့ပါတယ္။ တီရန္က်င္း ယဥ္ေက်းမႈ နဲ႔ ခရီးသြားက႑ကိုလည္း နီက်ားဇာတ္ဝင္ခန္း စတိုင္ေတြ ဖန္တီးထားတာေၾကာင့္ ဧည့္သည္အသြား အလာ ၃၀ ရာခိုင္ႏႈန္းထိ တိုးတက္သြားတယ္လို႔ ဆင္ဟြာသတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။
Ne Zha Town ဟာ တီရန္က်င္း၊ ဟီရွီခ႐ိုင္ရွိ ယခင္စက္မႈဥယ်ာဥ္ကို နီက်ား သမိုင္းဝင္ ဗိသုကာလက္ရာေတြနဲ႔ ျပန္လည္အသက္သြင္း ဖန္တီးထားတာျဖစ္ၿပီး ဧည့္သည္မ်ားအေနနဲ႔ အမွတ္တရ ဓာတ္ပုံ႐ိုက္ကူးႏိုင္တဲ့ Ne Zha ပန္းခ်ီကား အမ်ိဳးမ်ိဳးျပသကာ ခရီးသြားေတြကို ဆြဲေဆာင္ထားတယ္လို႔ သိရပါတယ္။