ကျားဖျန့်ကျိန်စာသင့် မြဝတီမြို့က ပြည်သူ့အသံ

 911

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၅

ကျားဖျန့်အရေးနှင့်ပတ်သက်၍ ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်ခဲ့ရာ မြဝတီမြို့လည်း ပါဝင်ခဲ့သည်။ ထို့ပြင် စက်သုံးဆီနှင့် ဂက်စ်လည်းဖြတ်တောက်ခံထားရသည့် အနေအ ထားတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို လည်း ကြုံတွေ့နေရသည်။ တစ်ဖက်တွင် BGF က ကျားဖျန့်တိုက်ဖျက်ရေးကို သိသိသာသာပြောကြား၊ ဆောင်ရွက်လာ သကဲ့သို့ မြန်မာ၊ တရုတ်၊ ထိုင်းအာဏာပိုင်များကလည်း မြဝတီမြို့နှင့်အနီးတစ်ဝိုက်ကို ဂရုစိုက်လာခဲ့ရာ အဆိုပါအခြေ အနေများနှင့်ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးထံ NP News က မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီမြို့ရဲ့ သဘောသဘာဝအကြောင်းကို အရင်ပြောပြပေးပါခင်ဗျ။
ဖြေ-မြဝတီမြို့ကတော့ လက်ရှိကျွန်တော်တို့ ဆယ်စုနှစ်အပိုင်းထဲမှာစပြီး အေးအေးချမ်းချမ်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လက်နက်ကိုင်အဖွဲ့တွေလည်းများတယ်ပေါ့နော်။ ဒါပေမဲ့ အေးအေးချမ်းချမ်းငြိမ်းငြိမ်းချမ်း ချမ်းနဲ့ပဲ နေခဲ့ရတာပေါ့။ အရင်တုန်းကလည်း မြန်မာ့ လျှပ်စစ်မီးမရခင်ကတည်းက လျှပ်စစ်မီးနဲ့ပတ် သက်ရင် ထိုင်းဘက်ကလျှပ်စစ်မီးကို ကုမ္ပဏီတင်ဒါနဲ့ယူပြီး သုံးစွဲရတာပေါ့။ ပြီးတော့ ဂက်စ်တွေ စက်သုံးဆီတွေကအစ ထိုင်းကနေပြီးတော့ ယူသုံး တာပေါ့။ ပြီးတော့ ကုန်စည်စီးဆင်းမှုမှာလည်း သုံးကုန်၊ စားကုန်တွေ မြဝတီပြည်သူတွေ သုံးစွဲဖို့ အတွက်ကို မဲဆောက်က နေပြီးတော့ သွင်းပြီးမှ သုံးရတာရှိသလို ကျွန်တော်တို့ နိုင်ငံအနေနဲ့ကလည်း ဆန်တို့၊ ပြောင်းတို့ စသည်ဖြင့် Export ကုန်တွေလည်း ထိုင်းနိုင်ငံမဲဆောက်ကနေ ပို့တာတွေရှိပါတယ်။ စီးပွားရေးကလည်း သူ့ဟာနဲ့သူရှိနေတဲ့အတွက် အဆင်ပြေပါတယ်။

မေး-မြဝတီမြို့က မြန်မာ-ထိုင်းနယ်စပ်ဂိတ်မြို့တစ် မြို့လည်းဖြစ်တော့ မြန်မာနိုင်ငံအတွက် ဘယ်လောက် ထိအရေးပါ တဲ့ မြို့တစ်မြို့ဖြစ်မလဲ။ ဘယ်လိုကောင်း ကျိုး၊ ဆိုးကျိုးတွေရှိတဲ့မြို့လဲခင်ဗျ။
ဖြေ-ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မြဝတီမြို့က စစ်ရေးစစ်ရာအရကြည့်မယ်ဆိုရင်တော့ အနေအထားနဲ့အနီး စပ်ဆုံး လမ်းပန်းဆက်သွယ်ရေး ကူးလူးသွားလာမှုက အကောင်းဆုံးနေရာဖြစ်တဲ့အတွက် တပ်မတော်နဲ့ BGF တို့အကွဲအပြဲ တွေဖြစ်လို့ BGF က အသွင်ပြောင်းတာပဲဖြစ်ဖြစ် အမျိုးမျိုးသောနည်းနဲ့ ရပ်တည်တာပဲဖြစ်ဖြစ် အဲဒီလိုမျိုးတွေဖြစ်လာလို့ ဒီဘက်ကနေပြီးတော့ လက်နက်ခဲယမ်းတွေကို PDF အဖွဲ့တွေရော နိုင်ငံတော်ကို စစ်တပ်အလိုမရှိဆိုပြီး အော်နေတဲ့ လူတွေရောက ဒီလက်နက်တွေခဲယမ်း တွေ အလွယ်တကူသယ်ယူခွင့်။ သယ်ဆောင်ခွင့်တွေက လွယ်ကူသွားပြီးတော့ မြန်မာပြည်အနှံ့အပြားကို မသမာတဲ့လုပ်ငန်းတွေလုပ်ဖို့အတွက် ဖောက်ခွဲရေးပစ္စည်းတွေသယ်ဆောင်တာမျိုးကအစ ပျံ့နှံ့သွားနိုင်တဲ့မြို့လို့ပြောနိုင်တယ်။ အဲဒီတော့ ဒီလိုနေရာမျိုးမှာ နိုင်ငံတော်အကြီးအကဲတွေရော အခုန BGF အဖွဲ့ တွေရောက စည်းစည်းလုံးလုံးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာရော ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေအတွက် လုပ်ထားနိုင် မယ်ဆိုရင်တော့ တစ်နိုင်ငံလုံးကိုပျံ့နှံ့ သွားမယ့် လက်နက်ခဲယမ်းတွေ၊ ဖောက်ခွဲရေးပစ္စည်း တွေစသဖြင့် ဒါတွေကဝင် ပေါက်အနေနဲ့မဖြစ်နိုင် တော့တဲ့အတွက် မြန်မာပြည်ကြီးငြိမ်းချမ်းဖို့အတွက် မြဝတီမြို့ကလည်း တစ်စိတ်တစ်ဒေသ ပါဝင်နေတဲ့ ကိစ္စလေးလည်းရှိပါတယ်။

မေး- မြဝတီက လက်ရှိအချိန်မှာတော့ ကျားဖျန့်နဲ့ ပတ်သက်တဲ့ ဂယက်တွေရှိနေတော့ ဘယ်လိုအခြေ အနေမျိုးရှိနေလဲ။
ဖြေ-လက်ရှိအခြေအနေကတော့ ထိုင်းနိုင်ငံကနေ ပြီးတော့ ပေးပို့ထားတဲ့လျှပ်စစ်မီးတွေ။ လျှပ်စစ်မီး ကတော့ မြန်မာမီးရ ပြီးတဲ့ နောက်ပိုင်းမှာ ထိုင်းဘက်က လာတဲ့ လျှပ်စစ်မီးကတော့ အကြီးစားစက်မှုလက်မှုလုပ်ငန်းတွေနဲ့ ရွှေကုက္ကိုတို့၊ KK Park တို့ အခုနာ မည်ရှိတဲ့နေရာတွေပေါ့။ အဲဒီနေရာတွေ အတွက်သုံး တယ်။ ပြီးတော့ ဆေးရုံ၊ ဆေးခန်းတွေအတွက်သုံး တယ်။ နောက်ပြီး ဌာနဆိုင်ရာတွေမှာတော့ ထိုင်းလျှပ် စစ်မီးကို မြန်မာလျှပ်စစ်မီးရရှိပြီးနောက်ပိုင်းမှာ သုံးစွဲမှုတွေလည်း ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ ပထမအချက်အနေနဲ့ လျှပ်စစ်မီးဖြတ်တောက် တဲ့အခြေအနေမှာတော့ ပြည်သူတွေ တိုက်ရိုက်ကြီး ထိခိုက်သွားတာမျိုး မရှိပါဘူးခင်ဗျ။ ပြီးရင် စက်သုံးဆီနဲ့ ဂက်စ်ဖြတ်တောက်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တော်တော်လေး ဒုက္ခရောက်ပါတယ်ခင်ဗျ။ ဘာလို့လည်းဆိုတော့ အောက်ကနေပြီးတော့ ဒီပြည် တွင်းကနေပြီးတော့ ရရှိလာတဲ့ စက်သုံးဆီအနေနဲ့ကတော့ ကျွန်တော်တို့ကရင်ပြည် နယ်ဘက်အခြမ်းကို ပြန်ပြီးတော့ မတင်ပို့ဘူးပေါ့။ မတင်ပို့ပဲနဲ့ (၂)နိုင်ငံနီးစပ်တဲ့ မဲဆောက် ကနေပြီးတော့ပဲ ကျွန်တော်တို့တစ်ဆင့် စက်သုံးဆီတွေ ဂက်စ်တွေကို ဝယ်ယူသုံးဆွဲတဲ့အခါမှာ ကျားဖျန့် ကိစ္စနဲ့ပတ်သက်ပြီး တော့ ထိုင်းနိုင်ငံကနေပြီးတော့ စက်သုံးဆီတွေ၊ ဂက်စ်တွေပါ ဖြတ်တောက်လိုက်တဲ့အခါမှာ ကျွန် တော်တို့ပြည်သူတွေက တော်တော်လေးကို ကျပ်တဲ့ အနေအထားကို ကြုံတွေ့ရပါတယ် ခင်ဗျ။

မေး-စက်သုံးဆီနဲ့ အခြားသောကုန်စည်ဈေးနှုန်း တွေက မြင့်တက်လာနေတာလားခင်ဗျ။
ဖြေ-ပုံမှန်အားဖြင့် အရင်တုန်းက စက်သုံးဆီက တစ်လီတာကို ကျပ်(၃၆၀ဝ)ဝန်းကျင် ပတ်ချာလည် လောက်ကနေပြီး တော့ အခုဆိုရင် အများကြီးတက် သွားတာပေါ့။ (၃)(၄)ဆလောက်တက်သွားပြီးတော့ (၃၀ဝဝ)ကနေ (၅)ဆလောက် တက်သွားပြီးတော့ ကျပ်(၁၅၀ဝဝ) လောက်ထိပေးရတဲ့ အခြေအနေ ထိကြုံတွေ့ရတဲ့အခါကျတော့ ပြည်သူတွေမှာလည်း တော်တော်လေးကို ဒုက္ခရောက်တာပေါ့။ စားသောက် ကုန်ဈေးနှုန်းကတော့ ထိုက်သင့်သလောက်တော့ဈေးနှုန်း အပြောင်းအလဲလေးတွေရှိတာပေါ့။ ဒါပေမဲ့ အဆမတန်ဈေးနှုန်း မြင့်တက်သွားတာမျိုးတော့ မရှိသေးပါဘူး။

မေး- အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး မြဝတီမြို့က BGF အပါအဝင် တခြားသောလက်နက်ကိုင်အဖွဲ့ တွေပါရှိတော့ ဘယ်လိုမျိုးအုပ်ချုပ်ကြလဲခင်ဗျ။
ဖြေ-ဟုတ်ကဲ့။ ပုံမှန်အားဖြင့်တော့ မြဝတီမြို့မှာ BGF ရှိတယ်။ KNU ရှိတယ်။ KNU ရှိတယ်။ နောက်ပြီးတော့ PC (KNU/KNLA PC) အဖွဲ့ တွေရှိတယ်ပေါ့။ လက်နက်ကိုင်က (၄)ဖွဲ့ရှိတယ်။ ပုံမှန်အားဖြင့်တော့ KNU အဖွဲ့တွေကတော့ ပုံမှန်သူနဲ့သင့်တင်လျောက်ပတ်တဲ့အဖွဲ့တွေ ဆက်ဆံရေးရုံးတွေနဲ့ သူတို့ဟာသူတို့ အနည်းငယ်တော့ မြို့ပေါ်အနေ အထားမှာ ရှိသေးတာပေါ့။ ပုံမှန်အားဖြင့်တော့ KNU အနေနဲ့ကတော့ တော်လှန်ရေးအဖွဲ့ တွေနဲ့ပေါင်းစပ်ပြီးတော့ လုပ်နေတာတွေဖြစ်တဲ့အတွက်ကြောင့် KNU ကတော့ မြို့ပေါ်မှာ သီးခြား အနေနဲ့ကတော့ ပေါ်ပေါ်ထင်ထင်တော့ မရှိ တော့ဘူးပေါ့။ ဒီမြဝတီမြို့ပေါ်မှာတော့ BGF ကတော့ လုံခြုံရေးပိုင်းဆိုင်ရာရော ဒေသငြိမ်းချမ်းရေးအတွက်ရောပေါ့။ သူတို့ကတော့ ပြည်သူ့လုံခြုံရေး အပိုင်းရော မြို့ရွာလုံခြုံရေးအပိုင်းရော အဓိကတာ ဝန်ယူပြီးတော့ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တာပေါ့။ ပြီးတော့ DKBA အဖွဲ့ကတော့ တခြားအဖွဲ့တွေဖြစ်တဲ့ PC(KNU/KNLA PC)။ BGF ကတော့ တပ်မ တော်နဲ့ ပေါင်းစပ်ပြီးတော့ လုံခြုံရေးအတွက်လှုပ်ရှားမှုတွေ နောက်ဧည့်စာရင်းစစ်တဲ့အခါမျိုးတွေမှာ ပြည်သူတွေအတွက် လုံခြုံရေးလုပ်တဲ့အပိုင်းတွေလည်း ရှိပါတယ်။

မေး- လက်ရှိမှာ ကျားဖျန့်ကို BGF က နှိမ်နင်း နေတာရှိပါတယ်။ မြဝတီမြို့ခံတစ်ယောက်အနေနဲ့ BGF ရဲ့ အခုလို လုပ်ရပ်ကို အပြည့်အဝယုံလား။
ဖြေ-ကျွန်တော်တို့လည်း ဗိုလ်မှူးကြီးစောချစ်သူတို့နဲ့ပတ်သက်ဆက်နွှယ်တဲ့အပိုင်းတွေရော။ ပြောရေး ဆိုခွင့်ရှိသူတွေနဲ့ ချိတ်ဆက်မေးမြန်းသိရှိရသ လောက်ကတော့ မြဝတီမြို့နယ်ပြည်သူ တွေအနေနဲ့ ရောကရင်ပြည်နယ်အနေနဲ့ ပြည်သူ တွေဘက်ကရပ်မယ် တရုတ်မျက်နှာကိုမကြည့်နိုင်ဘူး။ ဒီငွေလိမ်ဂိုဏ်း လုပ်နေတဲ့ ဥစ္စာတွေ၊ လူမှောင်ခိုကူးတာတွေ လက်မခံ ဘူးဆိုတဲ့ သဘောထားမှတ်ချက်တွေကတော့ ကြားသိနေခဲ့ရတာကြာပါပြီခင်ဗျ။ အတတ်နိုင်ဆုံး BGF အနေနဲ့ ကလည်း ကျားဖျန့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ လူမှောင်ခိုကူးတာနဲ့ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံက ပြန်တောင်း တာပဲဖြစ်ဖြစ် တရုတ်ကပဲ သံရုံး ကတစ်ဆင့်တောင်းတာပဲဖြစ်ဖြစ် နိုင်ငံခြားသားမျိုးစုံ ရောက်နေကြတာဆိုတော့ အခြားသောနိုင်ငံတွေ ကနေပြီးတော့ သံရုံးတွေကနေတစ်ဆင့်ဆက်သွယ် တယ်။ ထိုင်းနိုင်ငံကနေတစ်ဆင့် ဆက်သွယ် လာတယ်။ ဒီနိုင်ငံခြားသားလူကုန်ကူးခံရတဲ့လူတွေကို လွန်ခဲ့တဲ့ (၂၀၂၃)ခုနှစ်စကတည်းက သွားပြီးကြည့်တယ်။ တကယ်အဲဒီ လူရှိနေတယ်ဆိုရင် လွှဲပြောင်း ပေးအပ်တယ်။ နောက်တစ်ခုက (၂၀၂၄)ခုနှစ်မှာတော့ တော်တော် များများ လူထောင်နဲ့ချီပြီးတော့ ပြန်အပ်ထားတဲ့ မှတ်ချက်တွေလည်းရှိပါတယ်။ အဲဒါတွေကတော့ တရုတ်နဲ့တရားဝင် ကျွန်တော် တို့ နိုင်ငံတော်အစိုးရရဲ့ ဌာနဆိုင်ရာတွေဖြစ်တဲ့ တာဝန်ရှိတဲ့ လဝကအဖွဲ့တွေ ညှိနှိုင်းဆွေးနွေးပြီးတော့ Record တွေ ယူပြီးတော့ နှစ်နိုင်ငံပြန်လွဲပေးတာမျိုးတွေလည်းရှိပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၄)မှာဆိုရင် တရုတ်လူမျိုးတော်တော် များများပါဝင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီနိုင်ငံခြားသားတွေအပါအဝင် တရုတ်လူမျိုး ထောင်ကျော်ကို မဲဆောက် မှာကျွန်တော် တို့ တံတား(၂)ပေါ်ကနေပြီးတော့ ပြန်လွှဲပေးတဲ့အခါမျိုးမှာ မဲဆောက်ကို တရုတ်လေယာဉ်ကြီး တစ်စင်း လုံးလာစိုက်ပြီးတော့ carry လုပ်သွားရတဲ့အထိကို (၂၀၂၄)ခုနှစ်တည်း လုပ်နေတာပေါ့နော်။ အခုလက် ရှိမှာလည်း နိုင်ငံတစ်ကာကနေပူးပေါင်းဆောင်ရွက်ပေးဖို့ ဗိုလ်မှူးကြီး စောချစ်သူတို့အနေနဲ့ အကောင်းဆုံးပြင်ဆင်ပြီးတော့ လူကုန်ကူးမှုတွေနဲ့ ငွေလိမ်ဂိုဏ်းတွေကို အလိုမရှိကြောင်းလုပ်ပြီးတော့ အခုလက်ရှိမှာလည်း ဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာ တရုတ်ဆိုင် တွေထဲမှာ ဝင်ပြီးတော့ရှာ။ ရှာပြီးတော့ တွေ့ရှိတဲ့ လူတွေကိုပို့တယ်။ အခုလည်း ထောင်နဲ့ချီပြီး တော့ တစ်ဖက်နိုင်ငံနဲ့ဆွေးနွေးပြီးတော့ ပြန်အပ်ဖို့တွေလည်းရှိနေပါတယ်ခင်ဗျ။

မေး-ကျွန်တော်တို့ ကြားရတာတော့ ကျားဖျန့်တွေ ပြောင်းရွှေ့နေတယ်လို့ကြားတယ် အစ်ကိုတို့ဘယ် လိုကြားမိလဲ။
ဖြေ- ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ကတော့ တရုတ်ဘက်က ဒုဝန်ကြီးပေါ့။ သူတို့ကတော့ လက် ထောက်ဝန်ကြီးသုံး တာပေါ့။ ထိုင်းအတွင်းဝန်ကြီး။ မြန်မာနိုင်ငံအရဆိုရင်တော့ ပြည်ထဲရေးဒုဝန်ကြီး သုံးတာပေါ့။ ဒီမှာရောက်ရှိပြီးတော့ သူတို့တွေကိုယ် တိုင် ဒီမှာရဲ၊ တပ်စီစဉ်မှုတွေနဲ့ တရုတ်ဆိုင်တွေထဲမှာ ဝင်ပြီးတော့ရှာဖွေတာတွေ။ ဖော်ထုတ်တာတွေဖမ်း ဆီးတာတွေလုပ်နေတာဖြစ်တဲ့အတွက် နေရာတွေ ပြောင်းတယ်။ ရွှေ့တယ်ဆိုတဲ့ အချက်တွေကတော့ ရှိကောင်းလည်း ရှိမယ်။ ဒါပေမဲ့ BGF က ဘယ်နေရာကိုပြောင်းထားလိုက်ပါတယ်ဆိုတဲ့ အရာမျိုးတွေ မရှိဘူးပေါ့။ သို့သော်လည်း သူတို့ကလည်း သူတို့အ နေအထားမျိုးနဲ့ ဥပမာပေါ့ ထိုင်း-မြန်မာနယ် စပ်တစ်လျှောက် ကျွန်တော်တို့ သောင်ရင်းမြစ်မရှိ တဲ့နေရာတွေဆိုလို့ရှိရင် ကုန်းကြောင်းဟိုဘက်ဒီ ဘက်ကူးလို့ရတဲ့နေရာတွေများတာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံထဲကိုပဲ အဆင်ပြေတဲ့နည်းနဲ့ပြန်ဝင်သွား ကြသလား။ ဘယ်လိုနည်းနဲ့ ခြေရာဖျောက်သွား တယ်ဆိုတဲ့ အခြေအနေမျိုးတွေလည်း ရှိကောင်းရှိ နိုင်တာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့ ကရင်ပြည်နယ် မြဝတီမြို့နဲ့ပတ်သက်ပြီးတော့ ရွှေကုက္ကို၊ KK Park ၊ နောက်ကျောက်ခတ်တို့ဘာတို့မှာ ပတ်သက်တဲ့လူတော်တော်များများကိုတော့ ထောင်နဲ့ချီပြီးတော့ အကုန်လုံးကိုပြန်ပြီး တော့ ပို့နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီဒေသမှာတော့လက်ရှိကျားဖျန့်ဆက် ပြီးတော့ လုပ်မယ့်သူတွေ နောက်ပြီးတော့ အမျိုးမျိုးသောမူးယစ်ဆေးနဲ့ပတ်သက်တာတွေရောကို လက်မခံတဲ့အနေအထား နဲ့နှိမ်နင်းနေတာမျိုးကို တွေ့ရတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ တချို့တွေက ဒီဥစ္စာကတော့ ပပျောက်သွားမှာမဟုတ်ဘူး။ ဒါကဟန်ပြလုပ်တာပါလို့ ပြောနေကြတဲ့လူတွေ ရှိသလို ဒီလိုလုပ်တာကတော့ကောင်းတယ်ဆိုတဲ့လူမျိုးတွေလည်း ရှိပါ တယ်။ နောက်တစ်ခုက ဒီကျားဖျန့်ကိုလုပ်လိုက်ခြင်းအားဖြင့် ဘာကတစ်ချက်ရှိလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံအတွင်း ကနေပြီးတော့ တစ်ဖက်နိုင်ငံကနေ ရန်ကုန်၊မန္တလေး၊ မကွေး၊ ဧရာဝတီစသဖြင့်အနယ်နယ်အရပ်ရပ်ကလာတဲ့ ကျွန်တော် တို့ ပြည်တွင်းလုပ်သားတွေကလည်း ကျွန်တော်တို့ မြဝတီက ရွှေကုက္ကိုလိုနေရာမှာ၊ KK Park လိုနေရာမှာနဲ့ ဒီကျောက် ခက်လိုနေရာမျိုးတွေမှာ သန့်ရှင်းရေး အလုပ်ပဲဖြစ်ဖြစ် စသဖြင့်ဝင်လုပ်နေတဲ့ သူတွေကလည်း ကျွန်တော်တို့ မြဝတီမှာ အလုပ်လက်မဲ့ဖြစ် သွားတဲ့အပိုင်းတွေလည်း ဖြစ်သွားတာပေါ့နော်။ အဲဒီလိုဆိုတော့ လူတန်းစားကဘယ်လိုကွဲသွားလဲ ဆို တော့ ဒီကျားဖျန့်လုပ်ငန်းတွေကို အလိုမရှိပါဘူးလို့ အော်နေတဲ့ လူတွေကလည်းရှိသလို ဒီကျားဖျန့်လုပ် ငန်းကြောင့် ရယ်လို့တော့မဟုတ်ဘူးပေါ့။ ဒီလိုတရုတ် ဆိုက်တွေရှိလို့ သန့်ရှင်းရေးတောင်မှပဲ ဘက်(၆၀ဝဝ)(၇၀ဝဝ)လောက်က ရတယ်။ လုံခြုံရေးဆိုရင် (၈၀ဝဝ)(၉၀ဝဝ)(၁၀ဝဝဝ)ရတယ်။ မြန်မာငွေနဲ့ ဆိုရင်တစ်လ(၁၀)သိန်းနဲ့အထက်ရတဲ့ လူမျိုး တွေလည်းရှိနေတာဖြစ်တဲ့အတွက် သတင်းစကားတွေ ကတော့ နှစ်ဦးနှစ်ဖက် အမျိုးမျိုးကြားရတာပေါ့။ တချို့ကျတော့ လည်း ငါတို့တွေအလုပ်လက်မဲ့ဖြစ်ရတယ်ဆိုတဲ့ မကျေနပ်တဲ့အသံမျိုးတွေ ထွက်သလို တချို့ကျတော့လည်း ဒီငွေလိမ် ဂိုဏ်းတွေ မူးယစ်ရာ ဇာတွေမရှိတော့တာက ကောင်းတယ်ဆိုတဲ့အသံမျိုးတွေကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်ကြားရ တုန်းပါပဲ ခင်ဗျ။

မေး-မြဝတီမြို့ခံ ပြည်သူတစ်ယောက်အနေနဲ့ပေါ့ဗျာ။ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကို ဘာများတောင်း ဆိုချင်လဲ။
ဖြေ-ကျွန်တော်တို့ကတော့ မြဝတီမြို့နေပြည်သူအနေနဲ့ ကျွန်တော်တို့ကိုယ်တိုင်ကကို တိုက်တွန်း နေရတာတွေ ဖော်ဆောင်နေရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့က အဓိကစက်သုံးဆီ ပြန်လည်ရရှိရေးကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တောင့်တတယ်။ ဘာလို့ဆိုရင် ကျွန်တော်တို့က ဒီစက်သုံးဆီမရရင်တော်တော်လေးကို ဒုက္ခရောက်တဲ့ အနေအထားမျိုးတွေရှိနေတယ်။ အခုဆိုရင် ကလေး ကျောင်းကြိုကျောင်းပို့ဖြစ်တဲ့အတွက် ကျောင်းကြို ကျောင်းပို့ဖို့ဆိုင်ကယ်ထဲမှာ ဆီမရှိတာမျိုးတွေ၊ တချို့ပိုက်ဆံရှိပြီး ဆီဝယ်လို့မရတဲ့အခက်အခဲမျိုး တွေအထိ ဖြစ်လာ ကြုံတွေ့နေရတာဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ပြည်နယ်အစိုး ရအနေနဲ့ပဲဖြစ်ဖြစ် အစီအစဉ် အမြန်ဆုံးဆွဲပြီးတော့ ဒေသခံပြည်သူတွေအတွက် စက်သုံးဆီအမြန်ဆုံး ပြန်လည်ရရှိရေးကို ကျွန်တော်တို့ပြည်သူ တွေအနေနဲ့ လိုလားတောင့်တတယ်ပေါ့ဗျာ။ နောက်ပြီးတော့ကုန် စည်စီးဆင်းမှု အလျင်အမြန်ချောချောမွေ့မွေ့ရောက် ဖို့အတွက် ကျွန်တော်တို့ မြဝတီ-ကော့ကရိတ်အာရှ လမ်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ လက်ရှိ ထို့ကော်ကိုးလမ်းနဲ့ (၁၀၁၈)လမ်းတို့မှာသွားနေရတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရော သက်ဆိုင်ရာ တာဝန်ရှိသူတွေရောက ဝါးတား ဂိတ်လို ပိုက်ဆံတွေ ကောက်ခံနေတာမျိုးတွေကို ဖြေလျှော့ပေးဖို့။ အခွန်အခကောက်ခံမှုတွေက တရားဝင် မဟုတ်သော်လည်း ဥပမာ ကျပ်(၁)သိန်းလောက်ပေး ရတဲ့အရာမျိုးတွေမှာ (၃)သိန်းလောက်ပေးနေရာတာ မျိုးတွေဖြစ် နေတဲ့အတွက် အဲဒါတွေကို အမြန်ဆုံး ဖြေလျှော့ပေးချင်တဲ့ ဆန္ဒကတော့ ပြည်သူတွေဆီမှာ လှိုက်လှိုက်လှဲလှဲကို တောင်း ဆိုချင်တာတွေပါခင်ဗျ။

မေး-ကျားဖျန့်ရောက်လာပြီးနောက်ပိုင်းမှာ မြဝတီ မြို့က ဘာတွေထူးခြားသွားလဲ။
ဖြေ-ရွှေကုက္ကိုလိုနေရာမျိုးမှာ ဗိုလ်မှူးကြီး စောချစ်သူတို့ အင်တာဗျူးတွေမှာ ထုတ်ဖော်ပြောကြားထား သလိုပဲ။ အရင်တုန်းက DKBA ကနေပြီးတော့ မြိုင် ကြီးငူဆရာတော်ဘုရားကြီးရဲ့ ဩဝါဒနဲ့ BGF အသွင် ပြောင်းလိုက်ပြီး (၁၉၉၅)ခုနှစ်နောက်ပိုင်းမှာ ရွှေကုက္ကိုစဖြစ်ပြီးပြောင်းလဲပြီးအချိန်မှာ ရွှေကုက္ကိုဆိုတာ ရွာပဲရှိတာလေ။ အိမ်ခြေကျိုးတိုး ကျဲတဲနဲ့ဖြစ်တယ်။ အဲဒါကို ဗိုလ်မှူးကြီး စောချစ်သူတို့က ပြင်ပရင်းနီးမြှုပ် နှံမှုတွေခေါ်မယ်လုပ်မယ်။ အင်တာဗျူးမှာ ဖြေတယ်။ မြေတွေငှားတယ်။ လုပ်စရာရှိတဲ့အလုပ်တွေကို ဒီမှာ စက်ရုံအလုပ်ရုံတွေ ဆောက်မယ်ဆိုတဲ့ရည်ရွယ် ချက်ကတော့ သူတို့မူလရည်ရွယ်ချက်။ အဲဒီကနေမှ တရုတ်လူမျိုးတွေကော အခြားနိုင်ငံခြားသားတွေ ကော အဲဒီလိုပေါ့။ ကျားဖျန့်တွေ ငွေလိမ်ဂိုဏ်းတွေက အဆောက်အအုံတွေလာဆောက်တယ်။ ဟိုတယ်တွေ လုပ်တယ်။ အဲဒီအထဲတွေက မှမသမာတဲ့ဥစ္စာ တွေကို ဖော်ဆောင်လာတဲ့နောက်ပိုင်းမှာတော့အခုလိုပြဿနာ တွေဖြစ်တာပေါ့။ ပုံမှန်အားဖြင့်တော့ ရွှေကုက္ကိုလို နေရာမျိုးတွေမှာ BGF ကဗိုလ်မှူးကြီး စောချစ်သူ တို့မဖော်ဆောင်ဘူးဆိုရင် အခုလိုကြီးမားတဲ့အစိုးရ အဆောက်အအုံတွေ သာယာစည်ပင်ဝပြောမှုတွေကတော့ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ မြဝတီမြို့ကလည်း ပုံမှန်အားဖြင့်တော့ BGF အနေနဲ့ကလည်း မြဝတီမြို့ကိုစောင့်ရှောက်ထားတဲ့အနေအထားမှာ မီးဆိုလည်းမီး ဆေးရုံ ဆေးခန်းစသဖြင့် ပြည်သူတွေအတွက်ကို စောင့်ရှောက်မှုတွေ လုပ်နေတာတွေလည်းရှိခဲ့ပါတယ်။ ရှိခဲ့တဲ့အတွက် မြဝတီမြို့ကြီးဟာ ပုံမှန်ထက် သာသာယာယာနဲ့အေးအေးချမ်းချမ်းလှပတာပေါ့။ တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လက်နက်နဲ့အနိုင်ကျင့်တယ်ဆိုတဲ့အရာတွေလည်း တစ်ခါတလေ လူကြီးက ကောင်းပေမယ့်လည်း‌ အောက်ခြေငယ်သားတွေရဲ့ မသမာတဲ့လုပ်ရပ်တွေပြောရင်တော့ အခုနပြောသလို ခိုးဆိုးလု ယက်တာတွေ လက်နက်နဲ့အနိုင်ကျင့်တာတွေရှိတယ်လို့တော့ ပြောကြမှာပေါ့။ သူ့သက်ဆိုင်ရာ သက်ဆိုင်ရာနဲ့တော့ အဖွဲ့အစည်းတွေမှာတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေရှိတယ်။ မြဝတီမြို့မှာ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ ဒါမျိုးတွေအနေနဲ့ စည်းကမ်းဥပဒေတွေ ထုတ်ထားတာရှိပါတယ်။ ဒါမျိုးတွေ အပေါ်မှာ ပြည်သူတွေ အနေနဲ့ကြည့် မယ်ဆိုရင်လည်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မှားတာတွေ မရှိဘူးလား။ ပြည်သူတွေကို အနိုင်မကျင့်ဘူးလားဆိုတော့ အနိုင်ကျင့်ခဲ့ဖူးတာတွေရှိတာပဲ။ ဖြစ်ခဲ့ဖူးတာတွေလည်း ရှိခဲ့ဖူးတာပဲ။ လက်နက်ကိုင်အဖွဲ့တွေ ကောင်းနေပါတယ်ဆိုတဲ့ အဖွဲ့တိုင်းတော့မရှိဘူး။ ဒါပေမဲ့ သူတို့တွေ ကြောင့်ပဲ မြဝတီမြို့ကိုစည်ပင်သာယာဝပြောလာအောင် လုပ်ခဲ့တဲ့အချက် တွေကလည်းရှိတယ်။ အခုနပြောသလိုပဲ တပ်မတော်နဲ့ ဒီဒေသအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ BGF နဲ့က အားလုံး အဆင်ပြေနေတယ်။ အားလုံး သင့်သင့်မြတ်မြတ်နဲ့ ချစ်ကြည်ရင်းနီးမှုနဲ့လျှောက်မယ်ဆိုရင် ကျွန်တော်တို့မြဝတီမြို့က လုံခြုံရေးပိုင်းမှာပဲဖြစ်ဖြစ်။ တိုက်ပွဲတွေကိစ္စမှာပဲဖြစ်ဖြစ် စီးပွားရေးကိစ္စတွေမှာပဲဖြစ်ဖြစ် အရမ်းသာတဲ့မြို့တစ်မြို့ ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော့်အနေနဲ့ထင်ပါတယ်။

မေး-ဟုတ်ကဲ့ပါခင်ဗျ။ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ-အစ်ကိုတို့မြဝတီမြို့အနေနဲ့ကတော့ ကျားဖျန့်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရက တာဝန်ရှိတဲ့ လူကြီးတွေနဲ့ အကြီးအကဲတွေအပါအဝင် ဒေသအာဏာပိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ BGF တွေရော ပူးပေါင်း ပါဝင်ဆောင် ရွက်ပြီးတော့ ကျားဖျန့်နှိမ်နင်းရေးဖော်ဆောင်နေတာတွေကိုလည်း မြင်တွေ့ရပါတယ်။ အဲဒီအ တွက်လည်း ပြည်သူ တစ်ယောက်အနေနဲ့ များစွာဝမ်းသာမိပါတယ်။ ဒါပေမဲ့ လက်ရှိမြဝတီမြို့ခံတွေခံစားနေရတဲ့ စက်သုံးဆီ ပြန်လည်ရရှိရေး ကိုတော့ နိုင်ငံတော်အစိုးရနဲ့တကွ ပြည်နယ်အစိုးရကိုရော BGF က အကြီး အကဲတွေရော အကုန်လုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ စက်သုံးဆီနဲ့ မြန်မာ့လျှပ်စစ်မီးပြန်လည်ရရှိရေးကို ပြန်လည်ဖော်ဆောင်ပေးဖို့ပဲ ကျွန်တော်တို့အနေ နဲ့ မျှော်လင့်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

zawgyi version
က်ားဖ်န႔္က်ိန္စာသင့္ ျမဝတီၿမိဳ႕က ျပည္သူ႔အသံ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၅

က်ားဖ်န႔္အေရးႏွင့္ပတ္သက္၍ ထိုင္းဘက္က လွ်ပ္စစ္မီးျဖတ္ေတာက္ခဲ့ရာ ျမဝတီၿမိဳ႕လည္း ပါဝင္ခဲ့သည္။ ထို႔ျပင္ စက္သုံးဆီႏွင့္ ဂက္စ္လည္းျဖတ္ေတာက္ခံထားရသည့္ အေနအ ထားတြင္ စက္သုံးဆီေဈးႏႈန္းျမင့္တက္မႈကို လည္း ႀကဳံေတြ႕ေနရသည္။ တစ္ဖက္တြင္ BGF က က်ားဖ်န႔္တိုက္ဖ်က္ေရးကို သိသိသာသာေျပာၾကား၊ ေဆာင္႐ြက္လာ သကဲ့သို႔ ျမန္မာ၊ တ႐ုတ္၊ ထိုင္းအာဏာပိုင္မ်ားကလည္း ျမဝတီၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ကို ဂ႐ုစိုက္လာခဲ့ရာ အဆိုပါအေျခ အေနမ်ားႏွင့္ပတ္သက္၍ ျမဝတီၿမိဳ႕ခံတစ္ဦးထံ NP News က ေမးျမန္းထားခ်က္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး-ျမန္မာ-ထိုင္းနယ္စပ္မွာရွိတဲ့ ျမဝတီၿမိဳ႕ရဲ႕ သေဘာသဘာဝအေၾကာင္းကို အရင္ေျပာျပေပးပါခင္ဗ်။
ေျဖ-ျမဝတီၿမိဳ႕ကေတာ့ လက္ရွိကြၽန္ေတာ္တို႔ ဆယ္စုႏွစ္အပိုင္းထဲမွာစၿပီး ေအးေအးခ်မ္းခ်မ္း ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းနဲ႔ လက္နက္ကိုင္အဖြဲ႕ေတြလည္းမ်ားတယ္ေပါ့ေနာ္။ ဒါေပမဲ့ ေအးေအးခ်မ္းခ်မ္းၿငိမ္းၿငိမ္းခ်မ္း ခ်မ္းနဲ႔ပဲ ေနခဲ့ရတာေပါ့။ အရင္တုန္းကလည္း ျမန္မာ့ လွ်ပ္စစ္မီးမရခင္ကတည္းက လွ်ပ္စစ္မီးနဲ႔ပတ္ သက္ရင္ ထိုင္းဘက္ကလွ်ပ္စစ္မီးကို ကုမၸဏီတင္ဒါနဲ႔ယူၿပီး သုံးစြဲရတာေပါ့။ ၿပီးေတာ့ ဂက္စ္ေတြ စက္သုံးဆီေတြကအစ ထိုင္းကေနၿပီးေတာ့ ယူသုံး တာေပါ့။ ၿပီးေတာ့ ကုန္စည္စီးဆင္းမႈမွာလည္း သုံးကုန္၊ စားကုန္ေတြ ျမဝတီျပည္သူေတြ သုံးစြဲဖို႔ အတြက္ကို မဲေဆာက္က ေနၿပီးေတာ့ သြင္းၿပီးမွ သုံးရတာရွိသလို ကြၽန္ေတာ္တို႔ ႏိုင္ငံအေနနဲ႔ကလည္း ဆန္တို႔၊ ေျပာင္းတို႔ စသည္ျဖင့္ Export ကုန္ေတြလည္း ထိုင္းႏိုင္ငံမဲေဆာက္ကေန ပို႔တာေတြရွိပါတယ္။ စီးပြားေရးကလည္း သူ႔ဟာနဲ႔သူရွိေနတဲ့အတြက္ အဆင္ေျပပါတယ္။

ေမး-ျမဝတီၿမိဳ႕က ျမန္မာ-ထိုင္းနယ္စပ္ဂိတ္ၿမိဳ႕တစ္ ၿမိဳ႕လည္းျဖစ္ေတာ့ ျမန္မာႏိုင္ငံအတြက္ ဘယ္ေလာက္ ထိအေရးပါ တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္မလဲ။ ဘယ္လိုေကာင္း က်ိဳး၊ ဆိုးက်ိဳးေတြရွိတဲ့ၿမိဳ႕လဲခင္ဗ်။
ေျဖ-ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ျမဝတီၿမိဳ႕က စစ္ေရးစစ္ရာအရၾကည့္မယ္ဆိုရင္ေတာ့ အေနအထားနဲ႔အနီး စပ္ဆုံး လမ္းပန္းဆက္သြယ္ေရး ကူးလူးသြားလာမႈက အေကာင္းဆုံးေနရာျဖစ္တဲ့အတြက္ တပ္မေတာ္နဲ႔ BGF တို႔အကြဲအၿပဲ ေတြျဖစ္လို႔ BGF က အသြင္ေျပာင္းတာပဲျဖစ္ျဖစ္ အမ်ိဳးမ်ိဳးေသာနည္းနဲ႔ ရပ္တည္တာပဲျဖစ္ျဖစ္ အဲဒီလိုမ်ိဳးေတြျဖစ္လာလို႔ ဒီဘက္ကေနၿပီးေတာ့ လက္နက္ခဲယမ္းေတြကို PDF အဖြဲ႕ေတြေရာ ႏိုင္ငံေတာ္ကို စစ္တပ္အလိုမရွိဆိုၿပီး ေအာ္ေနတဲ့ လူေတြေရာက ဒီလက္နက္ေတြခဲယမ္း ေတြ အလြယ္တကူသယ္ယူခြင့္။ သယ္ေဆာင္ခြင့္ေတြက လြယ္ကူသြားၿပီးေတာ့ ျမန္မာျပည္အႏွံ႔အျပားကို မသမာတဲ့လုပ္ငန္းေတြလုပ္ဖို႔အတြက္ ေဖာက္ခြဲေရးပစၥည္းေတြသယ္ေဆာင္တာမ်ိဳးကအစ ပ်ံ႕ႏွံ႔သြားႏိုင္တဲ့ၿမိဳ႕လို႔ေျပာႏိုင္တယ္။ အဲဒီေတာ့ ဒီလိုေနရာမ်ိဳးမွာ ႏိုင္ငံေတာ္အႀကီးအကဲေတြေရာ အခုန BGF အဖြဲ႕ ေတြေရာက စည္းစည္းလုံးလုံးနဲ႔ လုံၿခဳံေရးပိုင္းဆိုင္ရာေရာ ျပည္သူ႔အသက္အိုးအိမ္စည္းစိမ္ေတြအတြက္ လုပ္ထားႏိုင္ မယ္ဆိုရင္ေတာ့ တစ္ႏိုင္ငံလုံးကိုပ်ံ႕ႏွံ႔ သြားမယ့္ လက္နက္ခဲယမ္းေတြ၊ ေဖာက္ခြဲေရးပစၥည္း ေတြစသျဖင့္ ဒါေတြကဝင္ ေပါက္အေနနဲ႔မျဖစ္ႏိုင္ ေတာ့တဲ့အတြက္ ျမန္မာျပည္ႀကီးၿငိမ္းခ်မ္းဖို႔အတြက္ ျမဝတီၿမိဳ႕ကလည္း တစ္စိတ္တစ္ေဒသ ပါဝင္ေနတဲ့ ကိစၥေလးလည္းရွိပါတယ္။

ေမး- ျမဝတီက လက္ရွိအခ်ိန္မွာေတာ့ က်ားဖ်န႔္နဲ႔ ပတ္သက္တဲ့ ဂယက္ေတြရွိေနေတာ့ ဘယ္လိုအေျခ အေနမ်ိဳးရွိေနလဲ။
ေျဖ-လက္ရွိအေျခအေနကေတာ့ ထိုင္းႏိုင္ငံကေန ၿပီးေတာ့ ေပးပို႔ထားတဲ့လွ်ပ္စစ္မီးေတြ။ လွ်ပ္စစ္မီး ကေတာ့ ျမန္မာမီးရ ၿပီးတဲ့ ေနာက္ပိုင္းမွာ ထိုင္းဘက္က လာတဲ့ လွ်ပ္စစ္မီးကေတာ့ အႀကီးစားစက္မႈလက္မႈလုပ္ငန္းေတြနဲ႔ ေ႐ႊကုကၠိဳတို႔၊ KK Park တို႔ အခုနာ မည္ရွိတဲ့ေနရာေတြေပါ့။ အဲဒီေနရာေတြ အတြက္သုံး တယ္။ ၿပီးေတာ့ ေဆး႐ုံ၊ ေဆးခန္းေတြအတြက္သုံး တယ္။ ေနာက္ၿပီး ဌာနဆိုင္ရာေတြမွာေတာ့ ထိုင္းလွ်ပ္ စစ္မီးကို ျမန္မာလွ်ပ္စစ္မီးရရွိၿပီးေနာက္ပိုင္းမွာ သုံးစြဲမႈေတြလည္း ရွိပါတယ္။ အဲဒီေနာက္ပိုင္းမွာ ပထမအခ်က္အေနနဲ႔ လွ်ပ္စစ္မီးျဖတ္ေတာက္ တဲ့အေျခအေနမွာေတာ့ ျပည္သူေတြ တိုက္႐ိုက္ႀကီး ထိခိုက္သြားတာမ်ိဳး မရွိပါဘူးခင္ဗ်။ ၿပီးရင္ စက္သုံးဆီနဲ႔ ဂက္စ္ျဖတ္ေတာက္လိုက္တဲ့အခါမွာ ကြၽန္ေတာ္တို႔ ျပည္သူေတြအေနနဲ႔ ေတာ္ေတာ္ေလး ဒုကၡေရာက္ပါတယ္ခင္ဗ်။ ဘာလို႔လည္းဆိုေတာ့ ေအာက္ကေနၿပီးေတာ့ ဒီျပည္ တြင္းကေနၿပီးေတာ့ ရရွိလာတဲ့ စက္သုံးဆီအေနနဲ႔ကေတာ့ ကြၽန္ေတာ္တို႔ကရင္ျပည္ နယ္ဘက္အျခမ္းကို ျပန္ၿပီးေတာ့ မတင္ပို႔ဘူးေပါ့။ မတင္ပို႔ပဲနဲ႔ (၂)ႏိုင္ငံနီးစပ္တဲ့ မဲေဆာက္ ကေနၿပီးေတာ့ပဲ ကြၽန္ေတာ္တို႔တစ္ဆင့္ စက္သုံးဆီေတြ ဂက္စ္ေတြကို ဝယ္ယူသုံးဆြဲတဲ့အခါမွာ က်ားဖ်န႔္ ကိစၥနဲ႔ပတ္သက္ၿပီး ေတာ့ ထိုင္းႏိုင္ငံကေနၿပီးေတာ့ စက္သုံးဆီေတြ၊ ဂက္စ္ေတြပါ ျဖတ္ေတာက္လိုက္တဲ့အခါမွာ ကြၽန္ ေတာ္တို႔ျပည္သူေတြက ေတာ္ေတာ္ေလးကို က်ပ္တဲ့ အေနအထားကို ႀကဳံေတြ႕ရပါတယ္ ခင္ဗ်။

ေမး-စက္သုံးဆီနဲ႔ အျခားေသာကုန္စည္ေဈးႏႈန္း ေတြက ျမင့္တက္လာေနတာလားခင္ဗ်။
ေျဖ-ပုံမွန္အားျဖင့္ အရင္တုန္းက စက္သုံးဆီက တစ္လီတာကို က်ပ္(၃၆၀ဝ)ဝန္းက်င္ ပတ္ခ်ာလည္ ေလာက္ကေနၿပီး ေတာ့ အခုဆိုရင္ အမ်ားႀကီးတက္ သြားတာေပါ့။ (၃)(၄)ဆေလာက္တက္သြားၿပီးေတာ့ (၃၀ဝဝ)ကေန (၅)ဆေလာက္ တက္သြားၿပီးေတာ့ က်ပ္(၁၅၀ဝဝ) ေလာက္ထိေပးရတဲ့ အေျခအေန ထိႀကဳံေတြ႕ရတဲ့အခါက်ေတာ့ ျပည္သူေတြမွာလည္း ေတာ္ေတာ္ေလးကို ဒုကၡေရာက္တာေပါ့။ စားေသာက္ ကုန္ေဈးႏႈန္းကေတာ့ ထိုက္သင့္သေလာက္ေတာ့ေဈးႏႈန္း အေျပာင္းအလဲေလးေတြရွိတာေပါ့။ ဒါေပမဲ့ အဆမတန္ေဈးႏႈန္း ျမင့္တက္သြားတာမ်ိဳးေတာ့ မရွိေသးပါဘူး။

ေမး- အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ ပတ္သက္ၿပီး ျမဝတီၿမိဳ႕က BGF အပါအဝင္ တျခားေသာလက္နက္ကိုင္အဖြဲ႕ ေတြပါရွိေတာ့ ဘယ္လိုမ်ိဳးအုပ္ခ်ဳပ္ၾကလဲခင္ဗ်။
ေျဖ-ဟုတ္ကဲ့။ ပုံမွန္အားျဖင့္ေတာ့ ျမဝတီၿမိဳ႕မွာ BGF ရွိတယ္။ KNU ရွိတယ္။ KNU ရွိတယ္။ ေနာက္ၿပီးေတာ့ PC (KNU/KNLA PC) အဖြဲ႕ ေတြရွိတယ္ေပါ့။ လက္နက္ကိုင္က (၄)ဖြဲ႕ရွိတယ္။ ပုံမွန္အားျဖင့္ေတာ့ KNU အဖြဲ႕ေတြကေတာ့ ပုံမွန္သူနဲ႔သင့္တင္ေလ်ာက္ပတ္တဲ့အဖြဲ႕ေတြ ဆက္ဆံေရး႐ုံးေတြနဲ႔ သူတို႔ဟာသူတို႔ အနည္းငယ္ေတာ့ ၿမိဳ႕ေပၚအေန အထားမွာ ရွိေသးတာေပါ့။ ပုံမွန္အားျဖင့္ေတာ့ KNU အေနနဲ႔ကေတာ့ ေတာ္လွန္ေရးအဖြဲ႕ ေတြနဲ႔ေပါင္းစပ္ၿပီးေတာ့ လုပ္ေနတာေတြျဖစ္တဲ့အတြက္ေၾကာင့္ KNU ကေတာ့ ၿမိဳ႕ေပၚမွာ သီးျခား အေနနဲ႔ကေတာ့ ေပၚေပၚထင္ထင္ေတာ့ မရွိ ေတာ့ဘူးေပါ့။ ဒီျမဝတီၿမိဳ႕ေပၚမွာေတာ့ BGF ကေတာ့ လုံၿခဳံေရးပိုင္းဆိုင္ရာေရာ ေဒသၿငိမ္းခ်မ္းေရးအတြက္ေရာေပါ့။ သူတို႔ကေတာ့ ျပည္သူ႔လုံၿခဳံေရး အပိုင္းေရာ ၿမိဳ႕႐ြာလုံၿခဳံေရးအပိုင္းေရာ အဓိကတာ ဝန္ယူၿပီးေတာ့ လုပ္ေဆာင္ေနတဲ့ အဖြဲ႕ျဖစ္တာေပါ့။ ၿပီးေတာ့ DKBA အဖြဲ႕ကေတာ့ တျခားအဖြဲ႕ေတြျဖစ္တဲ့ PC(KNU/KNLA PC)။ BGF ကေတာ့ တပ္မ ေတာ္နဲ႔ ေပါင္းစပ္ၿပီးေတာ့ လုံၿခဳံေရးအတြက္လႈပ္ရွားမႈေတြ ေနာက္ဧည့္စာရင္းစစ္တဲ့အခါမ်ိဳးေတြမွာ ျပည္သူေတြအတြက္ လုံၿခဳံေရးလုပ္တဲ့အပိုင္းေတြလည္း ရွိပါတယ္။

ေမး- လက္ရွိမွာ က်ားဖ်န႔္ကို BGF က ႏွိမ္နင္း ေနတာရွိပါတယ္။ ျမဝတီၿမိဳ႕ခံတစ္ေယာက္အေနနဲ႔ BGF ရဲ႕ အခုလို လုပ္ရပ္ကို အျပည့္အဝယုံလား။
ေျဖ-ကြၽန္ေတာ္တို႔လည္း ဗိုလ္မႉးႀကီးေစာခ်စ္သူတို႔နဲ႔ပတ္သက္ဆက္ႏႊယ္တဲ့အပိုင္းေတြေရာ။ ေျပာေရး ဆိုခြင့္ရွိသူေတြနဲ႔ ခ်ိတ္ဆက္ေမးျမန္းသိရွိရသ ေလာက္ကေတာ့ ျမဝတီၿမိဳ႕နယ္ျပည္သူ ေတြအေနနဲ႔ ေရာကရင္ျပည္နယ္အေနနဲ႔ ျပည္သူ ေတြဘက္ကရပ္မယ္ တ႐ုတ္မ်က္ႏွာကိုမၾကည့္ႏိုင္ဘူး။ ဒီေငြလိမ္ဂိုဏ္း လုပ္ေနတဲ့ ဥစၥာေတြ၊ လူေမွာင္ခိုကူးတာေတြ လက္မခံ ဘူးဆိုတဲ့ သေဘာထားမွတ္ခ်က္ေတြကေတာ့ ၾကားသိေနခဲ့ရတာၾကာပါၿပီခင္ဗ်။ အတတ္ႏိုင္ဆုံး BGF အေနနဲ႔ ကလည္း က်ားဖ်န႔္လုပ္ငန္းနဲ႔ပတ္သက္ၿပီးေတာ့ လူေမွာင္ခိုကူးတာနဲ႔ပတ္သက္ၿပီးေတာ့ ထိုင္းႏိုင္ငံက ျပန္ေတာင္း တာပဲျဖစ္ျဖစ္ တ႐ုတ္ကပဲ သံ႐ုံး ကတစ္ဆင့္ေတာင္းတာပဲျဖစ္ျဖစ္ ႏိုင္ငံျခားသားမ်ိဳးစုံ ေရာက္ေနၾကတာဆိုေတာ့ အျခားေသာႏိုင္ငံေတြ ကေနၿပီးေတာ့ သံ႐ုံးေတြကေနတစ္ဆင့္ဆက္သြယ္ တယ္။ ထိုင္းႏိုင္ငံကေနတစ္ဆင့္ ဆက္သြယ္ လာတယ္။ ဒီႏိုင္ငံျခားသားလူကုန္ကူးခံရတဲ့လူေတြကို လြန္ခဲ့တဲ့ (၂၀၂၃)ခုႏွစ္စကတည္းက သြားၿပီးၾကည့္တယ္။ တကယ္အဲဒီ လူရွိေနတယ္ဆိုရင္ လႊဲေျပာင္း ေပးအပ္တယ္။ ေနာက္တစ္ခုက (၂၀၂၄)ခုႏွစ္မွာေတာ့ ေတာ္ေတာ္ မ်ားမ်ား လူေထာင္နဲ႔ခ်ီၿပီးေတာ့ ျပန္အပ္ထားတဲ့ မွတ္ခ်က္ေတြလည္းရွိပါတယ္။ အဲဒါေတြကေတာ့ တ႐ုတ္နဲ႔တရားဝင္ ကြၽန္ေတာ္ တို႔ ႏိုင္ငံေတာ္အစိုးရရဲ႕ ဌာနဆိုင္ရာေတြျဖစ္တဲ့ တာဝန္ရွိတဲ့ လဝကအဖြဲ႕ေတြ ညႇိႏႈိင္းေဆြးေႏြးၿပီးေတာ့ Record ေတြ ယူၿပီးေတာ့ ႏွစ္ႏိုင္ငံျပန္လြဲေပးတာမ်ိဳးေတြလည္းရွိပါတယ္။ ၿပီးခဲ့တဲ့ (၂၀၂၄)မွာဆိုရင္ တ႐ုတ္လူမ်ိဳးေတာ္ေတာ္ မ်ားမ်ားပါဝင္တာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ ဒီႏိုင္ငံျခားသားေတြအပါအဝင္ တ႐ုတ္လူမ်ိဳး ေထာင္ေက်ာ္ကို မဲေဆာက္ မွာကြၽန္ေတာ္ တို႔ တံတား(၂)ေပၚကေနၿပီးေတာ့ ျပန္လႊဲေပးတဲ့အခါမ်ိဳးမွာ မဲေဆာက္ကို တ႐ုတ္ေလယာဥ္ႀကီး တစ္စင္း လုံးလာစိုက္ၿပီးေတာ့ carry လုပ္သြားရတဲ့အထိကို (၂၀၂၄)ခုႏွစ္တည္း လုပ္ေနတာေပါ့ေနာ္။ အခုလက္ ရွိမွာလည္း ႏိုင္ငံတစ္ကာကေနပူးေပါင္းေဆာင္႐ြက္ေပးဖို႔ ဗိုလ္မႉးႀကီး ေစာခ်စ္သူတို႔အေနနဲ႔ အေကာင္းဆုံးျပင္ဆင္ၿပီးေတာ့ လူကုန္ကူးမႈေတြနဲ႔ ေငြလိမ္ဂိုဏ္းေတြကို အလိုမရွိေၾကာင္းလုပ္ၿပီးေတာ့ အခုလက္ရွိမွာလည္း ေဖာ္ထုတ္ၿပီးေတာ့ သက္ဆိုင္ရာ တ႐ုတ္ဆိုင္ ေတြထဲမွာ ဝင္ၿပီးေတာ့ရွာ။ ရွာၿပီးေတာ့ ေတြ႕ရွိတဲ့ လူေတြကိုပို႔တယ္။ အခုလည္း ေထာင္နဲ႔ခ်ီၿပီး ေတာ့ တစ္ဖက္ႏိုင္ငံနဲ႔ေဆြးေႏြးၿပီးေတာ့ ျပန္အပ္ဖို႔ေတြလည္းရွိေနပါတယ္ခင္ဗ်။

ေမး-ကြၽန္ေတာ္တို႔ ၾကားရတာေတာ့ က်ားဖ်န႔္ေတြ ေျပာင္းေ႐ႊ႕ေနတယ္လို႔ၾကားတယ္ အစ္ကိုတို႔ဘယ္ လိုၾကားမိလဲ။
ေျဖ- ပုံမွန္အားျဖင့္ေတာ့ ကြၽန္ေတာ္တို႔ကေတာ့ တ႐ုတ္ဘက္က ဒုဝန္ႀကီးေပါ့။ သူတို႔ကေတာ့ လက္ ေထာက္ဝန္ႀကီးသုံး တာေပါ့။ ထိုင္းအတြင္းဝန္ႀကီး။ ျမန္မာႏိုင္ငံအရဆိုရင္ေတာ့ ျပည္ထဲေရးဒုဝန္ႀကီး သုံးတာေပါ့။ ဒီမွာေရာက္ရွိၿပီးေတာ့ သူတို႔ေတြကိုယ္ တိုင္ ဒီမွာရဲ၊ တပ္စီစဥ္မႈေတြနဲ႔ တ႐ုတ္ဆိုင္ေတြထဲမွာ ဝင္ၿပီးေတာ့ရွာေဖြတာေတြ။ ေဖာ္ထုတ္တာေတြဖမ္း ဆီးတာေတြလုပ္ေနတာျဖစ္တဲ့အတြက္ ေနရာေတြ ေျပာင္းတယ္။ ေ႐ႊ႕တယ္ဆိုတဲ့ အခ်က္ေတြကေတာ့ ရွိေကာင္းလည္း ရွိမယ္။ ဒါေပမဲ့ BGF က ဘယ္ေနရာကိုေျပာင္းထားလိုက္ပါတယ္ဆိုတဲ့ အရာမ်ိဳးေတြ မရွိဘူးေပါ့။ သို႔ေသာ္လည္း သူတို႔ကလည္း သူတို႔အ ေနအထားမ်ိဳးနဲ႔ ဥပမာေပါ့ ထိုင္း-ျမန္မာနယ္ စပ္တစ္ေလွ်ာက္ ကြၽန္ေတာ္တို႔ ေသာင္ရင္းျမစ္မရွိ တဲ့ေနရာေတြဆိုလို႔ရွိရင္ ကုန္းေၾကာင္းဟိုဘက္ဒီ ဘက္ကူးလို႔ရတဲ့ေနရာေတြမ်ားတာျဖစ္တဲ့အတြက္ ထိုင္းႏိုင္ငံထဲကိုပဲ အဆင္ေျပတဲ့နည္းနဲ႔ျပန္ဝင္သြား ၾကသလား။ ဘယ္လိုနည္းနဲ႔ ေျခရာေဖ်ာက္သြား တယ္ဆိုတဲ့ အေျခအေနမ်ိဳးေတြလည္း ရွိေကာင္းရွိ ႏိုင္တာေပါ့။ ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နဲ႔ပတ္သက္ၿပီးေတာ့ ေ႐ႊကုကၠိဳ၊ KK Park ၊ ေနာက္ေက်ာက္ခတ္တို႔ဘာတို႔မွာ ပတ္သက္တဲ့လူေတာ္ေတာ္မ်ားမ်ားကိုေတာ့ ေထာင္နဲ႔ခ်ီၿပီးေတာ့ အကုန္လုံးကိုျပန္ၿပီး ေတာ့ ပို႔ေနတာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔ ဒီေဒသမွာေတာ့လက္ရွိက်ားဖ်န႔္ဆက္ ၿပီးေတာ့ လုပ္မယ့္သူေတြ ေနာက္ၿပီးေတာ့ အမ်ိဳးမ်ိဳးေသာမူးယစ္ေဆးနဲ႔ပတ္သက္တာေတြေရာကို လက္မခံတဲ့အေနအထား နဲ႔ႏွိမ္နင္းေနတာမ်ိဳးကို ေတြ႕ရတဲ့အတြက္ ကြၽန္ေတာ္တို႔ ျပည္သူေတြအေနနဲ႔ကေတာ့ တခ်ိဳ႕ေတြက ဒီဥစၥာကေတာ့ ပေပ်ာက္သြားမွာမဟုတ္ဘူး။ ဒါကဟန္ျပလုပ္တာပါလို႔ ေျပာေနၾကတဲ့လူေတြ ရွိသလို ဒီလိုလုပ္တာကေတာ့ေကာင္းတယ္ဆိုတဲ့လူမ်ိဳးေတြလည္း ရွိပါ တယ္။ ေနာက္တစ္ခုက ဒီက်ားဖ်န႔္ကိုလုပ္လိုက္ျခင္းအားျဖင့္ ဘာကတစ္ခ်က္ရွိလဲဆိုေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံအတြင္း ကေနၿပီးေတာ့ တစ္ဖက္ႏိုင္ငံကေန ရန္ကုန္၊မႏၲေလး၊ မေကြး၊ ဧရာဝတီစသျဖင့္အနယ္နယ္အရပ္ရပ္ကလာတဲ့ ကြၽန္ေတာ္ တို႔ ျပည္တြင္းလုပ္သားေတြကလည္း ကြၽန္ေတာ္တို႔ ျမဝတီက ေ႐ႊကုကၠိဳလိုေနရာမွာ၊ KK Park လိုေနရာမွာနဲ႔ ဒီေက်ာက္ ခက္လိုေနရာမ်ိဳးေတြမွာ သန႔္ရွင္းေရး အလုပ္ပဲျဖစ္ျဖစ္ စသျဖင့္ဝင္လုပ္ေနတဲ့ သူေတြကလည္း ကြၽန္ေတာ္တို႔ ျမဝတီမွာ အလုပ္လက္မဲ့ျဖစ္ သြားတဲ့အပိုင္းေတြလည္း ျဖစ္သြားတာေပါ့ေနာ္။ အဲဒီလိုဆိုေတာ့ လူတန္းစားကဘယ္လိုကြဲသြားလဲ ဆို ေတာ့ ဒီက်ားဖ်န႔္လုပ္ငန္းေတြကို အလိုမရွိပါဘူးလို႔ ေအာ္ေနတဲ့ လူေတြကလည္းရွိသလို ဒီက်ားဖ်န႔္လုပ္ ငန္းေၾကာင့္ ရယ္လို႔ေတာ့မဟုတ္ဘူးေပါ့။ ဒီလိုတ႐ုတ္ ဆိုက္ေတြရွိလို႔ သန႔္ရွင္းေရးေတာင္မွပဲ ဘက္(၆၀ဝဝ)(၇၀ဝဝ)ေလာက္က ရတယ္။ လုံၿခဳံေရးဆိုရင္ (၈၀ဝဝ)(၉၀ဝဝ)(၁၀ဝဝဝ)ရတယ္။ ျမန္မာေငြနဲ႔ ဆိုရင္တစ္လ(၁၀)သိန္းနဲ႔အထက္ရတဲ့ လူမ်ိဳး ေတြလည္းရွိေနတာျဖစ္တဲ့အတြက္ သတင္းစကားေတြ ကေတာ့ ႏွစ္ဦးႏွစ္ဖက္ အမ်ိဳးမ်ိဳးၾကားရတာေပါ့။ တခ်ိဳ႕က်ေတာ့ လည္း ငါတို႔ေတြအလုပ္လက္မဲ့ျဖစ္ရတယ္ဆိုတဲ့ မေက်နပ္တဲ့အသံမ်ိဳးေတြ ထြက္သလို တခ်ိဳ႕က်ေတာ့လည္း ဒီေငြလိမ္ ဂိုဏ္းေတြ မူးယစ္ရာ ဇာေတြမရွိေတာ့တာက ေကာင္းတယ္ဆိုတဲ့အသံမ်ိဳးေတြကို ကြၽန္ေတာ္တို႔ ႏွစ္ဦးႏွစ္ဖက္ၾကားရ တုန္းပါပဲ ခင္ဗ်။

ေမး-ျမဝတီၿမိဳ႕ခံ ျပည္သူတစ္ေယာက္အေနနဲ႔ေပါ့ဗ်ာ။ သက္ဆိုင္ရာတာဝန္ရွိတဲ့သူေတြကို ဘာမ်ားေတာင္း ဆိုခ်င္လဲ။
ေျဖ-ကြၽန္ေတာ္တို႔ကေတာ့ ျမဝတီၿမိဳ႕ေနျပည္သူအေနနဲ႔ ကြၽန္ေတာ္တို႔ကိုယ္တိုင္ကကို တိုက္တြန္း ေနရတာေတြ ေဖာ္ေဆာင္ေနရတဲ့အပိုင္းေတြလည္း ရွိပါတယ္။ အဲဒီမွာ ကြၽန္ေတာ္တို႔က အဓိကစက္သုံးဆီ ျပန္လည္ရရွိေရးကို ကြၽန္ေတာ္တို႔ ျပည္သူေတြအေနနဲ႔ ေတာင့္တတယ္။ ဘာလို႔ဆိုရင္ ကြၽန္ေတာ္တို႔က ဒီစက္သုံးဆီမရရင္ေတာ္ေတာ္ေလးကို ဒုကၡေရာက္တဲ့ အေနအထားမ်ိဳးေတြရွိေနတယ္။ အခုဆိုရင္ ကေလး ေက်ာင္းႀကိဳေက်ာင္းပို႔ျဖစ္တဲ့အတြက္ ေက်ာင္းႀကိဳ ေက်ာင္းပို႔ဖို႔ဆိုင္ကယ္ထဲမွာ ဆီမရွိတာမ်ိဳးေတြ၊ တခ်ိဳ႕ပိုက္ဆံရွိၿပီး ဆီဝယ္လို႔မရတဲ့အခက္အခဲမ်ိဳး ေတြအထိ ျဖစ္လာ ႀကဳံေတြ႕ေနရတာျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ပဲျဖစ္ျဖစ္ ျပည္နယ္အစိုး ရအေနနဲ႔ပဲျဖစ္ျဖစ္ အစီအစဥ္ အျမန္ဆုံးဆြဲၿပီးေတာ့ ေဒသခံျပည္သူေတြအတြက္ စက္သုံးဆီအျမန္ဆုံး ျပန္လည္ရရွိေရးကို ကြၽန္ေတာ္တို႔ျပည္သူ ေတြအေနနဲ႔ လိုလားေတာင့္တတယ္ေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ကုန္ စည္စီးဆင္းမႈ အလ်င္အျမန္ေခ်ာေခ်ာေမြ႕ေမြ႕ေရာက္ ဖို႔အတြက္ ကြၽန္ေတာ္တို႔ ျမဝတီ-ေကာ့ကရိတ္အာရွ လမ္း အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရးနဲ႔ လက္ရွိ ထို႔ေကာ္ကိုးလမ္းနဲ႔ (၁၀၁၈)လမ္းတို႔မွာသြားေနရေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြေရာ သက္ဆိုင္ရာ တာဝန္ရွိသူေတြေရာက ဝါးတား ဂိတ္လို ပိုက္ဆံေတြ ေကာက္ခံေနတာမ်ိဳးေတြကို ေျဖေလွ်ာ့ေပးဖို႔။ အခြန္အခေကာက္ခံမႈေတြက တရားဝင္ မဟုတ္ေသာ္လည္း ဥပမာ က်ပ္(၁)သိန္းေလာက္ေပး ရတဲ့အရာမ်ိဳးေတြမွာ (၃)သိန္းေလာက္ေပးေနရာတာ မ်ိဳးေတြျဖစ္ ေနတဲ့အတြက္ အဲဒါေတြကို အျမန္ဆုံး ေျဖေလွ်ာ့ေပးခ်င္တဲ့ ဆႏၵကေတာ့ ျပည္သူေတြဆီမွာ လႈိက္လႈိက္လွဲလွဲကို ေတာင္း ဆိုခ်င္တာေတြပါခင္ဗ်။

ေမး-က်ားဖ်န႔္ေရာက္လာၿပီးေနာက္ပိုင္းမွာ ျမဝတီ ၿမိဳ႕က ဘာေတြထူးျခားသြားလဲ။
ေျဖ-ေ႐ႊကုကၠိဳလိုေနရာမ်ိဳးမွာ ဗိုလ္မႉးႀကီး ေစာခ်စ္သူတို႔ အင္တာဗ်ဴးေတြမွာ ထုတ္ေဖာ္ေျပာၾကားထား သလိုပဲ။ အရင္တုန္းက DKBA ကေနၿပီးေတာ့ ၿမိဳင္ ႀကီးငူဆရာေတာ္ဘုရားႀကီးရဲ႕ ဩဝါဒနဲ႔ BGF အသြင္ ေျပာင္းလိုက္ၿပီး (၁၉၉၅)ခုႏွစ္ေနာက္ပိုင္းမွာ ေ႐ႊကုကၠိဳစျဖစ္ၿပီးေျပာင္းလဲၿပီးအခ်ိန္မွာ ေ႐ႊကုကၠိဳဆိုတာ ႐ြာပဲရွိတာေလ။ အိမ္ေျခက်ိဳးတိုး က်ဲတဲနဲ႔ျဖစ္တယ္။ အဲဒါကို ဗိုလ္မႉးႀကီး ေစာခ်စ္သူတို႔က ျပင္ပရင္းနီးျမႇဳပ္ ႏွံမႈေတြေခၚမယ္လုပ္မယ္။ အင္တာဗ်ဴးမွာ ေျဖတယ္။ ေျမေတြငွားတယ္။ လုပ္စရာရွိတဲ့အလုပ္ေတြကို ဒီမွာ စက္႐ုံအလုပ္႐ုံေတြ ေဆာက္မယ္ဆိုတဲ့ရည္႐ြယ္ ခ်က္ကေတာ့ သူတို႔မူလရည္႐ြယ္ခ်က္။ အဲဒီကေနမွ တ႐ုတ္လူမ်ိဳးေတြေကာ အျခားႏိုင္ငံျခားသားေတြ ေကာ အဲဒီလိုေပါ့။ က်ားဖ်န႔္ေတြ ေငြလိမ္ဂိုဏ္းေတြက အေဆာက္အအုံေတြလာေဆာက္တယ္။ ဟိုတယ္ေတြ လုပ္တယ္။ အဲဒီအထဲေတြက မွမသမာတဲ့ဥစၥာ ေတြကို ေဖာ္ေဆာင္လာတဲ့ေနာက္ပိုင္းမွာေတာ့အခုလိုျပႆနာ ေတြျဖစ္တာေပါ့။ ပုံမွန္အားျဖင့္ေတာ့ ေ႐ႊကုကၠိဳလို ေနရာမ်ိဳးေတြမွာ BGF ကဗိုလ္မႉးႀကီး ေစာခ်စ္သူ တို႔မေဖာ္ေဆာင္ဘူးဆိုရင္ အခုလိုႀကီးမားတဲ့အစိုးရ အေဆာက္အအုံေတြ သာယာစည္ပင္ဝေျပာမႈေတြကေတာ့ ျဖစ္လာစရာ အေၾကာင္းမရွိဘူး။ ဒါေပမဲ့ ျမဝတီၿမိဳ႕ကလည္း ပုံမွန္အားျဖင့္ေတာ့ BGF အေနနဲ႔ကလည္း ျမဝတီၿမိဳ႕ကိုေစာင့္ေရွာက္ထားတဲ့အေနအထားမွာ မီးဆိုလည္းမီး ေဆး႐ုံ ေဆးခန္းစသျဖင့္ ျပည္သူေတြအတြက္ကို ေစာင့္ေရွာက္မႈေတြ လုပ္ေနတာေတြလည္းရွိခဲ့ပါတယ္။ ရွိခဲ့တဲ့အတြက္ ျမဝတီၿမိဳ႕ႀကီးဟာ ပုံမွန္ထက္ သာသာယာယာနဲ႔ေအးေအးခ်မ္းခ်မ္းလွပတာေပါ့။ တစ္ဖက္ကျပန္ၾကည့္မယ္ဆိုရင္လည္း လက္နက္ကိုင္ အဖြဲ႕အစည္းေတြအေနနဲ႔ လက္နက္နဲ႔အႏိုင္က်င့္တယ္ဆိုတဲ့အရာေတြလည္း တစ္ခါတေလ လူႀကီးက ေကာင္းေပမယ့္လည္း‌ ေအာက္ေျခငယ္သားေတြရဲ႕ မသမာတဲ့လုပ္ရပ္ေတြေျပာရင္ေတာ့ အခုနေျပာသလို ခိုးဆိုးလု ယက္တာေတြ လက္နက္နဲ႔အႏိုင္က်င့္တာေတြရွိတယ္လို႔ေတာ့ ေျပာၾကမွာေပါ့။ သူ႔သက္ဆိုင္ရာ သက္ဆိုင္ရာနဲ႔ေတာ့ အဖြဲ႕အစည္းေတြမွာေတာ့ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ေတြရွိတယ္။ ျမဝတီၿမိဳ႕မွာ ျပည္သူေတြကို ညႇဥ္းပန္းႏွိပ္စက္ဖို႔ ဒါမ်ိဳးေတြအေနနဲ႔ စည္းကမ္းဥပေဒေတြ ထုတ္ထားတာရွိပါတယ္။ ဒါမ်ိဳးေတြ အေပၚမွာ ျပည္သူေတြ အေနနဲ႔ၾကည့္ မယ္ဆိုရင္လည္း လက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ မွားတာေတြ မရွိဘူးလား။ ျပည္သူေတြကို အႏိုင္မက်င့္ဘူးလားဆိုေတာ့ အႏိုင္က်င့္ခဲ့ဖူးတာေတြရွိတာပဲ။ ျဖစ္ခဲ့ဖူးတာေတြလည္း ရွိခဲ့ဖူးတာပဲ။ လက္နက္ကိုင္အဖြဲ႕ေတြ ေကာင္းေနပါတယ္ဆိုတဲ့ အဖြဲ႕တိုင္းေတာ့မရွိဘူး။ ဒါေပမဲ့ သူတို႔ေတြ ေၾကာင့္ပဲ ျမဝတီၿမိဳ႕ကိုစည္ပင္သာယာဝေျပာလာေအာင္ လုပ္ခဲ့တဲ့အခ်က္ ေတြကလည္းရွိတယ္။ အခုနေျပာသလိုပဲ တပ္မေတာ္နဲ႔ ဒီေဒသအာဏာပိုင္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ BGF နဲ႔က အားလုံး အဆင္ေျပေနတယ္။ အားလုံး သင့္သင့္ျမတ္ျမတ္နဲ႔ ခ်စ္ၾကည္ရင္းနီးမႈနဲ႔ေလွ်ာက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ျမဝတီၿမိဳ႕က လုံၿခဳံေရးပိုင္းမွာပဲျဖစ္ျဖစ္။ တိုက္ပြဲေတြကိစၥမွာပဲျဖစ္ျဖစ္ စီးပြားေရးကိစၥေတြမွာပဲျဖစ္ျဖစ္ အရမ္းသာတဲ့ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္လိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ့္အေနနဲ႔ထင္ပါတယ္။

ေမး-ဟုတ္ကဲ့ပါခင္ဗ်။ ဘာမ်ားျဖည့္စြက္ေျပာခ်င္ပါသလဲ။
ေျဖ-အစ္ကိုတို႔ျမဝတီၿမိဳ႕အေနနဲ႔ကေတာ့ က်ားဖ်န႔္နဲ႔ပတ္သက္ၿပီးေတာ့ ႏိုင္ငံေတာ္အစိုးရက တာဝန္ရွိတဲ့ လူႀကီးေတြနဲ႔ အႀကီးအကဲေတြအပါအဝင္ ေဒသအာဏာပိုင္အဖြဲ႕အစည္းေတြျဖစ္တဲ့ BGF ေတြေရာ ပူးေပါင္း ပါဝင္ေဆာင္ ႐ြက္ၿပီးေတာ့ က်ားဖ်န႔္ႏွိမ္နင္းေရးေဖာ္ေဆာင္ေနတာေတြကိုလည္း ျမင္ေတြ႕ရပါတယ္။ အဲဒီအ တြက္လည္း ျပည္သူ တစ္ေယာက္အေနနဲ႔ မ်ားစြာဝမ္းသာမိပါတယ္။ ဒါေပမဲ့ လက္ရွိျမဝတီၿမိဳ႕ခံေတြခံစားေနရတဲ့ စက္သုံးဆီ ျပန္လည္ရရွိေရး ကိုေတာ့ ႏိုင္ငံေတာ္အစိုးရနဲ႔တကြ ျပည္နယ္အစိုးရကိုေရာ BGF က အႀကီး အကဲေတြေရာ အကုန္လုံးပူးေပါင္း ေဆာင္႐ြက္ၿပီးေတာ့ စက္သုံးဆီနဲ႔ ျမန္မာ့လွ်ပ္စစ္မီးျပန္လည္ရရွိေရးကို ျပန္လည္ေဖာ္ေဆာင္ေပးဖို႔ပဲ ကြၽန္ေတာ္တို႔အေန နဲ႔ ေမွ်ာ္လင့္ပါတယ္။

ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.