မန္တလေးရှိ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများအား ဓာတ်ခွဲစစ်ဆေးမှု ၆၀၀ ကျော် ပြုလုပ်မည်

 190

NP News ဖေဖေါ်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစားလုပ်ငန်းများဖြစ်သော စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် တားမြစ်ထားသည့် တာရှည်ခံဆေးများ၊ အစိုဓာတ်များ၊ အဏုဇီဝပိုးများနှင့် ဘေးဥပဒ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ၊ ပါဝင်မှုရှိမရှိတို့ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပေးလျက်ရှိနေပြီး လာမည့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ဓာတ်ခွဲစစ်ဆေးမှု ၆၃၀ ကို လျာထားဆောင်ရွက်သွားမှာဖြစ်ကြောင်း အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ထုတ်ကုန်တွေမှာ သုံးစွဲသူတွေအတွက် ဘေးအန္တရာယ်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေ၊ အဏုဇီဝပိုးမွှားတွေ ပါဝင်တယ်ဆိုရင် သုံးစွဲသူတွေမှာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သက်ဆိုင်ရာဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်ကြဖို့ လိုပါတယ်”ဟု အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လာမည့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ဓာတုဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ၄၁၉ ခုနှင့် အဏုဇီဝ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှု ၂၁၁ ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ၆၃၀ ခုကို ဆောင်ရွက်ရန် လျာထားတာဖြစ်ကြောင်း မန္တလေးတိုင်း အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခု ၂၀၂၄- ၂၅ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ တတိယအပတ်ဝန်းကျင်အထိ အဆိုပါ ဌာန၏ စာရင်းများအရ ဓာတုဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ၃၈၃ ခုနှင့် အဏုဇီဝဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု ၄၃၅ ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှု ၈၁၈ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးရွိ စားေသာက္ကုန္၊ လူသုံးကုန္ႏွင့္ အလွကုန္ပစၥည္းမ်ားအား ဓာတ္ခြဲစစ္ေဆးမႈ ၆၀၀ ေက်ာ္ ျပဳလုပ္မည္
NP News ေဖေဖၚဝါရီ ၂၄
မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ အေသးစားလုပ္ငန္းမ်ားျဖစ္ေသာ စားေသာက္ကုန္၊ လူသုံးကုန္ႏွင့္ အလွကုန္ပစၥည္းမ်ားတြင္ ေဘးအႏၲရာယ္ ကင္းရွင္းေစေရးအတြက္ တားျမစ္ထားသည့္ တာရွည္ခံေဆးမ်ား၊ အစိုဓာတ္မ်ား၊ အဏုဇီဝပိုးမ်ားႏွင့္ ေဘးဥပဒ္ျဖစ္ေစႏိုင္ေသာ ဓာတုပစၥည္းမ်ား၊ ပါဝင္မႈရွိမရွိတို႔ကို ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေပးလ်က္ရွိေနၿပီး လာမည့္ ၂၀၂၅-၂၆ ဘ႑ာႏွစ္အတြင္း ဓာတ္ခြဲစစ္ေဆးမႈ ၆၃၀ ကို လ်ာထားေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ သိရသည္။
“လုပ္ငန္းရွင္ေတြအေနနဲ႔ ကိုယ့္ရဲ႕ထုတ္ကုန္ေတြမွာ သုံးစြဲသူေတြအတြက္ ေဘးအႏၲရာယ္ျဖစ္ေစမယ့္ ဓာတုပစၥည္းေတြ၊ အဏုဇီဝပိုးမႊားေတြ ပါဝင္တယ္ဆိုရင္ သုံးစြဲသူေတြမွာ ေဘးအႏၲရာယ္ျဖစ္ေစႏိုင္တဲ့အတြက္ မိမိတို႔ရဲ႕ ထုတ္ကုန္ပစၥည္းေတြကို သက္ဆိုင္ရာဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈေတြ ေဆာင္႐ြက္ၾကဖို႔ လိုပါတယ္”ဟု အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
လာမည့္ ၂၀၂၅-၂၆ ဘ႑ာႏွစ္တြင္ ဓာတုဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈ ၄၁၉ ခုႏွင့္ အဏုဇီဝ ဓာတ္ခြဲစမ္းသပ္ စစ္ေဆးမႈ ၂၁၁ ခု၊ စုစုေပါင္း ဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈ ၆၃၀ ခုကို ေဆာင္႐ြက္ရန္ လ်ာထားတာျဖစ္ေၾကာင္း မႏၲေလးတိုင္း အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ သိရသည္။
ယခု ၂၀၂၄- ၂၅ ဘ႑ာႏွစ္ ေဖေဖာ္ဝါရီ တတိယအပတ္ဝန္းက်င္အထိ အဆိုပါ ဌာန၏ စာရင္းမ်ားအရ ဓာတုဓာတ္ခြဲစမ္းသပ္စစ္ေဆးမႈ ၃၈၃ ခုႏွင့္ အဏုဇီဝဓာတ္ခြဲ စမ္းသပ္စစ္ေဆးမႈ ၄၃၅ ခု၊ စုစုေပါင္း ဓာတ္ခြဲစမ္းသပ္ စစ္ေဆးမႈ ၈၁၈ ခုကို ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.