မြဝတီမြို့၌ (၂၆) ရက်အတွင်း ကျားဖျန့်လိမ်လည်မှုကျူးလွန်သူ ပြည်ပနိုင်ငံသား (၂,၅၃၈)ကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့

157

ချယ်ရီ(NP News )-ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့ ၌ ရက်ပေါင်း(၂၆)ရက်အတွင်း ကျားဖျန့်လိမ်လည်မှုကိစ္စရပ်များ လုပ်ဆောင်ရန် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၂,၅၃၈)ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာတွင် ယမန်နေ့(ဖေဖော်ဝါရီလ ၂၅ ရက်)က ပြည်ပနိုင်ငံသား (၁၆၈) ဦးကို ထပ်မံထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်(ဇန်နဝါရီလ ၃၀ ရက်)မှ (ဖေဖော်ဝါရီ ၂၅ ရက်)အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၂,၅၃၈) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့အနက်မှ (၆၇၃) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၈၆၅) ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေကြောင်း သိရသည်။
Zawgyi Version:
ျမဝတီၿမိဳ႕၌ (၂၆) ရက္အတြင္း က်ားဖ်န႔္လိမ္လည္မႈက်ဴးလြန္သူ ျပည္ပႏိုင္ငံသား (၂,၅၃၈)ကို စစ္ေဆးေဖာ္ထုတ္ႏိုင္ခဲ့
ခ်ယ္ရီ(NP News )-ေဖေဖာ္ဝါရီ ၂၆
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ ၌ ရက္ေပါင္း(၂၆)ရက္အတြင္း က်ားဖ်န႔္လိမ္လည္မႈကိစၥရပ္မ်ား လုပ္ေဆာင္ရန္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာေသာ ျပည္ပႏိုင္ငံသား(၂,၅၃၈)ဦးကို စစ္ေဆးေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာၿပီး ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ ၊ ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမမ်ားတြင္ တရားမဝင္ အြန္လိုင္း ေလာင္းကစားမႈမ်ား၊ အြန္လိုင္း လိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသူမ်ားကို စစ္ေဆးေဖာ္ထုတ္လ်က္ရွိရာတြင္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၅ ရက္)က ျပည္ပႏိုင္ငံသား (၁၆၈) ဦးကို ထပ္မံထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္(ဇန္နဝါရီလ ၃၀ ရက္)မွ (ေဖေဖာ္ဝါရီ ၂၅ ရက္)အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း (၂,၅၃၈) ဦးကို စစ္ေဆးေဖာ္ထုတ္ ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
၎တို႔အနက္မွ (၆၇၃) ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် လႊဲေျပာင္းေပးခဲ့ကာ က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၁,၈၆၅) ဦးကိုလည္း သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနေၾကာင္း သိရသည္။