ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းကို အကြမ်းဖက်သမားများက ထပ်မံ မိုင်းခွဲဖျက်ဆီး၊ ရထားတံတားနှင့် သံလမ်း မိုင်ထောင်ဖျက်ဆီးခံရမှု ၁၇၄ ကြိမ်အထိဖြစ်လာ

675

Pearl (NP News) - ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါး ဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားရှိ ရန်ကုန် - မန္တလေးရထားလမ်းပိုင်းကို အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာ့မီးရထား၏ အချက်အလက်များ အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ ရက်) ၊ ည (၁၀)နာရီ ခန့်တွင် ကျောက်တံခါး ဘူတာ နှင့် ပိန်းဇလုပ်ဘူတာ အကြား မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့မိုင်းပေါက်ကွဲမှုကြောင့် အစုန်လမ်းရှိ အရှေ့ဘက် သံလမ်း(၂)ပေခန့် နှင့် ၁၀ပေအကွာတွင် အနောက်ဘက် သံလမ်း (၂)ပေခန့် (၂)နေရာပြတ်တောက်ခဲ့ပြီး ကွန်ကရစ်ဇလီဖာ ၁ဝ တုံး ပျက်စီးခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးစစ်ဆေးဆောင်ရွက်ခဲ့ပြီး အစုန်လမ်း၏ ပြတ်တောက်သွားသော သံလမ်းနှစ်ချောင်းအစား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နံနက် (၁၁) နာရီခွဲခန့်တွင် စတင်ဆောင်ရွက်ခဲ့ရာ ညနေ (၃)နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် အစုန်ရထားလမ်းပိုင်းအား ပြန်လည် ဖွင့်လှစ်၍ ရထားများပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။
အကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် ဖေေဖာ်ဝါရီလမှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်း နှင့် ရထားဘူတာနယ်မြေအတွင်းမိုင်ထောင်ဖောက်ခွဲဖျက်စီးခြင်း အကြိမ် ၈ဝ ၊ ရထား တံတား/သံလမ်းကိုကို မိုင်ထောင်ဖာက်ခွဲဖျက်ဆီးခြင်း ၁၇၄ ကြိမ်၊ ဘူတာအဆောက်အအုံ နှင့် ဝန်ထမ်းနေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ် ကျူလွန်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
ရန္ကုန္ - မႏၲေလး ရထားလမ္းပိုင္းကို အၾကမ္းဖက္သမားမ်ားက ထပ္မံ မိုင္းခြဲဖ်က္ဆီး၊ ရထားတံတားႏွင့္ သံလမ္း မိုင္ေထာင္ဖ်က္ဆီးခံရမႈ ၁၇၄ ႀကိမ္အထိျဖစ္လာ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၇
ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ေက်ာက္တံခါး ဘူတာႏွင့္ ပိန္းဇလုပ္ဘူတာအၾကားရွိ ရန္ကုန္ - မႏၲေလးရထားလမ္းပိုင္းကို အၾကမ္းဖက္အဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း ျမန္မာ့မီးရထား၏ အခ်က္အလက္မ်ား အရ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၆ ရက္) ၊ ည (၁၀)နာရီ ခန႔္တြင္ ေက်ာက္တံခါး ဘူတာ ႏွင့္ ပိန္းဇလုပ္ဘူတာ အၾကား မိုင္တိုင္အမွတ္ ၁၀၇/၁၀-၉ ေနရာရွိ အစုန္ရထားလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ထိုသို႔မိုင္းေပါက္ကြဲမႈေၾကာင့္ အစုန္လမ္းရွိ အေရွ႕ဘက္ သံလမ္း(၂)ေပခန႔္ ႏွင့္ ၁၀ေပအကြာတြင္ အေနာက္ဘက္ သံလမ္း (၂)ေပခန႔္ (၂)ေနရာျပတ္ေတာက္ခဲ့ၿပီး ကြန္ကရစ္ဇလီဖာ ၁ဝ တုံး ပ်က္စီးခဲ့ေၾကာင္း သိရသည္။
ျမန္မာ့မီးရထားဝန္ထမ္းမ်ားအေနျဖင့္ လမ္းပိုင္းအား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရးစစ္ေဆးေဆာင္႐ြက္ခဲ့ၿပီး အစုန္လမ္း၏ ျပတ္ေတာက္သြားေသာ သံလမ္းႏွစ္ေခ်ာင္းအစား လဲလွယ္ျခင္း၊ လမ္းျပဳျပင္ျခင္းမ်ားကို နံနက္ (၁၁) နာရီခြဲခန႔္တြင္ စတင္ေဆာင္႐ြက္ခဲ့ရာ ညေန (၃)နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္တြင္ အစုန္ရထားလမ္းပိုင္းအား ျပန္လည္ ဖြင့္လွစ္၍ ရထားမ်ားပုံမွန္အတိုင္း ေျပးဆြဲေပးလ်က္ရွိေၾကာင္းသိရသည္။
အၾကမ္းဖက္အဖြဲ႕အေနျဖင့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ စ၍ ယခုအခ်ိန္အထိ ျမန္မာ့မီးရထားလမ္းကြန္ရက္ တစ္ခုလုံးတြင္ ရထားလမ္း ႏွင့္ ရထားဘူတာနယ္ေျမအတြင္းမိုင္ေထာင္ေဖာက္ခြဲဖ်က္စီးျခင္း အႀကိမ္ ၈ဝ ၊ ရထား တံတား/သံလမ္းကိုကို မိုင္ေထာင္ဖာက္ခြဲဖ်က္ဆီးျခင္း ၁၇၄ ႀကိမ္၊ ဘူတာအေဆာက္အအုံ ႏွင့္ ဝန္ထမ္းေနအိမ္မ်ား ကို မီးရႈိ႕ဖ်က္ဆီးျခင္း ၁၆ ႀကိမ္ က်ဴလြန္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။