တောင်ကိုရီးယား Down syndrome မင်းသမီး ဂျောင်အွန်းဟေး မေလမှာ လက်ထပ်တော့မည်

378
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၇
တောင်ကိုရီးယား ဒရာမာ "Our Blue" မှာ ပါဝင်ခဲ့တဲ့ Down syndrome ရှိ ရုပ်ရှင်သရုပ်ဆောင်မင်းသမီး ဂျောင်အွန်းဟေးဟာ လာမယ့် မေလမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။
ဂျောင်အွန်းဟေးဟာ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Our Blues ဒရာမာဇာတ်ကားမှာ ဇာတ်ကောင် ဟန်ဂျီမင်းရဲ့ အမြွှာညီမအဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဂျောင်ဟာ YouTube channel OPQR ရဲ့ ပိုင်ရှင် ဂျိုယောင်းနန် နဲ့ Amazing Outsider Art Center မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပထမဆုံးတွေ့ဆုံခဲ့ပြီး လက်တွဲခဲ့ကြတာပါ။ သူတို့ရဲ့မင်္ဂလာပွဲကို မေလ ၃ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။
ဂျောင်ဟာ Down Syndrome ကြောင့် အထီးကျန်စွာ နေရတယ်လို့ ယခင်က ဖွင့်ဟပြောခဲ့ဖူးပါတယ်။ ဂျောင်ဟာ လူတွေနဲ့ဆက်သွယ်ဖို့ ပန်းချီကားတွေ ဆွဲခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်က ဆိုးလ်မှာ သူမရဲ့ပထမဆုံးတစ်ကိုယ်တော်ပန်းချီပြပွဲကို ကျင်းပခဲ့ဖူးပါတယ်။
Zawgyi Version:
ေတာင္ကိုရီးယား Down syndrome မင္းသမီး ေဂ်ာင္အြန္းေဟး ေမလမွာ လက္ထပ္ေတာ့မည္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၇
ေတာင္ကိုရီးယား ဒရာမာ "Our Blue" မွာ ပါဝင္ခဲ့တဲ့ Down syndrome ရွိ ႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသမီး ေဂ်ာင္အြန္းေဟးဟာ လာမယ့္ ေမလမွာ လက္ထပ္ေတာ့မွာျဖစ္ပါတယ္။
ေဂ်ာင္အြန္းေဟးဟာ ၂၀၂၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Our Blues ဒရာမာဇာတ္ကားမွာ ဇာတ္ေကာင္ ဟန္ဂ်ီမင္းရဲ႕ အႁမႊာညီမအျဖစ္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ေဂ်ာင္ဟာ YouTube channel OPQR ရဲ႕ ပိုင္ရွင္ ဂ်ိဳေယာင္းနန္ နဲ႔ Amazing Outsider Art Center မွာ ေတြ႕ဆုံခဲ့တယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ပထမဆုံးေတြ႕ဆုံခဲ့ၿပီး လက္တြဲခဲ့ၾကတာပါ။ သူတို႔ရဲ႕မဂၤလာပြဲကို ေမလ ၃ ရက္မွာ က်င္းပမယ္လို႔ သိရပါတယ္။
ေဂ်ာင္ဟာ Down Syndrome ေၾကာင့္ အထီးက်န္စြာ ေနရတယ္လို႔ ယခင္က ဖြင့္ဟေျပာခဲ့ဖူးပါတယ္။ ေဂ်ာင္ဟာ လူေတြနဲ႔ဆက္သြယ္ဖို႔ ပန္းခ်ီကားေတြ ဆြဲခဲ့ဖူးၿပီး ၂၀၂၃ ခုႏွစ္က ဆိုးလ္မွာ သူမရဲ႕ပထမဆုံးတစ္ကိုယ္ေတာ္ပန္းခ်ီျပပြဲကို က်င္းပခဲ့ဖူးပါတယ္။