သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း လိုက်ပါလာသောအိမ်စီးကားက လမ်းကူးသူကိုရှောင်ရာမှ ယာဉ်တိုက်မှုဖြစ်ပွား

 881

ချယ်ရီ (NP News)- ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့တွင် သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း လိုက်ပါလာသောအိမ်စီးကားက လမ်းကူးသူကို ရှောင်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၄ ရက်)၊ ညနေ (၅)နာရီဝန်းကျင်အချိန်ခန့်က အင်းတကော်မြို့၊ အမှတ်(၆)ရပ်ကွက်၊ မိုင်တိုင် ၁၆/၁ နှင့်၁၆/၂ ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ စိုင်းသီဟန်မောင်းနှင်ပြီး ဓာတ်ပုံဆရာ အောင်သူအောင်၊ အနုပညာရှင်များဖြစ်ကြသော မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ လိုက်ပါလာသော TOYOTA MARK II အဖြူရောင်ကားသည် လမ်းဖြတ်ကူးသူကို ရှောင်လိုက်ရာ ကားမှာလမ်း၏ညာဘက်သို့ရောက်သွားပြီး လမ်းဘေးတွင်ရပ်ထားသော FORTON အမျိုးအစား၊ ခြောက်မူးသံလုံးများတင်ထားသည့် တွဲကား၏ အနောက်ဘက်ကို ဝင်တိုက်ခဲ့မိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် TOYOTA MARK II ကားမှာ ဦးခေါင်းအရှေ့ခြမ်းတစ်ခုလုံး ကြွေမွပျက်စီးခဲ့ပြီး ယာဉ်မောင်း စိုင်းသီဟန်တွင် ညာဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာ ၊ ညာဘက်ခြေထောက်ကျိုးဒဏ်ရာနှင့် အောင်သူအောင်၏ဘယ်ဘက်လည်ပင်းတွင် ပွန်းခြစ်ဒဏ်ရာ၊ ရင်ညွန့်အောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မေတ္တာမြင့်မြတ်ဟိန်းတွင် ခါးပွန်းပဲ့ ဒဏ်ရာ၊ တင်ပါးပွန်းခြစ် ဒဏ်ရာ၊ မေမြတ်နိုးခင်တွင် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဘယ်ဘက်လက်မောင်းကျိုးဒဏ်ရာနှင့် ခြေမနှစ်ဖက်တွင် ပွန်းခြစ်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၎င်းတို့(၄)ဦးကို ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

zawgyi version
သ႐ုပ္ေဆာင္ ေမတၱာျမင့္ျမတ္ဟိန္း လိုက္ပါလာေသာအိမ္စီးကားက လမ္းကူးသူကိုေရွာင္ရာမွ ယာဥ္တိုက္မႈျဖစ္ပြား
ခ်ယ္ရီ (NP News)- ေဖေဖာ္ဝါရီ ၂၅

ပဲခူးတိုင္းေဒသႀကီး၊ အင္းတေကာ္ၿမိဳ႕တြင္ သ႐ုပ္ေဆာင္ ေမတၱာျမင့္ျမတ္ဟိန္း လိုက္ပါလာေသာအိမ္စီးကားက လမ္းကူးသူကို ေရွာင္ရာမွ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၄ ရက္)၊ ညေန (၅)နာရီဝန္းက်င္အခ်ိန္ခန႔္က အင္းတေကာ္ၿမိဳ႕၊ အမွတ္(၆)ရပ္ကြက္၊ မိုင္တိုင္ ၁၆/၁ ႏွင့္၁၆/၂ ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပဲခူးၿမိဳ႕ဘက္မွ ရန္ကုန္ၿမိဳ႕ဘက္သို႔ စိုင္းသီဟန္ေမာင္းႏွင္ၿပီး ဓာတ္ပုံဆရာ ေအာင္သူေအာင္၊ အႏုပညာရွင္မ်ားျဖစ္ၾကေသာ ေမတၱာျမင့္ျမတ္ဟိန္းႏွင့္ ေမျမတ္ႏိုးခင္တို႔ လိုက္ပါလာေသာ TOYOTA MARK II အျဖဴေရာင္ကားသည္ လမ္းျဖတ္ကူးသူကို ေရွာင္လိုက္ရာ ကားမွာလမ္း၏ညာဘက္သို႔ေရာက္သြားၿပီး လမ္းေဘးတြင္ရပ္ထားေသာ FORTON အမ်ိဳးအစား၊ ေျခာက္မူးသံလုံးမ်ားတင္ထားသည့္ တြဲကား၏ အေနာက္ဘက္ကို ဝင္တိုက္ခဲ့မိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ TOYOTA MARK II ကားမွာ ဦးေခါင္းအေရွ႕ျခမ္းတစ္ခုလုံး ေႂကြမြပ်က္စီးခဲ့ၿပီး ယာဥ္ေမာင္း စိုင္းသီဟန္တြင္ ညာဘက္လက္ေမာင္း ေပါက္ၿပဲဒဏ္ရာ ၊ ညာဘက္ေျခေထာက္က်ိဳးဒဏ္ရာႏွင့္ ေအာင္သူေအာင္၏ဘယ္ဘက္လည္ပင္းတြင္ ပြန္းျခစ္ဒဏ္ရာ၊ ရင္ၫြန႔္ေအာင့္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေမတၱာျမင့္ျမတ္ဟိန္းတြင္ ခါးပြန္းပဲ့ ဒဏ္ရာ၊ တင္ပါးပြန္းျခစ္ ဒဏ္ရာ၊ ေမျမတ္ႏိုးခင္တြင္ ႏွာေခါင္းေသြးထြက္ဒဏ္ရာ၊ ဘယ္ဘက္လက္ေမာင္းက်ိဳးဒဏ္ရာႏွင့္ ေျခမႏွစ္ဖက္တြင္ ပြန္းျခစ္ဒဏ္ရာတို႔ ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ၎တို႔(၄)ဦးကို ပဲခူးျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ကာ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.