၂ဝ၂၄-၂ဝ၂၅ ပရီးမီးယားလိဂ်ပွဲစဥ် (၂၇) ရဲ့ ပွဲကြိုသုံးသပ်ချက်များ

 162

ရဲထက် (NP News) - ဖေဖော်ဝါရီ ၂၄

ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ကို ‌ရောက်ရှိလာချိန်မှာ‌တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်း ကပဲအမှတ်ပေးဇယားကို ဦးဆောင်ထားတာကြောင့် မထူးဆန်ဘူးဆိုပေမယ့် အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို ပြန်လည်ရောက်ရှိလာပြီးဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ ‌ခြေစွမ်းကို သတိထား စောင့်ကြည့် ရမှာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့အပြိုင်ပြန်ဖြစ်လာဖို့ အလားအလာတွေကိုမြင်တွေ့နေရပါတယ်။
ချဲလ်ဆီး အသင်းကတော့ အမှတ်ပေးဇယားရဲ့အဆင့်(၄)နေရာကို တက်လိုက်ဆင်းလိုက်လုပ်နေတဲ့အနေအထားမှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုများစွာကို မြင်တွေ့ရမှာဖြစ်ပြီး အဆိုးဆုံးကတော့ ဒီနှစ်မှာ အသင်းတွေဟုတ်ရဲ့လားလို့ မေးခွန်ထုတ်ယူရလောက်တဲ့ ခြေစွမ်းတွေနဲ့အတူ မန်ယူအသင်းနဲ့စပါးစ်အသင်းတို့ရဲ့ ‌ခြေစွမ်းတွေကိုမြင် တွေရမှာဖြစ်ပြီး ဒီထက်ပိုဆိုးလာနိုင်တဲ့အနေအထားမျိုးကို မြင်တွေ့လာရနိုင်ပါတယ်။ နော်တင်ဖောရက်စ်နဲ့ ဘုန်းမောက်စ်အသင်းတို့ရဲ့ ခြေစွမ်းကလည်း စောင့်ကြည့်ချင်စရာကောင်းပြီး ဒီတပတ်မှာလည်း အမှာမခံတဲ့ ပွဲစဉ်တွေအပြင် ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲစဉ်တွေကလည်း ရှိနေပါတယ်။ ဒါကြောင့် NP News ဂျာနယ်ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းကြီးတွေရဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၂၇)အတွက် ခြေစွမ်းနဲ့ဖြစ်နိုင် ခြေသုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

စပါးစ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ဝ - ၄ စပါးစ် (၂၄-၁၂-၂ဝ၂၄)
စပါးစ် ဝ - ၂ မန်စီးတီး (၁၅-၅-၂ဝ၂၄)
မန်စီးတီး ၃ - ၃ စပါးစ် (၃-၁၂-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ၂ မန်စီးတီး
စပါးစ် ၂ - ၃ မန်စီးတီး
မန်စီးတီးအသင်းကတော့ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လာတဲ့အသင်းဖြစ်ပြီး ကွင်းလယ်အဖျက်ပိုင်းမှာ ဂွန်ဇာလက်ကို အစားထိုးနိုင်ခဲ့တာက ရိုဒရီရဲ့နေရာကို အကောင်းဆုံး အစားထိုးမှုတစ်ခုအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး မန်စီးတီးအသင်းရဲ့ မူလခြေစွမ်းတွေကို ပြန်လည်မြင်တွေ့ရဖို့ကလည်း အလားအလာပိုကောင်းလာခဲ့ပြီလို့ ပြောလို့ရနေတဲ့အနေအထားဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း ခေါ်ယူထားတဲ့ ကစားသမားအသစ် မာမို့စ်ကလည်း ခြေစွမ်းပြလာခဲ့တာကြောင့် ဟာလန်းနဲ့အပြိုင်နောက်ထပ်တိုက်စစ် ကစားသမားကောင်းတစ်ယောက်ကို ရရှိခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ ပြောရမယ်ဆိုရင် မန်စီးတီးအသင်းအသစ်ခေါ်ယူထားတဲ့ ကစားသမား (၃)ယောက်လုံးခြေစွမ်းပြလာနိုင်တာကြောင့်လည်း နောက်ထပ်ပွဲစဉ်တွေမှာ မန်စီးတီးအသင်းရဲ့ ခြေစွမ်းပိုင်းတည်ငြိမ်မှုတွေနဲ့ နိုင်ပွဲတွေရော ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက်ကိုပါ အားစိုက်ကစားလာဖို့ရှိနေပါတယ်။ စပါးစ်အသင်းကတော့ ဒီနှစ်ရာသီမှာ မန်စီးတီးအသင်းထက် ပိုပြီးဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြစ်သန်းနေရတယ်လို့ပြောလို့ရနေပြီး ပရီးမီးယားလိဂ်မှာ ဉရောပဝင်ခွင့်တစ်နေရာနဲ့ လွဲချော်သွားနိုင်တဲ့ ခြေစွမ်းမျိုးကိုသာတွေ့ရပါတယ်။ ဒါ့ပြင် အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာလည်း ရှုံးပွဲပိုများနေတာက မန်စီးတီးအသင်းကို ရင်ဆိုင်ဖို့ လွယ်ကူမနေတဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီ ပထမဆုံးတွေ့ဆုံမှုမှာ စပါးစ်အသင်းက မန်စီးတီးအသင်းအိမ်ကွင်းမှာ (၄)ဂိုးပြတ်နဲ့ နိုင်ပွဲရခဲ့တာကိုတွေ့ရပါတယ်။ ပြောရရင် မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းအတွက် ခက်ခဲတဲ့ ပြိုင်ဘက်အသင်းထဲမှာ စပါးစ်အသင်းက တစ်သင်းအပါအဝင်ဖြစ်ပြီး တွေ့လိုက်တဲ့ ပွဲစဉ်တိုင်း မန်စီးတီးအသင်းအတွက် နိုင်ပွဲရဖို့ ရုန်းကန်ရလေ့ရှိပါတယ်။ ဒီတစ်ကြိမ်မှာလည်း စပါးစ်အသင်းရဲ့ အိမ်ကွင်းဖြစ်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ အိမ်ကွင်းမှာတုန်းက ဂိုးပြတ်အရှုံးကို ပြန်လည်ချေပနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရလဒ်ပိုင်းအနေနဲ့ကတော့ စပါးစ်အသင်းက အိမ်ကွင်းဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များပြီး နိုင်ပွဲအနေနဲ့ကတော့ ရှုံးကြွေးပြန်ဆပ်ဖို့ရှိနေတဲ့ မန်စီးတီးဘက်ကနေချင်ပါတယ်။
လီဗာပူးလ် Vs နယူးကာဆယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယူးကာဆယ် ၃ - ၃ လီဗာပူးလ် (၅-၁၂-၂ဝ၂၄)
လီဗာပူးလ် ၄ - ၂ နယူးကာဆယ် (၂-၁-၂ဝ၂၄)
ချဲလ်ဆီး ဝ - ၁ အက်စတွန်ဗီလာ (၂၇-၈-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၃ - ၂ နယူးကာဆယ်
လီဗာပူးလ် ၂ - ၂ နယူးကာဆယ်
လီဗာပူးလ်အသင်းအနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ အမှားအယွင်းမခံတဲ့ ပုံစံမျိုးကိုမြင်တွေ့ရပြီး အနိုင်ရလဒ်ကိုသာ ဦးစားပေးသွားမယ့်အနေအထားမျိုးကိုမြင်တွေ့ရပါတယ်။ ပွဲတစ်ပွဲကို တစ်ဖက်အသင်းကစားပုံ အတက်အကျ အပေါ်မူတည်ပြီး ကစားတတ်တဲ့ လီဗာပူးလ်အသင်းရဲ့ ကစားဟန်က ဒီနှစ်ရာသီမှာ အခြားအသင်းတွေထက် ခေါင်းတစ်လုံးပိုသာနေတဲ့အချက်လို့‌တောင် ပြောလို့ရနေပါတယ်။ ဒါ့ပြင် လီဗာပူးလ်အသင်းရရှိခဲ့တဲ့ သွင်းဂိုးတော် တော်များများကလည်း တန်ပြန်တိုက်စစ်ကနေရရှိခဲ့တဲ့ သွင်းဂိုးတွေကို မြင်တွေ့ရမှာဖြစ်ပြီး တိုက်စစ်ပိုင်းက ဆာလက်နဲ့ တောင်ပံနှစ်ဘက်က တိုးအားရုန်အားတွေကလည်း တကယ်ကို အားရစရာကောင်းပါတယ်။ ကစားသမားတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပိုင်းကလည်း အရမ်းကိုကောင်းမွန်လွန်းနေပြီး နိုင်ပွဲတစ်ပွဲရဖို့ ပါးနပ်စွာကစားတတ်တာကို နည်းပြသစ် အာနဲစလော့လက်ထက်မှာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ ဒီနှစ်ရာသီမှာ အရင်နှစ်တွေကလိုပဲ အရမ်းလည်းကောင်းမလာသလို အရမ်းလည်း ဆိုးရွားနေတာမျိုးမဟုတ်ဘဲ ပုံမှန်ခြေစွမ်းအတိုင်းသာရှိနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းကို နိုင်ပွဲရပ်တန့်အောင်လုပ်နိုင် မယ့်အသင်းတွေထဲကအသင်းလို့ ပြောလို့ရပြီး ကြမ်းကြမ်းတမ်းတမ်းကစားတတ်တဲ့ ကစားဟန်က ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ဒီပွဲစဉ်ကို သရေကျရင်တောင် ဉရောပဝင်ခွင့်နဲ့ နီးစပိသွားနိုင်တဲ့ နယူးကာဆယ်အသင်းအနေနဲ့ လီဗာပူးလ်အသင်းကို အချိန်ယူပြင်ဆင်ပြီး ရင်ဆိုင်လာဖို့ရှိနေ ပါတယ်။ ဒီရာသီထိပ်တိုက်တွေ့ဆုံမှုမှာ (၃)ဂိုးစီသရေကျ ထားတာကြောင့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပြိုင်ဆိုင်မှု ပြင်းထန်မယ့်အပြင် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ကောင်းလာဖို့ရှိနေပါတယ်။ ရလဒ်ပိုင်းအနေနဲ့ကတော့ လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် နယူးကာဆယ်အသင်းကို မနိုင်ရင်တောင် သရေ‌ေလာက်အထိ အရယူသွားနိုင်ပါ တယ်။ နိုင်ပွဲအနေနဲ့ဆိုရင်တော့ လီဗာပူးလ်အသင်းက (၁)ဂိုးလောက် အကွာနဲ့ ကပ်နိုင်ပါမယ်။
နော်တင်ဖောရက်စ် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၃ - ဝ နော်တင်ဖောရက်စ် (၂၃-၁၂-၂ဝ၂၄)
နော်တင်ဖောရက်စ် ၁ - ၂ အာဆင်နယ် (၃၁-၁-၂ဝ၂၄)
အာဆင်နယ် ၂ - ၁ နော်တင်ဖောရက်စ် (၁၂-၈-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နော်တင်ဖောရက်စ် ၂ - ၄ အာဆင်နယ်
နော်တင်ဖောရက်စ် ၃ - ၃ အာဆင်နယ်
ဒီရာသီမှာ နော်တင်ဖောရက်စ်အသင်းကို အိမ်ကွင်းမှာ(၃)ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့အသင်းဟာ အသင်းကြီးတွေထဲမှာ အာဆင်နယ်အသင်းတစ်သင်းသာရှိပြီး နော်တင်ဖော်ရက်စ်အနေနဲ့ အခြားအသင်းတွေကို ဒုက္ခပေးနိုင်ရင်တောင် အာဆင်နယ်အသင်းနဲ့တွေ့တိုင်း နိုင်ပွဲရဖို့ရုန်းကန်ရလေ့ရှိတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ လီဗာပူးလ်အသင်းကို အနီးကပ်ဖိအားပေးနိုင်ဖို့အတွက် တစ်ပွဲထက်တစ်ပွဲ နိုင်ပွဲအများဆုံးရအောင် စွမ်းဆောင်ရမှာဖြစ်သလို လီဗာပူးလ်အသင်း ခြေချော်တာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ရှိနေတာကြောင့် နော်တင်ဖောရက်စ်အသင်းအတွက် ဒီပွဲစဉ်လည်း နိုင်ပွဲရဖို့ လွယ်ကူနေမှာမဟုတ်တာသေချာနေပါတယ်။ လက်ရှိခြေစွမ်းအရ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နဲ့ (၃)မှာရှိနေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ် တာကြောင့် ဘယ်အသင်းက အနိုင်ယူပြီး ရမှတ်လျှော့ချနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်တာကြောင့် ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲကောင်းတစ်ပွဲလို့လည်းဆိုနိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အားသာချက်တစ်ခုက နောက်တန်းခံစစ်ဖြစ်ပြီး နော်တင်ဖောရက်စ်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ခံစစ်ကို ထိုးဖောက်ဖို့မလွယ်တဲ့ အပြင်အသင်းလိုက်ကစားပုံကောင်းတဲ့ အာဆင်နယ်အသင်းကို အနိုင်ယူဖို့မလွယ်ကူတာသေချာပါတယ်။ ဒါကြောင့် ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရရင် အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ဖြစ်တာကြောင့် နော်တင်ဖောရက်စ်အသင်းကို သရေနဲ့အနိုင်ရလဒ်ကိုသာ ဖော်ဆောင်သွားနိုင်ဖို့ရှိပြီး သွင်းဂိုးတွေကိုလည်း အများအပြားမြင်တွေ့ရနိုင်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။
မန်ယူ Vs အစ်ဆွစ်တောင်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အစ်ဆွစ်တောင်း ၄ - ဝ မန်ယူ (၂၄-၁၁-၂ဝ၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ Vs အစ်ဆွစ်တောင်း
မန်ယူ Vs အစ်ဆွစ်တောင်း
မန်ယူအသင်းက ဒီပွဲစဉ်မှာ အနိုင်(၃)မှတ်ရယူဖို့ အလားအလာကောင်းတယ်လို့ ပြောလို့ရပေမယ့် ခြေစွမ်းပိုင်းက အဘက်ဘက်က ကျဆင်းနေတဲ့အပြင် တိုက်စစ်ပိုင်းဂိုးသွင်းမသေချာမှု၊ကွင်းလယ်ပိုင်းက ဖန်တီးနိုင်ဖို့ထက် တစ်ယောက်ချင်းအနေအထားမှာတောင် အနိုင်ယူနိုင်စွမ်းမရှိမှုတွအပြင် ခံစစ်နဲ့ ဂိုးသမားနေရာကပါ ယုံကြည်လို့ မရတဲ့အနေအထားမှာ မနယူအသင်းအတွက် ကစားပွဲတစ်ပွဲကို အနိုင်ရဖို့ဆိုတာ အင်မတန် ခက်ခဲ့အရာတစ်ခုလို့ တောင် တွေးထင်ချင်စရာကောင်းလောက်ကို ဖြစ်နေခဲ့ပြီးပဲဖြစ်ပါတယ်။ မန်ယူအသင်းကို ရောက်လာတဲ့ ကစားသမားတိုင်းရဲ့ စွမ်းဆောင်ရည်ကျဆင်းမှု စိတ်ဓာတ်ခံယူချက်တွေကအစ ပြောင်းလဲသွားခဲ့ပြီး ကစားသမား ဘဝအဆုံးသတ်မလှခဲ့တဲ့ အနေအထားမျိုးကိုလည်းတွေ့မြင်နေရပါသေးတယ်။ ဒီအချက်တွေကို မပြင်ဆင်နိုင် သေးရင် မန်ယူအသင်းအနေနဲ့ ရာသီကုန်မှာ အဆင့်(၁ဝ)ထဲကိုဝင်ရင်တောင် ကံကောင်းတယ်လို့ ဆိုရမှာဖြစ်ပြီး ဉရောပဝင်ခွင့်အားလုံးကိုလည်း ဆုံးရှုံးသွားရနိုင်ပါတယ်။ ဒီပွဲစဉ်ကလည်း တန်းဆင်းဇုန်ထဲက အသင်းဖြစ် တာကြောင့် နိုင်ပွဲသေချာယူဖို့လိုအပ်နေပြီး ယုံကြည်မှုတွေကို ပြန်လညရယူဖို့ အကောင်းဆုံးပွဲစဉ် လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီထိပ်တိုက်တွေ့ဆုံမှာလည်း တစ်ဖက်တစ်ဂိုးစီသရေကျထားတာကြောင့် ပြောရခက်ပေမယ့် ဒီပွဲစဉ်က မန်ယူအသင်းရဲ့အိမ်ကွင်းဖြစ်တာအပြင် တစ်ဘက်အသင်းက အစ်ဆွစ် တောင်းဖြစ်နေတာကြောင့် ဒီပွဲစည်ကတော့ မန်ယူအသင်းအတွက် အနိုင်(၃)မှတ်ကို ရယူသွားနိုင်ပါမယ်။ ဂိုးတော့မပြတ်ပါဘူး။
၂၂- ၂ -၂ဝ၂၅ (ဗုဒ္ဓဟူးနေ့နံနက်ပိုင်း)
နံနက်(၂းဝဝ) မန်ယူ Vs အစ်ဆွစ်တောင်း
နံနက်(၂းဝဝ) နော်တင်ဖောရက်စ် Vs အာဆင်နယ်
နံနက်(၂းဝဝ) စပါးစ် Vs မန်စီးတီး
နံနက်(၂းဝဝ) လီဗာပူးလ် Vs နယူးကာဆယ်

Zawgyi Version:
၂ဝ၂၄-၂ဝ၂၅ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၇) ရဲ႕ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေဖေဖာ္ဝါရီ ၂၄

ပရီးမီးယားလိဂ္ပြဲစဥ္(၂၇)ကို ‌ေရာက္ရွိလာခ်ိန္မွာ‌ေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ လီဗာပူးလ္အသင္း ကပဲအမွတ္ေပးဇယားကို ဦးေဆာင္ထားတာေၾကာင့္ မထူးဆန္ဘူးဆိုေပမယ့္ အမွတ္ေပးဇယားရဲ႕ အဆင့္(၄)ေနရာကို ျပန္လည္ေရာက္ရွိလာၿပီးျဖစ္တဲ့ မန္စီးတီးအသင္းရဲ႕ ‌ေျခစြမ္းကို သတိထား ေစာင့္ၾကည့္ ရမွာျဖစ္ၿပီး အာဆင္နယ္အသင္းနဲ႔အၿပိဳင္ျပန္ျဖစ္လာဖို႔ အလားအလာေတြကိုျမင္ေတြ႕ေနရပါတယ္။
ခ်ဲလ္ဆီး အသင္းကေတာ့ အမွတ္ေပးဇယားရဲ႕အဆင့္(၄)ေနရာကို တက္လိုက္ဆင္းလိုက္လုပ္ေနတဲ့အေနအထားမွာ ေျခစြမ္းပိုင္းမတည္ၿငိမ္မႈမ်ားစြာကို ျမင္ေတြ႕ရမွာျဖစ္ၿပီး အဆိုးဆုံးကေတာ့ ဒီႏွစ္မွာ အသင္းေတြဟုတ္ရဲ႕လားလို႔ ေမးခြန္ထုတ္ယူရေလာက္တဲ့ ေျခစြမ္းေတြနဲ႔အတူ မန္ယူအသင္းနဲ႔စပါးစ္အသင္းတို႔ရဲ႕ ‌ေျခစြမ္းေတြကိုျမင္ ေတြရမွာျဖစ္ၿပီး ဒီထက္ပိုဆိုးလာႏိုင္တဲ့အေနအထားမ်ိဳးကို ျမင္ေတြ႕လာရႏိုင္ပါတယ္။ ေနာ္တင္ေဖာရက္စ္နဲ႔ ဘုန္းေမာက္စ္အသင္းတို႔ရဲ႕ ေျခစြမ္းကလည္း ေစာင့္ၾကည့္ခ်င္စရာေကာင္းၿပီး ဒီတပတ္မွာလည္း အမွာမခံတဲ့ ပြဲစဥ္ေတြအျပင္ ၿပိဳင္ဆိုင္မႈ ျပင္းထန္မယ့္ ပြဲစဥ္ေတြကလည္း ရွိေနပါတယ္။ ဒါေၾကာင့္ NP News ဂ်ာနယ္ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ အသင္းႀကီးေတြရဲ႕ ပရီးမီးယား လိဂ္ပြဲစဥ္(၂၇)အတြက္ ေျခစြမ္းနဲ႔ျဖစ္ႏိုင္ ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။

စပါးစ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ဝ - ၄ စပါးစ္ (၂၄-၁၂-၂ဝ၂၄)
စပါးစ္ ဝ - ၂ မန္စီးတီး (၁၅-၅-၂ဝ၂၄)
မန္စီးတီး ၃ - ၃ စပါးစ္ (၃-၁၂-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ၂ မန္စီးတီး
စပါးစ္ ၂ - ၃ မန္စီးတီး
မန္စီးတီးအသင္းကေတာ့ လမ္းေၾကာင္းမွန္ေပၚကို ျပန္ေရာက္လာတဲ့အသင္းျဖစ္ၿပီး ကြင္းလယ္အဖ်က္ပိုင္းမွာ ဂြန္ဇာလက္ကို အစားထိုးႏိုင္ခဲ့တာက ႐ိုဒရီရဲ႕ေနရာကို အေကာင္းဆုံး အစားထိုးမႈတစ္ခုအျဖစ္ျမင္ေတြ႕ရမွာျဖစ္ၿပီး မန္စီးတီးအသင္းရဲ႕ မူလေျခစြမ္းေတြကို ျပန္လည္ျမင္ေတြ႕ရဖို႔ကလည္း အလားအလာပိုေကာင္းလာခဲ့ၿပီလို႔ ေျပာလို႔ရေနတဲ့အေနအထားျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာလည္း ေခၚယူထားတဲ့ ကစားသမားအသစ္ မာမို႔စ္ကလည္း ေျခစြမ္းျပလာခဲ့တာေၾကာင့္ ဟာလန္းနဲ႔အၿပိဳင္ေနာက္ထပ္တိုက္စစ္ ကစားသမားေကာင္းတစ္ေယာက္ကို ရရွိခဲ့တယ္လို႔လည္းဆိုႏိုင္ပါတယ္။ ေျပာရမယ္ဆိုရင္ မန္စီးတီးအသင္းအသစ္ေခၚယူထားတဲ့ ကစားသမား (၃)ေယာက္လုံးေျခစြမ္းျပလာႏိုင္တာေၾကာင့္လည္း ေနာက္ထပ္ပြဲစဥ္ေတြမွာ မန္စီးတီးအသင္းရဲ႕ ေျခစြမ္းပိုင္းတည္ၿငိမ္မႈေတြနဲ႔ ႏိုင္ပြဲေတြေရာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ကိုပါ အားစိုက္ကစားလာဖို႔ရွိေနပါတယ္။ စပါးစ္အသင္းကေတာ့ ဒီႏွစ္ရာသီမွာ မန္စီးတီးအသင္းထက္ ပိုၿပီးဆိုး႐ြားတဲ့ ရာသီတစ္ခုကို ျဖစ္သန္းေနရတယ္လို႔ေျပာလို႔ရေနၿပီး ပရီးမီးယားလိဂ္မွာ ဉေရာပဝင္ခြင့္တစ္ေနရာနဲ႔ လြဲေခ်ာ္သြားႏိုင္တဲ့ ေျခစြမ္းမ်ိဳးကိုသာေတြ႕ရပါတယ္။ ဒါ့ျပင္ အသင္းႀကီးေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့ပြဲစဥ္ေတြမွာလည္း ရႈံးပြဲပိုမ်ားေနတာက မန္စီးတီးအသင္းကို ရင္ဆိုင္ဖို႔ လြယ္ကူမေနတဲ့အေနအထားျဖစ္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္ရာသီ ပထမဆုံးေတြ႕ဆုံမႈမွာ စပါးစ္အသင္းက မန္စီးတီးအသင္းအိမ္ကြင္းမွာ (၄)ဂိုးျပတ္နဲ႔ ႏိုင္ပြဲရခဲ့တာကိုေတြ႕ရပါတယ္။ ေျပာရရင္ မန္စီးတီးအသင္းရဲ႕ ပရီးမီးယားလိဂ္မွာ မန္စီးတီးအသင္းအတြက္ ခက္ခဲတဲ့ ၿပိဳင္ဘက္အသင္းထဲမွာ စပါးစ္အသင္းက တစ္သင္းအပါအဝင္ျဖစ္ၿပီး ေတြ႕လိုက္တဲ့ ပြဲစဥ္တိုင္း မန္စီးတီးအသင္းအတြက္ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ရေလ့ရွိပါတယ္။ ဒီတစ္ႀကိမ္မွာလည္း စပါးစ္အသင္းရဲ႕ အိမ္ကြင္းျဖစ္တာေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ အိမ္ကြင္းမွာတုန္းက ဂိုးျပတ္အရႈံးကို ျပန္လည္ေခ်ပႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ကေတာ့ စပါးစ္အသင္းက အိမ္ကြင္းျဖစ္တာေၾကာင့္ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်ဖို႔မ်ားၿပီး ႏိုင္ပြဲအေနနဲ႔ကေတာ့ ရႈံးေႂကြးျပန္ဆပ္ဖို႔ရွိေနတဲ့ မန္စီးတီးဘက္ကေနခ်င္ပါတယ္။
လီဗာပူးလ္ Vs နယူးကာဆယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
နယူးကာဆယ္ ၃ - ၃ လီဗာပူးလ္ (၅-၁၂-၂ဝ၂၄)
လီဗာပူးလ္ ၄ - ၂ နယူးကာဆယ္ (၂-၁-၂ဝ၂၄)
ခ်ဲလ္ဆီး ဝ - ၁ အက္စတြန္ဗီလာ (၂၇-၈-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၃ - ၂ နယူးကာဆယ္
လီဗာပူးလ္ ၂ - ၂ နယူးကာဆယ္
လီဗာပူးလ္အသင္းအေနနဲ႔ ေနာက္ပိုင္းပြဲစဥ္ေတြမွာ အမွားအယြင္းမခံတဲ့ ပုံစံမ်ိဳးကိုျမင္ေတြ႕ရၿပီး အႏိုင္ရလဒ္ကိုသာ ဦးစားေပးသြားမယ့္အေနအထားမ်ိဳးကိုျမင္ေတြ႕ရပါတယ္။ ပြဲတစ္ပြဲကို တစ္ဖက္အသင္းကစားပုံ အတက္အက် အေပၚမူတည္ၿပီး ကစားတတ္တဲ့ လီဗာပူးလ္အသင္းရဲ႕ ကစားဟန္က ဒီႏွစ္ရာသီမွာ အျခားအသင္းေတြထက္ ေခါင္းတစ္လုံးပိုသာေနတဲ့အခ်က္လို႔‌ေတာင္ ေျပာလို႔ရေနပါတယ္။ ဒါ့ျပင္ လီဗာပူးလ္အသင္းရရွိခဲ့တဲ့ သြင္းဂိုးေတာ္ ေတာ္မ်ားမ်ားကလည္း တန္ျပန္တိုက္စစ္ကေနရရွိခဲ့တဲ့ သြင္းဂိုးေတြကို ျမင္ေတြ႕ရမွာျဖစ္ၿပီး တိုက္စစ္ပိုင္းက ဆာလက္နဲ႔ ေတာင္ပံႏွစ္ဘက္က တိုးအား႐ုန္အားေတြကလည္း တကယ္ကို အားရစရာေကာင္းပါတယ္။ ကစားသမားတစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈပိုင္းကလည္း အရမ္းကိုေကာင္းမြန္လြန္းေနၿပီး ႏိုင္ပြဲတစ္ပြဲရဖို႔ ပါးနပ္စြာကစားတတ္တာကို နည္းျပသစ္ အာနဲစေလာ့လက္ထက္မွာ ေတြ႕ျမင္ခဲ့ရတာျဖစ္ပါတယ္။ နယူးကာဆယ္အသင္းကေတာ့ ဒီႏွစ္ရာသီမွာ အရင္ႏွစ္ေတြကလိုပဲ အရမ္းလည္းေကာင္းမလာသလို အရမ္းလည္း ဆိုး႐ြားေနတာမ်ိဳးမဟုတ္ဘဲ ပုံမွန္ေျခစြမ္းအတိုင္းသာရွိေနတာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္းကို ႏိုင္ပြဲရပ္တန႔္ေအာင္လုပ္ႏိုင္ မယ့္အသင္းေတြထဲကအသင္းလို႔ ေျပာလို႔ရၿပီး ၾကမ္းၾကမ္းတမ္းတမ္းကစားတတ္တဲ့ ကစားဟန္က ဘယ္အသင္းကိုမဆို ဒုကၡေပးႏိုင္စြမ္းရွိပါတယ္။ ဒီပြဲစဥ္ကို သေရက်ရင္ေတာင္ ဉေရာပဝင္ခြင့္နဲ႔ နီးစပိသြားႏိုင္တဲ့ နယူးကာဆယ္အသင္းအေနနဲ႔ လီဗာပူးလ္အသင္းကို အခ်ိန္ယူျပင္ဆင္ၿပီး ရင္ဆိုင္လာဖို႔ရွိေန ပါတယ္။ ဒီရာသီထိပ္တိုက္ေတြ႕ဆုံမႈမွာ (၃)ဂိုးစီသေရက် ထားတာေၾကာင့္ ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ၿပိဳင္ဆိုင္မႈ ျပင္းထန္မယ့္အျပင္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ ၾကည့္ေကာင္းလာဖို႔ရွိေနပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ကေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ နယူးကာဆယ္အသင္းကို မႏိုင္ရင္ေတာင္ သေရ‌ေလာက္အထိ အရယူသြားႏိုင္ပါ တယ္။ ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ လီဗာပူးလ္အသင္းက (၁)ဂိုးေလာက္ အကြာနဲ႔ ကပ္ႏိုင္ပါမယ္။
ေနာ္တင္ေဖာရက္စ္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၃ - ဝ ေနာ္တင္ေဖာရက္စ္ (၂၃-၁၂-၂ဝ၂၄)
ေနာ္တင္ေဖာရက္စ္ ၁ - ၂ အာဆင္နယ္ (၃၁-၁-၂ဝ၂၄)
အာဆင္နယ္ ၂ - ၁ ေနာ္တင္ေဖာရက္စ္ (၁၂-၈-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေနာ္တင္ေဖာရက္စ္ ၂ - ၄ အာဆင္နယ္
ေနာ္တင္ေဖာရက္စ္ ၃ - ၃ အာဆင္နယ္
ဒီရာသီမွာ ေနာ္တင္ေဖာရက္စ္အသင္းကို အိမ္ကြင္းမွာ(၃)ဂိုးျပတ္နဲ႔ႏိုင္ခဲ့တဲ့အသင္းဟာ အသင္းႀကီးေတြထဲမွာ အာဆင္နယ္အသင္းတစ္သင္းသာရွိၿပီး ေနာ္တင္ေဖာ္ရက္စ္အေနနဲ႔ အျခားအသင္းေတြကို ဒုကၡေပးႏိုင္ရင္ေတာင္ အာဆင္နယ္အသင္းနဲ႔ေတြ႕တိုင္း ႏိုင္ပြဲရဖို႔႐ုန္းကန္ရေလ့ရွိတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အာဆင္နယ္ အသင္းဟာ လီဗာပူးလ္အသင္းကို အနီးကပ္ဖိအားေပးႏိုင္ဖို႔အတြက္ တစ္ပြဲထက္တစ္ပြဲ ႏိုင္ပြဲအမ်ားဆုံးရေအာင္ စြမ္းေဆာင္ရမွာျဖစ္သလို လီဗာပူးလ္အသင္း ေျခေခ်ာ္တာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ဖို႔ရွိေနတာေၾကာင့္ ေနာ္တင္ေဖာရက္စ္အသင္းအတြက္ ဒီပြဲစဥ္လည္း ႏိုင္ပြဲရဖို႔ လြယ္ကူေနမွာမဟုတ္တာေသခ်ာေနပါတယ္။ လက္ရွိေျခစြမ္းအရ အမွတ္ေပးဇယားရဲ႕ အဆင့္(၂)နဲ႔ (၃)မွာရွိေနတဲ့ အသင္းႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္ တာေၾကာင့္ ဘယ္အသင္းက အႏိုင္ယူၿပီး ရမွတ္ေလွ်ာ့ခ်ႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္သြားရမွာျဖစ္တာေၾကာင့္ ဒီတစ္ပတ္ရဲ႕ အေကာင္းဆုံးပြဲေကာင္းတစ္ပြဲလို႔လည္းဆိုႏိုင္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ အားသာခ်က္တစ္ခုက ေနာက္တန္းခံစစ္ျဖစ္ၿပီး ေနာ္တင္ေဖာရက္စ္အသင္းအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ခံစစ္ကို ထိုးေဖာက္ဖို႔မလြယ္တဲ့ အျပင္အသင္းလိုက္ကစားပုံေကာင္းတဲ့ အာဆင္နယ္အသင္းကို အႏိုင္ယူဖို႔မလြယ္ကူတာေသခ်ာပါတယ္။ ဒါေၾကာင့္ ရလဒ္ပိုင္းအေနနဲ႔ ခန႔္မွန္းရရင္ အာဆင္နယ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ျဖစ္တာေၾကာင့္ ေနာ္တင္ေဖာရက္စ္အသင္းကို သေရနဲ႔အႏိုင္ရလဒ္ကိုသာ ေဖာ္ေဆာင္သြားႏိုင္ဖို႔ရွိၿပီး သြင္းဂိုးေတြကိုလည္း အမ်ားအျပားျမင္ေတြ႕ရႏိုင္တဲ့ ပြဲစဥ္ျဖစ္ပါတယ္။
မန္ယူ Vs အစ္ဆြစ္ေတာင္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အစ္ဆြစ္ေတာင္း ၄ - ဝ မန္ယူ (၂၄-၁၁-၂ဝ၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ Vs အစ္ဆြစ္ေတာင္း
မန္ယူ Vs အစ္ဆြစ္ေတာင္း
မန္ယူအသင္းက ဒီပြဲစဥ္မွာ အႏိုင္(၃)မွတ္ရယူဖို႔ အလားအလာေကာင္းတယ္လို႔ ေျပာလို႔ရေပမယ့္ ေျခစြမ္းပိုင္းက အဘက္ဘက္က က်ဆင္းေနတဲ့အျပင္ တိုက္စစ္ပိုင္းဂိုးသြင္းမေသခ်ာမႈ၊ကြင္းလယ္ပိုင္းက ဖန္တီးႏိုင္ဖို႔ထက္ တစ္ေယာက္ခ်င္းအေနအထားမွာေတာင္ အႏိုင္ယူႏိုင္စြမ္းမရွိမႈတြအျပင္ ခံစစ္နဲ႔ ဂိုးသမားေနရာကပါ ယုံၾကည္လို႔ မရတဲ့အေနအထားမွာ မနယူအသင္းအတြက္ ကစားပြဲတစ္ပြဲကို အႏိုင္ရဖို႔ဆိုတာ အင္မတန္ ခက္ခဲ့အရာတစ္ခုလို႔ ေတာင္ ေတြးထင္ခ်င္စရာေကာင္းေလာက္ကို ျဖစ္ေနခဲ့ၿပီးပဲျဖစ္ပါတယ္။ မန္ယူအသင္းကို ေရာက္လာတဲ့ ကစားသမားတိုင္းရဲ႕ စြမ္းေဆာင္ရည္က်ဆင္းမႈ စိတ္ဓာတ္ခံယူခ်က္ေတြကအစ ေျပာင္းလဲသြားခဲ့ၿပီး ကစားသမား ဘဝအဆုံးသတ္မလွခဲ့တဲ့ အေနအထားမ်ိဳးကိုလည္းေတြ႕ျမင္ေနရပါေသးတယ္။ ဒီအခ်က္ေတြကို မျပင္ဆင္ႏိုင္ ေသးရင္ မန္ယူအသင္းအေနနဲ႔ ရာသီကုန္မွာ အဆင့္(၁ဝ)ထဲကိုဝင္ရင္ေတာင္ ကံေကာင္းတယ္လို႔ ဆိုရမွာျဖစ္ၿပီး ဉေရာပဝင္ခြင့္အားလုံးကိုလည္း ဆုံးရႈံးသြားရႏိုင္ပါတယ္။ ဒီပြဲစဥ္ကလည္း တန္းဆင္းဇုန္ထဲက အသင္းျဖစ္ တာေၾကာင့္ ႏိုင္ပြဲေသခ်ာယူဖို႔လိုအပ္ေနၿပီး ယုံၾကည္မႈေတြကို ျပန္လညရယူဖို႔ အေကာင္းဆုံးပြဲစဥ္ လည္းျဖစ္ပါတယ္။ ဒါေပမဲ့ ဒီရာသီထိပ္တိုက္ေတြ႕ဆုံမွာလည္း တစ္ဖက္တစ္ဂိုးစီသေရက်ထားတာေၾကာင့္ ေျပာရခက္ေပမယ့္ ဒီပြဲစဥ္က မန္ယူအသင္းရဲ႕အိမ္ကြင္းျဖစ္တာအျပင္ တစ္ဘက္အသင္းက အစ္ဆြစ္ ေတာင္းျဖစ္ေနတာေၾကာင့္ ဒီပြဲစည္ကေတာ့ မန္ယူအသင္းအတြက္ အႏိုင္(၃)မွတ္ကို ရယူသြားႏိုင္ပါမယ္။ ဂိုးေတာ့မျပတ္ပါဘူး။
၂၂- ၂ -၂ဝ၂၅ (ဗုဒၶဟူးေန႔နံနက္ပိုင္း)
နံနက္(၂းဝဝ) မန္ယူ Vs အစ္ဆြစ္ေတာင္း
နံနက္(၂းဝဝ) ေနာ္တင္ေဖာရက္စ္ Vs အာဆင္နယ္
နံနက္(၂းဝဝ) စပါးစ္ Vs မန္စီးတီး
နံနက္(၂းဝဝ) လီဗာပူးလ္ Vs နယူးကာဆယ္

Related news

© 2021. All rights reserved.