ရိုးမတန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ ၂၈၀၀၀ ကျော်ရှိ

 847

NP News ဖေဖေါ်ဝါရီ (၂၆) ရက်
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ ၂၈၀၀၀ ကျော်ရှိနေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများ ဝယ်ယူရန် လျှောက်လွှာ ဝယ်ယူသူ ၃၀၀၀၀ ကျော်ရှိပြီး လျှောက်လွှာပြန်တင်သူ ၂၈၀၀၀ ကျော်ရှိ ကြောင်းသိရသည်။

" လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၂၁ ရက်အထိ ရောင်းချခဲ့တာ စုစုပေါင်း လျှောက်လွှာ ၃၀၀၀၀ ကျော်ခန့် ရောင်းချခဲ့ရပြီး၊ သတ်မှတ်ကာလမှာ လျှောက်လွှာ ပြန်လည်တင်ပြသူ ၂၈၀၀၀ ကျော်ခန့် ရှိပါတယ်”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောသည်။

ရိုးမရိပ်သာ တန်ဖိုးနည်း အိမ်ရာရှိ အခန်း(၈၇၄) ခန်း ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝင်ငွေနည်းပြီး နေရေးအခက်အခဲရှိသော ပြည်သူ့ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းငယ်များ ကို ရောင်းချသွားမည်ဟု နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်ကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အိမ်ရာ အတွက် လျှောက်လွှာတင်သူ ၂၈၀၀၀ ကျော်ခန့် ရှိပြီးလျှောက်လွှာများအား အိမ်ရာ ရောင်းချရေး ကော်မတီက စိစစ်ပြီး သတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်လွှာများကို မဲ
စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
႐ိုးမတန္ဖိုးနည္းအိမ္ရာ ေလွ်ာက္ထားသူ ၂၈၀၀၀ ေက်ာ္ရွိ
NP News ေဖေဖၚဝါရီ (၂၆) ရက္
ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ၿဖိဳးေရးဦးစီးဌာနက တည္ေဆာက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့သည့္ ႐ိုးမရိပ္သာ တန္ဖိုးနည္းအိမ္ရာ ေလွ်ာက္ထားသူ ၂၈၀၀၀ ေက်ာ္ရွိေနေၾကာင္း ၿမိဳ႕႐ြာႏွင့္ အိုးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ သိရသည္။

ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ရွိ ႐ိုးမရိပ္သာ တန္ဖိုးနည္းအိမ္ရာစီမံကိန္းမွ အခန္းမ်ား ဝယ္ယူရန္ ေလွ်ာက္လႊာ ဝယ္ယူသူ ၃၀၀၀၀ ေက်ာ္ရွိၿပီး ေလွ်ာက္လႊာျပန္တင္သူ ၂၈၀၀၀ ေက်ာ္ရွိ ေၾကာင္းသိရသည္။

" ေလွ်ာက္လႊာေတြကို ေဖေဖာ္ဝါရီ ၁၃ ရက္ကေန ေဖေဖာ္ဝါရီ ၂၁ ရက္အထိ ေရာင္းခ်ခဲ့တာ စုစုေပါင္း ေလွ်ာက္လႊာ ၃၀၀၀၀ ေက်ာ္ခန္႔ ေရာင္းခ်ခဲ့ရၿပီး၊ သတ္မွတ္ကာလမွာ ေလွ်ာက္လႊာ ျပန္လည္တင္ျပသူ ၂၈၀၀၀ ေက်ာ္ခန္႔ ရွိပါတယ္”ဟု ၿမိဳ႕႐ြာႏွင့္ အိုးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာနတာဝန္ရွိသူတစ္ဦးကေျပာသည္။

႐ိုးမရိပ္သာ တန္ဖိုးနည္း အိမ္ရာရွိ အခန္း(၈၇၄) ခန္း ကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ဝင္ေငြနည္းၿပီး ေနေရးအခက္အခဲရွိေသာ ျပည္သူ႔ အၿငိမ္းစားဝန္ထမ္းမ်ားႏွင့္ တာဝန္ ထမ္းေဆာင္ဆဲ ဝန္ထမ္းငယ္မ်ား ကို ေရာင္းခ်သြားမည္ဟု ႏိုင္ငံပိုင္သတင္းစာမ်ားမွတစ္ဆင့္ေၾကညာခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ အိမ္ရာ အတြက္ ေလွ်ာက္လႊာတင္သူ ၂၈၀၀၀ ေက်ာ္ခန္႔ ရွိၿပီးေလွ်ာက္လႊာမ်ားအား အိမ္ရာ ေရာင္းခ်ေရး ေကာ္မတီက စိစစ္ၿပီး သတ္မွတ္ခ်က္ျဖင့္ ကိုက္ညီေသာ ေလွ်ာက္လႊာမ်ားကို မဲ
စနစ္ျဖင့္ ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.