ဦးပိုင်နှင့် Prime Auto တို့ပူးပေါင်းပြီး EV SKD ကားထုတ်မည်ဟု သတင်းထွက်ပေါ်

 939

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၆

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Prime Auto တို့ပူးပေါင်းပြီး EV SKD ကားထုတ်မည့် သတင်းထွက်ပေါ်နေကြောင်း ကားလောက အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ပန်းသိင်္ဂီဆိုသောအမည်ဖြင့် လုပ်ငန်းတည်ထောင်မည်ဖြစ်ကြောင်း ကနဦးသိရကာ အဆိုပါ လုပ်ငန်းကို ဦးပိုင်က(၅၁)ရာခိုင်နှုန်း၊ Prime Auto မှ (၄၉)ရာခိုင်နှုန်းပိုင်ဆိုင်မှုဖြင့် သဘောတူညီချက် ရယူပြီး ပူးပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဦးပိုင်က မြေနေရာနှင့် အဆောက်အအုံစိုက်မည်ဖြစ်ပြီး Prime Auto နှင့်‌ပေါင်းကာ BYD အပါအဝင် အခြားကားအမျိုးအစားများကို EV SKD ထုတ်မည်ဖြစ်ကြောင်း သိရသည်။

“မြေနေရာပြရမယ့်ဟာက ဦးပိုင်နဲ့သွားပေါင်းတာ။ ဦးပိုင်က အကုန်အငှားတွေပြတာပေါ့။ ရှယ် ယာလုပ်တာပေါ့။ ဦးပိုင်ကတော့ စီးပွားရေး လုပ်မှာမဟုတ်ဘူး။ မြေနဲ့ အဆောက်အအုံစိုက်မှာပေါ့။ ဦးပိုင်ကတော့ ကျွန်တော်သိသလောက် ပိုက်ဆံထည့် မစိုက်ဘူး။ BYD က သုံးဖွဲ့ဖြစ်တာ သူတစ်ဖွဲ့တည်းမ ဟုတ်ဘူး။ Authorize သုံးယောက်ထုတ်မှာပေါ့။ သုံးယောက်ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ အမှန်က တစ်ခုတည်းပေးပြီး တစ်ခုထဲကပဲကိုင်ရမှာ။ TOYOTA ဆို ဒီဘက်မှာဆို TOYOTA Myanmar ဆိုပြီး တစ် ယောက်ပဲခွဲပေးပြီးတော့မှ TOYOTA Mandalay တို့ဘာတို့ အဲဒီလိုပေးတာ။ အခုက အဲဒီလို မဟုတ်ဘူး မင်းလည်းမင်းဟာမင်းလုပ် ငါလည်း ငါ့ဟာငါလုပ်ဆိုပြီးလုပ်တာ။ အမှန်ကတစ်ယောက်ပဲပေးရမှာ။ တစ်နိုင်ငံမှာကုမ္ပဏီတစ်ခုပဲပေးရမှာ”ဟု ဝါရင့်ကားလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကိုပြောသည်။

အစိုးရ၏သတ်မှတ်ချက်အရ EV Brand တစ်ခုထုတ်လုပ်နိုင်ရန် မြေသုံးဧကရှိရန်လိုအပ်သည့် အတွက် ဦးပိုင်၌ရှိသည့် မြေအကျယ်အဝန်းပေါ်တွင် မူတည်ပြီး EV ကားအမျိုးအစားများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ Prime Auto အနေဖြင့် ဦးပိုင်နှင့် ပေါင်း၍ကားထုတ်သည့်အတွက် လုပ်ပိုင်ခွင့်များပိုမိုရရှိနိုင်မည့် အပြင် ကားအစီးရေများလည်း ပိုထုတ်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

“ဦးပိုင်နဲ့လုပ်တာက တကယ်တော့ ပြဿနာတော့ရှိတယ်။ ဦးပိုင်က ဆရာများတယ်။ ဒီလူနဲ့ လုပ်လိုက်ပြီး နောက်လူကျရင် နောက်တစ်မျိုး လာဦးမှာ။ အရင်တည်းက ဦးပိုင်က သူတစ်ယောက်တည်း နဲ့ လုပ်တာမဟုတ်ဘူး။ SWM ဆိုတာရှိတယ်။ အဲဒါက ကားတွေထုတ်တောင်ထုတ်နေပြီ။ ဦးပိုင်ဆီက မြေ ငှားတာပေါ့။ အပြတ်ငှားလိုက်ရင်တစ်မျိုးပေါ့။ ဦးပိုင်ပါတဲ့အတွက် လုပ်ပိုင်ခွင့်တို့ အစီးရေတို့ကတော့ အ များကြီး ပိုရမှာပေါ့။ သံတိုဘာတို့ဆိုလည်း အများကြီးရမှာလေ။ သူတို့နဲ့ပတ်သက်တဲ့ကုမ္ပဏီက အများ ကြီးရတာပေါ့။ ပုံမှန်ကုမ္ပဏီ ထက်စာရင်တော့ လုပ်ပိုင်ခွင့်တော့ အများကြီးပိုတာပေါ့။ အလကား ပေါင်း တာတော့မဟုတ်ဘူ။ အစီးရေတို့လုပ်ပိုင်ခွင့်တို့ ပိုချင်လို့။ အဲဒီသဘောတော့ရှိတယ်” ဟု အထက်ပါ ဝါရင့်ကားလုပ်ငန်းရှင်ကြီးက ဆိုသည်။

လက်ရှိတွင် ကားဈေးကွက်အတွင်း အရောင်းအဝယ်အလွန်အေးနေပြီး ဝယ်သူထက် ရောင်းသူ ကပိုများလျက်ရှိရာ ဈေးအမြင့်ပိုင်းတွင်သာ ခေါ်ဈေးရှိနေသော်လည်း လက်ရှိတွင် ယခင်ဈေးထက်(၅)ပုံ (၁)ပုံခန့် ဈေးကျနေကြောင်း သိရသည်။ ထို့ကြောင့် ငွေကျပ်သိန်း(၉၀ဝ)တန် Brand New ကားတစ်စီး လျှင် ဈေးကွက်အတွင်း၌ သိန်း(၇၅၀)အထိ ဈေးချရောင်းနေရပြီး တစ်ပတ်ရစ်ကားများကိုလည်း တစ်စီးလျှင် ငွေကျပ်သိန်း (၁၀ဝ)အထိ ဈေးချရောင်းနေရ သည်။

zawgyi version
ဦးပိုင္ႏွင့္ Prime Auto တို႔ပူးေပါင္းၿပီး EV SKD ကားထုတ္မည္ဟု သတင္းထြက္ေပၚ
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၆

ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ႏွင့္ Prime Auto တို႔ပူးေပါင္းၿပီး EV SKD ကားထုတ္မည့္ သတင္းထြက္ေပၚေနေၾကာင္း ကားေလာက အသိုင္းအဝိုင္းထံမွ စုံစမ္းသိရွိရသည္။

ပန္းသိဂႌဆိုေသာအမည္ျဖင့္ လုပ္ငန္းတည္ေထာင္မည္ျဖစ္ေၾကာင္း ကနဦးသိရကာ အဆိုပါ လုပ္ငန္းကို ဦးပိုင္က(၅၁)ရာခိုင္ႏႈန္း၊ Prime Auto မွ (၄၉)ရာခိုင္ႏႈန္းပိုင္ဆိုင္မႈျဖင့္ သေဘာတူညီခ်က္ ရယူၿပီး ပူးေပါင္း‌ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ ဦးပိုင္က ေျမေနရာႏွင့္ အေဆာက္အအုံစိုက္မည္ျဖစ္ၿပီး Prime Auto ႏွင့္‌ေပါင္းကာ BYD အပါအဝင္ အျခားကားအမ်ိဳးအစားမ်ားကို EV SKD ထုတ္မည္ျဖစ္ေၾကာင္း သိရသည္။

“ေျမေနရာျပရမယ့္ဟာက ဦးပိုင္နဲ႔သြားေပါင္းတာ။ ဦးပိုင္က အကုန္အငွားေတြျပတာေပါ့။ ရွယ္ ယာလုပ္တာေပါ့။ ဦးပိုင္ကေတာ့ စီးပြားေရး လုပ္မွာမဟုတ္ဘူး။ ေျမနဲ႔ အေဆာက္အအုံစိုက္မွာေပါ့။ ဦးပိုင္ကေတာ့ ကြၽန္ေတာ္သိသေလာက္ ပိုက္ဆံထည့္ မစိုက္ဘူး။ BYD က သုံးဖြဲ႕ျဖစ္တာ သူတစ္ဖြဲ႕တည္းမ ဟုတ္ဘူး။ Authorize သုံးေယာက္ထုတ္မွာေပါ့။ သုံးေယာက္ေပးတယ္ဆိုတာ အဓိပၸာယ္မရွိဘူး။ အမွန္က တစ္ခုတည္းေပးၿပီး တစ္ခုထဲကပဲကိုင္ရမွာ။ TOYOTA ဆို ဒီဘက္မွာဆို TOYOTA Myanmar ဆိုၿပီး တစ္ ေယာက္ပဲခြဲေပးၿပီးေတာ့မွ TOYOTA Mandalay တို႔ဘာတို႔ အဲဒီလိုေပးတာ။ အခုက အဲဒီလို မဟုတ္ဘူး မင္းလည္းမင္းဟာမင္းလုပ္ ငါလည္း ငါ့ဟာငါလုပ္ဆိုၿပီးလုပ္တာ။ အမွန္ကတစ္ေယာက္ပဲေပးရမွာ။ တစ္ႏိုင္ငံမွာကုမၸဏီတစ္ခုပဲေပးရမွာ”ဟု ဝါရင့္ကားလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကိုေျပာသည္။

အစိုးရ၏သတ္မွတ္ခ်က္အရ EV Brand တစ္ခုထုတ္လုပ္ႏိုင္ရန္ ေျမသုံးဧကရွိရန္လိုအပ္သည့္ အတြက္ ဦးပိုင္၌ရွိသည့္ ေျမအက်ယ္အဝန္းေပၚတြင္ မူတည္ၿပီး EV ကားအမ်ိဳးအစားမ်ားကို ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ Prime Auto အေနျဖင့္ ဦးပိုင္ႏွင့္ ေပါင္း၍ကားထုတ္သည့္အတြက္ လုပ္ပိုင္ခြင့္မ်ားပိုမိုရရွိႏိုင္မည့္ အျပင္ ကားအစီးေရမ်ားလည္း ပိုထုတ္လာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။

“ဦးပိုင္နဲ႔လုပ္တာက တကယ္ေတာ့ ျပႆနာေတာ့ရွိတယ္။ ဦးပိုင္က ဆရာမ်ားတယ္။ ဒီလူနဲ႔ လုပ္လိုက္ၿပီး ေနာက္လူက်ရင္ ေနာက္တစ္မ်ိဳး လာဦးမွာ။ အရင္တည္းက ဦးပိုင္က သူတစ္ေယာက္တည္း နဲ႔ လုပ္တာမဟုတ္ဘူး။ SWM ဆိုတာရွိတယ္။ အဲဒါက ကားေတြထုတ္ေတာင္ထုတ္ေနၿပီ။ ဦးပိုင္ဆီက ေျမ ငွားတာေပါ့။ အျပတ္ငွားလိုက္ရင္တစ္မ်ိဳးေပါ့။ ဦးပိုင္ပါတဲ့အတြက္ လုပ္ပိုင္ခြင့္တို႔ အစီးေရတို႔ကေတာ့ အ မ်ားႀကီး ပိုရမွာေပါ့။ သံတိုဘာတို႔ဆိုလည္း အမ်ားႀကီးရမွာေလ။ သူတို႔နဲ႔ပတ္သက္တဲ့ကုမၸဏီက အမ်ား ႀကီးရတာေပါ့။ ပုံမွန္ကုမၸဏီ ထက္စာရင္ေတာ့ လုပ္ပိုင္ခြင့္ေတာ့ အမ်ားႀကီးပိုတာေပါ့။ အလကား ေပါင္း တာေတာ့မဟုတ္ဘူ။ အစီးေရတို႔လုပ္ပိုင္ခြင့္တို႔ ပိုခ်င္လို႔။ အဲဒီသေဘာေတာ့ရွိတယ္” ဟု အထက္ပါ ဝါရင့္ကားလုပ္ငန္းရွင္ႀကီးက ဆိုသည္။

လက္ရွိတြင္ ကားေဈးကြက္အတြင္း အေရာင္းအဝယ္အလြန္ေအးေနၿပီး ဝယ္သူထက္ ေရာင္းသူ ကပိုမ်ားလ်က္ရွိရာ ေဈးအျမင့္ပိုင္းတြင္သာ ေခၚေဈးရွိေနေသာ္လည္း လက္ရွိတြင္ ယခင္ေဈးထက္(၅)ပုံ (၁)ပုံခန႔္ ေဈးက်ေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ေငြက်ပ္သိန္း(၉၀ဝ)တန္ Brand New ကားတစ္စီး လွ်င္ ေဈးကြက္အတြင္း၌ သိန္း(၇၅၀)အထိ ေဈးခ်ေရာင္းေနရၿပီး တစ္ပတ္ရစ္ကားမ်ားကိုလည္း တစ္စီးလွ်င္ ေငြက်ပ္သိန္း (၁၀ဝ)အထိ ေဈးခ်ေရာင္းေနရ သည္။

Related news

© 2021. All rights reserved.