သန်လျင်မြိုနယ်တွင် အရက်သောက်ပြီးအိပ်ပျော်စဉ် ရထားကြိတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံး

656

ချယ်ရီ(NP News)-ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်တွင် ရထားလမ်းပေါ်၌ အရက်သောက်ပြီးအိပ်ပျော်စဉ် ရထားကြိတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်း၏ဥက္ကဌက NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့၊ ဖေဖော်ဝါရီလ ၂၃ရက်၊ ညပိုင်းက သန်လျင်မြိုနယ်၊ အောင်ချမ်းသာရပ်ကွက်၊ အေးသစ္စာအပိုင်၊ မီးရထားလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ညီအစ်ကိုနှစ်ယောက် ညက အရက်သောက်ကြတယ်။ သောက်ပြီးတော့ သေဆုံးတဲ့သူက အဲဒီရထားလမ်းပေါ်မှာ အိပ်တယ်။ ရထားကလည်း ပုံမှန်ကျောက်တွေပို့တဲ့ တွဲဆိုင်းရထားရှိတယ်။ ဒါပေမဲ့ ဘယ်အချိန်ဖြစ်လဲတော့မသိဘူးဗျာ။ ရထားပြန်ဝင်လာတဲ့အချိန်ကိုမေးတော့ ည(၁)နာရီမှာ ဝင်တယ်။ အဲဒီအချိန်မှာ ဖြစ်တာလား။ ဒါမှမဟုတ် အသွားကတည်းက ဖြစ်တာလားဆိုတာတော့ မသိလိုက်ဘူး” ဟု ၎င်းက ဆိုသည်။
သေဆုံးသူအမျိုးသားသည် အသက်(၄၀)နှစ် ဝန်းကျင်အရွယ်ရှိပြီး ရထားကြိတ်ခံရမှုကြောင့် ၎င်း၏ ယာဘက်ခြေထောက်မှာ ဒူးဆစ်မှပြတ်ထွက်သွားပြီး ဘယ်ဘက်ခြေထောက်မှာ အရေခွံလေး တွဲကျန်ရုံ ခြေထောက်ပြတ်လုနီးပါး ဒဏ်ရာများရရှိပြီး နံနက်ပိုင်း (၅)နာရီဝန်းကျင်ခန့်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သူတို့က အိမ်ခြေရာမဲ့ပေါ့ဗျာ။ ပလုံကောက်တယ်။ နေစရာလည်း မရှိဘူး။ အဲဒီလိုပဲ ဟိုအနားမှာနေ၊ ဒီအနားမှာနေလိုက် နေတယ်။ အဲ့ဒီအနားမှာကျင်လည်နေရတာပေါ့ဗျာ။ ပြီးတော့ သူတို့က သန်လျင်သားလည်း မဟုတ်ဘူး။ တခြားနယ်ကနေ လာကြတာ။ ဆွေလည်းမရှိဘူး။ အမျိုးလည်း မရှိဘူးဗျာ။ ပြီးတော့ ညကအရက်သောက်ပြီး အဲဒီမှာအိပ်တယ်။ မနက်ရောက်မှ သူ့အစ်ကိုဖြစ်သူက သိတယ်။ သူ့အစ်ကိုလည်း ညကမူးနေတော့ မသိဘူးနဲ့တူပါတယ်။ သိတော့ သူရေတောင်းသောက်သေးတယ်တဲ့။ ရေတောင်းသောက်ပြီးတော့မှ ဆုံးသွားတယ်ပေါ့” ဟု ၎င်းက ရှင်းပြသည်။
ထို့နောက် သေဆုံးသူရုပ်အလောင်းကို သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
သန္လ်င္ၿမိဳနယ္တြင္ အရက္ေသာက္ၿပီးအိပ္ေပ်ာ္စဥ္ ရထားႀကိတ္ခံရ၍ အမ်ိဳးသားတစ္ဦး ေသဆုံး
ခ်ယ္ရီ(NP News)-ေဖေဖာ္ဝါရီ ၂၄
ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳနယ္တြင္ ရထားလမ္းေပၚ၌ အရက္ေသာက္ၿပီးအိပ္ေပ်ာ္စဥ္ ရထားႀကိတ္ခံရ၍ အမ်ိဳးသားတစ္ဦး ေသဆုံးသြားေၾကာင္း ေလာကအလင္းလူမႈကူညီကယ္ဆယ္ေရးအသင္း၏ဥကၠဌက NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔၊ ေဖေဖာ္ဝါရီလ ၂၃ရက္၊ ညပိုင္းက သန္လ်င္ၿမိဳနယ္၊ ေအာင္ခ်မ္းသာရပ္ကြက္၊ ေအးသစၥာအပိုင္၊ မီးရထားလမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို႔ညီအစ္ကိုႏွစ္ေယာက္ ညက အရက္ေသာက္ၾကတယ္။ ေသာက္ၿပီးေတာ့ ေသဆုံးတဲ့သူက အဲဒီရထားလမ္းေပၚမွာ အိပ္တယ္။ ရထားကလည္း ပုံမွန္ေက်ာက္ေတြပို႔တဲ့ တြဲဆိုင္းရထားရွိတယ္။ ဒါေပမဲ့ ဘယ္အခ်ိန္ျဖစ္လဲေတာ့မသိဘူးဗ်ာ။ ရထားျပန္ဝင္လာတဲ့အခ်ိန္ကိုေမးေတာ့ ည(၁)နာရီမွာ ဝင္တယ္။ အဲဒီအခ်ိန္မွာ ျဖစ္တာလား။ ဒါမွမဟုတ္ အသြားကတည္းက ျဖစ္တာလားဆိုတာေတာ့ မသိလိုက္ဘူး” ဟု ၎က ဆိုသည္။
ေသဆုံးသူအမ်ိဳးသားသည္ အသက္(၄၀)ႏွစ္ ဝန္းက်င္အ႐ြယ္ရွိၿပီး ရထားႀကိတ္ခံရမႈေၾကာင့္ ၎၏ ယာဘက္ေျခေထာက္မွာ ဒူးဆစ္မွျပတ္ထြက္သြားၿပီး ဘယ္ဘက္ေျခေထာက္မွာ အေရခြံေလး တြဲက်န္႐ုံ ေျခေထာက္ျပတ္လုနီးပါး ဒဏ္ရာမ်ားရရွိၿပီး နံနက္ပိုင္း (၅)နာရီဝန္းက်င္ခန႔္၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“သူတို႔က အိမ္ေျခရာမဲ့ေပါ့ဗ်ာ။ ပလုံေကာက္တယ္။ ေနစရာလည္း မရွိဘူး။ အဲဒီလိုပဲ ဟိုအနားမွာေန၊ ဒီအနားမွာေနလိုက္ ေနတယ္။ အဲ့ဒီအနားမွာက်င္လည္ေနရတာေပါ့ဗ်ာ။ ၿပီးေတာ့ သူတို႔က သန္လ်င္သားလည္း မဟုတ္ဘူး။ တျခားနယ္ကေန လာၾကတာ။ ေဆြလည္းမရွိဘူး။ အမ်ိဳးလည္း မရွိဘူးဗ်ာ။ ၿပီးေတာ့ ညကအရက္ေသာက္ၿပီး အဲဒီမွာအိပ္တယ္။ မနက္ေရာက္မွ သူ႔အစ္ကိုျဖစ္သူက သိတယ္။ သူ႔အစ္ကိုလည္း ညကမူးေနေတာ့ မသိဘူးနဲ႔တူပါတယ္။ သိေတာ့ သူေရေတာင္းေသာက္ေသးတယ္တဲ့။ ေရေတာင္းေသာက္ၿပီးေတာ့မွ ဆုံးသြားတယ္ေပါ့” ဟု ၎က ရွင္းျပသည္။
ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းကို သန္လ်င္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။