တောင်ကိုရီးယား၊ ဂျယ်ဂျူမှ စင်ကာပူကိုပျံသန်းတဲ့ Scoot လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦးရဲ့ ပိုက်ဆံအိတ်ကို ခိုးယူမှုနဲ့ တရုတ်အမျိုးသား ထောင်ကျ

287
ရောင်နီ(NP News) - ဖေဖော်ဝါရီ ၂၆
ဖေဖော်ဝါရီလ အစောပိုင်းက တောင်ကိုရီးယားမှ စင်ကာပူကို Scoot လေကြောင်းခရီးစဉ်နဲ့လိုက်ပါလာတဲ့ တရုတ်အမျိုးသားဟာ ခရီးသည်အမျိုးသမီးတစ်ဦးရဲ့ပိုက်ဆံအိတ်ကို ခိုးယူမှုနဲ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဖမ်းဆီးထောင်ချခံရပါတယ်။
ကျန်းယုန်ချီ အမည်ရှိ အသက် ၃၀ နှစ်အရွယ် အမျိုးသားဟာ ဖေဖော်ဝါရီ ၄ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူမှ စင်ကာပူကို ပျံသန်းတဲ့ Scoot လေကြောင်းလိုင်းနဲ့ လိုက်ပါခဲ့ပါတယ်။ ကျန်းဟာ လေယာဉ်ပျံသန်းနေချိန်အတွင်း အမျိုးသမီးတစ်ဦးရဲ့ အညိုရောင် Gucci အိတ်ကို ခိုးယူခဲ့ပါတယ်။ သူဘယ်လိုခိုးယူခဲ့လဲဆိုတာတော့ မသိရသေးပါဘူး။ အဲဒီနောက် အိတ်ထဲက ငွေသား အမေရိကန်ဒေါ်လာ ၈၈၅ ဒေါ်လာကို ထုတ်ယူပြီး အိတ်ကို အမျိုးသမီးရဲ့ နေရာမှာ ပြန်ထားဖို့ ပြင်ဆင်နေချိန်မှာ အမျိုးသမီးက သတိထားမိပြီး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ကနဦးတော့ ခိုးယူမှုအတွက် ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်း တရုတ်နိုင်ငံမှာ ကျန်ရှိတဲ့ အကြွေးတွေဆပ်ဖို့ ငွေခိုးယူခဲ့မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ ကျန်းကို ထောင်ဒဏ် ၈ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
zawgyi version
ေတာင္ကိုရီးယား၊ ဂ်ယ္ဂ်ဴမွ စင္ကာပူကိုပ်ံသန္းတဲ့ Scoot ေလယာဥ္ေပၚမွာ ခရီးသည္တစ္ဦးရဲ႕ ပိုက္ဆံအိတ္ကို ခိုးယူမႈနဲ႔ တ႐ုတ္အမ်ိဳးသား ေထာင္က်
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၂၆
ေဖေဖာ္ဝါရီလ အေစာပိုင္းက ေတာင္ကိုရီးယားမွ စင္ကာပူကို Scoot ေလေၾကာင္းခရီးစဥ္နဲ႔လိုက္ပါလာတဲ့ တ႐ုတ္အမ်ိဳးသားဟာ ခရီးသည္အမ်ိဳးသမီးတစ္ဦးရဲ႕ပိုက္ဆံအိတ္ကို ခိုးယူမႈနဲ႔ ေဖေဖာ္ဝါရီ ၂၅ ရက္မွာ ဖမ္းဆီးေထာင္ခ်ခံရပါတယ္။
က်န္းယုန္ခ်ီ အမည္ရွိ အသက္ ၃၀ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ေဖေဖာ္ဝါရီ ၄ ရက္က ေတာင္ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴမွ စင္ကာပူကို ပ်ံသန္းတဲ့ Scoot ေလေၾကာင္းလိုင္းနဲ႔ လိုက္ပါခဲ့ပါတယ္။ က်န္းဟာ ေလယာဥ္ပ်ံသန္းေနခ်ိန္အတြင္း အမ်ိဳးသမီးတစ္ဦးရဲ႕ အညိဳေရာင္ Gucci အိတ္ကို ခိုးယူခဲ့ပါတယ္။ သူဘယ္လိုခိုးယူခဲ့လဲဆိုတာေတာ့ မသိရေသးပါဘူး။ အဲဒီေနာက္ အိတ္ထဲက ေငြသား အေမရိကန္ေဒၚလာ ၈၈၅ ေဒၚလာကို ထုတ္ယူၿပီး အိတ္ကို အမ်ိဳးသမီးရဲ႕ ေနရာမွာ ျပန္ထားဖို႔ ျပင္ဆင္ေနခ်ိန္မွာ အမ်ိဳးသမီးက သတိထားမိၿပီး ဖမ္းဆီးခံလိုက္ရတာ ျဖစ္ပါတယ္။
ကနဦးေတာ့ ခိုးယူမႈအတြက္ ျငင္းဆန္ခဲ့ေပမယ့္ ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံမွာ က်န္ရွိတဲ့ အေႂကြးေတြဆပ္ဖို႔ ေငြခိုးယူခဲ့မိတယ္လို႔ ဝန္ခံခဲ့ပါတယ္။ က်န္းကို ေထာင္ဒဏ္ ၈ လ ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။