USAID ရဲ့ ဝန်ထမ်း ၁၆၀၀ ကို ထုတ်ပယ်သွားမယ်လို့ အမေရိကန်အစိုးရပြော

610

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၄
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်တဲ့အမေရိကန်အစိုးရအဖွဲ့ဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအကူအညီပေးရေးဌာန USAID ရဲ့ဝန်ထမ်း ၁၆၀၀ ကို ထုတ်ပယ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အဆိုပါဌာနရဲ့ခေါင်းဆောင်တွေနဲ့ အရေးပါတဲ့ဝန်ထမ်းတွေကလွဲပြီး ဝန်ထမ်းအချို့ကို ထုတ်ပယ်အစားထိုးဖို့ စီစဉ်လာခဲ့တာလည်းဖြစ်ပါတယ်။ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ် ဦးဆောင်တဲ့အမေရိကန်အစိုးရအဖွဲ့ရဲ့စွမ်းဆောင်ရည်ပိုင်းအကဲဖြတ်ရေးအဖွဲ့ဟာ USAID ဌာနရဲ့လုပ်ငန်းပိုင်း
စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ကာ အငြင်းပွားခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက "USAID အဖွဲ့က ဝန်ထမ်းအချို့ကို လျော့ပယ်ခြင်းကို ပြောဆိုရတာတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ အဲဒီဝန်ထမ်းတွေကို ဧပြီ ၂၄ ရက်က စတင်ပြီး USAID ရဲ့လုပ်ငန်းတွေကို ပါဝင်လုပ်ကိုင်ခွင့်ပေးတော့မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်သမ္မတအဖြစ် တာဝန်ယူပြီးနောက် အမေရိကန်နိုင်ငံရဲ့ပြည်ပနိုင်ငံတွေအပေါ် ပံ့ပိုးကူညီပေးနေတဲ့ နိုင်ငံအကူအညီများကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားဖို့အမိန့်ထုတ်ပြန်ခဲ့ရာ အငြင်းပွားမှုများဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ် ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့ရဲ့စွမ်းဆောင်ရည်ပိုင်းအကဲဖြတ်ရေးအဖွဲ့ဟာ အမေရိကန်အစိုးရဌာနတွေရဲ့အသုံးစရိတ်တွေ၊ စွမ်းဆောင်ရည်ပိုင်းကို လေ့လာသုံးသပ်ပြီးနောက် မလိုအပ်ဘဲ အသုံးပြုတာ၊ ဝန်ထမ်းအရေအတွက် မလိုအပ်ဘဲ ပိုမိုအသုံးပြုတာတွေကို လျော့နည်းအောင် စောင့်ကြည့်အကြံပေးတာတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။

Zawgyi Version:
USAID ရဲ႕ ဝန္ထမ္း ၁၆၀၀ ကို ထုတ္ပယ္သြားမယ္လို႔ အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၄
အေမရိကန္သမၼတေဒၚနယ္ထရမ့္ ဦးေဆာင္တဲ့အေမရိကန္အစိုးရအဖြဲ႕ဟာ အေမရိကန္အစိုးရရဲ႕ ႏိုင္ငံျခားအကူအညီေပးေရးဌာန USAID ရဲ႕ဝန္ထမ္း ၁၆၀၀ ကို ထုတ္ပယ္သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အဆိုပါဌာနရဲ႕ေခါင္းေဆာင္ေတြနဲ႔ အေရးပါတဲ့ဝန္ထမ္းေတြကလြဲၿပီး ဝန္ထမ္းအခ်ိဳ႕ကို ထုတ္ပယ္အစားထိုးဖို႔ စီစဥ္လာခဲ့တာလည္းျဖစ္ပါတယ္။ ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ ဦးေဆာင္တဲ့အေမရိကန္အစိုးရအဖြဲ႕ရဲ႕စြမ္းေဆာင္ရည္ပိုင္းအကဲျဖတ္ေရးအဖြဲ႕ဟာ USAID ဌာနရဲ႕လုပ္ငန္းပိုင္း
စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ခဲ့ကာ အျငင္းပြားခဲ့ေၾကာင္း သိရပါတယ္။
အေမရိကန္အစိုးရက "USAID အဖြဲ႕က ဝန္ထမ္းအခ်ိဳ႕ကို ေလ်ာ့ပယ္ျခင္းကို ေျပာဆိုရတာေတြအတြက္ စိတ္မေကာင္းျဖစ္မိတယ္။ အဲဒီဝန္ထမ္းေတြကို ဧၿပီ ၂၄ ရက္က စတင္ၿပီး USAID ရဲ႕လုပ္ငန္းေတြကို ပါဝင္လုပ္ကိုင္ခြင့္ေပးေတာ့မွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။
အေမရိကန္ႏိုင္ငံမွာ ေဒၚနယ္ထရမ့္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ အေမရိကန္ႏိုင္ငံရဲ႕ျပည္ပႏိုင္ငံေတြအေပၚ ပံ့ပိုးကူညီေပးေနတဲ့ ႏိုင္ငံအကူအညီမ်ားကို ရက္ေပါင္း ၉၀ ၾကာ ဆိုင္းငံ့ထားဖို႔အမိန႔္ထုတ္ျပန္ခဲ့ရာ အျငင္းပြားမႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။
ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ ဦးေဆာင္တဲ့ အေမရိကန္အစိုးရအဖြဲ႕ရဲ႕စြမ္းေဆာင္ရည္ပိုင္းအကဲျဖတ္ေရးအဖြဲ႕ဟာ အေမရိကန္အစိုးရဌာနေတြရဲ႕အသုံးစရိတ္ေတြ၊ စြမ္းေဆာင္ရည္ပိုင္းကို ေလ့လာသုံးသပ္ၿပီးေနာက္ မလိုအပ္ဘဲ အသုံးျပဳတာ၊ ဝန္ထမ္းအေရအတြက္ မလိုအပ္ဘဲ ပိုမိုအသုံးျပဳတာေတြကို ေလ်ာ့နည္းေအာင္ ေစာင့္ၾကည့္အႀကံေပးတာေတြ လုပ္ေဆာင္မယ္လို႔ သိရပါတယ္။