DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်

394

Pearl (NP News) - ဖေဖော်ဝါရီ ၂၆
DEMU ရထားနှင့် လေအိတ်ရထားများဖြင့်ပြေးဆွဲမည့် ရန်ကုန်- မန္တလေး ခရီးစဉ်အစအဆုံးအတွက် အချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ရန်ကုန် - နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများကို ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်း သစ်များဖြင့်လည်းကောင်း၊ မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာ၍ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် နေ့လည် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမှတ် (၂၈) အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ် (၈) အစုန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင် ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်နှုန်းထားအနေဖြင့် ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားတွင် ပထမတန်း ငွေကျပ် ၁၉၀၀၀၊ အထက်တန်းငွေကျပ် ၂၈၀၀၀နှင့် မန္တလေး - နေပြည်တော်၊ နေပြည်တော် - မန္တလေး ခရီးစဉ်အတွက် လေအိတ်ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇၀၀၀၊ အထက်တန်း ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် ရန်ကုန် - မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း / ရိုးရိုးတန်း ငွေကျပ် ၂၆၀၀၀၊ အထက်တန်းငွေကျပ် ၃၉၀၀၀ ဖြစ်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် အဆိုပါ DEMU ရထားနှင့် လေအိတ်ရထားများအား နေပြည်တော်ဘူတာတွင် ပြောင်းလဲ စီးနင်းနိုင်ကာ ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွား မည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
DEMU ရထားႏွင့္ ေလအိတ္ရထားမ်ားျဖင့္ေျပးဆြဲမည့္ ရန္ကုန္- မႏၲေလး ခရီးစဥ္အစအဆုံးအတြက္ အခ်ိန္ ၁၁ နာရီသာ ၾကာျမင့္မည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၆
DEMU ရထားႏွင့္ ေလအိတ္ရထားမ်ားျဖင့္ေျပးဆြဲမည့္ ရန္ကုန္- မႏၲေလး ခရီးစဥ္အစအဆုံးအတြက္ အခ်ိန္ ၁၁ နာရီသာ ၾကာျမင့္မည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ရန္ကုန္ - ေနျပည္ေတာ္ ခရီးစဥ္အမွတ္ (၇) အဆန္ရထားႏွင့္ ေနျပည္ေတာ္ - ရန္ကုန္ ခရီးစဥ္အမွတ္ (၈) အစုန္ လူစီးရထားမ်ားကို ဂ်ပန္ႏိုင္ငံမွ ဝယ္ယူေရာက္ရွိလာသည့္ ေလေအးေပးစက္ပါရွိေသာ ေခတ္မီ DEMU ရထားတြဲဆိုင္း သစ္မ်ားျဖင့္လည္းေကာင္း၊ မႏၲေလး - ေနျပည္ေတာ္ ခရီးစဥ္အမွတ္ (၂၈) အစုန္ႏွင့္ ေနျပည္ေတာ္ - မႏၲေလး ခရီးစဥ္အမွတ္ (၂၇) အဆန္ လူစီးရထားမ်ားအား ေလအိတ္ရထားတြဲဆိုင္းျဖင့္လည္းေကာင္း ေဖေဖာ္ဝါရီ ၂၈ ရက္မွ စတင္ကာ ခ်ိတ္ဆက္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အမွတ္ (၇) အဆန္ ေလေအးေပးစက္ပါရွိေသာ ေခတ္မီ DEMU ရထားသည္ နံနက္ ၆ နာရီတြင္ ရန္ကုန္ဘူတာမွ စတင္ထြက္ခြာ၍ နံနက္ ၁၁ နာရီခြဲတြင္ ေနျပည္ေတာ္ဘူတာသို႔ ဆိုက္ေရာက္မည္ျဖစ္ၿပီး အမွတ္ (၂၇) အဆန္ ေလအိတ္ရထားသည္ ေန႔လည္ ၁၂ နာရီတြင္ ေနျပည္ေတာ္ဘူတာမွ စတင္ထြက္ခြာ၍ မႏၲေလးဘူတာသို႔ ညေန ၅ နာရီတြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ အမွတ္ (၂၈) အစုန္ ေလအိတ္ရထားသည္ နံနက္ ၆ နာရီတြင္ မႏၲေလးဘူတာမွ စတင္ထြက္ခြာၿပီး နံနက္ ၁၁ နာရီတြင္ ေနျပည္ေတာ္ဘူတာသို႔ ဆိုက္ေရာက္မည္ျဖစ္ကာ အမွတ္ (၈) အစုန္ ေလေအးေပးစက္ပါရွိေသာ ေခတ္မီ DEMU ရထားသည္ မြန္းတည့္ ၁၂ နာရီတြင္ ေနျပည္ေတာ္ဘူတာမွ စတင္ ထြက္ခြာ၍ ညေန ၅ နာရီခြဲတြင္ ရန္ကုန္ဘူတာသို႔ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
လက္မွတ္ႏႈန္းထားအေနျဖင့္ ရန္ကုန္ - ေနျပည္ေတာ္၊ ေနျပည္ေတာ္ - ရန္ကုန္ ခရီးစဥ္အတြက္ DEMU ရထားတြင္ ပထမတန္း ေငြက်ပ္ ၁၉၀၀၀၊ အထက္တန္းေငြက်ပ္ ၂၈၀၀၀ႏွင့္ မႏၲေလး - ေနျပည္ေတာ္၊ ေနျပည္ေတာ္ - မႏၲေလး ခရီးစဥ္အတြက္ ေလအိတ္ရထားတြင္ ႐ိုး႐ိုးတန္းေငြက်ပ္ ၇၀၀၀၊ အထက္တန္း ေငြက်ပ္ ၁၁၀၀၀ ျဖစ္ေၾကာင္း သိရသည္။
ခရီးသည္မ်ားအေနျဖင့္ ရန္ကုန္ - မႏၲေလးႏွင့္ မႏၲေလး - ရန္ကုန္ ခရီးစဥ္အစအဆုံး လက္မွတ္ဝယ္ယူႏိုင္ၿပီး ပထမတန္း / ႐ိုး႐ိုးတန္း ေငြက်ပ္ ၂၆၀၀၀၊ အထက္တန္းေငြက်ပ္ ၃၉၀၀၀ ျဖစ္ကာ လက္မွတ္မ်ားကို သုံးရက္ ႀကိဳတင္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ခရီးသည္မ်ားအေနျဖင့္ အဆိုပါ DEMU ရထားႏွင့္ ေလအိတ္ရထားမ်ားအား ေနျပည္ေတာ္ဘူတာတြင္ ေျပာင္းလဲ စီးနင္းႏိုင္ကာ ခရီးစဥ္တစ္ေလွ်ာက္ ပဲခူး၊ ျဖဴး၊ ေတာင္ငူ၊ ေနျပည္ေတာ္၊ သာစည္ဘူတာတို႔၌ ရပ္တန႔္ေပးသြား မည္ျဖစ္ကာ ခရီးစဥ္အစအဆုံး ဘူတာမ်ားတြင္ ရပ္တန႔္ခ်ိန္အပါအဝင္ ေျပးဆြဲခ်ိန္ ၁၁ နာရီသာ ၾကာျမင့္မည္ျဖစ္ေၾကာင္းသိရသည္။